-ရဲထွဋ်ဝင်း
[ Unicode ]
Facebook က ရေပန်းစားတဲ့ လူမှုမီဒီယာဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ တစ်ရက်ကို တစ်ကမ္ဘာလုံး အသုံးပြုပေါင်း ၂.၃ သန်းကျော် ရှိပါတယ်။ အများစုက မိုဘိုင်းဖုန်းကနေ အသုံးပြုကြတာဖြစ်ပါ တယ်။ iOS မှာသုံးတဲ့ Facebook app ကလည်း အသုံးပြုရတာ ကောင်းမွန်ပေမယ့် ဖုန်းထဲကို ဗီဒီယိုဖိုင်တွေတော့ Download လုပ်ဖို့ ခွင့်မပြုထားပါဘူး။ မိမိအနေနဲ့ iPhone ဒါမှမဟုတ် iPad ကိုသုံးနေတယ်ဆိုရင်တော့ Facebook ဗီဒီယိုတွေကို Download လုပ်ဖို့အတွက် third-party app တစ်ခုရှိပါတယ်။ အဲဒါက MyMedia app ပါ။
MyMedia app က တကယ်တော့ File Manager app ပဲဖြစ်ပါတယ်။ ဒီ App က ဖုန်းထဲကို ဘယ်ဗီဒီယိုဖိုင် အမျိုးအစားကိုမဆို Download လုပ်ခွင့်ပြုတဲ့အတွက် မိမိအနေနဲ့ Facebook က ဗီဒီယိုတွေကို အလွယ်တကူ Download ပြုလုပ်နိုင်မှာဖြစ်သလို အဲဒီ App က အခမဲ့ အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။
MyMedia App ကို အောက်က QR ကတစ်ဆင့် Download လုပ်ပါ။
(MyMedia App ကို အသုံးပြုဖို့အတွက် မိမိရဲ့ဖုန်းဗားရှင်းက iOS 9 နဲ့ အထက်ရှိရပါမယ်)
ဖုန်းထဲကို MyMedia App ထည့်ပြီးပြီဆိုရင်တော့ Facebook ကို app ဒါမှမဟုတ် Browser ကနေ ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ ပြီးရင်တော့ မိမိ Download ပြုလုပ်ချင်တဲ့ ဗီဒီယိုကို ရှာပါ။ တစ်ခုသတိပြုရမှာက မိမိ Download လုပ်ချင်တဲ့ ဗီဒီယိုက Publish နဲ့ Share ထားတာမျိုးဖြစ်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ MyMedia က Download ပြုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဗီဒီယိုဖိုင်ကို တွေ့ပြီဆိုရင် တော့ Download ပြုလုပ်ဖို့အတွက် Share ခလုတ်ကိုနှိပ်ပါ။ ပြီးရင်တော့ More Options -> Copy ဆိုတာကို နှိပ်ပါ။
အဲလို နှိပ်လိုက်ရင်တော့ အောက်ကပုံထဲကလို အလိုအလျောက် ဗီဒီယို Link ကို clipboard ပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ MyMedia app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ Borwser tab တစ်ခုကို ရွေးပြီး ”fbdown.net” ဆိုတာကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။
၀က်ဘ်ဆိုက်ပွင့်လာရင်တော့ ခုနက copy ကူးလာတဲ့ link ကို paste လုပ်လိုက်ပါ။
ဗီဒီယိုကို HD အရည်အသွေးလား၊ ပုံမှန်ပဲလား ဆိုတာကို ရွေးခိုင်းပါလိမ့်မယ်။ မိမိလိုချင်တဲ့ အရည်အသွေးကိုရွေးပါ။
ပြီးရင်တော့ ဖိုင်နာမည်ပေးလိုက်ပါ။ ပေးပြီးရင်တော့ ဖိုင်ကိုစပြီး Download လုပ်ပါလိမ့်မယ်။ Download လုပ်တာပြီးသွားရင်တော့ Media tab ကို ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ Download လုပ်ထားတဲ့ ဖိုင်ကို တွေ့ပါလိမ့်မယ်။
ဗီဒီယိုဖိုင်ကို ရွေးပြီး Save to Camera Roll ဆိုတာကို ထပ်ရွေးလိုက်ပါ။
App အတွက် ခွင့်ပြုချက်တောင်းခံတာမျိုး ပေါ်လာရင် Allow နှိပ် ခွင့်ပြုပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ အားလုံး ပြီးရင်တော့ ဗီဒီယိုကို ဖုန်းထဲမှာ အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
No comments:
Post a Comment
မင်္ဂလာပါ..