menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

UMP-9 သေနတ်အကြောင်း



ဒီတစ်​ခါမာ​တော့ SMG gun UMP-9​လေးနဲမိတ်​ဆက်
ပေးပါမယ်
SMGမှာ လူကြိုက်အများဆုံးသေနတ်ဆိုရင်တော့ UMP-9 ဖြစ်မယ်ထင်ပါတယ် ကိုင်ဆောင်သူရဲ့ နေရာယူ ရွေးချယ်အသုံးပြုမှုပေါ်မူတည်ပြီး ပွဲစ ပွဲလယ် ပွဲဆုံး သည်အထိ အသုံးဝင်တဲ့သေနတ်တစ်လက်ဆိုရင်လဲမမှားပါဘူး UMP-9 ရဲ့ open fire တစ်တွဲလုံးပစ်ချိန်မှာ Recoil နည်းပါးမှုက ထိန်းရလွယ်ကူတဲ့ အတွက် PUBG လို Recoil ဆိုတဲ့နောက်ကန်အားကိုအဓိကအသားပေးထည့်သွင်းထားတဲ့ Game မျိုးမှာ Player တွေရဲ့အချစ်တော်ဖြစ်နေရခြင်းလဲဖြစ်မယ်ထင်ပါတယ် အခုဆိုရင်ကျွန်တော်က UMP-9 ကိုင်ထားရင် player တစ်ယောက်ရရှိနေနိုင်မယ့် အားသာချက်တွေ အားနည်းချက်တွေကို ရေးပြမှာဖြစ်ပါတယ်
UMP-9 ရဲ့အားသာချက်တွေ အားနည်းချက်တွေပါ
1 . ကျည်ထွက်မြန်ဆန်မှုက Rifle အားလုံးထက်သာပါတယ် (Armor Lv 3 or 2 အသစ်ရန်သူကို 20 m လောက်အကွာအဝေးမှာ သူ့ရဲ့ Body ကို ကျည် 40 ကို 3 sec နဲ့ပစ်ပြီးအပြတ်ဖြတ်လို့ရပါတယ်)
2. 9mm ကျည်ဆံကနေရာယူမှုသိပ်မရှိပါဘူး Lv 2 ကျောပိုးအိတ်နဲ့ 9mm ကျည်ဆံ 250 လောက်ထည့်ထားပြီးရင် နောက်ထပ် 7.62MM အတောင့် 150 လောက်နဲ့ ဆေးပစ္စည်းမျိုးစုံထည့်ရင်တောင်နေရာလွတ်ပိုပါသေးတယ် ( 9mm ကျည်ဆံကို Damage မပြင်းဘူးမထင်ပါနဲ့ PUBG မှာက Armor တွေ ဦးထုပ်ဆိုတာ ကျည်ဆံတွေကိုကာပေးတာမဟုတ်ပါဘူး Damage ကိုပဲလျော့ပေးတာပါ ဘယ်ကျဉ်ဆံမှန်မှန်သေစေနိုင်ပါတယ်)

