menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone မှ ပုံတွေကို Password/Finger Print နဲ့ သိမ်းနည်း




(ပုံမှန် Hide လုပ်ခြင်းမဟုတ်၊ တခြားအပြင် App down စရာမလို)

Just for beginners like me 😜 😜

iPhone မှာ ပုံမှန်အားဖြင့် ဓာတ်ပုံတွေကို Hide လုပ်လို့ ရပါတယ်… ဒါပေမယ့် Hide လုပ်ထားတဲ့ပုံတွေက ‘Hidden’ ဆိုတဲ့ Album တစ်ခုထဲမှာ သပ်သပ်ရှိနေတာသာ ဖြစ်ပြီး အလွယ်တကူ ဝင်ကြည့်လို့ ရပါတယ်… Password နဲ့လည်း ပိတ်လို့ မရပါဘူး…

အခုပြောပြချင်တဲ့ နည်းကတော့ Password (သို့) လက်ဗွေနဲ့သိမ်းထားလို့ရပြီး ပြန်လိုချင်တဲ့ အခါလည်း Photos ထဲမှာ အလွယ်တကူ ပြန်ထားနိုင်မယ့် နည်းတစ်ခုပါ…

ဒါကတော့ iPhone မှာပါပြီးသားဖြစ်တဲ့ Note app ကို အသုံးပြုမှာ ဖြစ်ပါတယ်… Note App ထဲမှာရှိတဲ့ Note တွေကို Password (သို့) လက်ဗွေနဲ့ Lock လုပ်ထားလို့ ရပါတယ်…

ဒါကြောင့် Hide လုပ်ချင်တဲ့ ဓာတ်ပုံကို Note ထဲကိုအရင် Share ရပါမယ်…

(ကျွမ်းကျင်သူတွေကတော့ ဒီလောက်ဆို ကိုယ်တိုင်လုပ်ကြည့်လို့ရပါပြီ။ အသေးစိတ်ကို အောက်မှာ ထပ်ရှင်းပါမယ်။)

Hide လုပ်ချင်တဲ့ ဓာတ်ပုံကိုဖွင့်ပါ… ပုံရဲ့ဘယ်ဘက် အောက်ထောင့်မှာ မြားပုံလေးရှိပါတယ်… သူ့ကိုနှိပ်လိုက်ပြီး ပေါ်လာတဲ့ App တွေထဲက Add to Notes ဆိုတာကို ရွေးပါ… ပြီးရင် နာမည်ကြိုက်တာပေးပြီး Save လုပ်ပါ… ဒါဆိုရင် Note ထဲရောက်သွားပါပြီ…

Note ထဲကို ပြန်ဝင်ပြီး ကိုယ် Save လိုက်တဲ့ပုံကိုရှာပါ… သူ့ရဲ့ ညာဘက် အပေါ်ထောင့်က မြားလေးကို နှိပ်ပါ… ပေါ်လာတဲ့ File တွေထဲက Lock Note ကို ရွေးပါ… အဲဒီမှာ ပထမဆုံးသိမ်းတာဖြစ်တဲ့ အတွက် Password ပေးရပါမယ်… လက်ဗွေနဲ့ သိမ်းမယ် ဆိုလည်းရပါတယ်… Lock Note လုပ်လိုက်တာနဲ့ ညာဘက် အပေါ်ထောင့်က မြားလေးရဲ့ ဘယ်ဘက်မှာ သော့ပုံလေး ပွင့်နေတာတွေ့ရပါမယ်… အဲဒီ့သော့ကို နှိပ်လိုက်တာနဲ့ This note is locked ဆိုပြီး ပေါ်လာပါလိမ့်မယ်… ဖွင့်ကြည့်ချင်ရင်တော့ အောက်က View Note ဆိုတာလေးကိုနှိပ် Password တောင်းပါလိမ့်မယ်… အရင်ကလို အလွယ်တကူ ဝင်ကြည့်လို့မရတော့ပါဘူး… ဒီအချိန်မှာ Photos ထဲကပုံကို ဖျက်လိုက်လို့ ရပါပြီ… ပိုသေချာအောင် Recently Deleted ဖိုင်ထဲမှာပါ ဝင်ဖျက်လိုက်ပါ… ဒါဆိုအဲဒီထဲမှာ ရက် ၃၀ လောက်ကျန်မနေတော့ဘူူးပေါ့… တကယ်လို့ ဒီ Hide ပြီးသားဖိုင်ကို Photos ထဲမှာ ပြန်လိုချင်တယ်ဆိုရင်လည်း Note ထဲက ညာဘက်အပေါ်ထောင့်က မြားကိုနှိပ် ပေါ်လာတဲ့ File တွေထဲက Save Image ကို နှိပ်ပါ… Photos ထဲမှာ ပြန်ပေါ်နေတာတွေ့ရပါလိမ့်မယ်…

