menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Window ကျရခြင်း အကြောင်းအရင်း



 တခါတလေ လာပီး မေးကြတဲ့ ဝင်းဒိုးမလာတော့ ဘာမှလဲ မတက်တော့ဘူးး ဆိုတဲ့မေးခွန်းလေးတွေ အတွက် မျှဝေလိုက်ပါတယ်....အဓိကပြောချက်တာက စက်ကြောင့်မဟုတ်ပါ..လက်ကြောင့်ကလိပါများရင်လဲ Window ကျတတ်သလို 😋Official Antivirus Software ထည့်မထားပဲ သုံးနေရင်လဲ Window ကျတတ်ပါတယ်ခင်ဗျားးး☺️☺️☺️
Windows ပြုတ်လို့ ပြန်တင်ရတယ်ဆိုတာ 😊
ဘာကြောင့် Windows ပြန်တင်ရတာလဲ? Windows ပြုတ်သွားတယ်ဆိုတဲ့ စကားကိုကြားဖူးကြလားတော့မသိဘူး။
ကျနော်ကတော့ Windows ​​​ပြုတ်တယ်ဆိုတဲ့ စကားလုံးကို
သိပ်မရှင်းဘူးဗျ။ Service သမားသက်တမ်း 2 နှစ်အတွင်း
Windows ပြုတ်တယ်ဆိုတာကို ကြားဖူးရုံသာ ကြားဖူးပြီး
ဘယ်လိုပြုတ်တယ်ဆို မမြင်ဖူး၊ မတွေ့ဖူးပါဘူး။ ကိုယ်တွေလို
ကြားဖူးရုံသာကြားဖူးတဲ့သူတွေအတွက် Windows ပြန်တင်
ရတဲ့ အကြောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

1. Windows ပြုတ်တယ်ဆိုတာ Windows OS ကြီး
တစ်ခုလုံး အစအနမကျန် ပြုတ်ထွက်သွားတာ မဟုတ်ပါဘူး။
Windows Activate မဖြစ်လို့လည်း Windows အသစ်
ပြန်ရမှာမဟုတ်ပါဘူး။ဘာကြောင့်Windows ပြန်တင်ရတာလဲ?
အောက်ပါအကြောင်းတွေကြောင့် Windows ပြုတ်တယ်လို့
ခေါ်ဆိုနိုင်ပြီး Windows OS အသစ်ပြန်တင်ရနိုင်ပါတယ်။
2. Virus တွေကြောင့် Windows မတက်နိုင်ဖြစ်သွားပြီး
ဘာမှလုပ်လို့မရ၊သုံးလို့မရ၊ပြင်လို့လည်းမရတော့တဲ့အခါမျိုးမှာ
Windows ပြန်တင်ရတတ်ပါတယ်။

3. စက်နဲ့မကိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို ဇွတ်အတင်းထည့်မိ
လိုက်တဲ့အခါမျိုးမှာ Boot မတက်၊ Automatic Repair
ဖြစ်သွားတတ်ပြီး Rebuild Boot, Fix MBR အစရှိတဲ့
Advanced Options ထဲက CmdCommandတွေနဲ့
ဝင်ပြင်တာတောင် ပြင်လို့မရတော့အထိ Error တက်သွားတဲ့
အခါမျိုးမှာ Windows အသစ်ပြန်တင်ရတတ်ပါတယ်။
4. စက်ကိုသုံးနေရင်းတန်းလန်းကြီး အသုံးပြုနေသေးတဲ့
ဆော့ဖ်ဝဲလ်တွေကို မပိတ်ပဲ ချက်ချင်ကြီး Shutdown ချ
လိုက်မိတဲ့အခါ၊ Desktop တွေဆိုရင် UPS Battery
အားမရှိလို့ သို့မဟုတ် UPS မခံထားတဲ့ စက်တွေမှာ မီးပျက်
သွားလို့ ချက်ချင်းကြီး Shutdown ကျသွားတဲ့အခါမျိုးမှာ
အပေါ်အချက်တစ်ခုလိုပါပဲ။ Automatic Repair
ဖြစ်သွားတတ်ပြီး Rebuild Boot, Fix MBR အစရှိတဲ့
Advanced Options ထဲက CmdCommandတွေနဲ့
ဝင်ပြင်တာတောင် ပြင်လို့မရတော့အထိ Error တက်သွားတဲ့
အခါမျိုးမှာ Windows အသစ်ပြန်တင်ရတတ်ပါတယ်။
5. အရမ်းကိုမှ Date အောက်နေတဲ့ Windows ကို
သုံးနေရလို့ လုက်ငန်းလိုအပ်ချက်အရ Update ဖြစ်တဲ့
Windows ပြောင်းချင်တဲ့အခါ Windows Update
လုပ် သို့မဟုတ် တိုက်ရိုက်တင်ပြီး အသုံးပြုရပါမယ်။
6. လက်ကိုအငြိမ်ထားပြီး အသုံးမပြုပဲ ဟိုကလိဒီကလိနဲ့
အရေးကြီးတဲ့ System File တွေကို လျှောက်ဖျက်မိ၊
မှားဖျက်မိလိုက်ရင်လည်း Windows အသစ်ပြန်တင်ရ
တတ်ပါတယ်။ Batch File တွေရေးပြီး လက်တည့်စမ်းတဲ့
အခါမျိုးမှာလည်း Windows ပျက်သွားတတ်ပါတယ်။
7. Windows စတင်တဲ့အခါ Windows တင်တဲ့
ခွေ သို့မဟုတ် ISO File က Windows OS ကြီး
အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်တဲ့အထိ File တွေ
မစုံတဲ့ ခွေ ISO File နဲ့ တင်မလိုက်ရင်လည်း အသစ်
ပြန်တင်ရတတ်ပါတယ်။ အပေါ်ကအကြောင်းအရာတွေက
စဉ်းစားမိသလောက်သာ ထည့်ရေးထားပါတယ်။ တစ်ခြား
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဘာတွေ
ကျန်သေးလဲ? ဘာတွေကြောင့် Windows ပြုတ်သွားပြီ
Windows အသစ်ပြန်တင်ရတာလဲ? ကိုယ်သိသလောက်
သူများကို ပြန်လည်ဝေမျှတဲ့အနေဖြင့် ဖြေခဲ့ကြပါဦးနော်။
#Credit to Windows 10 Myanmar
#ကွန်ပျူတာအကြောင်းလေ့လာနေသူများအတွက်
လာရောက်လေ့လာကြပါလို့ အကြံပြုပါရစေ။


