iPhone မှာမလိုအပ်ပဲအင်တာနက် Data ကုန်ကျမှု ကိုဘယ်လိုလျှော့ချမလည်း
( 1 ) Compress your text message attachment
iOS 10 မှာပါတဲ့ Settings >>> Messages >>> Low Quality Image Mode ကို on ပြီးသုံးပါ SMS & iMessage နဲ့တွဲပို့တဲ့ video & photo တွေရဲ့ file sizes တွေကိုလျှော့ချပေးပါလိမ့်မယ် လက်ခံတဲ့သူကတော့ အရမ်းကြီးကြည်လင်ပြတ်သားအောင်မြင်ရမှာမဟုတ်ပေမယ့် သင့်ရဲ့လစဉ် data သုံးစွဲမှုကိုတော့ချွေတာနိုင်ပါတယ်
( 2 ) Don't let app updates download
automatically on cellular
Settings >>> iTunes & App Stores >>> Use Cellular Data ကိုပိတ်ထားပါ အဲတာကို enable လုပ်ထားမယ်ဆိုရင် background မှာ app တွေကို auto update လုပ်နေပါလိမ့်မယ် wifi ရတဲ့အခါမှာဖြစ်ဖြစ် ကိုယ် update လုပ်ချင်တဲ့ app ကိုပဲဖြစ်ဖြစ် update လုပ်သင့်ပါတယ်
( 3 ) Keep data-guzzling apps from
accessing cellular data
Settings >>> Cellular မှာ data မသုံးချင်တဲ့ app ကိုပိတ်ထားပါ ( app တစ်ခုချင်းဆီမှာဘယ်လောက်သုံးတယ်ဆိုတာကြည့်နိုင်ပါတယ် )
( 4 ) Don't let videos auto-play in your social
networking apps
Facebook, Instagram, Twitter တွေမှာ videos auto-play ကိုပိတ်ထားပါ ( တစ်ခုချင်းမပြောတော့ပါဘူး )
( 5 ) Limit cellular usage in your music
streaming apps
Settings >>> Music >>> Cellular data မှာ Streaming နဲ့ Downloads ကိုပိတ်ထားပေးပါ ( မြန်မာပြည်မှာတော့သုံးမယ်မထင်ပါဘူး )
( 6 ) Turn off Wi-Fi Assist
Settings >>> Cellular >>> Wi-Fi Assist ကိုပိတ်ထားပါ ဒီ feature က ကိုယ် wifi ကိုသုံးနေတဲ့အချိန်လိုင်းမကောင်းရင် data ကိုအလိုအလျောက်ပြောင်းပေးတာပါ ( ဥပမာ - wifi နဲ့ဇာတ်ကားတစ်ကားဒေါင်းနေတယ်ဆိုပါစို့ လိုင်းမကောင်းရင်ဖြစ်ဖြစ် လိုင်းကျသွားရင်ဖြစ်ဖြစ် data ကိုပြောင်းပြီးဆက်ဒေါင်းပါလိမ့်မယ် ကိုယ်က wifi နဲ့ဒေါင်းနေတယ်ဆိုပြီးအေးဆေးထားရင်ကုန်ပြီ )
( 7 ) Don't let iCloud Drive anywhere your data
iCloud Drive ( app ရဲ့ documents & data တွေကို iCloud မှာသိမ်းဆည်းခြင်း ) မှာ Use Cellular Data ကိုပိတ်ထားပါ Settings >>> iCloud >>> iCloud Drive
( 8 ) Disable Push for the Mail app
Settings >>> Mail >>> Accounts >>> Fetch New Data မှာ Push ကိုပိတ်ထားပါ
( 9 ) Limit Background App Refresh for your
apps
