menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SSD ဟူသည်


မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း

Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်

အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။

SATA SSD

SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။

SSD တွေထဲမှာ SATA က ဈေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။



++++++++++++++
မတူညီေသာ SSD မ်ိဳးကြဲမ်ားအား ခြဲျခားၾကည့္ျခင္း
Solid State Drive လို႔ေခၚတဲ့ SSD ေတြက က်ေနာ္တို႔ေန႔စဥ္ထိေတြ႕ေနက် ဟာ့ဒစ္ (HDD) ေတြထက္အဆမ်ားစြာပိုကာင္း ပိုျမန္တာေတာ့ဟုတ္တယ္
အဲလိုျမန္တာကိုမွ SSD ေတြဟာ သူတို႔ရဲ႕ အမ်ိဳးအစား မူကြဲအလိုက္ အနိမ့္အျမင့္ရွိၾကျပန္ပါေသးတယ္။
SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သံုးမ်ိဳးခြဲထားပါတယ္။
SATA SSD
SATA SSD က 2.5လက္မမို႔ ပံုမွန္ျမင္ေတြ႕ေနက် laptop ဟာ့ဒစ္ေတြနဲ႔ အရြယ္အစားတူညီပီး ျမန္ႏႈန္းအေနနဲ႔ 600MB/s အထိရွိပါတယ္။
SSD ေတြထဲမွာ SATA က ေစ်းနႈန္းအားျဖင့္အနည္းဆံုးျဖစ္တာမို႔ SSD စတင္အသံုးျပဳတဲ့သူေတြအေနနဲ႔ အမ်ားဆံုးေရြးခ်ယ္ေလ့ရွိတဲ့ အမ်ိဳးအစားလည္းျဖစ္တယ္။

M2 SSD

M2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)

M2 ကို transfer protocol အနေနဲ့ နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊ M2 SATA SSD နဲ့ M2 NVMe SSD ဆိုပီး။

M2 SATA နဲ့ M2 NVMe ဘယ်လိုတွေကွာလည်း ?

တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ

အဲ . . မတူတာက မြန်နှုန်းပါ။

M2 SATA က SATA ဆိုတဲ့အတိုင်း အမြင့်ဆုံး 600MB/s ရှိပါတယ်၊ M2 NVMe ကတော့ ထုတ်လုပ်သူအလိုက် 2100MB/s ကနေ 3500MB/s အထိရှိတတ်ပါတယ်။

အနည်းဆုံး သုံးဆလောက်တောင်ကွာတာနော 😯

ဈေးနှုန်းကိုကြည့်မယ်ဆိုရင်လည်း M2 ခြင်းအတူတူ NVMe က SATA ထက်ပိုများသွားပါတယ်။
++++++++++++

M2 SSD
M2 က ႐ုတ္တရက္ၾကည့္ရင္ ကြန္ပ်ဴတာ RAM နဲ႔ ဆင္သေယာင္ရွိၿပီး သူ႔ကို မားသားဘုတ္ရဲ႕ M2 slot မွာ စိုက္ကာအသံုးျပဳရပါတယ္။ (M2 slot ဟာ မားသားဘုတ္တိုင္းမွာမပါဝင္ပဲ Intel 6th gen Skylake မွသာစတင္ပါဝင္လာပါတယ္)
M2 ကို transfer protocol အေနနဲ႔ ႏွစ္မ်ိဳးထပ္မံခြဲျခားထားပါေသးတယ္၊ M2 SATA SSD နဲ႔ M2 NVMe SSD ဆိုပီး။
M2 SATA နဲ႔ M2 NVMe ဘယ္လိုေတြကြာလည္း ?
တပ္ဆင္ပံု တပ္ဆင္နည္းကေတာ့အတူတူပါပဲ. . M2 slot ေလးမွာ စိုက္လိုက္ရံုပဲ. . ဘာလို႔လည္းဆိုေတာ့ ပံုစံကအတူတူပဲေလ
အဲ . . မတူတာက ျမန္နႈန္းပါ။
M2 SATA က SATA ဆိုတဲ့အတိုင္း အျမင့္ဆံုး 600MB/s ရွိပါတယ္၊ M2 NVMe ကေတာ့ ထုတ္လုပ္သူအလိုက္ 2100MB/s ကေန 3500MB/s အထိရွိတတ္ပါတယ္။
အနည္းဆံုး သံုးဆေလာက္ေတာင္ကြာတာေနာ 😯
ေစ်းႏႈန္းကိုၾကည့္မယ္ဆိုရင္လည္း M2 ျခင္းအတူတူ NVMe က SATA ထက္ပိုမ်ားသြားပါတယ္။



