menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Hard Disk ပြုပြင်နည်း

Unifont

Hard Disk ပြုပြင်နည်း
==============
Hard Drive မှာ Data တွေ ပျောက်ဆုံးသွားတဲ့အခါ ပထမဦးဆုံးလုပ်ဆောင်ရမှာက ဘာကြောင့်ပျောက်ဆုံးသွားသလဲဆိုတာကို စစ်ဆေးဖို့လိုပါတယ်။ ဒီလို ကွန်ပျူတာ Hard Disk ပျက်စီးနိုင်တဲ့အကြောင်းရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုက User မှားအကြောင့် မှားဖက်မိတာ၊ Format ချမိတာကြောင့်ဖြစ်တတ်ပြီး၊ နောက်တစ်ခုက Hard Disk ကိုယ်ထည်ပိုင်း physical problems ကြောင့် ပျက်စီးနိုင်ပါတယ်။ အခုဖော်ပြပေးသွားမှာက logical mistake ကြောင့် ပျက်စီးသွားတဲ့ Hard Disk ကို ပြန်လည်ပြုပြင်နည်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Hard Disk Physical ပိုင်းကြောင့် ပျက်စီးသွားတယ်ဆိုရင် hard disk ပြင်နိုင်တဲ့ Service ဆိုင်ပို့ပြီး Data တွေ ပြန်ယူနိုင်ကောင်းယူနိုင်ပါလိမ့်မယ်။ User အမှားကြောင့် Data တွေ ပျောက်ဆုံးသွားတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့Recovery လုပ်နိုင်မလဲ။ Data တွေ မဆုံးရှုံးစေပဲ Hard disk ကို ပြုပြင်တဲ့နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမနည်းလမ်းတစ်ခုက Hard disk ဘယ်လိုပြဿနာတွေရှိသလဲ သိနိုင်ဖို့ (Check disk) လုပ်ပေးရပါမယ်။ Check disk မလုပ်ခင် ပျောက်ဆုံးသွားတဲ့ data တွေပြန်ရဖို့ Hard drive ကို ဘယ်လိုပြုပြင်နိုင်ပြီး ဘယ်လို restore လုပ်နိုင်မလဲဆိုတာကို အရင်ဆုံးပြောပြချင်ပါတယ်။

မိမိစက် hard dirve ကနေ ပျောက်ဆုံးသွားတဲ့ data တွေဆိုတာ Shift Delete နဲ့ဖျက်၊ hard disk ကို format ချမိခဲ့တယ်၊ သို့မဟုတ် partition ပြဿနာတစ်ခုခုဖြစ်သွားတယ်၊ Recycle bin မှာလည်း ဘာမှ မကျန်တော့ရင်တောင်မှ အဲ့ဒီ data တွေက အမှန်တကယ်တော့ ပျက်စီးသွားတာမဟုတ်ပါဘူး။ ဒီ data တွေအားလုံးက empty အဖြစ်နဲ့မြုပ်ကွယ်နေပြီး ရှိနေသေးတာပါ။ ဒါကဘာနဲ့ဆင်တူသွားသလဲဆိုတော့ ကြီးမားတဲ့ စာကြည့်တိုက်တစ်ခုလိုပါပဲ။ စာအုပ်တွေက စာအုပ်စင်မှာ ရှိနေပြီးသားပါ။ ဒါပေမယ့် စာအုပ်တွေရှိတဲ့နေရာကို မှတ်သားထားတဲ့ catalog ကသာ ပျောက်နေတာပါ။ ဆိုလိုတာက စာကြည့်တိုက်က Hard Drive, Catalog က OS ရဲ့file system, စာအုပ်တွေက hard disk ရဲ့ အစုအဝေး (cluster) တွေအဖြစ် ခိုင်းနှိုင်းရည်ညွန်းချင်တာပါ။ HDD data တွေကို ဘယ်လို restore လုပ်မလဲ။ Hard disk က error တက် corrupted ဖြစ်သွားရင်၊ RAW Fil သို့မဟုတ် Access လုပ်လို့မရတော့ရင် ဘာတွေလုပ်မလဲ။ အောက်ဖော်ပြပါအချက်တွေကတော့ Hard disk data တွေကို ရိုးရှင်းတဲ့နည်းနဲ့restore လုပ်ဖို့ EaseUS hard disk repair sofrware အသုံးပြုနည်းတွေဖြစ်ပါတယ်။