Background App Refresh ကို on ထားမယ်ဆိုရင် မလိုအပ်ပဲ app ရဲ့ data တွေ up to date ဖြစ်ဖို့ Cellular data ကိုသုံးနေပါလိမ့်မယ် Settings >>> General >>> Background App Refresh ကိုပိတ်ထားပါ
( 10 ) Keep Wifi turned on
Wifi ကို on ထားမယ်ဆိုရင် battery အားကိုထိခိုက်ကောင်းထိခိုက်နိုင်ပေမယ့် available network ရှိတဲ့အခါအလိုလျောက်ချိတ်ဆက်ပေးမှာဖြစ်လို့ data ကိုလျှော့ချနိုင်ပါတယ်
( 11 ) Turn off Personal Hotspot
Settings >>> Personal Hotspot ကို on မထားပါနဲ့
( ကိုယ်တိုင် wifi ရှယ်ပေးချင်ရင်တစ်မျိုးပေါ့ )
( 12 ) Turn off Cellular Data
Cellular data ကိုပိတ်ထားပါ ( နောက်တယ်လို့မထင်ပါနဲ့ 😜 ) ကားမောင်းနေတဲ့အခါ အလုပ်ထဲမှာရောက်နေတဲ့အခါ date နေတဲ့အခါတွေမှာ အင်တာနက်သုံးဖို့မလိုအပ်ဘူးသေချာနေရင်ပိတ်ထားပါ
တစ်ခုထပ်ပြီး အကြံပေးချင်တာက public wifi တွေကိုသုံးတဲ့အခါ ကိုယ့် data တွေရဲ့လုံခြုံရေးကိုစိုးရိမ်ရပါတယ် ( ဥပမာ - fb acc & pw ) အဲတာကြောင့် public wifi တွေကိုသုံးမယ်ဆိုရင် VPN app တစ်ခုခုခံပြီးသုံးသင့်ပါတယ် အားလုံးမဟုတ်တောင်ကိုယ့်အတွက်အသုံးတဲ့မယ်ထင်တဲ့အချက်လေးတွေစမ်းသုံးကြည့်ကြပါ
Zawgyi
iPhone မွာမလိုအပ္ပဲအင္တာနက္ Data ကုန္က်မႈ ကိုဘယ္လိုေလွ်ာ့ခ်မလည္း
( 1 ) Compress your text message attachment
iOS 10 မွာပါတဲ့ Settings >>> Messages >>> Low Quality Image Mode ကို on ၿပီးသံုးပါ SMS & iMessage နဲ႔တြဲပို႔တဲ့ video & photo ေတြရဲ႕ file sizes ေတြကိုေလွ်ာ့ခ်ေပးပါလိမ့္မယ္ လက္ခံတဲ့သူကေတာ့ အရမ္းႀကီးၾကည္လင္ျပတ္သားေအာင္ျမင္ရမွာမဟုတ္ေပမယ့္ သင့္ရဲ႕လစဥ္ data သံုးစြဲမွဳကိုေတာ့ေခြ်တာႏိုင္ပါတယ္
( 2 ) Don't let app updates download
automatically on cellular
Settings >>> iTunes & App Stores >>> Use Cellular Data ကိုပိတ္ထားပါ အဲတာကို enable လုပ္ထားမယ္ဆိုရင္ background မွာ app ေတြကို auto update လုပ္ေနပါလိမ့္မယ္ wifi ရတဲ့အခါမွာျဖစ္ျဖစ္ ကိုယ္ update လုပ္ခ်င္တဲ့ app ကိုပဲျဖစ္ျဖစ္ update လုပ္သင့္ပါတယ္
( 3 ) Keep data-guzzling apps from
accessing cellular data
Settings >>> Cellular မွာ data မသံုးခ်င္တဲ့ app ကိုပိတ္ထားပါ ( app တစ္ခုခ်င္းဆီမွာဘယ္ေလာက္သံုးတယ္ဆိုတာၾကည့္ႏိုင္ပါတယ္ )
( 4 ) Don't let videos auto-play in your social
networking apps
Facebook, Instagram, Twitter ေတြမွာ videos auto-play ကိုပိတ္ထားပါ ( တစ္ခုခ်င္းမေျပာေတာ့ပါဘူး )