PCIE SSD

သူကတော့ အကောင်းဆုံးနဲ့ဈေးအကြီးဆုံးပါပဲ၊

ဂရပ်ဖစ်ကတ်အသေးစားလေးနဲ့ဆင်တူပီး မားသားဘုတ်ရဲ့ PCI-E slot မှာ တပ်ဆင်အသုံးပြုရပါတယ်။

ဈေးက 2.5" SATA, M2 တွေနဲ့ယှဉ်ရင် တော်တော်ကြီးကိုကွာဟတဲ့အတွက် အတော်အသင့်အသုံးပြုလေ့မရှိကြပါဘူး။

သင်ဟာ အစဉ်အဆက် HDD ကိုသာအသုံးပြုရာကနေ အပြောင်းအလဲဖြစ်အောင် SSD နဲ့ တွဲသုံးကြည့်ချင်တယ်ဆိုရင်တော့ 2.5" SATA SSD တွေကို ပထမဆုံး စဉ်းစားရမှာပါ၊ ဈေးလည်းအသက်သာဆုံးဖြစ်သလို မားသားဘုတ်တိုင်းနဲ့လည်းအသုံးပြုလို့ရတဲ့အတွက် သူ့ကိုသာရွေးဖို့တိုက်တွန်းပါတယ်။

SSD ထဲမှာတော့ အနိမ့်ဆုံးဆိုပီး လျှော့တော့မတွက်ပါနဲ့၊ သင့်ရဲ့ ဟာ့ဒစ်ထက် လေးငါးဆလောက်မြန်ပါတယ်။


M2 ကိုတော့ မိမိရဲ့ မားသားဘုတ်မှာ M2 slot လည်းပါမယ်၊ NVMe လည်း အထောက်အပံ့ပေးတယ်ဆိုရင် တစ်ခါတည်း M2 NVMe ကိုသာသုံးပါလို့ပြောချင်ပါတယ်။ M2 SATA ကျ အပေါ်ကပြောခဲ့တဲ့ 2.5" SATA နဲ့ မြန်နှုန်းကမထူးခြားနားမို့ပါ။

ိုငွေဆိုတာက ကိုယ့်အတွက်အတားအဆီးမဟုတ်ဘူး၊ မျက်စိထဲမှာလည်း ဂရပ်ဖစ်ကတ်နဲ့အပြိုင် လှတပတလေးမြင်ချင်သပဆိုရင်တော့ PCIE SSD ကိုသာရွေးလိုက်ပါ။

(ပုံမှာ ဘယ်ကနေညာ SATA 2.5" / M2 / PCIE)

Solid State Drive (SSD) ဆိုတာ ဘာလည်း၊ ဘယ်လည်း ?

Solid State Drive ကို ကွန်ပျူတာ (အထူးသဖြင့် ဂိမ်းဦးစားပေး ဒက်စတော့နဲ့ လက်ပ်တော့) တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာဟာ ကာလတစ်ခုအနေနဲ့ရှိလာခဲ့ဲပြီဖြစ်ပါတယ်။

Solid State Drive ဆိုတာ ဘာလည်း ?

Solid State Drive (SSD) ဆိုတာ လက်ရှိကွန်ပျူတာတိုင်းရဲ့ အဓိက ဒေတာအချက်အလက်တွေ၊ သီချင်း ဓာတ်ပုံ ဗွီဒီယို အစရှိတာတွေကို သိမ်းဆည်းသိုလှောင်ထားပေးတဲ့ Hard Disk Drive (HDD) နဲ့ အခြေခံသဘောတရားခြင်းအတူတူပဲဖြစ်ပါတယ်။ Hard Disk မူကွဲတစ်မျိုးပါပဲ။

