menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Unix, Windows, Linux, Android, iOS, Mac OS တို့အကြောင်း





Unix က တော့ အစော ဆုံး ပေါ်ခဲ့ တဲ့ OS တခု လို့ ပြောလို့ ရပါတယ်၊ သူ့ ကို C နှင့် Assembly language တို့ ဖြင့် ရေးသား ထားသည် ဆိုပါတယ်၊ Multitasking နှင့် multiuser အတွက် အသုံးပြု နိုင်တဲ့ OS တခု ပဲ ဖြစ်ပါတယ်၊ Command Line နှင့် Graphical (X Window System) ကို အသုံး ပြု ပါတယ်၊ ကျောင်း နှင့် ကုမ္ပဏီ အကြီး များ တွင် အသုံးများ သော် လည်း၊ အများ အသုံး ပြုသော personal computer OS မျိုး တော့ မဟုတ်ပေ။

Linux က တော့ စတင် ထုတ် ကတည်း က personal computer များ အတွက် ရည်ရွယ် ပြီး ထုတ်ခဲ့ သလို၊ free and open source (အဖိုး အခ ပေးရန် မလိုပါ) လည်း ဖြစ်ပါတယ်၊ သူ့ ကို C နှင့် Assembly language တို့ ဖြင့် ရေးသား ထားသည် ဆိုပါတယ်၊ Linux တွင် သူ ၏ core system ဟု ပြောနိုင်သော Linux Kernel ဟူ၍ ရှိပါတယ်၊ Linux သည် Intel x86 hardware platform တွင် သာ မကပဲ၊ တခြား hardware platform အမျိုးမျိုး တွင် လည်း အသုံးပြုနိုင်ပါတယ်၊ Ubuntu Linux, Linux Mint., Arch Linux, Deepin, Fedora, Debian, openSUSE အစရှိ သည့် Linux မျိုးကွဲပေါင်း များစွာ ရှိပါတယ်၊

Command Line နှင့် GUI နှစ်မျိုး စလုံး အသုံးပြုနိုင်ပါတယ်၊ တချို့ သော သူ များ နားလည်း သလို၊ Linux OS ကို အသုံးပြု ပါက၊ virus မဝင် နိုင်ခြင်း ဆိုသည် မှာ မှားပါတယ်၊ Linux အတွက် Antivirus software များ ပင် ရှိပါတယ်၊ တကယ်တော့ Desktop/laptop computer များတွင် အသုံးများ သည် မှာ Windows OS ပင် ဖြစ်ပါတယ်၊ Windows OS ၏ market share (https://goo.gl/sBmZVR) ကို ကြည့်လျှင် သိနိုင်ပါတယ်၊ ဒါကြောင့် virus ရေးသူများ သည် အသုံး များ သော ဝင်းဒိုး ပလက်ဖေါင်း အတွက် ရေးသား ခြင်းဖြစ်သည်၊ အသုံး များတော့ virus ထိလျှင် ကွန်ပြူတာ ပေါင်း များစွာ ထိခိုက် နိုင်ပါတယ်၊ Linux ၏နောက်အားသာ ချက် တခု မှာ သူတွင် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် များ (packages) ကို သူ နှင့်သက်ဆိုင် သော Software Repository မှ တိုက်ရိုက် အင်စတော ပြုလုပ်နိုင်ခြင်း ပင် ဖြစ်သည်၊ OS, free software, repository တို့ ပေါင်းစပ် မှု နှင့် Linux ၏ market share ရရှိ မှု နည်းပါးခြင်း သည် Linux ကို virus ရေးသူများ ရန် မှ ကင်းဝေးစေပေသည်၊ သို့သော် အသုံးပြုသော Linux အမျိုးအစား ပေါ်မူတည်ကာ၊ hardware platform အမျိုးမျိုး တို့ အတွက် device driver ရရှိ မှု သည် Linux အသုံးပြုမှု အတွက် အခက်အခဲ တခုပင် ဖြစ်သည်၊ Linux တွင် အသုံးပြု နိုင်သော ဆော့ပ်ဝဲလ် များ သည် အခမဲ့ ဖြစ်သော် လည်း၊ Windows တွင် အသုံးပြုနေသော ဆော့ပ်ဝဲလ် များကဲ့သို့ စွမ်းဆောင်ရည် မမြင့်မားပေ။

Android က တော့ Linux Kernel ပေါ် အခြေခံ ထား သည့် mobile operating system တခုပင် ဖြစ်ပါတယ်၊ Google က ထုတ်လုပ်တာ ဖြစ်ပါတယ်၊ Java (UI), C (core) နှင့် C++ ပေါ် တွင် အခြေခံ ရေးသားထား သော OS ဖြစ်ပါတယ်၊ အသုံး ပြု နိုင်သော hardware platform များ က တော့ 32- and 64-bit ARM, x86, x86-64, MIPS and MIPS64 တို့ပဲ ဖြစ်ပါတယ်၊ အသုံးပြု နိုင်သော device များကတော့ tablet, smartphone, smartwatch, Android TV အစရှိသည် တို့ပဲ ဖြစ်ပါတယ်၊ လိုအပ်သော ဆော့ပ်ဝဲလ် များ ကို Google Play Store မှ APK အပလီကေးရှင်း များ အနေ ဖြင့် အင်စတော ပြုလုပ်နိုင်ပါတယ်၊ Android OS သည် အလွယ်တကူ သယ်ဆောင်နိုင်သော tablet, smartphone တို့ တွင် အသုံးပြုနိုင်သောကြောင့် အသုံးများလာပါတယ်၊ သို့သော် Android တွင် အသုံးပြု နိုင်သော ဆော့ပ်ဝဲလ် များ သည် Windows တွင် အသုံးပြု နိုင်သော ဆော့ပ်ဝဲလ် များ လောက် စွမ်းဆောင်ရည် မမြင့်မားသည် ကို တွေ့ရှိရမည် ဖြစ်သည်။

