menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer သုံးစွဲသူများ ပြုလုပ်မိသော အမှား ( ၁၀ ) ချက်

ဦးစွာ ပထမ ယခုဖော်ပြသော ပို့စ်အား ရေးသားသူကို  Credit  ပေးပါတယ်။ ပို့စ်မှာ နာမည် မပါတဲ့အတွက် Credit ပေးရာမှာ ရိုင်းပြသလို ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ လေးစားစွာဖြင့်


ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား ( ၁၀ ) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ ( မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။ )


************************************************


( ၁ ) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း

---------------------------------------------------------------------


မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။


************************************************


( ၂ ) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း

-----------------------------------------------------------------------


ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက
စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။


************************************************


( ၃ ) Save မလုပ်ခြင်း

----------------------------


စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။


************************************************


( ၄ ) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း

----------------------------------------------------------


ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။


************************************************


( ၅ ) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း

------------------------------------------------------------


အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။

ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ဝင်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။


************************************************


( ၆ ) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း

--------------------------------------------------------------------


တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေဝင်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။


************************************************


( ၇ ) Email အတွင်းမှ Spam များကိုစိတ်ဝင်စားခြင်း

-------------------------------------------


ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မဝင်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။


************************************************


( ၈ ) Email များကို forward လုပ်ခြင်း

---------------------------------------


ကိုယ်မသိတဲ့ email ကနေ စိတ်ဝင်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။


************************************************


( ၉ ) မကောင်းသော software များကို install လုပ်မိခြင်း

-------------------------------------------------------


တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။


************************************************


(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း

--------------------------


PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အဝင်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။



ဦးစြာ ပထမ ယခုေဖာ္ျပေသာ ပို႔စ္အား ေရးသားသူကို  Credit  ေပးပါတယ္။ ပို႔စ္မွာ နာမည္ မပါတဲ႔အတြက္ Credit ေပးရာမွာ ႐ိုင္းျပသလို ျဖစ္ခဲ႔ရင္ ေတာင္းပန္ပါတယ္။ ေလးစားစြာျဖင့္

ကြန္ပ်ဴတာကို သံုးစဲြသူမ်ားအေနနဲ႕ ကြန္ပ်ဴတာကို သံုးစဲြေနစဥ္အတြင္းမွာ ျပဳလုပ္မိတဲ့ အမွားေတြကေန အမ်ားဆံုးျပဳလုပ္မိတဲ့ အမွား ( ၁၀ ) ခ်က္ကို ေရွာင္ရွားႏိုင္ေအာင္ ေဖာ္ျပေပးလုိက္ပါတယ္။ ဒါေတြကိုေရွာင္ရွားႏိုင္ရင္ေတာ့ ေတာ္ရံုနဲ႕ မိမိကြန္ပ်ဴတာမပ်က္ေတာ့ဘူးေပါ့။ ( မွတ္ခ်က္ ။ ။ expert user မ်ားအတြက္မဟုတ္ပါ။ )

************************************************

( ၁ ) အေရးႀကီးေသာဖုိင္မ်ားကို backup မလုပ္ျခင္း
---------------------------------------------------------------------

မိမိသံုးစဲြေနတဲ့ data file ေတြ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ္မထားျခင္းဟာ ႀကီးမားတဲ့အမွားတစ္ခုျဖစ္ပါတယ္။ ေပ်ာက္သြားေတာ့မွ data recovery software မ်ားနဲ႕ ျပန္လည္ရွာေဖြျခင္းဟာ ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုေတာ့မဟုတ္ပါဘူး။ အဲဒီအတြက္ external drive, USB, CD, DVD တုိ႕နဲ႕ ကူးယူထားသင့္သလုိ ကြန္ပ်ဴတာအတြင္းမွာလည္း windows နဲ႕တဲြၿပီး ခဲြထားတဲ့ partition အပိုင္းမွာ သိမ္းဆည္းျခင္းမျပဳလုပ္ပဲ သီးျခား drive တစ္ခုနဲ႕ သိမ္းဆည္းသင့္ပါတယ္။

************************************************

( ၂ ) စာကိုေသခ်ာစြာမဖတ္ပဲ Next (သို႕မဟုတ္) Ok ကုိႏွိပ္ျခင္း
-----------------------------------------------------------------------

ကြန္ပ်ဴတာနဲ႕ အင္တာနက္သံုးေနစဥ္အခ်ိန္မွာ တစ္ခါတစ္ရံထြက္ေပၚလာတဲ့ box ေတြ၊ message ေတြက စာေတြကို ေသေသခ်ာခ်ာမဖတ္ပဲ Next (သို႕မဟုတ္) Ok ကုိႏွိပ္လုိက္ျခင္းဟာ တစ္ခါတစ္ရံမွာ သူ႕ကို သေဘာတူညီရာေရာက္သြားၿပီး သင့္ကြန္ပ်ဴတာအတြင္းက browser ေတြ Toolbar ေတြမွာ install လုပ္သြားၿပီး ေမာင္းထုတ္မရေတာ့တဲ့ program မ်ိဳးျဖစ္သြားတတ္ပါတယ္။ တစ္ကယ္ေတာ့ သင့္အေနနဲ႕ အဲဒီ program ကို install လုပ္ဖုိ႕ရည္ရြယ္ခ်က္မရွိပါဘူး။ အဲဒီ program ဟာ ကြန္ပ်ဴတာရဲ႕ startup မွာ run ေနၿပီးေတာ့ ကြန္ပ်ဴတာကိုအေႏွာက္အယွက္ျဖစ္ေစပါတယ္။