ထူးခြားတာက သူ့မှာ Hard Disk ထက် ပိုမိုကောင်းမွန်တဲ့ အချက်တွေရှိပါတယ်

Hard Disk (HDD) တွေက ဒေတာတွေသိမ်းဆည်း ဖော်ပြဖို့အတွက် သူ့အတွင်းမှာရှိတဲ့ components အစိတ်အပိုင်းတွေဟာ ရွေ့လျားပေးရပါတယ်၊ ကွန်ပျူတာကနေ သီချင်းတစ်ပုဒ်ဖွင့်လိုက်တိုင်း၊ copy/paste လုပ်ငန်းစဉ်တစ်ခု၊ ပရိုဂရမ်ဆော့ဖ်ဝဲလ် တစ်ခုခုကို ဖွင့်လိုက်တိုင်း Hard Disk ဟာ အတွင်းဖက်မှာ လှုပ်ရှားမှုတွေပြုလုပ်ရပါတယ်။ ဒီအတွက် အချိန်တစ်ခုပေးရပါတယ်. . loading time ခေါ်ပါတယ် ၊ ကွန်ပျူတာ မြင်ကွင်းမှာ ချက်ချင်းပေါ်မလာသေးပဲ အဝိုင်းလေးလည်နေတာ သုံးစက္ကန့် လေးစက္ကန့်လောက်စောင့်နေရမယ်ပေါ့။ အတွင်းဖက်မှာ ရွေ့လျားရတဲ့ သဘောသဘာဝအရ Hard Disk တွေဟာ အသုံးပြုသက်တမ်းကြာတာနဲ့အမျှ သူ့အစိတ်အပိုင်းတွေဟာ ပုံမှန်မဟုတ်တော့ပဲ ခါတိုင်းထက် loading ပိုကြာလာတာမျိုး၊ ကော်ပီ ကူးရာမှာ နှေးနေတာမျိုး ကြုံလာရမှာပါ။

Solid State Drive (SSD) ကတော့ HDD နဲ့ တည်ဆောက်ပုံခြင်းမတူပါဘူး။ သူ့မှာ ရွေ့လျားရတဲ့ အစိတ်အပိုင်းတွေမပါတဲ့အတွက် loading time မှာ HDD နဲ့ယှဉ်ရင် သိသိသာသာမြန်ဆန်ပါတယ်။ SSD ရဲ့ တည်ဆောက်ပုံက ကျနော်တို့ အကုန်နီးပါး အသုံးပြုနေကြ သိနေကြတဲ့ memory sitck တွေနဲ့တူပါတယ်။ HDD တွေက လှုပ်ရှားမှု (impact) ခံနိုင်ရည်နည်းပါးပြီး အမြင့်က လွတ်ကျတာမျိုးဆို (internal component တွေထိခိုက်ပီး) သုံးမရတော့တဲ့အထိပျက်တတ်ပါတယ်။ SSD ကတော့ impact ခံနိုင်ရည်အား အရမ်းကောင်းပါတယ်၊ memory stick တွေကြည့်. . ဘယ်လောက် လွတ်ကျကျ ပျက်ခဲပါတယ် (တူနဲ့တော့ မထုနဲ့ပေါ့ :3 )

မိမိ desktop ကွန်ပျူတာသာ SSD တွေချည့်သုံးထား. . ကွန်ပျူတာ ပုံး ကို ဒူးနဲ့တိုက် ခြေထောက်နဲ့ ကန်မိပစေအုံး အခြားအစိတ်အပိုင်းတွေသာ လစ်ချင် လစ်သွားမယ်.. SSD က အေးဆေးပါပဲ။

(Hard Disk ကိုအဓိကထားအသုံးပြုနေတဲ့ ကွန်ပျူတာတွေမှာ Hard Disk သက်တမ်းမကြာသေးပဲပျက်ရခြင်းက casing ပုံး တင်ထားတဲ့ နေရာ စားပွဲက လှုပ်နေတာမျိုး၊ မီးအားအတက်အကျကြမ်းတာကြောင့် HDD အလုပ်လုပ်ပုံ မညိမ်တော့တာမျိုး စတာတွေပါဝင်ပါတယ်)

