menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Windows 10 နောက်ကွယ်မှာ Run နေတဲ့ program တွေကို ပိတ်နည်း
Windows 10 Task Manager အကြောင်း
 အသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာ
တော်တော်များများကို ဖြေရှင်းနိုင်မှာပါ။
Windows Version အမြင့်ပိုင်းတွေမှာပါလာတဲ့
Task Manager မှာ ပိုပြည့်စုံတဲ့ Features တွေရှိပါတယ်။ Windows 7 Task Manager မှာ
မပါတဲ့ Startup ပါလာတယ်။ IP လိပ်စာ၊ MAC Address တွေကို အလွယ်တကူကြည့်လို့ရတယ်။ ကွန်ပျူတာအသုံးပြုနေတဲ့ Usage Graphs တွေ ကြည့်လို့ရတယ်။ စသည်ဖြင့် ပိုကောင်းလာတဲ့
Features အသစ်တွေပါဝင်ပါတယ်။ Task Manager ကိုဘယ်လိုဖွင့်မလဲ။ အလွယ်ဆုံးနည်းက Run box မှာ taskmgr လို့ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Ctrl+Alt+Del ကို တွဲနှိပ်ပြီးဖွင့်လို့ရသလို Windows Task bar ကို Right Click ထောက်ပြီး Task Manager ကို ဖွင့်နိုင်ပါတယ်။ Search box မှာ Task Manager
လို့ရိုက်ရှာလိုက်ရင်လည်းရပါတယ်။ တစ်ခြား
ဖွင့်နည်းတွေလည်း ရှိပါသေးတယ်။ ကျနော်ကတော့ Ctrl+Alt+Delete တွဲနိပ်ပြီးခေါ်ပါတယ်..
Task Manager ကို စဖွင့်ဖွင့်ချင်းမှာTask
Manager ရဲ့Default ကတော့ လက်ရှိ Run
လုပ်နေတဲ့ Programs, Apps တွေ အစဉ်လိုက်
ဖြစ်နေမှာဖြစ်ပါတယ်။
 အောက်က More Details ကိုနှိပ်လိုက်ရင် စက်ထဲမှာ ဘာတွေ အလုပ်လုပ်နေလဲ
အကုန်လုံးကို အသေးစိပ် မြင်ရမယ်။ Run နေတဲ့ Program,App တစ်ခုရဲ့ဘေးမှာ Expand မြှားလေးပါရင် ထပ်ချဲ့ကြည့်လိုက်ပါ။ အဲ့ဒီ Program,App မှာ နောက်ထပ် Run လုပ်နေတဲ့ Processes တွေကို မြင်ရပါမယ်။
အောက်ကပုံမှာတော့ Chrome ကို ပြထားပါတယ်။ တကယ်လို့များ Program တစ်ခုက သုံးနေရင်းနဲ့ဟန်းသွားရင် အဲ့ဒီ Program ကို Right Click နှိပ်ပြီး End Task နဲ့ပိတ်လိုက်လို့ရတယ်။ ဒါပေမယ့် Microsoft Corportation,Explorer, System စသည့် စက် System ပိုင်းဆိုင်ရာတွေကိုတော့ End Task မလုပ်မိစေနဲ့။ App တစ်ခုကို Right Click နှိပ်ပြီး
Expand, End Task, Resource Value, Debug စသည်ဖြင့် ပြောစရာတွေ ကျန်ပါသေးတယ်။ မလိုအပ်ဘူးထင်လို့မပြောတော့ပါဘူး။
ကိုယ်တိုင် ဝင်ကြည့်လို့ရတယ်။ Type အောက်မှာ
Run လုပ်နေတဲ့ Program,App တွေကို Apps,Background နဲ့Windows System ဆိုပြီး
Processes သုံးခုပိုင်းခြားထားပါတယ်။ တကယ်လို့Program တစ်ခုက ဘယ်လို Type မှန်းမသိရင် အဲ့ဒီ Program ကို Right Click နှိပ်ပြီး
Search Online နဲ့ရှာနိုင်ပါတယ်။
Performance အောက်မှာ System Information တွေကို Graphs နဲ့ပြထားတာတွေ့ရမယ်။ CPU,RAM,Disk,အင်တာနက်စတာတွေ
ဘယ်လောက်ထိ အလုပ်လုပ်နေလဲ၊ ဘယ်လောက်အမြန်နှုန်းနဲ့အလုပ်လုပ်နေလဲ အကုန်အသေးစိပ်မြင်ရမယ်။ စက်ရဲ့IP Address ကို
အင်တာနက် Settings မှာ အဆင့်ဆင့်ဝင်ပြီးမကြည့်ချင်ဘူးဆိုရင် Task Manager ရဲ့ Wifi or Ethernet မှာ သွားကြည့်နိုင်ပါတယ်။