************************************************

( ၃ ) Save မလုပ္ျခင္း
----------------------------

စာစီစာရိုက္လုပ္ေနတုန္းပဲျဖစ္ျဖစ္၊ ပံုဆဲြေနတုန္းပဲျဖစ္ျဖစ္၊ Video edit လုပ္ေနတုန္းပဲျဖစ္ျဖစ္ save မလုပ္ျခင္းဟာလည္း အမွားတစ္ခုျဖစ္ပါတယ္။ သင္သံုးေနတဲ့ program ဟာ အလုိအေလ်ာက္ save လုပ္ေပးတဲ့ function ပါေပမယ့္ မိမိလက္က ctrl + s ကို မၾကာခဏ ၅ မိနစ္တစ္ၾကိမ္ေလာက္ အလိုအေလ်ာက္ႏွိပ္မိေနဖုိ႕လုိပါတယ္။ ဒါမွ မီးျပတ္သြားလုိ႕ပဲျဖစ္ျဖစ္၊ UPS မေကာင္းလုိ႕ပဲျဖစ္ျဖစ္၊ Internet connection မေကာင္းလို႕ပဲျဖစ္ျဖစ္ သင္ create လုပ္ေနတဲ့ data ေတြမေပ်ာက္ေတာ့ဘူးေပါ့။

************************************************

( ၄ ) ကြန္ပ်ဴတာကို နည္းစနစ္တက်မပိတ္ျခင္း
----------------------------------------------------------

ကြန္ပ်ဴတာကို အသံုးမျပဳခ်င္ေတာ့တဲ့အခ်ိန္မွာ မိမိသံုးေနတဲ့ file ေတြကို save လုပ္၊ run ေနတဲ့ application ေတြကိုပိတ္ၿပီးမွ ကြန္ပ်ဴတာက shutdown ခလုပ္ကိုႏွိပ္ၿပီး ကြန္ပ်ဴတာကိုပိတ္သင့္ပါတယ္။ တစ္ျခားနည္းလမ္းကို အသံုးျပဳရင္ေတာ့ အမွားတစ္ခုကို က်ဴးလြန္မိျခင္းပါပဲ။

************************************************

( ၅ ) Email ကပါရွိလာတဲ့ attachments ဖုိင္မ်ားကိုဖြင့္ျခင္း
------------------------------------------------------------

အင္တာနက္ကေန Email ကို အသံုးျပဳသူတစ္ေယာက္အဖုိ႕ malware ေတြကိုကာကြယ္ႏိုင္တဲ့ Antivirus program မရွိဘဲ Email နဲ႕အတူပါရွိလာတဲ့ attachments ဖုိင္ေတြကို မဖြင့္သင့္ပါဘူး။
ကိုယ္နဲ႕ဘယ္ေလာက္ပဲရင္းႏွီးတဲ့သူဆီကျဖစ္ပါေစ သတိထားသင့္ပါတယ္။ Virus ၀င္ေရာက္ရာ အဓိက လမ္းေၾကာင္းဟာ attachment ဖုိင္မ်ားမွျဖစ္တယ္ဆုိတာ အထူးသတိျပဳပါ။

************************************************

( ၆ ) မိမိထံေရာက္ရွိလာေသာ ေၾကာ္ျငာ email မ်ားထဲမွ ပံုစံမ်ားကိုျဖည့္သြင္းၿပီး ျပန္လည္ေပးပို႕ျခင္း
--------------------------------------------------------------------

တစ္ခါတစ္ရံမွာ ကိုယ္မသိတဲ့ ေၾကာ္ျငာ email ေတြ၀င္လာတာကို ေတြ႕ဘူးၾကမွာပါ။ ဘယ္ၿမိဳ႕မွာ အလုပ္ရမယ္။ လစာက ဘယ္ေလာက္ေပးမယ္။ ဖတ္လိုက္ရင္မက္ေလာက္စရာေတြခ်ည္းပဲ။ အဲဒီအတြက္ ဒီပံုစံမွာဒီလုိျဖည့္ပါဆုိပီးေတာ့ေပါ့။ အဲဒီလုိျဖည့္ရင္းကေန ကိုယ့္ဆီက အခ်က္အလက္ေတြျဖစ္တဲ့ usernames ေတြ၊ passwords ေတြ၊ credit card အေသးစိတ္ေတြပါသြားပါေလေရာ။ ဒါဆုိဘာဆက္ျဖစ္မလဲ စဥ္းစားၾကည့္ပါေတာ့။

************************************************

( ၇ ) Email အတြင္းမွ Spam မ်ားကိုစိတ္၀င္စားျခင္း
-------------------------------------------