ကွန်ပျူတာအသုံးပြုနေတုန်း ရုတ်တရက်မီးပျက်သွားပီး UPS ကလည်း မထိမ်းတော့ပဲ shut down ဖြစ်သွားတာမျိုးမှာ Hard Disk ဟာ အထိနာပါတယ်၊ မီးပြန်လာလို့ကွန်ပျူတာပြန်ဖွင့်ရင် Windows boot ချက်ချင်းမတက်ပဲ တောင်အီမြောက်အီအီ လုပ်နေတာမျိုးနဲ့အချိန်တွေတော်တော်ကြာတတ်ပါတယ်။

SSD ပေါ်မှာ Windows တင်ထားရင် အဆိုပါဒုက္ခတွေကင်းပါတယ် .. boot တက်တာလည်း HDD က 7~15 sec လောက်ကြာရင် SSD က 4~8 sec ဆိုတာအလွန်ဆုံးပါပဲ။ သုံးရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ် :3

SSD ရဲ့ မကောင်းတဲ့ အချက်ကိုပြောပါဆိုရင် ဈေးကြီးတာပါပဲ။

70000ks ဝန်းကျင်မှာ HDD ဝယ်ရင် 1TB (1000GB) ရပေမယ့် SSD ဆိုရင် 120GB ပဲရပါမယ်။

120GB ဆို ဘယ်လိုလုပ်လောက်မလည်း၊ အရမ်းနည်းတာပဲ၊ ဒါဖြင့်သုံးလို့ဘယ်ဖြစ်မှာတုန်း ??

ဟုတ်ပါတယ်.. storage ပမာဏနည်းနည်းနဲ့ ပေးရတာအရမ်းများနေတယ်ဆိုတာ… (laptop တွေမှာလည်း SSD ပါဝင်တဲ့ model တွေဟာ ဈေးနှုန်းကြီးမြင့်လေ့ရှိပါတယ်)

သူ့ကိုအသုံးချသင့်တာက Partition C လို့ခေါ်တဲ့ Windows OS ရှိတဲ့ နေရာမှာပါ။

ပုံမှန် ဒေတာ သိုလှောင်ဖို့အတွက်ကတော့ HDD တွေကိုပဲ အားထားနေရအုံးမှာပါ။

Desktop ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း SSD 120/128GB လောက်ကို OS အတွက် သုံးသင့်ပါတယ်။

သိသိသာသာကွာပါတယ် သုံးရတဲ့ feeling က :3

SSD

ကောင်းကျိုး

1. Boot တက်ရန် 4~7sec (Hard Disk နဲ့ဆိုပါက 7~15sec . အခန့်မသင့်ရင် ဆယ်မိနစ်ခန့်ကြာနိုင်)

2. Read/write speed သုံးဆခန့်ပိုမိုမြန်ဆန် (game များ load time တွင် ပိုမိုမြန်ဆန်)

3. Impact ခံနိုင်ရည်အား ကောင်းမွန်

4. အရွယ်အစား သေးငယ်

ဆိုးကျိုး

1. HDD နှင့်ယှဉ်လျင် ဈေးနှုန်း အတော်မြင့်မား

2. HDD များတွင် ပျက်တော့မည်ဆိုပါက အသံမမှန်တော့ခြင်း (ကလစ် ကလစ် ကြားရ) ဖြင့် သိနိုင်သော်လည်း SSD သည် မည်သည့် အရိပ်အယောင်မှမပြပဲ ပျက်နိုင်ခြင်း/ခန့်မှန်းမရနိုင်ခြင်း (HDD မှာ အသံမမှန်တော့လျင် ကြိုတင် backup လုပ်ထားခြင်းဖြင့် data ကာကွယ်နိုင်မည်ဖြစ်သော်လည်း SSD တွင် ကြိုမခန့်မှန်းနိုင်)