(1) ပထမဆုံးအနေဖြင့် check disk လုပ်ပါ။

My Compuer/This PC/ Explorer ကို ဖွင့်ပါ၊ ကိုယ် check disk လုပ်ချင်တဲ့ partition တစ်ခုကိုရွေးပြီး right click နှိပ်၊ Properties နှိပ်၊ Toos Tab အောက်က Error Checking ရဲ့အောက်မှာ Check ကို နှိပ်ပေးလိုက်ပါ။ Check disk options box လေးကျလာရင် check လုပ်ဖို့နဲ့ repair လုပ်ဖို့တစ်ခုကိုရွေးပေးလိုက်ပါ။ (1) Read Only Mode နဲ့Chkdsk လုပ်ချင်ရင်တော့ Start ကိုနှိပ်ပါ၊(2) Scan မဖတ်ပဲ bad sector တွေရဲ့Volume Error ကို repair လုပ်ဖို့Automatically fix file system errors ကိုရွေး Start နှိပ်ပါ။ (3) Bad Sector တွေရှိတဲ့နေရာနဲ့Readable Information Error ကို repair လုပ်ဖို့ Scan for and attempt recovery of bad sectors ကိုရွေး Start နှိပ်ပါ။ Automatically fix file system errors နဲ့ Scan for and attempt recovery of bad sectors နှစ်ခုလုံးကို အမှန်ခြစ်ရွေးပြီး Start နှိပ်ပါ။ Windows တစ်ခုနဲ့တစ်ခုတူချင်မှ တူပါမည်။

(2) EaseUS Software ကို အသုံးပြုပြီး Repair, Recovery လုပ်ပါ။

EaseUS Software က Hard disk ပြုပြင်တာနဲ့Data တွေ Recovery လုပ်တာကို အကောင်းဆုံးကူညီပါလိမ့်မယ်။ Hard Disk ကို professional နည်းလမ်းကျကျပြုပြင်ဖို့နည်းလမ်း ရှာဖွေနေတယ်ဆိုရင်တော့ EaseUS Software က အကူညီပေးနိုင်ပါတယ်။ EaseUS Software က hard disk ရဲ့ရှုပ်ထွေးသောပြဿနာတွေကို ရိုးရှင်းလွယ်ကူထိရောက်သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်တဲ့ ဆော့ဝဲလ်တစ်ခုပါ။ ပျက်စီးသွားတဲ့ Data တွေကို Recovery နိုင်တဲ့အပြင် မည်သည့် Windows OS versions မှမဆို Hard Drive Recovery Operations ဖြစ်တဲ့ Recycle bin သို့မဟုတ် Flash drive တွေကနေ အပြီးတိုင်ဖျက်လိုက်တဲ့ files တွေကို ပြန်လည် Recovery လုပ်နိုင်ပါတယ်။ ဒီဆော့ဝဲလ်ကို http://download.easeus.com/trial/drw_trial.exe https://www.easeus.com/datarecoverywizardpro/ https://www.easeus.com/resource/repair-bad-sector.htm https://www.easeus.com/storage-media-…/hard-disk-repair.html Links တွေကနေ download ဆွဲပြီး Run လိုက်ပါတယ်။ မိမိ data ပျောက်သည်ထင်သည့် scan လုပ်ချင်သည့် drive တစ်ခုကို ရွေးပြီး Scan လုပ်ပါ။ ပထမဆုံးအနေဖြင့် Quick Scan နဲ့အလုပ်လုပ်မှာပါ။ အဲ့ဒါပြီးသွားမှ Deep Scan က ကျန်နေသေးတဲ့ files တွေ ရှာဖို့ Automatically အလုပ်လုပ်မှာပါ။ Scan လုပ်တာ အကုန်ပြီးသွားရင် ပျောက်သည်ထင်သည့် data တွေကို ရွေးပေးလိုက်ပါ။ အဲဒီ data တွေ ပြန်ထားမယ့် နေရာ location ရွေးပေးပါ။ ပြီးရင် Recover ကို နှိပ်လိုက်ပါ။ Recovery လုပ်ပြီးသွားရင် ပျောက်သွားတဲ့ data တွေကို ပြန်သုံးနိုင်ပါပြီ။ ဒါပေမယ့် အဲ့ဒီ Repair လုပ်လိုက်တဲ့ hard dirve ကို အသုံးမပြုခင် လုပ်ရဦးမယ့်အရာ တစ်ခုရှိပါသေးတယ်။ အဲ့ဒီ drive မှာရှိတဲ့ data တွေကို တစ်ခြားလွတ်နေတဲ့ driver မှာ ခဏကူးထားပြီး NTFS/FAT32 System အဖြစ် format ချလိုက်ပါ။ ပြီးရင် rename လုပ်ပြီး ကောင်းကောင်းမွန်မွန်ပြန်သုံးနိုင်ပါပြီ။ နောက်တစ်ခုက Data တွေ ပျောက်ဆုံးသွားခြင်းကနေ ဘယ်လိုကာကွယ်မလဲ။ အောက်မှာ ကာကွယ်နည်းတွေ ဖော်ပြပေးထားပါတယ်။

(1) အရေးကြီးတဲ့ Data တွေကို စိတ်ချရမယ့် External storage drive ထဲမှာ Backup လုပ်ထားပါ။

(2) Hard disk error တွေကို စစ်ဆေး ပြုပြုင်ပေးဖို့ မကြာခဏ Cmd မှာ chkdsk လုပ်ပေးပါ။

(3) Update ဖြစ်တဲ့ Anti-Virus software ကို စက်ဖွင့်တိုင်း run ပေးပါ။

(4) Data တွေပျောက်တိုင်း EaseUS software အသုံးပြုပါ။
#CRD

Hard Disk ပြုပြင်နည်း
==============









#CRD

No comments:

Post a Comment

မင်္ဂလာပါ..