Note : iCloud ထဲမှာပါရှိမနေစေချင်ဘူးဆိုရင်တော့ On My iPhone ထဲမှာ သိမ်းပါ…

*** အနိမ့်ဆုံး Version 11 အထိတော့ ရှိဖို့လိုအပ်ပါမယ်…




(ပံုမွန္ Hide လုပ္ျခင္းမဟုတ္၊ တျခားအျပင္ App down စရာမလို)
Just for beginners like me 😜 😜
iPhone မွာ ပံုမွန္အားျဖင့္ ဓာတ္ပံုေတြကို Hide လုပ္လုိ႔ ရပါတယ္… ဒါေပမယ့္ Hide လုပ္ထားတဲ့ပံုေတြက ‘Hidden’ ဆိုတဲ့ Album တစ္ခုထဲမွာ သပ္သပ္ရိွေနတာသာ ျဖစ္ျပီး အလြယ္တကူ ဝင္ၾကည့္လို႔ ရပါတယ္… Password နဲ႔လည္း ပိတ္လို႔ မရပါဘူး…
အခုေျပာျပခ်င္တဲ့ နည္းကေတာ့ Password (သို႔) လက္ေဗြနဲ႔သိမ္းထားလို႔ရျပီး ျပန္လိုခ်င္တဲ့ အခါလည္း Photos ထဲမွာ အလြယ္တကူ ျပန္ထားႏုိင္မယ့္ နည္းတစ္ခုပါ…
ဒါကေတာ့ iPhone မွာပါျပီးသားျဖစ္တဲ့ Note app ကို အသံုးျပဳမွာ ျဖစ္ပါတယ္… Note App ထဲမွာရိွတဲ့ Note ေတြကို Password (သို႔) လက္ေဗြနဲ႔ Lock လုပ္ထားလို႔ ရပါတယ္…
ဒါေၾကာင့္ Hide လုပ္ခ်င္တဲ့ ဓာတ္ပံုကို Note ထဲကိုအရင္ Share ရပါမယ္…
(ကၽြမ္းက်င္သူေတြကေတာ့ ဒီေလာက္ဆို ကို္ယ္တိုင္လုပ္ၾကည့္လို႔ရပါျပီ။ အေသးစိတ္ကို ေအာက္မွာ ထပ္ရွင္းပါမယ္။)
Hide လုပ္ခ်င္တဲ့ ဓာတ္ပံုကိုဖြင့္ပါ… ပံုရဲ႕ဘယ္ဘက္ ေအာက္ေထာင့္မွာ ျမားပံုေလးရိွပါတယ္… သူ႕ကိုႏွိပ္လိုက္ျပီး ေပၚလာတဲ့ App ေတြထဲက Add to Notes ဆိုတာကို ေရြးပါ… ျပီးရင္ နာမည္ၾကိဳက္တာေပးျပီး Save လုပ္ပါ… ဒါဆိုရင္ Note ထဲေရာက္သြားပါျပီ…
Note ထဲကို ျပန္ဝင္ျပီး ကိုယ္ Save လိုက္တဲ့ပံုကိုရွာပါ… သူ႕ရဲ႕ ညာဘက္ အေပၚေထာင့္က ျမားေလးကို ႏွိပ္ပါ… ေပၚလာတဲ့ File ေတြထဲက Lock Note ကို ေရြးပါ… အဲဒီမွာ ပထမဆံုးသိမ္းတာျဖစ္တဲ့ အတြက္ Password ေပးရပါမယ္… လက္ေဗြနဲ႔ သိမ္းမယ္ ဆိုလည္းရပါတယ္… Lock Note လုပ္လိုက္တာနဲ႔ ညာဘက္ အေပၚေထာင့္က ျမားေလးရဲ႕ ဘယ္ဘက္မွာ ေသာ့ပံုေလး ပြင့္ေနတာေတြ႔ရပါမယ္… အဲဒီ့ေသာ့ကို ႏိွပ္လိုက္တာနဲ႔ This note is locked ဆိုျပီး ေပၚလာပါလိမ့္မယ္… ဖြင့္ၾကည့္ခ်င္ရင္ေတာ့ ေအာက္က View Note ဆိုတာေလးကိုႏိွပ္ Password ေတာင္းပါလိမ့္မယ္… အရင္ကလို အလြယ္တကူ ဝင္ၾကည့္လို႔မရေတာ့ပါဘူး… ဒီအခ်ိန္မွာ Photos ထဲကပံုကို ဖ်က္လိုက္လို႔ ရပါျပီ… ပိုေသခ်ာေအာင္ Recently Deleted ဖိုင္ထဲမွာပါ ဝင္ဖ်က္လိုက္ပါ… ဒါဆိုအဲဒီထဲမွာ ရက္ ၃၀ ေလာက္က်န္မေနေတာ့ဘူူးေပါ့… တကယ္လို႔ ဒီ Hide ျပီးသားဖိုင္ကို Photos ထဲမွာ ျပန္လိုခ်င္တယ္ဆိုရင္လည္း Note ထဲက ညာဘက္အေပၚေထာင့္က ျမားကိုႏိွပ္ ေပၚလာတဲ့ File ေတြထဲက Save Image ကို ႏွိပ္ပါ… Photos ထဲမွာ ျပန္ေပၚေနတာေတြ႔ရပါလိမ့္မယ္…
Note : iCloud ထဲမွာပါရိွမေနေစခ်င္ဘူးဆိုရင္ေတာ့ On My iPhone ထဲမွာ သိမ္းပါ…
*** အနိမ့္ဆံုး Version 11 အထိေတာ့ ရိွဖို႔လိုအပ္ပါမယ္…

No comments:

Post a Comment

မင်္ဂလာပါ..