3. Game များတွင် load time တွင်သာ ပိုမိုမြန်ဆန်ပီး gameplay performance တွင်မူ HDD နှင့်အတူတူသာဖြစ်
PCIE SSD
သူကေတာ့ အေကာင္းဆံုးနဲ႔ေစ်းအႀကီးဆံုးပါပဲ၊
ဂရပ္ဖစ္ကတ္အေသးစားေလးနဲ႔ဆင္တူပီး မားသားဘုတ္ရဲ႕ PCI-E slot မွာ တပ္ဆင္အသံုးျပဳရပါတယ္။
ေစ်းက 2.5" SATA, M2 ေတြနဲ႔ယွဥ္ရင္ ေတာ္ေတာ္ႀကီးကိုကြာဟတဲ့အတြက္ အေတာ္အသင့္အသံုးျပဳေလ့မရွိၾကပါဘူး။
သင္ဟာ အစဥ္အဆက္ HDD ကိုသာအသံုးျပဳရာကေန အေျပာင္းအလဲျဖစ္ေအာင္ SSD နဲ႔ တြဲသံုးၾကည့္ခ်င္တယ္ဆိုရင္ေတာ့ 2.5" SATA SSD ေတြကို ပထမဆံုး စဥ္းစားရမွာပါ၊ ေစ်းလည္းအသက္သာဆံုးျဖစ္သလို မားသားဘုတ္တိုင္းနဲ႔လည္းအသံုးျပဳလို႔ရတဲ့အတြက္ သူ႔ကိုသာေရြးဖို႔တိုက္တြန္းပါတယ္။
SSD ထဲမွာေတာ့ အနိမ့္ဆံုးဆိုပီး ေလွ်ာ့ေတာ့မတြက္ပါနဲ႔၊ သင့္ရဲ႕ ဟာ့ဒစ္ထက္ ေလးငါးဆေလာက္ျမန္ပါတယ္။