3. UMP-9 ရဲ့ ကျည်ဆံဖွာထွက်မှုပုံစံက ပြေးလွှားခုန်ပေါက်ပြီး လူများပစ်တာရှောင်ရင်း နေရာအကျဉ်းအကြပ်အိမ်တွေထဲဝင်ရှင်းတဲ့အချိန် Head shoot ရဖို့ Chance များပါတယ်အဲ့လိုအချိန် UMP-9 က Over power ပါ အဲ့အပြင် Rifle တွေထက် ကျည်ကပ်လဲချိန်လေးမဆိုစလောက်လေးပိုမြန်ပါတယ် ( UMP-9 ကိုင်ပြီး အိမ်လှေကားကတက်လာမယ့်လူမျိုးကိုစောင့်ပစ်တာမျိုးတော့မလုပ်ပါနဲ့ ကိုယ်ကစောင့်ရတဲ့လူဆို Rifle လိုမျိုးက အပိုင်ဆီးပစ်လို့ကောင်းတာပါ ပြောင်းပြန်ကိုယ်ကတက်ရှင်းရမယ့်လူဆိုမှ UMP-9 ကသာတာပါ )
4. UMP-9 ကို mid rang ပစ်ဖို့မကြိုးစားပါနဲ့ မနီးမဝေးလေးမှာပဲသုံးပါ 50 m လောက်အတွင်းပဲပစ်ပါ မျက်မှန်းနဲ့ဆို လက်ပစ်ဗုံးတစ်ကမ်းလောက်ပါပဲ အဲ့လောက်အကွာအဝေးအတွင်းမှာပဲအသုံးပြုပါ ကျည်ဆံက ဖွာထွက်တဲ့အတွက် နီးလေအပြုံလိုက်ထိပြီးကောင်းလေပါ ဝေးလေမထိတထိဖြစ်လေပါ Rifle လို ကျည်စုပြီးအဖြောင့်ဝင်တာမဟုတ်ပါဘူး ခပ်လှမ်းလှမ်းရန်သူကိုသွားပစ်ရင်ဟိုက မထိတထိနဲ့သိသွားပြီး ကိုယ့်ကို Rifle နဲ့ပြန်ဖြုတ်သွားမှာပါ
5. AK crazy တွေအတွက် UMP-9 က တွဲလို့အကောင်းဆုံး SMG ပါ AK crazy သမားအများစုက 7.62mm နေရာစားတာကြောင့် ကျည်ဆံများများသယ်ဖို့တိုင်ပတ်ရပါတယ်ဆေးထုပ်ကြီး ၇ ထုပ်လောက်ပါနေရင်ကျည်ဆံအတွက်နေရာသိပ်မကျန်တတ်ပါဘူး အဝေးပစ်အတွက် AK ကို ကျည် 180 လောက်သယ်ပြီး UMP-9 9mm 200 လောက်နဲ့ဆိုအရမ်းသာယာပါတယ် အဲ့အပြင် AK က ကျည်ထွက်နဲနဲနှေးပါတယ် မြန်အောင် Auto ထားပစ်ရင်လဲ Stability နိမ့်ပါတယ် အနီးကပ်ဆိုရင် UMP-9 လေးတွေက AK crazy တွေအတွက် အသုံးဝင်ဆုံးလေးဖြစ်လာမှာပါ
6. UMP-9 ရဲ့ အပိုပစ္စည်းအတွက်ပါ UMP-9 ကို လက်ကိုင်လေးမတပ်ပါနဲ့ အဲ့လက်ကိုင်လေးကအတွဲလိုက်ပစ်ရင် အထက်အောက်ထောင်တက်တာကိုထိန်းပေးတာပါ UMP-9 က ဘေးဘယ်ညာရမ်းတာပါ အဲ့တော့လက်ကိုင်အစား တြိဂံပုံစံ အထိန်းလေးပဲသုံးပါ အဲ့တာက ဘေးဘယ်ညာရမ်းတာကိုထိန်းပေးတာပါ
