menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Server အကြောင်းပြောရအောင်



Server အကြောင်းပြောရအောင်

ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။

အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။



"Server အဓိပ္ပါယ်"

ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသူကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။

ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

"Server မှာ OS လိုအပ်ခြင်း

သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့များကလည်း Server Operating System မသုံးပါဘူး။

သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။

"Server အမျိုးအစားများ"

Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။

အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါတယ်။ Web Server အနေနဲ့ Website ရဲ့ အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။

Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server

Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server

Communication Server - တယ်လီဖုန်း တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server

Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server

Fax server – Fax ဝန်ဆောင်မှု ပေးသော Server

File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server

Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server

Home Server - အိမ်များအတွက် Server

Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server

Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သု့ိ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့ ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။

"Server မှာ ဘာတွေ ပါလဲ"

Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။

"Server တို့ ဘယ်လို အလုပ်လုပ်လဲ"

သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့ Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။

Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ ဝဘ်ဆိုဒ်တစ်ခုအနေနဲ့ လူဘယ်နှစ်ယောက် ကြည့်ပြီးရင် ဒေါင်းတယ် ဆိုတာ Server ကိုယ်ရတဲ့ memory နဲ့ဆိုင်ပါတယ်။ IP ဘယ်လောက်ပဲ ဝင်သုံးလို့ရမယ်လို့ ကန့်သတ်ထားပါတယ်။ user များရဲ့ဝင်ရောက်ကြည့်ရှု အသုံးပြုမှု အရေအတွက် တစ်ခု ရောက်လို့ Memory ကျော်သွားရင် server အလုပ်လုပ်မှု ရပ်ပါတယ်။ ပြီးတော့ မိမိ ဝဘ်ဆိုဒ်မှာ အချက်အလက်တွေ တင်တာ သတ်မှတ်ချက်ထက် ကျော်လွန်သွား ရင်လည်း ဒေါင်းပါတယ်။ အချက်လက် ဘယ်လောက်ပဲ ထည့်ဖို့ Server မှာ memory space ဘယ်လောက်ဝယ်ထားတယ် ဆိုတာမျိုးပေါ့။

Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။

Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။

#Crd:


Server အေၾကာင္းေျပာရေအာင္
ဆာဗာ၊ ဆာဗာနဲ႔ ေျပာေနလိုက္ၾကတာ ေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားၾကမွာ အမွန္ပါပဲ။ ဥပမာ ဝဘ္ဆိုဒ္ တစ္ခု ဝင္လို႔ မရတဲ့အခါ လူတစ္ေယာက္ သြားေမးေတာ့ “အဲဒါဆာဗာေဒါင္းေနတယ္ကြာ”လို႔ေျဖတယ္ေလ။ နားမလည္တဲ့ အခ်ိန္တုန္းက ဆာဗာ ေဒါင္းတယ္ဆုိတာ နားထဲကို ကန္႔လန္႔လိုက္ဝင္ပါတယ္။ ကဲ တည့္ၾကရေအာင္။ အင္တာနက္ အသံုးျပဳတဲ့ လူတိုင္း နားလည္ေအာင္ အလြယ္ကူဆံုး နည္းနဲ႔ ရွင္းျပပါမယ္။
အဲဒီ ဆုိဒ္တစ္ခု ဖြင့္မရ ဆာဗာ ေဒါင္းတယ္ဆုိတာ Web Server ကိုေျပာတာပါ။ Server မွာေတာင္ အမ်ိဳးမ်ိဳး ကြဲေသး တယ္ေလ။ ကဲ စၾကရေအာင္။