M2 ကိုေတာ့ မိမိရဲ႕ မားသားဘုတ္မွာ M2 slot လည္းပါမယ္၊ NVMe လည္း အေထာက္အပံ့ေပးတယ္ဆိုရင္ တစ္ခါတည္း M2 NVMe ကိုသာသံုးပါလို႔ေျပာခ်င္ပါတယ္။ M2 SATA က် အေပၚကေျပာခဲ့တဲ့ 2.5" SATA နဲ႔ ျမန္ႏႈန္းကမထူးျခားနားမို႔ပါ။
ိုေငြဆိုတာက ကိုယ့္အတြက္အတားအဆီးမဟုတ္ဘူး၊ မ်က္စိထဲမွာလည္း ဂရပ္ဖစ္ကတ္နဲ႔အၿပိဳင္ လွတပတေလးျမင္ခ်င္သပဆိုရင္ေတာ့ PCIE SSD ကိုသာေရြးလိုက္ပါ။
(ပံုမွာ ဘယ္ကေနညာ SATA 2.5" / M2 / PCIE)
Solid State Drive (SSD) ဆိုတာ ဘာလည္း၊ ဘယ္လည္း ?
Solid State Drive ကုိ ကြန္ပ်ဴတာ (အထူးသျဖင့္ ဂိမ္းဦးစားေပး ဒက္စေတာ့နဲ႔ လက္ပ္ေတာ့) ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳလာတာဟာ ကာလတစ္ခုအေနနဲ႔ရိွလာခဲ့ဲၿပီျဖစ္ပါတယ္။
Solid State Drive ဆုိတာ ဘာလည္း ?
Solid State Drive (SSD) ဆုိတာ လက္ရိွကြန္ပ်ဴတာတုိင္းရဲ႕ အဓိက ေဒတာအခ်က္အလက္ေတြ၊ သီခ်င္း ဓာတ္ပံု ဗီြဒီယို အစရိွတာေတြကုိ သိမ္းဆည္းသိုေလွာင္ထားေပးတဲ့ Hard Disk Drive (HDD) နဲ႔ အေျခခံသေဘာတရားျခင္းအတူတူပဲျဖစ္ပါတယ္။ Hard Disk မူကြဲတစ္မ်ိဳးပါပဲ။
ထူးျခားတာက သူ႕မွာ Hard Disk ထက္ ပို္မိုေကာင္းမြန္တဲ့ အခ်က္ေတြရိွပါတယ္
Hard Disk (HDD) ေတြက ေဒတာေတြသိမ္းဆည္း ေဖာ္ျပဖုိ႔အတြက္ သူ႔အတြင္းမွာရိွတဲ့ components အစိတ္အပုိင္းေတြဟာ ေရြ႕လ်ားေပးရပါတယ္၊ ကြန္ပ်ဴတာကေန သီခ်င္းတစ္ပုဒ္ဖြင့္လုိက္တုိင္း၊ copy/paste လုပ္ငန္းစဥ္တစ္ခု၊ ပရိုဂရမ္ေဆာ့ဖ္၀ဲလ္ တစ္ခုခုကုိ ဖြင့္လုိက္တုိင္း Hard Disk ဟာ အတြင္းဖက္မွာ လႈပ္ရွားမႈေတြျပဳလုပ္ရပါတယ္။ ဒီအတြက္ အခ်ိန္တစ္ခုေပးရပါတယ္. . loading time ေခၚပါတယ္ ၊ ကြန္ပ်ဴတာ ျမင္ကြင္းမွာ ခ်က္ခ်င္းေပၚမလာေသးပဲ အ၀ို္င္းေလးလည္ေနတာ သံုးစကၠန္႔ ေလးစကၠန္႔ေလာက္ေစာင့္ေနရမယ္ေပါ့။ အတြင္းဖက္မွာ ေရြ႕လ်ားရတဲ့ သေဘာသဘာ၀အရ Hard Disk ေတြဟာ အသံုးျပဳသက္တမ္းၾကာတာနဲ႔အမ်ွ သူ႔အစိတ္အပိုင္းေတြဟာ ပံုမွန္မဟုတ္ေတာ့ပဲ ခါတုိင္းထက္ loading ပုိၾကာလာတာမ်ိဳး၊ ေကာ္ပီ ကူးရာမွာ ေႏွးေနတာမ်ိဳး ၾကံဳလာရမွာပါ။
Solid State Drive (SSD) ကေတာ့ HDD နဲ႔ တည္ေဆာက္ပံုျခင္းမတူပါဘူး။ သူ႔မွာ ေရြ႕လ်ားရတဲ့ အစိတ္အပုိ္င္းေတြမပါတဲ့အတြက္ loading time မွာ HDD နဲ႔ယွဥ္ရင္ သိသိသာသာျမန္ဆန္ပါတယ္။ SSD ရဲ႕ တည္ေဆာက္ပံုက က်ေနာ္တုိ႔ အကုန္နီးပါး အသံုးျပဳေနၾက သိေနၾကတဲ့ memory sitck ေတြနဲ႔တူပါတယ္။ HDD ေတြက လႈပ္ရွားမႈ (impact) ခံနိုင္ရည္နည္းပါးၿပီး အျမင့္က လြတ္က်တာမ်ိဳးဆုိ (internal component ေတြထိခိုက္ပီး) သံုးမရေတာ့တဲ့အထိပ်က္တတ္ပါတယ္။ SSD ကေတာ့ impact ခံႏုိင္ရည္အား အရမ္းေကာင္းပါတယ္၊ memory stick ေတြၾကည့္. . ဘယ္ေလာက္ လြတ္က်က် ပ်က္ခဲပါတယ္ (တူနဲ႔ေတာ့ မထုနဲ႔ေပါ့ )