MAC OS သည် Windows ပြီးလျှင် ဒုတိယ အသုံးအများ ဆုံး Desktop’s OS ဖြစ်ပါတယ်၊ သူသည် Unix-based ဖြစ်ပြီး၊ Apple ကုမ္ပဏီ ထုတ်၊ Macintosh computer များ တွင် သာ အသုံးပြု နိုင်ပါတယ်၊ C, C++, Objective C ပေါ် တွင် အခြေခံကာ ရေးသားထား သော OS ဖြစ်ပါတယ်၊ x86-64 (10.4.7-present), IA-32 (10.4.4–10.6.8; discontinued), PowerPC (10.0–10.5.8; discontinued) စ သော hardware platform များ တွင် အသုံးပြုနိုင်/အသုံးပြု ခဲ့ပါတယ်၊ Windows နှင့် နှိုင်းယှဉ် ပါက MAC OS အတွက် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် အရေအတွက် နည်းပါးပါတယ်၊ သို့သော် MAC OS ပေါ်တွင် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် သည် Windows တွင် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် ကဲ့ သို့ပင် စွမ်းဆောင်ရည် မြင့်မား သည် ကို တွေ့ရပေသည်၊ Windows OS နည်းတူ MAC OS အတွက် လည်း antivirus software လိုအပ်ပါတယ်၊ Windows နှင့် နှိုင်းယှဉ် ပါ က MAC OS သည် virus အတိုက်ခံ ရမှု နည်းပါးပါတယ်။

iOS သည် mobile operating system တခု ဖြစ်ကာ၊ Apple ၏ mobile phone များ တွင် သာ အသုံးပြုနိုင်ပါတယ်၊ သူ့ကို Darwin (BSD) ပေါ်တွင် အခြေခံ ထားသည် ဟု ဆိုပါတယ်၊ C, C++, Objective-C, Swift တို့ ပေါ်တွင် အခြေခံ ကာ ရေးသားထားပါတယ်၊ သူ့ကို smartphone, tablet ကဲ့သို့သော device များ အတွက် အသုံးပြုနိုင်ပါတယ်၊ လိုအပ်သော ဆော့ပ်ဝဲလ် အပလီကေးရှင်း များ ကို Apple Store မှ အင်စတော လုပ်ယူ နိုင်ပါတယ်၊ mobile operating system ဖြစ်သည် နှင့် အညီ သူ့တွင် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် များ ၏ စွမ်းဆောင်ရည် သည် Windows တွင် အသုံးပြု နိုင်သော ဆော့ပ်ဝဲလ် များ ၏ စွမ်းဆောင်ရည် လောက် မမြင့်မား သည် ကို တွေ့နိုင်ပေသည်။

Windows OS ကို smartphone, tablet, laptop, desktop ကွန်ပြူတာ များ တွင် အသုံးပြုနိုင်ပါတယ်၊ Desktop OS များ ၏ ဈေးကွက် share (https://goo.gl/sBmZVR) ကို ဝင်းဒိုး က အများ ဆုံး ရရှိ ထားပါတယ်၊ ARM, IA-32, Itanium, x86-64, DEC Alpha, MIPS, PowerPC များ တွင် အသုံးပြုနိုင်ပါတယ်၊ Windows 95 မှ သည် Windows 10 အထိ ရောက်ရှိ လာခဲ့ ပြီ ဖြစ်ပါတယ်၊ သူ့ အတွက် လိုအပ်သော ဆော့ပ်ဝဲလ် များ ကို ဆော့ပ်ဝဲလ် ထုတ်လုပ်သော သက်ဆိုင်ရာ website များ မှ လည်းကောင်း၊ Microsoft Store မှ လည်းကောင်း အင်စတော ပြုလုပ်နိုင်ပါတယ်၊ ဝင်းဒိုး တွင် အသုံးပြုနိုင်သော ဆော့ပ်ဝဲလ် များ ၏ စွမ်းဆောင်ရည် သည် မြင့်မားပါတယ်၊ သူ၏ GUI သည် လည်း အသုံးပြုရ လွယ်ကူ ပါတယ်၊ Microsoft သည် desktop OS သာ မက၊ တခြား Server OS များ၊ Office software များ၊ Database software အစရှိသည့် ဆော့ပ်ဝဲလ် ပေါင်း များ စွာ ကို ဖြန့်ဖြူး လျှက်ရှိသော ကုမ္ပဏီ ကြီး တခု ဖြစ်ပါတယ်၊ market တွင် share များစွာ ရရှိထား မှု ကြောင့် သူ၏ OS သည် virus ရေးသား သူ များ ၏ target ဖြစ်လာပါတယ်၊ Windows ၏ အသုံးပြု ရ မှု လွယ်ကူ ခြင်း အပြင်၊ သူ၏ client/server နှင့် Windows domain ကဲ့သို့သော resource sharing နှင့် networking ၊ hardware platform အမျိုးမျိုး တွင် အသုံးပြုနိုင်ခြင်း၊ devices အမျိုးမျိုး တွင် အသုံးပြုနိုင်ခြင်း တို့ ကြောင့် ဝင်းဒိုး သည် တခြား OS များ နှင့် နှိုင်းယှဉ် ပါက ထိပ်ဆုံး တွင် ရပ်တည် နေမည်သာ ဖြစ်ပေသည်။

#Crd:



No comments:

Post a Comment

မင်္ဂလာပါ..