menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
UPS ဟူသည်
UPS အကြောင်း သိသင့်တာလေးတွေ
UPSဟာ Uninterruptable Power Supply လို့ နာမည်ပေးထားတဲ့အတိုင်း မီးပျက်သွားတဲ့အချိန်မှာ သူကဆက်ပြီး အလုပ်လုပ်ပေးပါတယ်။ UPS အမျိုးအစားတွေကို လေ့လာကြည့်မယ်ဆိုရင်
1.Standby UPS
👉personal computer တွေအတွက် အများဆုံးအသုံးပါတယ်။မီးပျက်ချိန်ခဏထိန်းပေးဖို့အတွက် သုံးပါတယ်၊CCTV Systemအတွက်ဆိုရင်တော့ Long Time UPSကိုသုံးရပါတယ်။
2.Line Interactive UPS
👉သူ့ကိုတော့ အများစုက Inverter လို့
ခေါ်ကြပါတယ်။
3.Double Conversion On-Line UPS
👉သူကကျတော့ AC ကို DCပြောင်းပြီး Batteryကို အားသွင်းတယ်၊ပြီးမှ ဘက်ထရီDC ကနေ AC ပြန်ပြောင်းပြီးသုံးပါတယ်။10kVAလောက် အရွယ်ပေါ့။
4.Delta Conversion On-Line UPS
👉သူကတော့ double conversion နဲ့ ဆင်တူပါတယ်Delta Transformer ပါဝင်လာပါတယ်။
5kVA ကနေ 1.5MWအထိကိုရှိပါတယ်။
💡Standby UPSနဲ့ပတ်သက်လို့ သိထားသင့်တာလေး (2)ချက်ပြောပြပေးချင်ပါတယ်။
(1)UPSတချို့မှာဆိုရင် UPSအထွက်ကထုတ်ပေးတဲ့Socketပေါက်တွေအပြင် Direct Socket ပေါက်တွေပါ ပါဝင်ပါတယ်။voltage protectionပါထည့်ပေးထားတဲ့အတွက် မီးအားကျတဲ့/တက်တဲ့အခါ Relayက Outputကို ဖြတ်ချပေးပါတယ်။အဲဒီအခါမျိုးမှာ UPSအထွက်ကထုတ်ပေးထားတဲ့ Socketတွေက Battery Backupနဲ့ ဆက်အလုပ်လုပ်ပေမယ့်
Direct Socketတွေ မှာတော့ Relay ခတ်လိုက်ချိန်တိုင်း ပါဝါ ပိတ်ပတ်သွားပါတယ်။အဲဒီအခါမှာ မီးအားကျရင် Monitor က ခဏပိတ်သွားတယ်၊မီးအားကျရင် Computer Systemက ပိတ်ပိတ်သွားတယ် ဆိုတဲ့ ပြဿ နာတွေ ပေါ်လာတော့တာပါပဲ။ 220V လို့မြင်တိုင်း Plug မထိုးပါနဲ့ Standby လား Directလား တစ်ချက်လောက်ကြည့်ပါ။
(2)အခုနောက်ပိုင်း UPS တွေတော်တော်များများမှာ Software ခွေ ပါပါတယ်၊သူက Auto Save Software ဖြစ်ပါတယ်။သူ့ကို Computer မှာ Installလုပ်ထားပြီးသုံးရင် မီးပျက်တာနဲ့ ရိုက်လက်စ Dataတွေကို Auto Save ပေးပါတယ်။
Data တွေ မ Save ထားမိလို့ပြန်ရိုက်ရတဲ့ဒုက္ခကနေ ဝေးပါလိမ့်မယ်။
ဒီpageကနေ Computer Knowledge Sharing တွေ စဉ်ဆက်မပြတ်တင်ပေးမှာမို့ အသစ်တင်တာနဲ့ တွေ့မြင် ဖတ်ရှုနိုင်စေဖို့ Pageကို See First လုပ်ထားကြစေချင်ပါတယ်။
======================
========
#Credit;
zawgyi
1.Standby UPS
2.Line Interactive UPS
ခေါ်ကြပါတယ်။
======================
========
#Credit;
No comments:
Post a Comment
မင်္ဂလာပါ..