အောက်ဆုံးက Open Resource Monitor ကိုဖွင့်လိုက်ရင် Task Manager ထက် ပိုပြည့်စုံတဲ့ Information အသေးစိပ်ကို မြင်ရမယ်။
အပေါ်မှာ ပြောခဲ့တဲ့ Processes မှာတော့ လက်ရိုသုံးနေတဲ့ Processes Usage တွေကိုသာ ပြပါတယ်။ App History မှာတော့ App တစ်ခုစီမှာ
CPU က ဘယ်လောက်ထိကြာကြာသုံးနေသလဲ။ Network Bandwidth က ဘယ်လောက်ထိ သုံးနေသလဲ စသည်ဖြင့် အကုန်ကြည့်လို့ရတယ်။
Windows7 Task Manager မှာမပါတဲ့ Startup Tab မှာတော့ စက်စတက်တက်ချင်း ဖွင့်လာတဲ့ Program တွေကို Enable လုပ်ထားတာတွေ့ရမယ်။
အဲ့ဒီလို မဖွင့်စေချင်ရင်၊ စက်တက်တာအရမ်းကြာနေရင် Starup ထဲက Program အကုန်လုံးကို Disable လုပ်ထားနိုင်ပါတယ်။ အပြီးတိုင် ဖျက်လိုက်တာ
မဟုတ်လို့စိတ်ချလက်ချက် Disable လုပ်ထားနိုင်ပါတယ်။ ကွန်ပျူတာစတက်တက်ချင်း ကိုယ်ဖွင့်စေချင်တဲ့ Program ကို Automatically ပြန်ဖွင့်စေချင်ရင်
Disable လုပ်ထားတာကို Enable လုပ်ထားနိုင်ပါတယ်။ ကိုယ်ဖွင့်စေချင်တဲ့  Program ရဲ့Location ထဲဝင်။ Software name.exe ကို Copy ကူးပြီး
Run box မှာ shell:startup ကိုရိုက်ထည့်၊ အဲ့အောက်မှာ ခုနကကူးခဲ့တဲ့ setup.exe ကို Paste ချထားလိုက်ပါ။ ပုံထဲမှာတော့ Shweyoe Dictionary ကို
အစမ်းပြထားပါတယ်။
Users Tab အောက်မှာတော့ မိမိစက်မှာ ဘယ်နှစ်ယောက်အသုံးပြုနေလဲ၊ ကိုယ်မသိပဲတစ်ခြားတစ်ယောက်က ခိုးသုံးနေလား ကြည့်လို့ရတယ်။
အခု Login ဝင်သုံးနေတဲ့ User ရဲ့ CPU,RAM,Disk,Network Usage တွေကိုလည်းကြည့်လို့ရတယ်။ Details Tab မှာတော့ စက်ထဲမှာ Run တွေရဲ့
အသေးစိပ်တွေကိုတွေ့ရမယ်။ Program တစ်ခုကို Right Click နှိပ်ပြီး Set Priority မှာ ဒီ Program ကို သာမန်အနေဖြင့် အလုပ်လုပ်စေလိုသလား၊
မြန်စေချင်သလား၊နှေးစေချင်သလား ကြိုက်သလို သတ်မှတ်ပေးလို့ရတယ်။ သင့်စက်က CPU တစ်လုံးထက်ပိုပြီး အလုပ်လုပ်နိုင်ရင်တော့
Set Affinity ကိုနှိပ်ပြီး ဘယ် CPU မှာ ဒီ Program ကို အလုပ်လုပ်စေလိုသလဲ ရွေးပေးလို့ရတယ်။ အောက်ကမလိုအပ်တဲ့ဟာတွေတော့မရေးတော့ပါ။
Services Tab မှာတော့ Program တစ်ခုရဲ့Services ကို Stop, Run, Restart လုပ်လို့ရတယ်။ Open Services ကို နှိပ်လိုက်ရင် Control Panel ထဲက
Services ထဲကို ရောက်သွားမှာပါ။ အသုံးပြုနေတဲ့ Program တစ်ခုက ဟန်းသွားရင် ဒီ Services ထဲဝင်ပြီး Stop လုပ်ပြီး Restart လုပ်ပေးနိုင်တယ်။
အသုံးပြုဖို့မလိုအပ်တဲ့ Program တွေရဲ့ Services ကို Stop လုပ်ထားလိုက်လို့ရတယ်။ ကိုယ်ပြန်သုံးချင်တဲ့အချိန်မှ ပြန်ပြီး Restart လုပ်နိုင်ပါတယ်။
စက်ရဲ့System ပိုင်းဆိုင်ရာ Services တွေကိုတော့ Stop မလုပ်မိပါစေနဲ့။ အခုဖော်ပြပေးခဲ့တာတွေကတော့ Task Manager အကြောင်း
အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ Task Manager ကို ကောင်းကောင်းအသုံးပြုတတ်ရင် ကွန်ပျူတာပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာပါ။
zawgyi
ဖြစ်နေမှာဖြစ်ပါတယ်။
အစမ်းပြထားပါတယ်။
No comments:
Post a Comment
မင်္ဂလာပါ..