ကိုယ္သံုးေနတဲ့ email အတြင္းမွာ မဖိတ္ေခၚပဲတဖဲြဖဲြေရာက္လာေနတဲ့ Spam mail ေတြကို စိတ္မ၀င္စားသင့္ပါဘူး။ ကိုယ့္အတြက္ဘာအက်ဳိးမွမရွိႏိုင္တဲ့ အဲဒီ spam mail ေတြကိုဖတ္ၾကည့္ေနမယ့္အစား delete သာလုပ္ပစ္လုိက္ပါ။

************************************************

( ၈ ) Email မ်ားကို forward လုပ္ျခင္း
---------------------------------------

ကိုယ္မသိတဲ့ email ကေန စိတ္၀င္စားစရာသတင္းအခ်က္အလက္ေတြသိရွိရတဲ့အခါ ဒါကို မိမိမိတ္ေဆြေတြ သိေစခ်င္တဲ့ေစတနာနဲ႕ forward မလုပ္မိပါေစနဲ႕။ ေကာလဟာလတစ္ခုလုိ႕သာ သတ္မွတ္ၿပီး ဖ်က္ပစ္လုိက္ပါ။ သင့္ရဲ႕ေစတနာဟာ အႏၱရာယ္ကိုဖိတ္ေခၚလိုက္တာမ်ဳိးျဖစ္သြားတတ္ပါတယ္။

************************************************

( ၉ ) မေကာင္းေသာ software မ်ားကို install လုပ္မိျခင္း
-------------------------------------------------------

တုိးတက္ေနတဲ့ေခတ္ႀကီးဟာ viruses ေတြ၊ malware ေတြနဲ႕ အျခား crapware ေတြျပည့္ႏွက္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ အဲဒီေတာ့ ကိုယ္လုိခ်င္တဲ့ free ware software ေလးေတြ႕တဲ့အခ်ိန္မွာ လ်င္လ်င္ျမန္ျမန္ download ခ်ၿပီးေတာ့ install မလုပ္မိပါေစနဲ႕။ ေသေသခ်ာခ်ာစိစစ္ပါ။ ဘယ္ကထုတ္တာလဲ၊ ဘာအတြက္လဲ၊ ဘယ္လုိအက်ဳိးျပဳမွာလဲ၊ ဘာေတြသံုးႏိုင္လည္း၊ ဘယ္ website ကလဲ၊ လူဘယ္ေလာက္မ်ားမ်ားသံုးထားလဲ စတာေတြကို internet ကိုပဲျပန္ေမးလုိက္ပါ။ ရတဲ့ result ကို မူတည္ၿပီးေတာ့မွ သံုးသင့္မသံုးသင့္စဥ္းစားခ်င့္ခ်ိန္ပါ။ install လုပ္ၿပီးမွ ဒုကၡလည္းေပး၊ ေမာင္းထုတ္လုိ႕လဲမရလုိ႕ ပ်က္ရတဲ့ကြန္ပ်ဴတာေတြမ်ားလွပါၿပီ။

************************************************

(၁၀) UPS ကိုအသံုးမျပဳျခင္းႏွင့္ အရည္အေသြးညံ့ေသာ ကြန္ပ်ဴတာအရံပစၥည္းမ်ားကိုအသံုးျပဳျခင္း
--------------------------

PC ပဲျဖစ္ျဖစ္၊ Laptop ပဲျဖစ္ျဖစ္ သူ႕မွာ အပိုလွ်ပ္သိုပစၥည္းရွိရပါမယ္။ သေဘာက shutdown ခ်ဖုိ႕ အခ်ိန္ရႏိုင္ေအာင္နဲ႕ လွ်ပ္စစ္အ၀င္ကို ထိန္းသိမ္းႏိုင္ေအာင္ျဖစ္ပါတယ္။ အဲလုိမွမဟုတ္လို႕ Laptop computer ရဲ႕ battery ကလည္း မေကာင္း၊ PC computer ရဲ႕ UPS ကလည္းမေကာင္း၊ ရွိလည္းမရွိ ဆုိရင္ေတာ့ ပ်က္ဖုိ႕က ၇၀ % ေလာက္ေသခ်ာေနပါပီ။ ေနာက္တစ္ခ်က္က Graphic card, Memory, hard disk နဲ႕ Motherboard မေကာင္းေတာ့လုိ႕လဲလွယ္တဲ့အခ်ိန္မွာ တန္ဘိုးနည္းတဲ့ ပစၥည္းေတြ၊ အသံုးျပဳပီးသားေတြကို မလဲလွယ္မိပါေစနဲ႕။ အဘိုးႏႈန္းခ်ဳိသာျခင္းရဲ႕ေနာက္ကြယ္မွာ အျခားေသာ အဓိပါယ္ဖြင့္ဆုိခ်က္ေတြရွိေနတယ္ဆုိတာကို သတိျပဳေစလုိပါတယ္။

************************************************

အဆင္ေျပပါေစ
ေက်ာက္ဆည္သားေလး

No comments:

Post a Comment

မင်္ဂလာပါ..