"Server အဓိပၸါယ္"
ကြန္ျပဴတာကြန္ရက္မ်ားအား ခ်ိတ္ဆက္၍ သတင္းအခ်က္အလက္ ေပး ပို႔ေပးျခင္း၊ သိမ္းဆည္းထားေပးျခင္း တို႔ ျပဳလုပ္ေပးသူကို Server လို႔ ေခၚပါတယ္။ အလြယ္ကူဆံုး ေျပာျပပါမယ္။ ခုေန ရံုးအၾကီးစား တစ္ခုကိုသြားရင္ သူ႔မွာ စာရြက္စာတန္းေတြ ထိမ္းထား တဲ့ ေနရာတစ္ခုေတာ့ ရွိမွာပဲေလ။ ဂုိေထာင္တစ္ခုနဲ႔ကို သီးသန္႔ေတာင္ ထားၾကပါတယ္။ ေဆးရံုေတြမွာဆုိ ပုိအေရးၾကီးပါတယ္။ အခန္းၾကီး တစ္ခုထဲမွာ။ ဘယ္ေန႔က ဘယ္လူနာ၊ ဘယ္ေန႔က ဘယ္ေဆးတိုက္၊ ဘယ္သူဆင္း၊ ဘယ္သူေသ၊ ဘယ္သူတက္၊ ေဆးရံုအသံုးစရိတ္ ဘယ္ေလာက္၊ ဝန္ထမ္းအင္အား ဘယ္ေလာက္ အစရွိသျဖင့္ အခ်က္အလက္အားလံုးကို ဂုိေဒါင္ တစ္ခုထဲမွာသိမ္းထားပါမယ္။ လုိအပ္တဲ့အခါက် ဂိုေထာင္ထဲမွာ ဖိုင္စာရင္းအတိအက်ကို ထုတ္ယူလို႔ရေအာင္ စနစ္တက် ေသေသသပ္သပ္ ထည့္ထားပါတယ္။
ဟုတ္ကဲ့။ အဲဒီအခ်က္အလက္ေတြအားလံုးကို ကြန္ျပဴတာတစ္ခုထဲမွာပဲ ထည့္ျပီး ယင္းကြန္ျပဴတာကေန လိုသလို ထုတ္သံုးမယ္။ ေနာက္ထပ္ကြန္ျပဴ တာ တစ္ခုစီ ေရာက္ေအာင္လည္း ရံုးတြင္ network နဲ႔ ပုိ႔ေပးႏိုင္မယ္ဆုိရင္ ယင္းကြန္ျပဴတာက Server အေနနဲ႔ အလုပ္လုပ္ေနပါျပီ။ ဒီေတာ့ သူ႔ကို Database Server လို႔ အၾကမ္းဖ်င္းမွတ္ယူႏိုင္ပါတယ္။
"Server မွာ OS လိုအပ္ျခင္း
သာမန္ ဂိုေဒါင္တစ္လံုးမွာေတာင္ Store keeper ဆိုျပီး သီးသန႔္ခန္႔ရ တယ္ေလ။ ဒီေတာ့ Server တန္းဝင္ဖို႔အတြက္ Server လုပ္မယ့္ ကြန္ျပဴတာမွာ Server Operating System ကို ထည့္ထားရပါတယ္။ အခ်ိဳ ႔က်ေတာ့ ဂိုေထာင္ဝန္ထမ္းမထားခ်င္ဘူး။ အခ်က္အလက္ ကလည္း နည္းေတာ့ အဆင္ေျပသလိုထားတယ္။ ဟုတ္ကဲ့။ ကြန္ျပဴတာ မွာလည္း ကိုယ္ ေထာက္ပံ့၊ မွ်ေဝ၊ သိမ္းဆည္းေပးရမယ့္ အခ်က္အလက္က သိပ္မမ်ားဘူးဆုိျပီး အခ်ိဳ ႔မ်ားကလည္း Server Operating System မသံုးပါဘူး။
သံုးတယ္ဆုိရင္ ေရြးစရာက အမ်ားၾကီးပဲ။ Linux Server OS သံုးမလား၊ Windows လား၊ Mac လား အစရွိသျဖင့္ ေပါ့။ Server OS ဆုိလို႔ ဘာမ်ားလည္းလို႔ အေတြးနက္မသြားပါနဲ႔။ သူက ဂုိေထာင္တစ္ခုလို တာဝန္ထမ္းေပးမယ့္ ကြန္ျပဴတာကို အေကာင္းဆံုး ဝန္ေဆာင္မွု ေပးမယ့္ OS ပါ။ ေတာ္ရံု OS ကမလုပ္ႏိုင္တာေတြ လုပ္ေပးမွာေလ။
