menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
BIOS Password ဖြတ်ကျော်ခြင်းဆိုင်ရာနည်းလမ်းများ
BIOS Password ဖြတ်ကျော်ခြင်းဆိုင်ရာနည်းလမ်းများ
!?????????????????????????????????????
အခုဒီပို့စ်ကိုလည်း မကောင်းသောနေရာတွေမှာ အသုံးမချစေချင်ပါ။
BIOS( Basic Input Out System) ဆိုတာက Windows OS မတက်ခင်
ကွန်ပျူတာနဲ့ဆက်သွယ်ထားတဲ့ Hardware တွေကို ပထမဦးဆုံးအနေဖြင့်
စစ်ဆေးအတည်ပြုချိတ်ဆက်နေတဲ့ System တစ်ခုလို့အလွယ်နည်းမှတ်ထားပါ။
အခြေခံကျတဲ့ Low-level System Settings တွေကို BIOS မှာ ပြင်ဆင်နိုင်ပါတယ်။
အခုဒီပို့စ်က BISO Password မေ့သွားရင် ပြန်ဆယ်ယူတဲ့ပို့စ်ဖြစ်တာကြောင့်
BIOS အကြောင်း နောက်မှ အသေးစိပ်ပြန်ရေးတင်ပါမယ်။
1. BIOS Password ဖြုတ်နည်း
မိမိကွန်ပျူတာမှာ BIOS Password တော့ သိတယ်။ ဒါပေမယ့်
စက်ဖွင့်ရင် BIOS Password မထည့်ချင်ဘူး။ သူများထည့်ထားတဲ့
Password ကို ပြန်ဖြုတ်ချင်တယ်ဆိုရင် စက်ကိုဖွင့်လိုက်ပါ။ BIOS ထဲဝင်တဲ့
Key- Del,F2,F12 စသည်ဖြင့် စက်မော်ဒယ်ပေါ်မှုတည်ပြီးတော့ စက်စတက်တဲ့
အချိန်မှာ ဆက်တိုက်နှိပ်ထားလိုက်ပါ။ BIOS ထဲကိုရောက်သွားရင်
Advanced Mode ထဲကိုဝင်။ Security Tab ထဲဝင်ပါ။
တစ်ချို့စက်တွေကို BIOS ထဲဝင်တာနဲ့Advanced ကို ဝင်စရာမလိုပဲဖွင့်ဖွင့်ချင်း
Security ကို မြင်ရမယ်။ Down Arrow မြှားနဲ့ အောက်ကိုဆင်းသွားပြီး
Password ပေးထားတွေကို အကုန် Disable ပေးလိုက်ပါ။ ပြီးရင် F10 နှိပ်
Save လုပ်ပြီး စက်ပြန်တက်လာရင် BIOS Password ထည့်ပေးရမည်မဟုတ်ပါ။
2.CMOS ဘက်ထရီ ဖြုတ်ပြီး BIOS Password ဖြတ်ကျော်နည်း
CMOS ဘက်ထရီက ကွန်ပျူတာရဲ date,Time,BIOS Settings စတာတွေကို
ကွန်ပျူတာပိတ်ပြီး နောက်တစ်ခါပြန်ဖွင့်ရင် အချိန်မှန်ကန်မှုတွေရှိအောင်
မှတ်သားမှုပြုလုပ်တဲ့ ဘက်ထရီအသေးစားလေးပါ။ BIOS Password ဖြုတ်ဖို့
စက်ကိုပိတ်လိုက်ပါ။ System ဗုံးအခွန်ကို ဖွင့်လိုက်ပါ။ စက်က Warrantly ကျန်သေးရင်
မဖွင့်ပါနဲ့။ ဆိုင်သွားပြပါ။ ပုံမှာ ပြထားတဲ့အတိုင်း CMOS ဘက်ထရီကို မိနစ် 20-30 ထိ
ဖြုတ်ထားပြီး ပြန်တပ်လိုက်ပါ။ စက်ပြန်တက်လာရင် BIOS Setting Reset
ဖြစ်သွားပါလိမ့်မယ်။ ဒီနည်းနဲ့မရသေးဘူးဆိုရင် အောက်ကနည်းနဲ့ပြန်စမ်းကြည့်ပါ။
3.Jumper ကိုပြောင်းတပ်ပြီး Password ဖြတ်ကျော်နည်း
ကွန်ပျူတာတွေမှာ CMOS Settings, BIOS Password တွေကို Clear လုပ်ဖို့
Jumper ဆိုတာပါပါတယ်။ Motherboard Model ပေါ်မှုတည်ပြီးတော့ Jumper ရှိနေတဲ့
နေရာ ကွဲလွဲတတ်ပါတယ်။ များသောအားဖြင့် CMOS ဘက်ထရီဘေးနားမှာ