မိမိ desktop ကြန္ပ်ဴတာသာ SSD ေတြခ်ည့္သံုးထား. . ကြန္ပ်ဴတာ ပံုး ကုိ ဒူးနဲ႔တုိက္ ေျခေထာက္နဲ႔ ကန္မိပေစအံုး အျခားအစိတ္အပုိင္းေတြသာ လစ္ခ်င္ လစ္သြားမယ္.. SSD က ေအးေဆးပါပဲ။
(Hard Disk ကိုအဓိကထားအသံုးျပဳေနတဲ့ ကြန္ပ်ဴတာေတြမွာ Hard Disk သက္တမ္းမၾကာေသးပဲပ်က္ရျခင္းက casing ပံုး တင္ထားတဲ့ ေနရာ စားပြဲက လႈပ္ေနတာမ်ိဳး၊ မီးအားအတက္အက်ၾကမ္းတာေၾကာင့္ HDD အလုပ္လုပ္ပံု မညိမ္ေတာ့တာမ်ိဳး စတာေတြပါ၀င္ပါတယ္)
ကြန္ပ်ဴတာအသံုးျပဳေနတုန္း ရုတ္တရက္မီးပ်က္သြားပီး UPS ကလည္း မထိမ္းေတာ့ပဲ shut down ျဖစ္သြားတာမ်ိဳးမွာ Hard Disk ဟာ အထိနာပါတယ္၊ မီးျပန္လာလုိ႔ကြန္ပ်ဴတာျပန္ဖြင့္ရင္ Windows boot ခ်က္ခ်င္းမတက္ပဲ ေတာင္အီေျမာက္အီအီ လုပ္ေနတာမ်ိဳးနဲ႔အခ်ိန္ေတြေတာ္ေတာ္ၾကာတတ္ပါတယ္။
SSD ေပၚမွာ Windows တင္ထားရင္ အဆုိပါဒုကၡေတြကင္းပါတယ္ .. boot တက္တာလည္း HDD က 7~15 sec ေလာက္ၾကာရင္ SSD က 4~8 sec ဆုိတာအလြန္ဆံုးပါပဲ။ သံုးရတာ စိတ္ခ်မ္းသာဖုိ႔ေကာင္းပါတယ္
SSD ရဲ႕ မေကာင္းတဲ့ အခ်က္ကုိေျပာပါဆုိရင္ ေစ်းႀကီးတာပါပဲ။
70000ks ၀န္းက်င္မွာ HDD ၀ယ္ရင္ 1TB (1000GB) ရေပမယ့္ SSD ဆုိရင္ 120GB ပဲရပါမယ္။
120GB ဆုိ ဘယ္လုိလုပ္ေလာက္မလည္း၊ အရမ္းနည္းတာပဲ၊ ဒါျဖင့္သံုးလုိ႔ဘယ္ျဖစ္မွာတုန္း ??
ဟုတ္ပါတယ္.. storage ပမာဏနည္းနည္းနဲ႔ ေပးရတာအရမ္းမ်ားေနတယ္ဆုိတာ… (laptop ေတြမွာလည္း SSD ပါ၀င္တဲ့ model ေတြဟာ ေစ်းႏႈန္းၾကီးျမင့္ေလ့ရိွပါတယ္)
သူ႔ကုိအသံုးခ်သင့္တာက Partition C လုိ႔ေခၚတဲ့ Windows OS ရိွတဲ့ ေနရာမွာပါ။
ပံုမွန္ ေဒတာ သိုေလွာင္ဖုိ႔အတြက္ကေတာ့ HDD ေတြကိုပဲ အားထားေနရအံုးမွာပါ။
Desktop ကြန္ပ်ဴတာအသံုးျပဳတဲ့သူတုိင္း SSD 120/128GB ေလာက္ကုိ OS အတြက္ သံုးသင့္ပါတယ္။
သိသိသာသာကြာပါတယ္ သံုးရတဲ့ feeling က
SSD
ေကာင္းက်ိဳး
1. Boot တက္ရန္ 4~7sec (Hard Disk နဲ႔ဆုိပါက 7~15sec . အခန္႔မသင့္ရင္ ဆယ္မိနစ္ခန္႔ၾကာနိုင္)
2. Read/write speed သံုးဆခန္႔ပိုမိုျမန္ဆန္ (game မ်ား load time တြင္ ပို္မိုျမန္ဆန္)
3. Impact ခံႏုိင္ရည္အား ေကာင္းမြန္
4. အရြယ္အစား ေသးငယ္
ဆုိးက်ိဳး
1. HDD ႏွင့္ယွဥ္လ်င္ ေစ်းနႈန္း အေတာ္ျမင့္မား
2. HDD မ်ားတြင္ ပ်က္ေတာ့မည္ဆုိပါက အသံမမွန္ေတာ့ျခင္း (ကလစ္ ကလစ္ ၾကားရ) ျဖင့္ သိႏုိင္ေသာ္လည္း SSD သည္ မည္သည့္ အရိပ္အေယာင္မွမျပပဲ ပ်က္ႏုိင္ျခင္း/ခန္႔မွန္းမရႏုိင္ျခင္း (HDD မွာ အသံမမွန္ေတာ့လ်င္ ၾကိဳတင္ backup လုပ္ထားျခင္းျဖင့္ data ကာကြယ္ႏိုင္မည္ျဖစ္ေသာ္လည္း SSD တြင္ ၾကိဳမခန္႔မွန္းႏုိ္င္)
3. Game မ်ားတြင္ load time တြင္သာ ပုိမုိျမန္ဆန္ပီး gameplay performance တြင္မူ HDD ႏွင့္အတူတူသာျဖစ္

No comments:

Post a Comment

မင်္ဂလာပါ..