"Server အမ်ိဳးအစားမ်ား"
Web Server ဝဘ္ဆိုဒ္၊ ေဒတာ အခ်က္အလက္ မ်ား အား သိမ္းဆည္းေပး၊ ေစခိုင္းမွု (command လက္ခံေပး) ျပန္လည္ အေၾကာင္းၾကားေပးဖို႔ အလုပ္လုပ္ပါတယ္။ ဥပမာ က်ေနာ္က ဝဘ္ဆိုဒ္ တစ္ခု ေထာင္လိုက္မယ္။ ေထာင္တယ္ဆုိလို႔ ႏို႔ဆီဗူးေထာင္သလို ေထာင္လိုက္တာ မဟုတ္ဘူးေနာ္။ ဆုိဒ္တစ္ခု ပရိုဂရမ္နဲ႔ဆြဲျပီး အင္တာနက္ေပၚ လြင့္ပါမယ္။ ဒီလိုလြင့္ဖို႔အတြက္ ယင္းအခ်က္အလက္ေတြကို ဘယ္မွာ သိမ္းမလည္းက ရွိလာမယ္။ ဥပမာ ခုေန စာဖတ္သူတို႔ Facebook ေပၚမွာ ပံုေတြ တင္ၾကတယ္။ အဲ့ပံုေတြ ဘယ္ေရာက္သြားလဲ။ Facebook က အကိုေတြ၊အမေတြကပဲ အလွဆံုးပံုေတြေရြးလို႔ ဝိုင္ၾကည့္ေနၾကမယ္လို႔ ထင္လို႔လား။
အမွန္တာ့ ယင္းပုိ႔သမွ်ပံုေတြကို Server (ဂိုေဒါင္)ထဲ ထည့္ပါတယ္။ အခ်က္ အလက္သိမ္းဆည္းျပီး Hard Disk အၾကီးစားလိုပါပဲ။ Google ဆုိရင္ ကမၻာ့အၾကီးဆံုး Data Center ေတာင္ ပိုင္ပါတယ္။ Web Server အေနနဲ႔ Website ရဲ ႔ အခ်က္အလက္မ်ားကို သိမ္းဆည္းေပး၊ Command လက္ခံေပး၊ ျပန္လည္ အေၾကာင္းၾကားေပး အစရွိသျဖင့္ အလုပ္လုပ္ ပါတယ္။ Web Server အေၾကာင္းေနာက္မွ သက္သက္ရွင္းပါမယ္။
Application Server – Software app မ်ားအား အလုပ္လုပ္ရန္ ဝန္ေဆာင္မွုေပးေသာ Server
Catalog Server – network ေပါင္းမ်ားစြာမွာ အခ်က္လက္မ်ားကို အလြယ္တကူ ဆီးကူးေစရန္ central search point အျဖစ္ ဝန္ေဆာင္မွုေပးေသာ Server
Communication Server - တယ္လီဖုန္း တို႔ကဲ့သုိ႔ ဆက္သြယ္ေရးအတြက္ အသံုးျပဳေသာ Server
Database server - ကြန္ျပဴတာ ပရိုဂရမ္ႏွင့္ ကြန္ျပဴတာမ်ားအား သတင္းအခ်က္အလက္မ်ားအား သိမ္းဆည္းေပးသည့္ Server
Fax server – Fax ဝန္ေဆာင္မွု ေပးေသာ Server
File server - ဖိုင္မ်ားအား အေပးအယူ၊ အကူးအေျပာင္း ျပဳလုပ္ေပးေသာ Server
Game server - ဗီဒိယိုဂိမ္းပရိုဂရမ္ႏွင့္ User မ်ားအား ေထာက္ပံ့ေပးသည့္ Server