( 5 ) Limit cellular usage in your music
streaming apps
Settings >>> Music >>> Cellular data မွာ Streaming နဲ႔ Downloads ကိုပိတ္ထားေပးပါ ( ျမန္မာျပည္မွာေတာ့သံုးမယ္မထင္ပါဘူး )
( 6 ) Turn off Wi-Fi Assist
Settings >>> Cellular >>> Wi-Fi Assist ကိုပိတ္ထားပါ ဒီ feature က ကိုယ္ wifi ကိုသံုးေနတဲ့အခ်ိန္လိုင္းမေကာင္းရင္ data ကိုအလိုအေလ်ာက္ေျပာင္းေပးတာပါ ( ဥပမာ - wifi နဲ႔ဇာတ္ကားတစ္ကားေဒါင္းေနတယ္ဆိုပါစို႔ လိုင္းမေကာင္းရင္ျဖစ္ျဖစ္ လိုင္းက်သြားရင္ျဖစ္ျဖစ္ data ကိုေျပာင္းၿပီးဆက္ေဒါင္းပါလိမ့္မယ္ ကိုယ္က wifi နဲ႔ေဒါင္းေနတယ္ဆိုၿပီးေအးေဆးထားရင္ကုန္ၿပီ )
( 7 ) Don't let iCloud Drive anywhere your data
iCloud Drive ( app ရဲ႕ documents & data ေတြကို iCloud မွာသိမ္းဆည္းျခင္း ) မွာ Use Cellular Data ကိုပိတ္ထားပါ Settings >>> iCloud >>> iCloud Drive
( 8 ) Disable Push for the Mail app
Settings >>> Mail >>> Accounts >>> Fetch New Data မွာ Push ကိုပိတ္ထားပါ
( 9 ) Limit Background App Refresh for your
apps
Background App Refresh ကို on ထားမယ္ဆိုရင္ မလိုအပ္ပဲ app ရဲ႕ data ေတြ up to date ျဖစ္ဖို႔ Cellular data ကိုသံုးေနပါလိမ့္မယ္ Settings >>> General >>> Background App Refresh ကိုပိတ္ထားပါ
( 10 ) Keep Wifi turned on
Wifi ကို on ထားမယ္ဆိုရင္ battery အားကိုထိခိုက္ေကာင္းထိခိုက္ႏိုင္ေပမယ့္ available network ရွိတဲ့အခါအလိုေလ်ာက္ခ်ိတ္ဆက္ေပးမွာျဖစ္လို႔ data ကိုေလွ်ာ့ခ်ႏိုင္ပါတယ္
( 11 ) Turn off Personal Hotspot
Settings >>> Personal Hotspot ကို on မထားပါနဲ႔
( ကိုယ္တိုင္ wifi ရွယ္ေပးခ်င္ရင္တစ္မ်ိဳးေပါ့ )
( 12 ) Turn off Cellular Data
Cellular data ကိုပိတ္ထားပါ ( ေနာက္တယ္လို႔မထင္ပါနဲ႔ 😜 ) ကားေမာင္းေနတဲ့အခါ အလုပ္ထဲမွာေရာက္ေနတဲ့အခါ date ေနတဲ့အခါေတြမွာ အင္တာနက္သံုးဖို႔မလိုအပ္ဘူးေသခ်ာေနရင္ပိတ္ထားပါ
တစ္ခုထပ္ၿပီး အၾကံေပးခ်င္တာက public wifi ေတြကိုသံုးတဲ့အခါ ကိုယ့္ data ေတြရဲ႕လံုျခံဳေရးကိုစိုးရိမ္ရပါတယ္ ( ဥပမာ - fb acc & pw ) အဲတာေၾကာင့္ public wifi ေတြကိုသံုးမယ္ဆိုရင္ VPN app တစ္ခုခုခံၿပီးသံုးသင့္ပါတယ္ အားလံုးမဟုတ္ေတာင္ကိုယ့္အတြက္အသံုးတဲ့မယ္ထင္တဲ့အခ်က္ေလးေတြစမ္းသံုးၾကည့္ၾကပါ
Credit Linn Moe Eain
No comments:
Post a Comment
မင်္ဂလာပါ..