7.အဓိက သတိထားပါ UMP-9 ကို 4x လုံးဝမတပ်ပါနဲ့ တပ်ချင်ရင် 2x ပဲအများဆုံးတပ်ပါ Red dod ကအ​ကောင်းဆုံးပါ အနီးကပ်​မြင်​ကွင်းကျယ်​မှအဆင်​​ပြေတာပါ 4x နဲ့လူလုံးကြီး​သေချာအ​ပေါင်းချိန်​​နေတာထက်​UMP-9 ကို အမြန်​လက်​တန်းထိုးပစ်​ရင်​ပစ်​ မပစ်​ရင်​ Red dod နဲ့သာ​ကောက်​ဆွဲပါ ( PUBG လို screen ​ပေါ်ကအမဲအစက်​​လေးတစ်​ခုက ကိုယ့်​အတွက်​​သေမင်းဖြစ်​​စေတဲ့ Game မျိုးမှာမြင်​ကွင်းအရမ်းပိတ်​တဲ့ 4x ​တွေ 8x ​တွေတပ်​ပြီး စုဘူး player လူများအတွက်​ပစ္စည်းစု​ပေးတဲ့ စုဘူးသမားမဖြစ်​ပါ​စေနဲ့ 4x ​တွေ 8x ​တွေက ကိုယ်​ကလူ​သေချာမြင်​ရမှ အပိုင်​ပစ်​ဖို့သုံး​ကောင်းတာပါ Rifle မှာ 4x တပ်​ပြီး အိမ်​​တွေပြတင်း​ပေါက်​​တွေကို Check လို့ရရင်​​တော်​သင့်​ပါပြီ )
*****UMP-9 ရဲ့ကျွန်​​တော်​အကြိုက်​ဆုံးတစ်​ခုက
သေနတ်ကို လက်ထဲမှာ stand by ကိုင်ဆောင်ပြီးပြေးလွှားမယ်ဆိုရင် player ရဲ့ ပြေးနှုန်းကိုသိသိသာသာနှေးသွားစေမှာမဟုတ်ပါဘူး အဆိပ်ကလိုက်လာလို့ပြေးနေရင်း ဘေးနားမှာကိုယ်နဲ့တူတူယှဉ်ပြေးလာတဲ့ရန်သူတွေနဲ့တွေ့တာမျိုး player တို့ကြုံဖူးကြမှာပါ
အဲ့အချိန် သေနတ်ကိုလက်ထဲ stand by ကိုင်ထားတဲ့လူက အားသာချက်ပိုရှိပါတယ် ပြေးတာကိုမရပ်ပဲပြေးရင်းပစ်မယ်ဆိုရင်လဲ သေနတ်ကခါထွက်မနေပါတဲ့အတွက်တော်တော်အဆင်ပြေတဲ့အနေအထားပါ အဲ့အပြင် UMP-9 ရဲ့ အပိုပစ္စည်းလွယ်ကူမှုကလဲခေါင်းမစားစေရဘူး လွယ်လွယ်ကူကူရတတ်တဲ့ Silencer လေးများတပ်ထားလိုက်ရင် safe zone အကျဉ်းနေတဲ့အနေအထားတစ်ခုမှာ ကိုယ်ကပစ်ရမယ်ဆိုရင်တောင်
သေနတ်သံမထွက်ရင် ရှင်သန်နိုင်စွမ်းမြင့်ပါတယ်
UMP-9 .9mm ကျည်​ဆံရဲ့ Damage က 35 ပါ 5.56mm ကျည်​ဆံ​တွေက 41 ပါ သိပ်​မကွာပါဘူး ဒါ​ပေမဲ့ UMP-9 ကျည်​ထွက်​နှုန်း​ကြောင့်​ ကိုယ်​က 5 ​တောင့်​ထွက်​ရင်​ Rifle ရန်​သူက 3 ​တောင့်​ပဲထွက်​ပါတယ်​ အဲ့​တော့ယှဉ်​လိုက်​ရင်​မကွာ​တော့ပါဘူး * Rifle သမားရန်​သူနဲ့ UMP-9 ကိုယ်​နဲ့ အနီးကပ်​ယှဉ်​ပစ်​ရင်​ လုံးဝရပ်​မ​နေပါနဲ့ ပတ်​​ပြေးရင်း ပစ်​ပါ ရပ်​​နေရင်​ Rifle ကအပြုံလိုက်​ဝင်​လာရင်​​သေမှာပါ ကို​ယ်​က Speed အသာရယ်​ ကျည်​ဖွာထွက်​တာရယ်​နဲ့ ​​ပြေးရင်းပစ်​ပါ ရန်​သူက Rifle နဲ့လိုက်​ချိန်​ရင်း သူ့ recoil ထိန်း​နေရတာနဲ့ ကိုယ့်​မှန်​ဖို့မလွယ်​ပါဘူး
ကဲ .. UMP-9 ကိုင် မကိုင်?
CRD ----

No comments:

Post a Comment

မင်္ဂလာပါ..