menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

phone & computer တို့အကြား မှားယွင်းသော လုပ်ဆောင်မှုများ


ဖုန်း နဲ့ကွန်ပြူတာ တစ်ခုမှမရှိတဲ့ အိမ်ဆိုတာမရှိလောက်ပါဘူး ။ဖုန်းတွေဆိုတာ ကျွန်တော်တို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့လိုအပ်နေတဲ့အရာတွေဖြစ်ပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့အမှားကြောင်း ဒီပစ္စည်းတွေမကြာခနပျက်ဆီးနေရင်တော့ ငွေကုန်ကြေးကျများနေရပါလိမ့်မယ်။ ဒီတော့ ဘယ်လိုလုပ်ဆောင်ရင် ပစ္စည်းတွေပျက်ဆီးမလဲ ၊ ဘယ်လိုမလုပ်ရဘူးဆိုတာကို ကျွန်တော်တို့ပြောပြသွားမှာပါ။
၁- ဖုန်းကို ရေချိုးခန်း ၊ အိမ်သာထဲသို့ ယူသွားခြင်း

ဖုန်းကိုအိမ်သာထဲယူသွားမယ်ဆိုရင် ပထမတစ်ချက်ကလက်ချော်ပြီး အိမ်သာတွင်းထဲကျသွားနိုင်တယ် ။ တကယ်လို့ အဲ့လိုကျသွားခဲ့လိုမပျက်ဆီးခဲ့ရင်တောင် သင်အဲ့ဒီဖုန်းကိုသုံးချင်မှာမဟုတ်တော့ပါဘူး။ဒုတိယအချက်က ဖုန်းကို အားသွင်းကြိုးနဲ့တွဲလျက် ရေချိုးခန်းထဲယူသွားမယ်ဆိုရင် ဓါတ်လိုက်နိုင်ကိန်းရှိပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ထို့အပြင် အိမ်သာထဲကို ငါးမိနစ်လောက်သာ ဖုန်းယူသွားခဲ့ရင်တောင် သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်စွမ်းရှိတယ်လို့ သုတေသီတွေကပြောပြထားပါတယ်။

၂ – ကွန်ပြူတာရှေ့မှာပဲ မနက်စာ စားခြင်း
သင်စားသောက်တာဘယ်လောက်ပဲသပ်ရပ်သပ်ရပ် ၊ အနည်းဆုံးတော့ ပေါင်မုန့်ကြွပ်ကအမုန်တွေကီးဘုတ်ကြားမှာညပ်ကျန်နေခဲ့နိုင်ပါတယ်။ကီးဘုတ်ကြားမှာ အမှုန်တွေများလာတဲ့အခါ ကီးတွေညပ်ပြီး ရိုက်လို့မရဖြစ်လာတတ်ပါတယ်။ထို့အပြင် ကော်ဖီခွက်မှောက်သွားခဲံမယ်ဆိုရင်လည်း သင့်ရဲ့ အဖိုးတန်ကီးဘုတ်လေး ပျက်ဆီးသွားနိုင်ပါသေးတယ်။
၃- တစ်ညလုံးဖုန်းအားသွင်းထားခြင်း
သင့်ဖုန်းကို သိပ်ပြီးတော့ တန်ဖိုးမထားရင်တော့ တစ်နှစ်ပတ်လုံးအားသွင်းထားလည်း ကိစ္စမရှိပါဘူး။ ဒါပေမ့ယ် သင့်ဖုန်းကို လျင်လျင်မြန်မြန်မပျက်ဆီးချင်ရင်တော့ တစ်ညလုံးအားသွင်းထားတာမျိုးမလုပ်တာအကောင်းဆုံးပါပဲ။ ညဘက်အိပ်တဲ့အခါ အားသွင်းထားပြီး မနက်နိုးလာတဲ့အခါမှာဖုန်းကိုကြည့်ရင် အားပြည့်နေတော့ အလွန်အဆင်ပြေလွန်းတဲ့နည်းလမ်းဆိုပေမယ့် ဖုန်းရဲ့ဘတ္ထရီအတွက်တော့သိပ်ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။လစ်သီယန် အိုင်ယွန် ဘတ္ထရီတွေဟာဆိုရင် ဘတ္ထရီအားအပြည့်သွင်းရင် အပျက်မြန်တဲ့ဘတ္ထရီအမျိုးအစားတွေပဲဖြစ်ပါတယ်။
၄- ဖုန်းအား အကုန်သုံးပစ်ခြင်း
စမတ်ဖုန်းတွေကို မီးအားရာနှုန်းပြည့်သုံးစွဲလို့ရအောင် ပရိုဂရမ်ထည့်သွင်းထားပေမယ့် ၀ ရာခိုင်နှုန်းအထိသုံးမယ်ဆိုရင် ဘတ္ထရီလျင်လျင်မြန်မြန်ပျက်ဆီးစေပါတယ်။ ဒီတော့ ဘတ္ထရီကို အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းအထိသာသုံးပြီး ပြန်လည်အားဖြည့်ပေးသင့်ပါတယ်။

