menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac VS Windows


MacOS နဲ့ Windows OS ကြားက ကွဲပြားမှုများ

----------
Mac VS Windows 
 
ဒီနှစ်မျိုးကို နှိုင်းယှဉ်တဲ့အခါ တခါတစ်ရံမှာ Mac နဲ့ PC ကြားကကွာခြားချက်တွေလို့လည်း ပြောတတ်ကြပါတယ်။ PC ရဲ့အရှည်ကောက်ကတော့ Personal Computer ဖြစ်ပြီးတော့ တစ်ကိုယ်ရည်သုံး Computer တွေကိုပြောတာပါ။ ဒါဆိုရင် Mac ကိုလည်း PC လို့ပြောလို့ရတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့တစ်တွေ PC ဆိုတဲ့စကားလုံးကို လူတွေအသုံးပြတာ ကြားလိုက်ရတဲ့အခါမှာတော့ Windows OS ကိုအသုံးပြုပြီးတော့ လည်ပါတ်နေတဲ့ Computer တစ်လုံးကိုရည်ညွှန်းတာဖြစ်ပါတယ် ဆိုတာကိုသိရပါမယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် Windows OS ကိုအသုံးပြုသူဦးရေဟာ 77%၊ Apple ရဲ့ macOS ကိုအသုံးပြုသူ 13%၊ Google ရဲ့ ChromeOS ကိုအသုံးပြုသူ 6% နဲ့ Linux အသုံးပြုသူဟာ 2% ရှိပါတယ်။ အဲ့ဒီအချက်အလက်တွေကို Wikipedia ကနေကူးယူဖော်ပြထားတာဖြစ်ပါတယ်။ ဒီလိုဆိုရင် အဲ့ဒီ OS (Operating Systems) တွေထဲက လူသိအများဆုံး၊ နာမည်အကြီးဆုံးဖြစ်တဲ့ MacOS နဲ့ WindowsOSနှစ်ခုတို့ရဲ့ ကွာခြားချက်တွေကို အောက်မှာဆက်လက်ဖတ်ရှုကြည့်ပေးပါ။

၁။ Windows ဟာကမ္ဘာပေါ်မှာ အသုံးပြုသူဦးရေအများဆုံးရှိတဲ့အတွက် သူ့အတွက် Software တွေက macOS နဲ့ယှဥ်လိုက်ရင် ပိုပြီးတော့ များပြားနေတာကိုတွေ့ရမှာပါ။

၂။ Windows က touchscreen နည်းပညာကို ထောက်ပံပေးပါတယ်။ တချို့သော tablet တွေ၊ touch screen ပါတဲ့ laptop တွေမှာ WindowsOS တွေကိုတွေ့ရမှာပါ။ ဒါပေမဲ့ macOS ကတော့ touchscreen ကို ခုချိန်ထိထောက်ပံမပေးသေးပါဘူး။ တချို့ mac book တွေမှာတော့ touchbar တွေပါပါတယ်။ Touchbar ကတော့ touch sceen နဲ့မတူညီပါဘူး။

၃။ MacOS ကတော့ ကျန်တဲ့ apple ကထုတ်ကုန်တွေဖြစ်တဲ့ iPhone, iPad စတာတွေနဲ့ ဆက်နွယ် နေတာဖြစ်ပြီးတော့ file တွေကိုလည်း AirDrop နဲ့အပြန်အလှန်လွယ်ကူစွာနဲ့ share နိုင်ပါတယ်။ ပြီးတော့ iPhone၊ iPad တွေမှာ ဖွင့်ပြီးကြည့်နေတဲ့ document စတာတွေကိုလည်း mac မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ iPhone မှာဖုန်းပြောနေရင်းကနေ mac မှာဆက်လက်ပြောင်းလဲပြောဆိုနိုင်ပါတယ်။

၄။ Windows က macOS ထက်ပိုပြီးတော့လူသိများ၊ အသုံးပြုသူများတဲ့အတွက်ကြောင့် Windows OS ကိုပစ်မှတ်ထားတဲ့ Virus တွေ၊ Malware တွေပိုများတာကိုတွေ့ရမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ macOS တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ Virus တွေလည်းရှိပါတယ်။ ဒါပေမဲ့ Windows OS လောက်တော့မများပြားလှပါဘူး။

၅။ Windows OS ကိုအသုံးပြုထားတဲ့ Computer တွေကိုထုတ်လုပ်သူ အမျိုးမျိုးရှိကြပါတယ်။ HP, Lenovo, Acer အစရှိသဖြင့်ပါ။ ဒီအတွက်ကြောင့် ရွေးချယ်စရာများပြားပါတယ်။ Macs တွေထက်လည်း တန်ဖိုးသက်သာတာများပါတယ်။

