menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Cmd ဖြင့် Files အမြန် Copy ကူးနည်း
Unionfont
ကွန်ပျူတာအသုံးပြုသူများအနေဖြင့် ဖိုင်တွေကို
Copy ကူးယူသူများ အမျိုးစား သုံးမျိုးခွဲခြားနိုင်ပါတယ်။
ကွန်ပျူတာကို အခုမှ စကိုင်ဖူး၊ အသုံးပြုဖူးတဲ့သူတွေက
ကူးချင်တဲ့ ဖိုင်ပေါ်ကို Right Click ထောက်၊ Copy ကူး၊
ထားချင်တဲ့နေရာမှာ Paste ချ၊ ဒီလိုနည်းနဲ ့ကူးကြပါတယ်။
အလယ်အလတ်အဆင့် အသုံးပြုတတ်သူတွေကျတော့
Ctrl+C နှိပ်၊ ထားချင်တဲ့နေရာမှာ Ctrl+V နှိပ် ဒီလို
Shortcut Key တွေနဲ့ကူးကြပါတယ်။ ဆရာကြီးတွေကျတော့ User Interface နဲ ့မကူးပဲ၊ Cmd ကနေ အမြန်ကူးကြပါတယ်။
Cmd အသုံးပြုတာ အကျွမ်းဝင်နေတဲ့သူတွေဆိုရင်
Cmd ရဲ ့အားသာချက်တွေ User Interface ထက် ပိုပြီးလုပ်ဆောင် နိုင်တာတွေကို သိနိုင်ပါလိမ့်မယ်။
Copy ကူးခြင်း လုပ်ငန်းစဉ်မှာလည်း ပုံမှန်ရိုးရိုး User Interface မှ ကူးယူခြင်းထက်
Cmd ကနေ ကူးယူတာက ပိုမြန်ပါတယ်။ ပုံထဲမှာပြထားသလို 2.92GB ရှိတဲ့ MyPhotos ဆိုတဲ့ ဖိုဒါကို ပုံမှန် ကူးယူသလို ကူးကြည့်တာ 3 မိနစ်လောက်ကြာပါတယ်။ Cmd ကနေ
ပြန်ကူးကြည့်လိုက်တော့ 1 မိနစ်ကျော်ကျော်လောက်ပဲ
ကြာပါတယ်။ နောက်ပြီးတော့ User Interface ကနေ
ကူးယူတဲ့အချိန် တစ်ချို ့ကူးယူမရတဲ့ ဖိုင်တွေကိုလည်း
Cmd ကနေတော့ အကုန်ကူးယူနိုင်ပါတယ်။ Cmd ကိုသာ
အကျွမ်းတဝင်ကောင်းကောင်း အသုံးပြုတတ်ရင် Cmd ဖြင့် လုပ်ဆောင်နိုင်သော အရာများ များစွာရှိပါတယ်။
Cmd ဖြင့် ဖိုင်တွေကို Copy ကူးဖို ့အခြေခံသိထားရမယ့်
အချက်လေးတွေရှိပါတယ်။ ကူးယူချင်တဲ့ ဖိုင်တည်နေရာ၊
သိမ်းထားမယ့် နေရာတွေကို အရင် သိထားရပါမယ်။
ကျနော့်စက်ထဲက D:\DataCenter\MyPhotos ဆိုတဲ့
ဖိုဒါကို Copy ကူးပြီး E:\ အောက်မှာ MyPhotos ဆိုတဲ့
ဖိုဒါအသစ်ဆောက်ပြီး သိမ်းထားချင်တယ်ပါစို့။ Cmd ကို
Administrator ဖြင့်ဖွင့်လိုက်ပါ။ C:\WINDOWS\system32>
အဲ့ဒီအတိုင်းဖြစ်နေရင် D:\DataCenter အောက်က MyPhotos
ဆိုတဲ့ ဖိုဒါကို ကူးမှာဖြစ်တဲ့အတွက် D:\DataCenter အောက်ကို
အရင်ဝင်သွားရပါမယ်။ အဲ့ဒါကြောင့် System32> ဘေးမှာ
D: လို ့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါတယ်။ D:\> ရဲ ့ဘေးမှာ
DataCenter ဆိုသော ဖိုဒါထဲသို ့ပြန်ဝင်ဖို ့Cd DataCenter ကို
ပြန်ရိုက်ထည့်လို်က်ပါတယ်။ D:\DataCenter> ဒီလိုဖြစ်သွားရင်
Copy ကူးခြင်း စတင်ဖို့ အောက်ပါ Command အတိုင်းရိုက်ထည့်ပါ။
xcopy MyPhotos E:\ /S /E
xcopy ဆိုတာက ပုံမှန် Copy ကူးတာထက် ပိုစွမ်းသော Command ပါ။
MyPhotos ဆိုတာက D:\DataCenter အောက်မှာ ရှိတဲ့ ကူးယူမယ့်
ဖိုဒါပါ။ E:\ ဆိုတာက Copy ကူးသိမ်းထားမယ့် Drive ဖြစ်ပါတယ်။
/S /E ဆိုတာကတော့ MyPhotos ထဲမှာ ရှိသမျှ Directories and
Subdirectories တွေ ဘာမှမရှိဖြစ်နေတဲ့ ဖိုဒါတွေပါ အကုန် ကူးမယ်
ဆိုတာကိုပြောတာပါ။ တကယ်လို ့E:\ အောက်မှာ MyPhotos ဆိုတဲ့
ဖိုဒါအောက်မှာ Copy ကူးသိမ်းထားချင်တယ်ဆိုရင် E:\ အောက်မှာ
MyPhotos ဖိုဒါကို အရင်ဆောက်ပေးရပါမယ်။ အဲ့ဒါကြောင့် အခု
ရောက်နေတဲ့ နေရာကနေ E: ကို ရိုက်ထည့်ပေးရပါမယ်။ E:\> လို ့
ဖြစ်သွားရင် md MyPhotos ကို ရိုက်ထည့်ပေးပါ။ E:\> အောက်မှာ
MyPhotos ဖိုဒါဆောက်ပြီးသွားပါပြီ။ D:\DataCenter အောက်ကို
အပေါ်ကအတိုင်း ပြန်ဝင်သွားပြီး D:\DataCenter> ဖြစ်သွားရင်
xcopy MyPhotos E:\MyPhotos /S /E ကို ရိုက်ထည့်လိုက်ပါ။
E:\MyPhotos အောက်မှာ ကူးထားတဲ့ ဖိုင်တွေ ရောက်မရောက်ကို
Tree /f ရိုက်ထည့်ပြီး စစ်ကြည့်နိုင်သလို dir ခေါ်ကြည့်လည်းရပါတယ်။
zawgyifont