menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Windows 32bit VS 64bit ကွာခြားချက်
Windows 32bit နဲ့ 64bit ဘာကွာလဲ
-------------------------------------------------
Windowsမှာ32bit နဲ့ 64bitဆိုတာရှိပါတယ်။ ဘာကွာလည်းဆိုတာကတော့။
ပထမဆုံး Widnows32bitအကြောင်းပြောပါ့မယ် 32bitကတော့။ မြန်မာပြည်မှာလူတော်တော်အသုံးများပါတယ်။ မိမိသုံးတဲ့ကွန်ပြူတာကို ဘာအမျိုးအစားဘာModelလည်း ဆိုတာကိုကြည့်နိုင်အောင်ကြိုးစားပါ။ 32ကတော့ သုံးရတာအဆင်ပြေပါတယ် ဆော့ဝဲတော်တော်များများဆိုသလို windowsမှာ Runပြီးအသုံးပြုနိုင်ပါတယ်။ ပြီးတော့ လွယ်လွယ်ကူကူ ကွန်ပြူတာထဲတို့ ထည့်သွင်းပြီးဆော့ဝဲများကိုအသုံးပြုနိုင်ပါတယ်။ Free Softwareနဲ့ အွန်လိုင်းပေါ်က ဆော့ဝဲတော်တော်များများအသုံးပြုလို့အဆင်ပြေစေပါတယ်။ ဒါပေမယ့် မိမိကွန်ပြူတာရဲ့Memoryက8GBထည့်ထားတယ်ဆိုရင် မိမိတင်ထားတဲ့windowsက32bitဆိုရင်တော့ Memory8GBအပြည့်အလုပ်မလုပ်ပေးပါဘူး။ အလုပ်မလုပ်ပေးတော့ဘာဖြစ်လဲဆိုတော့ Copyကူးထည့်ရတဲ့နေရာတွေမှာနည်းနည်းလေးကြာပါတယ်။ ပြီးတော့ အင်တာနက်သုံးတာတို့ တစ်ခုခုကိုဖွင့်တာပဲဖြစ်ဖြစ် ကိုယ်ကမသိပေမယ့် စက်ကနှေးတယ်လို့ဆိုနိုင်ပါတယ်။ အပြည့်မလုပ်လည်းအသုံးပြုရတာကတော့ ကောင်းမွန်ပါတယ်။
ဒုတိယ Widnows64bitအကြောင်းကတော့
64bitကတော့ ပြည်ပကလူတော်တော်များများအသုံးပြုကြပါတယ်။  ကွန်ပြူတာတိုင်းလိုလို64bitကိုအသုံးပြုကြပါတယ်။ မြန်မာပြည်ကိုဝင်ရောက်လာတဲ့ ကွန်ပြူတာတွေရဲ့Widnowsကတော့ 32bitတင်ထားတာများပါတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဆော့ဝဲတွေအဆင်မပြေလို့ပါ ဥပမာ မြန်မာစာပြဿနာရှိပါတယ်။ မြန်မာစာကိုထည့်သွင်းလိုက်ပါတယ် အသုံးပြုလို့ရပါတယ်။ ပြီးတော့ပြန်ပျောက်သွားတာတွေရှိပါတယ် ဒီလိုတွေရှိပါတယ် ပြီးတော့ဆော့ဝဲတိုင်းထည့်သွင်းပြီးအသုံးပြုလို့မရပါဘူး ပြောရရင်တော့ လိုင်စင်Windows64bitပါ windows64bitကတော့ ဆော့ဝဲတွေကိုကန့်သတ်ထားပါတယ် ဒါကြောင့် ဆော့ဝဲတိုင်းလိုလိုထည့်သွင်းပြီးတော့အသုံးပြုလို့မရနိုင်ပါဘူး။ လုပ်ငန်းသုံးတဲ့လူတော်တော်များများကတော့ windows64bitကိုသုံးကြပါတယ် အကြောင်းရင်းကတော့ မိမိစက်စွမ်းအားပိုမြင့်မားပြီး အသုံးပြုရတာကောင်းမွန်မြန်ဆန်လို့ပါပဲ။ သူငယ်ချင်းများကျေးဇူးတင်ပါတယ် ဆက်လက်တင်ပြသွားပါဦးမည်။
*****
#Credit
မူရင်းရေးသားသောဆရာများကို
ကျေးဇူးတင်ပါသည်။
-------------------------------------------------
*****
#Credit
ကျေးဇူးတင်ပါသည်။
No comments:
Post a Comment
မင်္ဂလာပါ..