၆။ Mac ကိုတော့ apple ကသာ ထုတ်လုပ်ရောင်းချတဲ့ အတွက် hardware အစိတ်အပိုင်းတွေကို သူတို့ရဲ့ MacOS နဲ့ကိုက်ညီမယ့် hardware တွေပဲ ရွေးချယ် ထိန်းချုပ် တပ်ဆင် နိုင်အတွက် stable ပိုဖြစ်တယ်လို့ပြောနိုင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် WindowsOS ကို အသုံးပြုတဲ့ computer တွေထက်တော့ hardware specရွေးချယ်စရာ နည်းသွားမှာဖြစ်ပါတယ်။

၇။ ဒီအချက်ကတော့ gaming နဲ့ ပါက်သက်ပါတယ်။ Gaming ဆိုရင်တော့ Microsoft ရဲ့ Windows ကပိုပြီးတော့ တခြား OS တွေထက် အားသာပါတယ် ဆိုတာကို ငြင်းဆန်ဖို့ ခက်ခဲပါတယ်။

၉။ MacOS ကလည်း Linux OS တွေကိုဖန်းတီးထားတဲ့ UNIX ပေါ်မှာ အခြေခံပါတယ်။ အဲ့ဒီအတွက်ကြောင့် Windows မှာ out-of-the-box မရတဲ့ bash command တွေကို macOS မှာအသုံးပြုနိုင်ပါတယ်။ ဒါကတော့ programmer အများစု နှစ်သက်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

၈။ နောက်ဆုံးအချက် အနေနဲ့ PC ကအစိတ်အပိုင်းတွေကို တစ်ပိုင်းခြင်းစီအနေနဲ့ upgrade လုပ်လို့ရနိုင်ပါတယ်။ အများစုကတော့ upgrade လုပ်ချင်ရင် PC အသစ်တစ်လုံးကို တန်း၀ယ်လိုက်တတ်ကြပေမဲ့ တချို့သောသူများကတော့ မိမိရဲ့ PC ကိုတစ်ပိုင်းပိုင်းချင်းစီ upgrade လုပ်သွားတတ်ကြပါတယ်။ ဥပမာ - RAM တိုးစိုက်တာတို့၊ Graphic Card ကို upgrade လုပ်တာတို့။

----------

Hackintosh ဆိုတာက?

----------

ဒီစကားလုံးက နည်းနည်းတော့ ခေါင်းရှုပ်သွားစေနိုင်ပါတယ်။ ဒီစကားလုံးဟာ hack ခံထားရတဲ့ Mac ကိုပြောချင်တာမဟုတ်ပါဘူး။ MacBook သို့မဟုတ် iMac တွေပေါ်မှာ WindowsOS ကိုအသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ WindowsOS ကိုအသုံးပြုတဲ့ PC တိုင်းကတော့ macOS ကို အသုံးပြုလို့မရနိုင်ပါဘူး။ Hardware တွေအကုန်လုံးက macOS နဲ့ကိုက်ညီမှသာ လျှင် run လို့ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို ကိုက်ညီအောင်၊ ပြီးတော့ PC ပေါ်မှာ macOS ကို အသုံးပြုလို့ရနိုင်အောင် hardware အစိတ်အပိုင်းတွေအားလုံးကို သေသေချာချာ ရွေးချယ်ပြီးတော့ ဆင်ထားတဲ့ PC တစ်လုံးကို hackintosh လို့ဆိုလိုတာဖြစ်ပါတယ်။ ဒီလို hardware တွေရွေးချယ်တပ်ဆင်ရာမှာလည်း လေ့လာမှုတွေအများကြီးလုပ်ထားဖို့လိုအပ်ပါတယ်။ ပြီးတော့ apple က macOS software update ပေးရင် version အသစ်က ကိုယ်ဆင်ထားတဲ့ စက်နဲ့ ဆက်ပြီးတော့ ကိုက်ညီနေမှု ရှိသေးလား၊ မရှိတော့ဘူးလားကို ကြိုပြောလို့မရပါဘူး။

မတူညီတဲ့အချက်တွေက ၈ ချက်မကရှိပါတယ်။ မြင်သာတဲ့ အချက်တွေကိုသာ ရေးသားထားတာဖြစ်ပါတယ်။ဖတ်ကြည့်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ရေးဖို့ကျန်သွားတာတွေ၊ လိုသွားတာလေးတွေကိုလည်း comment မှာမျှပေးပါဦး။ စာလုံးပေါင်း အမှားများပါသွားခဲ့ရင် သည်းခံပေးပါ။

by - zer0eXploit

ref: Wikipedia, Lifewire



No comments:

Post a Comment

မင်္ဂလာပါ..