ZAWGYI FONT
 တခါတေလ လာပီး ေမးၾကတဲ့ ဝင္းဒိုးမလာေတာ့ ဘာမွလဲ မတက္ေတာ့ဘူးး ဆိုတဲ့ေမးခြန္းေလးေတြ အတြက္ မွ်ေဝလိုက္ပါတယ္....အဓိကေျပာခ်က္တာက စက္ေၾကာင့္မဟုတ္ပါ..လက္ေၾကာင့္ကလိပါမ်ားရင္လဲ Window က်တတ္သလို 😋Official Antivirus Software ထည့္မထားပဲ သံုးေနရင္လဲ Window က်တတ္ပါတယ္ခင္ဗ်ားးး☺️☺️☺️
Windows ျပဳတ္လို႔ ျပန္တင္ရတယ္ဆိုတာ 😊
ဘာေၾကာင့္ Windows ျပန္တင္ရတာလဲ? Windows ျပဳတ္သြားတယ္ဆိုတ့ဲ စကားကိုၾကားဖူးၾကလားေတာ့မသိဘူး။
က်ေနာ္ကေတာ့ Windows ​​​ျပဳတ္တယ္ဆိုတ့ဲ စကားလုံးကို
သိပ္မရှင္းဘူးဗ်။ Service သမားသက္တမ္း 2 ႏွစ္အတြင္း
Windows ျပဳတ္တယ္ဆိုတာကို ၾကားဖူး႐ံုသာ ၾကားဖူးၿပီး
ဘယ္လိုျပဳတ္တယ္ဆို မျမင္ဖူး၊ မေတြ႕ဖူးပါဘူး။ ကိုယ္ေတြလို
ၾကားဖူး႐ံုသာၾကားဖူးတဲ့သူေတြအတြက္ Windows ျပန္တင္
ရတဲ့ အေၾကာင္းေတြကို ေဝမွ်ေပးလိုက္ပါတယ္။