၅- Laptop ကို LCD မှကိုင်ပြီး မခြင်း
Laptop ပျက်ဆီးခြင်းရဲ့ ၁၇ ရာခိုင်နှုန်းဟာ LCD ပျက်ဆီးတာပဲဖြစ်ပါတယ်။ Laptop LCD ကိုဖိပြီးမ မယ်ဆိုရင် အမဲစက်တွေထင်လာနိုင်ပြီး အဆိုးဆုံးအခြေအနေမှာ LCD ပေါက်တဲ့အထိဖြစ်နိုင်ပါတယ်။ ထို့အပြင် Laptop LCD ကိုအပေါစားဆေးတွေနဲ့သန့်ရှင်းရေးမလုပ်သင့်ပါဘူး။
၆- ကားထဲမှာ ဖုန်းတွေ Laptop တွေထားခဲ့ခြင်း
နေပူထဲမှာရပ်ထားတဲ့ကားထဲမှာဆိုရင် အပူလွန်ကဲမှုအမြဲတမ်းဖြစ်နေလေ့ရှိပါတယ်။ ဒီလိုအချိန်မှာ ဖုန်းတွေ Laptop တွေကိုကားထဲမှာထားခဲ့မယ်ဆိုရင် CPU တွေလောင်သွားပြီးပျက်ဆီးသွားနိုင်ပါတယ်။ ထို့အပြင် အလွန်အေးခဲနေတဲ့အချိန်မျိုးမှာ ဖုန်းတွေကို ကားထဲမှာထားခဲ့မယ်ဆိုရင်လည်း ဘတ္ထရီတွေပျက်ဆီးသွားနိုင်ပါတယ်။

၇- တွေ့ကရာ အားသွင်းကြိုးအသုံးပြုခြင်း
သင့်သူငယ်ချင်းအိမ်ရောက်တုန်း သင့်ဖုန်းတွေ လက်တော့တွေအားသွင်းဖူးမှာပါ။ မီးအားဝင်တယ်ဆိုပေမယ့် သင့်ရဲ့ပစ္စည်းတွေကိုအားသွင်းဖို့လုံးဝမသင့်တော်ပါဘူး။ ဖုန်းတွေ လက်တော့တွေမှာပါဝင်တဲ့ ဆားကစ်တွေဟာ သူ့ရဲ့အားသွင်းစနစ်နဲ့ပဲကိုက်ညီအောင်ထုတ်ထားတာဖြစ်တဲ့အတွက် တခြားအားသွင်းကြိုးနဲ့သွင်းမယ်ဆိုရင် ပျက်ဆီးသွားနိုင်ချေရှိလာနိုင်ပါတယ်။
Writer – Min Thu ( YGN Times )

No comments:

Post a Comment

မင်္ဂလာပါ..