menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Android phone တစ်လုံးရဲ့ အံ့မခန်းလုပ်ဆောက်ချက်များ

(1)ဖုန်းဘတ်ထရီကြာရှည်ခံဖိုအြလွယ်ဆုံးနည်း
ဖုန်းစကရင်နောက်ခံကို အနက်ရောင် သို့ အညိူရောင် wallpaperထားခြင်းဖြင့် သင့်ဖုန်းဘတ်ထရီကို ကြာကြာခံစေပါတယ်။ဒါပေမယ့် Samsungဖုန်းနဲ့တက်ဘလက်တွေအတွက်ပဲ အကျံူးဝင်ပါတယ်။


(2) Text to Speech
သင်ဟာ androidကိုင်ဆောင်သူဖြစ်ပါက အခုစာကိုဖတ်ရုံမဟုတ်ပဲ နားထောင်လို့ပါရပါတယ်။Setting ကနေ Accessibility မှတဆင့် Text to speech option ကိုဖွင့်ပါ။

(3)Smart Phone Remote Control
Settingကနေ Securityကိုသွားပါ။Device Administration ကနေ Android Device Manager ဘေးက Boxတွေကို ရှာပါ။Remotely locate this device နဲ့ Allow Remote Lock and Eraseကိုဝင်ပါ။သင့်ဖုန်းပျောက်ဆုံးပါက ထိုဆိုက်ကနေ ဖုန်းတည်ရှိရာနေရာသိနု်င်ပြီး သင့်dataတွကို မဆုံးရှုံးပဲ ဖျက်ပစ်နိုင်မှာပါ။

(4)Guest Modeဖွင့်ခြင်း
သင်ဟာ သူငယ်ချင်းကို ဖုန်းငှားသုံးဖို့ရှိပြီး သင့်dataတွေကို မမြင်စေချင်ပါက Guest Modeဖွင့်လို့ရပါတယ်။ဖုန်းစကရင်ထိပ်ကနေ လက်၂ချောင်းနဲ့ဆွဲချပါ။ အပေါ်ညာဘက်ထိပ်က user iconကိုထိပါ။Add Guest Modeပေါ်လာပါကရွေးချယ်ပါ။သင်ဖုံးပေးသုံးမယ့်သူကို သင်ပြုလုပ်ခွင့်ပေးမယ့်အရာတွေကို ကန့်သတ်နိုင်ပါတယ်။

(5)စကရင်ချဲ့ခြင်း
မျက်စိမှုန်သူတွေအတွက် အဆင်ပြေပါတယ်။Settingကတဆင့်Accessibilityကနေ Magnification gestureကိုဝင်ပါ။အခုအခါ လက်ထိပ်နဲ့ပုတ်ရုံနဲ့ စာလုံးကြီးကြီး တွေ မြင်ရပါပြီ။

(6)Hospotဖွင့်ခြင်း
ဒါကိုတော့ တော်တော်များများသိပါတယ်။၀ိုင်ဖိုင်မျှသုံးဖို့ personal hospotဖွင့်ခြင်းဖြစ်ပါတယ်။settingကနေ Tethering & Portable hospot၀င်ပါ။ထိုမှ portable WLAN hospotကိုဖွင့်လိူက်ရုံပါ။
(7)ခေါင်းလှုပ်ရှားမှုနဲ့ထိမ်းချူပ်ခြင်း
သင့်လက်တွေမအားတဲ့အခြေအနေ သို့ လက်အိတ်စွပ်ထားရတဲ့အနေအထားအတွက် အသုံးဝင်ပါတယ်။EVA Facial Mouseဆိုတဲ့ appကို ဒေါင်းလုပ်ဆွဲရပါမယ်။ဖုန်းစကရင်ကိုခေါင်းအမူအရာနဲ့ထိမ်းချူပ်လို့ရပါတယ်။

အခုုဖော်ပြခဲ့တဲ့ Function တွေဟာ Android စနစ်စစ်စစ်ကုုိ အခြေခံထားတဲ့ စမတ်ဖုုန်းတွေမှာရရှိမှာဖြစ်ပြီး မိမိကုုိင်တဲ့ဖုုန်းရဲ ့Brand ကုုိ လုုိက်ပြီး တစ်ချို ့Function တွေက အသုုံးပြုလုုိ ့မရတာတွေလဲရှိနုုိင်ပါတယ် ။
Writer -Dr Jue (YGN Times )

No comments:

Post a Comment

မင်္ဂလာပါ..