Home Server - အိမ္မ်ားအတြက္ Server
Name Server - ဝဘ္ဆိုဒ္ လိပ္စာ DNS မ်ားအား သိမ္းဆည္းဝန္ေဆာင္ မွုေပးသည့္ Server
Print Server (Printer ဝန္ေဆာင္မွုအတြက္ ဆာဗာ)၊ Proxy Server (မတူညီေသာ server မ်ားခ်ိတ္ဆက္ႏိုင္ရန္ ၾကားခံ ဆက္သြယ္ေပးေသာ Server, Sound server (ေရဒီယိုတို႔ကဲ့သု႔ိ multimedia broadcasting, streaming မ်ားအတြက္ အလုပ္လုပ္ေသာ ဆာဗာ)၊ Stand-alone Server, Computer Server အစရွိသျဖင့္ အမိ်ဳးမ်ိဳး ထပ္ကြဲပါတယ္။ အခ်ိဳ ႔ က်ေတာ့ လည္း Server တစ္ခုခ်င္းစီမခြဲပဲ သံုးေလးမ်ိဳးကို Server တစ္လံုးတည္းနဲ႔ လုပ္လို႔ရေအာင္ ဖန္တီး ေပးပါတယ္။ ေနာက္မွ Server တစ္ခုခ်င္းစီ အေၾကာင္း အေသးစိတ္ ရွင္းျပပါ့မယ္။
"Server မွာ ဘာေတြ ပါလဲ"
Server မွာ ပရိုဂရမ္အေနနဲ႔ Server OS ပါရမယ္လို႔ ေျပာျပီးသြားျပီ။ (မပါလည္း ကိစၥမရွိဘူးေနာ္)။ Hardware ပစၥည္း အေနနဲ႔ ကေတာ့ Memory (အခ်က္အလက္ သိမ္းဆည္းထားမယ့္ ပစၥည္း) လိုအပ္ပါတယ္။ Google တို႔လို ကုမၼဏီၾကီး ကေတာ့ Data Center ဟဲဗီး သံုးျပီး သူ႔ ကို Run ဖို႔အတြက္ သီးသန္႔ Data Center Server OS ေတာင္ သက္သက္သံုးရ ပါတယ္။ ေအးေအာင္လည္း အျမဲ လုပ္ေပးရပါတယ္။ ဒါမွ Server မေဒါင္းမွာေလ။ တစ္မိနစ္ေဒါင္းရင္ Google ဆံုးရွံုးမယ့္ ေငြက ကန္ေဒၚလာ သန္းေထာင္နဲ႔ခ်ီမွာပါ။ သူ႔ကိုမွီေနတဲ့ ကုမၼဏီ ေတြ ႏိုင္ငံတိုင္းမွာ ရွိေနလို႔ ျဖစ္ပါတယ္။ ဟုတ္ကဲ့ ဒီေတာ့ Server မွာ အခ်က္အလက္ သိမ္းဆည္း ေပးမည့္ ဟာ့ဒ္ဝဲ၊ Server အလုပ္လုပ္ရန္ စီမံခန္႔ခြဲေပးမည့္ software တို႔ လိုအပ္ပါတယ္။
"Server တို႔ ဘယ္လို အလုပ္လုပ္လဲ"
သာမန္ကြန္ျပဴတာပဲေလ။ Mail server ဆုိပါစို႔။ က်ေနာ္က Gmail စာတစ္ေစာင္ေရးလို႔ ပို႔လိုက္ျပီး mail server ထဲ ေရာက္ျပီး အဲ့ေမးလ္ကို စစ္ေပး။ ဘယ္ကိုယ္ပို႔ရမယ္ဆုိတာ ေသေသခ်ာခ်ာ ျပန္ၾကည့္ျပီး ပို႔ရမယ့္ လိပ္စာ၊ ေနရာ၊ ႏိုင္ငံ၊ အင္တာနက္လိုင္းကို စီးကူး ေပးလိုက္ပါတယ္။ ဒါေတြအားလံုးက တစ္မိနစ္အတြင္းမွာ ျဖစ္သြားတာေနာ္။ အင္တာနက္ လိုင္းျမန္ ရင္ စကၠန္႔နဲ႔ေတာင္ ျဖစ္တယ္။ Game server ဆိုရင္လည္း ဘယ္သူေတြ Log in ဝင္ထားလဲ။ ဘယ္သူေတြ ဘာလုပ္ေနလဲ။ သူကေတာ့ ဘာ အခ်က္အလက္ေတြ ပုိ႔လိုက္ပါျပီ။ ဟုိဘက္ကို ဘာအခ်က္ အလက္ ျပန္ပို႔ေပးရမယ္ အစရွိသျဖင့္ ေတာ္ေတာ္အလုပ္ရွုပ္ပါတယ္။ သူ႔ရဲ ႔ Data စီးဆင္းမွုကလည္း အေတာ္လည္း ျမန္ဆန္ပါတယ္။
Facebook ဆုိရင္ေတာ့ Web server ေပါ့။ က်ေနာ္တို႔က Log in ဝင္ရင္ ဘယ္သူက ဘယ္ IP နဲ႔ ဝင္လာပါတယ္။ ဘယ္ folder ကိုပို႔ေပးရမယ္။ ဘာေတြ ျပန္ပို႔ေပးရမယ္။ အစရွိသျဖင့္ အလုပ္ရွုပ္ပါတယ္။ ဝဘ္ဆုိဒ္တစ္ခုအေနနဲ႔ လူဘယ္ႏွစ္ေယာက္ ၾကည့္ျပီးရင္ ေဒါင္းတယ္ ဆုိတာ Server ကိုယ္ရတဲ့ memory နဲ႔ဆုိင္ပါတယ္။ IP ဘယ္ေလာက္ပဲ ဝင္သံုးလို႔ရမယ္လို႔ ကန္႔သတ္ထားပါတယ္။ user မ်ားရဲ ႔ဝင္ေရာက္ၾကည့္ရွု အသံုးျပဳမွု အေရအတြက္ တစ္ခု ေရာက္လို႔ Memory ေက်ာ္သြားရင္ server အလုပ္လုပ္မွု ရပ္ပါတယ္။ ျပီးေတာ့ မိမိ ဝဘ္ဆိုဒ္မွာ အခ်က္အလက္ေတြ တင္တာ သတ္မွတ္ခ်က္ထက္ ေက်ာ္လြန္သြား ရင္လည္း ေဒါင္းပါတယ္။ အခ်က္လက္ ဘယ္ေလာက္ပဲ ထည့္ဖို႔ Server မွာ memory space ဘယ္ေလာက္ဝယ္ထားတယ္ ဆုိတာမ်ဳိးေပါ့။
Domain Name Server ဆုိရင္လည္း ဘယ္ဝဘ္ဆုိဒ္ လိပ္စာ ဘယ္ IP ကေတာ့ register လုပ္လိုက္ပါျပီ။ ငါဒီ IP နဲ႔ လိပ္စာကို အျခားလူေပးလို႔ မရေတာ့ဘူး အစရွိသျဖင့္ DNS က အလုပ္လုပ္ပါတယ္။ ခုေန www.facebook.com နဲ႔ ဆုိဒ္တစ္ခု ရလားလို႔ register လုပ္ၾကည့္ေလ။ ယင္း နာမည္ကို DNS မွာ register လုပ္ထားျပီးျပီမို႔ ေနာက္လူေတြ လုပ္ယူလို႔ မရေတာ့ပါဘူး။ ဒါက ရွင္းရရင္ အမ်ားၾကီးရွိပါေသးတယ္။ ေနာက္မွ ရွင္းပါ့မယ္။
Server ကို သာမန္ကြန္ျပဴတာနဲ႔ မလုပ္ရျခင္းက အေၾကာင္း ၂ ခ်က္ရွိ ပါတယ္။ တစ္ခုက ၂၄ နာရီအလုပ္လုပ္ရန္ သာမန္ ကြန္ျပဴတာက မသင့္ေတာ္ျခင္းနဲ႔ သတင္းအခ်က္အလက္ေျမာက္မ်ားစြာကို လံုျခံဳစြာ သိမ္းဆည္းမေပးႏိုင္ျခင္းတို႔ေၾကာင္းပါ။ ဒါေၾကာင့္ Server ဆုိျပီး သီးသန္႔စက္ၾကီးေတြ၊ OS ေတြနဲ႔ run ရပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..