CLR CLEAR ဆိုတဲ့စကားလုံးနဲ့တွေ့ရပါမယ်။ အောက်ပုံမှာ ပြထားတဲ့အတိုင်း
PIN သုံးခုနဲ့Jumper ကိုတွေ့ရမယ်။ ဥပမာ- PIN 1,2,3 ဆိုပါစို့။ အခုမိမိစက်မှာ
1 နဲ့2 မှာ တပ်ထားတာကို 2 နဲ့3 ကို ပြောင်းတပ်လိုက်ပြီး 10 စက္ကန့်လောက်
စောင့်နေလိုက်ပါ။ ပြီးရင် 1 နဲ့2 ကို ပြန်တပ်လိုက်ပါ။ လက်တေ့ာပ်ဆိုရင်
Jumper နှစ်ခုကို ကြောက်လည့်စကူနဲ့ဖြစ်ဖြစ် တစ်ခုခုနဲ့ပူးထားလိုက်ပါ။
စက်ပြန်တက်လာရင် BIOS Password ပြုတ်သွားပါလိမ့်မယ်။
4.Clnpwd နဲ့BIOS Password ဖြုတ်နည်း
တစ်ခြားကွန်ပျူတာတစ်လုံးမှာ Clnpwd Software ကို ဒေါင်းလုဒ်ဆွဲပါ။
USB Stick လည်း ထည့်ထားပါ။ Clnpwd ကို Extract လုပ်ပြီး HP USB Disk
ဆိုတာကို Install လုပ်ပါ။ ပြီးရင် Start Menu ထဲမှာ ရှာပြီး ဖွင့်လိုက်ပါ။ Box တစ်ခု
ပေါ်လာရင် USB Stick ကိုရွေးပေးပါ။ File System မှာ FAT32 ကိုရွေးပါ။
Volum label မှာ ကြိုက်တဲ့နာမည်ပေး။ Quick Format နဲ့Create a DOS ဆိုတာကို
အမှန်ခြစ်ပေးပြီး ခုနက Extract လုပ်ထားတဲ့ Clnwd ဆော့ဝဲလ်မှာ
Ms-Dos System ဆိုရွေးပေးပါ။ ပြီးရင် Start ကိုနှိပ်ပါ။ ဆောက်တာပြီးသွားရင် Close နှိပ်။ Extract လုပ်ထားတဲ့ Clnpwd.exe ကို ကူးပြီး Stick ထဲထည့်လိုက်ပါ။ အဲ့ဒီ Stick ကို
မိမိစက်မှာ ထိုးထည့်လိုက်ပါ။ စက်ကိုဖွင့်လိုက်ပါ။ F12 ကို နှိပ်ပြီး USB Stick နဲ့
Boot တက်ပါ။ အမဲ Cmd Dos prompt ပေါ်လာရင် clnpwd.exe ရှိမရှိစစ်ဖို့
C:\> ရဲ့ဘေးမှာ dir ရိုက်ထည့်ပါ။ တွေ့ရင်တော့ C:\> ရဲ့ဘေးမှာ clnpwd လို့
ရိုက်ထည့်လိုက်ပါ။ အဲ့ဒီမှာ ဘယ် Password ကို ဖြုတ်ချင်သလဲ နံပါတ်တစ်ခုကို
ရွေးရိုက်ထည့်လိုက်ပါ။ Clean User Password Successfully ဖြစ်ရင်
BIOS ထဲပြန်ဝင်ပြီး HDD နဲ့Boot တက်ပြီးပြန်သုံးနိုင်ပါပြီ။
5.Password အမှားရိုက်ထည့်ပြီး ပြန်ဆယ်နည်း
BIOS Password မေ့သွားလို့အပေါ်ကနည်းတွေနဲ့လည်း လုပ်မရဘူး၊
CMOS ဘက်ထရီ၊ Jumper တွေကို ဝင်ရောက်အသုံးပြုလို့မဖြစ်နိုင်ဘူးဆိုရင်
ဒီနည်းနဲ့ ပြန်စမ်းကြည့်ပါ။ သုံးကြိမ်လောက် Password အမှားရိုက်ထည့်လိုက်ပါ။
System Disable လို့Message box တက်လာရင် အဲ့ဒီမှာပါတဲ့ Code 5 လုံးကို ကူးပြီး
bios-pw.org/ ကို Browser နဲ့ဝင်၊ ခုနက Code 5 လုံးကို ထည့်ပေးပြီး
Get Password ကိုနှိပ်ပါ။ မိမိစက်နဲ့ကိုက်ညီမယ့် Backdoor Passwords တွေ
ချပေးလာပါလိမ့်မယ်။ အဲ့ဒီ Password တွေကိုတစ်ခုပြီးတစ်ခုစမ်းရိုက်ထည့်လိုက်ပါ။ Password မှန်သွားလို့ဝင်လို့ရသွားရင် BIO
#Crdမူရင်းရေးသားသူ
!?????????????????????????????????????