1. Windows ျပဳတ္တယ္ဆိုတာ Windows OS ႀကီး
တစ္ခုလံုး အစအနမက်န္ ျပဳတ္ထြက္သြားတာ မဟုတ္ပါဘူး။
Windows Activate မျဖစ္လို႔လည္း Windows အသစ္
ျပန္ရမွာမဟုတ္ပါဘူး။ဘာေၾကာင့္Windows ျပန္တင္ရတာလဲ?
ေအာက္ပါအေၾကာင္းေတြေၾကာင့္ Windows ျပဳတ္တယ္လို႔
ေခၚဆိုႏိုင္ၿပီး Windows OS အသစ္ျပန္တင္ရႏိုင္ပါတယ္။
2. Virus ေတြေၾကာင့္ Windows မတက္ႏိုင္ျဖစ္သြားၿပီး
ဘာမွလုပ္လို႔မရ၊သံုးလို႔မရ၊ျပင္လို႔လည္းမရေတာ့တဲ့အခါမ်ဳိးမွာ
Windows ျပန္တင္ရတတ္ပါတယ္။
3. စက္နဲ႔မကိုက္တဲ့ ေဆာ့ဖ္ဝဲလ္တစ္ခုကို ဇြတ္အတင္းထည့္မိ
လိုက္တဲ့အခါမ်ဳိးမွာ Boot မတက္၊ Automatic Repair
ျဖစ္သြားတတ္ၿပီး Rebuild Boot, Fix MBR အစရိွတဲ့
Advanced Options ထဲက CmdCommandေတြနဲ႔
ဝင္ျပင္တာေတာင္ ျပင္လို႔မရေတာ့အထိ Error တက္သြားတဲ့
အခါမ်ဳိးမွာ Windows အသစ္ျပန္တင္ရတတ္ပါတယ္။
4. စက္ကိုသံုးေနရင္းတန္းလန္းႀကီး အသံုးျပဳေနေသးတဲ့
ေဆာ့ဖ္ဝဲလ္ေတြကို မပိတ္ပဲ ခ်က္ခ်င္ႀကီး Shutdown ခ်
လိုက္မိတဲ့အခါ၊ Desktop ေတြဆိုရင္ UPS Battery
အားမရိွလို႔ သို႔မဟုတ္ UPS မခံထားတဲ့ စက္ေတြမွာ မီးပ်က္
သြားလို႔ ခ်က္ခ်င္းႀကီး Shutdown က်သြားတဲ့အခါမ်ဳိးမွာ
အေပၚအခ်က္တစ္ခုလိုပါပဲ။ Automatic Repair
ျဖစ္သြားတတ္ၿပီး Rebuild Boot, Fix MBR အစရိွတဲ့
Advanced Options ထဲက CmdCommandေတြနဲ႔
ဝင္ျပင္တာေတာင္ ျပင္လို႔မရေတာ့အထိ Error တက္သြားတဲ့
အခါမ်ဳိးမွာ Windows အသစ္ျပန္တင္ရတတ္ပါတယ္။
5. အရမ္းကိုမွ Date ေအာက္ေနတဲ့ Windows ကို
သံုးေနရလို႔ လုက္ငန္းလိုအပ္ခ်က္အရ Update ျဖစ္တဲ့
Windows ေျပာင္းခ်င္တဲ့အခါ Windows Update
လုပ္ သို႔မဟုတ္ တိုက္႐ိုက္တင္ၿပီး အသံုးျပဳရပါမယ္။
6. လက္ကိုအၿငိမ္ထားၿပီး အသံုးမျပဳပဲ ဟိုကလိဒီကလိနဲ႔
အေရးႀကီးတဲ့ System File ေတြကို ေလွ်ာက္ဖ်က္မိ၊
မွားဖ်က္မိလိုက္ရင္လည္း Windows အသစ္ျပန္တင္ရ
တတ္ပါတယ္။ Batch File ေတြေရးၿပီး လက္တည့္စမ္းတဲ့
အခါမ်ဳိးမွာလည္း Windows ပ်က္သြားတတ္ပါတယ္။
7. Windows စတင္တဲ့အခါ Windows တင္တဲ့
ေခြ သို႔မဟုတ္ ISO File က Windows OS ႀကီး
အဆင္ေျပေခ်ာေမြ႕စြာ လည္ပတ္ႏိုင္တဲ့အထိ File ေတြ
မစံုတဲ့ ေခြ ISO File နဲ႔ တင္မလိုက္ရင္လည္း အသစ္
ျပန္တင္ရတတ္ပါတယ္။ အေပၚကအေၾကာင္းအရာေတြက
စဥ္းစားမိသေလာက္သာ ထည့္ေရးထားပါတယ္။ တစ္ျခား
အေၾကာင္းေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။ဘာေတြ
က်န္ေသးလဲ? ဘာေတြေၾကာင့္ Windows ျပဳတ္သြားၿပီ
Windows အသစ္ျပန္တင္ရတာလဲ? ကိုယ္သိသေလာက္
သူမ်ားကို ျပန္လည္ေဝမွ်တဲ့အေနျဖင့္ ေျဖခဲ့ၾကပါဦးေနာ္။
#Credit to Windows 10 Myanmar
#ကြန္ပ်ဴတာအေၾကာင္းေလ့လာေနသူမ်ားအတြက္
လာေရာက္ေလ့လာၾကပါလို႔ အၾကံျပဳပါရေစ။

No comments:

Post a Comment

မင်္ဂလာပါ..