menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

RAM Memory ဆိုသည်မှာ



RAM (သို့) Random-access Memory ဆို သည် မှာ ……

RAM ကို Desktop computer များသာ မက၊ laptop, tablet, smartphone, electronic device, etc. အစရှိ သည် တို့ တွင် အသုံး ပြု သည် ကို တွေ့ မြင်နိုင်ပေသည်၊ RAM သည် ကွန်ပြူတာ တွင် အချက်အလက် နှင့် command တို့ကို CPU (central processing unit) သို့ မပို့ခင်၊ ခေတ္တ ခဏ သိမ်းဆည်းရာ နေရာ ဖြစ်ပေသည်၊ သို့သော် RAM တွင် သိမ်းဆည်းထားသည် တို့သည် ကွန်ပြူတာ မီးပိတ် သည် နှင့် ပျောက်ပျက် သွားပေသည်၊ hard disk နှင့် ROM (read only memory) ကဲ့သို့ မီးပိတ် သွားသော် လည်း data ကို မသိမ်းဆည်း ထားနိုင်ပေ။


RAM မှာ SRAM (static ram) နှင့် DRAM (dynamic ram) ဟူ ၍ တွေ့ ရ နိုင်ပါတယ်၊ SRAM က တော့ သူ့ ကို ပါဝါ ပေးထား သ၍ သူ့ မှာ ရှိ တဲ့ data ကို မပျောက်ပျက် အောင် သိမ်းထား နိုင်ပါတယ်၊ DRAM ဆို တာ ကတော့ သူ့မှာ capacitor နှင့် transistor ပါရှိပါတယ်၊ SRAM က DRAM လို သူ့ ထဲ က data ကို မပျောက် ပျက် အောင် refresh လုပ် စရာ မလိုအပ်ပါဘူး၊ ဒါကြောင့် SRAM ကို အသုံးပြုခြင်းဖြင့် data အသွင်းအထုတ် ပိုမို လျှင်မြန် ပါတယ်၊ SRAM သည် DRAM ထက် ဈေးပိုကြီး ပါတယ်၊ SRAM သည် data အသွင်း အထုတ် ပိုမို မြန်ဆန် တာ ကြောင့်၊ ကွန်ပြူတာ ၏ cache memory လို နေရာ မျိုး တွင် အသုံးပြုကြပါတယ်၊ DRAM ကို တော့ SRAM ထက် ပိုမို တွင်ကျယ်စွာ အသုံးပြုကြပြီး၊ microprocessor နှင့် computer ကို အခြေခံ တဲ့ devices တွေ မှာ DRAM ကို အသုံးပြုသည် ကို တွေ့ ရမှာ ဖြစ်ပါတယ်၊ တကယ်တော့ ကွန်ပြူတာ တွေ မှာ SRAM ကော DRAM ကော နှစ်မျိုး စလုံး အသုံးပြု ထားသည် ကို တွေ့ရှိ နိုင်ပါတယ်။


အပေါ်မှာ ရှင်းပြထား သလိုပါပဲ၊ DRAM တွင် capacitor နှင့် transistor ပါရှိပြီး၊ data ကို capacitor မှာ 1,0 အနေဖြင့် သိမ်းဆည်းထားပါတယ်၊ capacitor သည် charge ဖြစ်ပါက 1 ဖြစ်ပြီး၊ discharge ဖြစ်ပါက 0 ဖြစ်ပါတယ်၊ capacitor charge ဖြစ်နေ စဉ်၊ capacitor သည် leakage ရှိတာ ကြောင့် capacitor ကို ပြန်ပြီး refersh ပြုလုပ်ရန် လိုအပ်ပါတယ်၊

SDRAM (Synchronous Dynamic Random Access Memory):

SDRAM ကို ၁၉၉၆ နောက်ပိုင်း တွင် စတင် အသုံးပြု ပါတယ်၊ အရင် နည်းပညာ မျိုး မဟုတ် ပဲ၊ SDRAM သည် CPU နှင့် အချိန် ကိုက် အလုပ် လုပ်ဆောင် နိုင်တာ ကြောင့် memory နှင့် CPU အကြား data ကို သယ်ဆောင် ရာ တွင်၊ စောင့်ဆိုင်း စရာ မလို တော့ပေ၊

ဥပမာ။ ။ PC66 SDRAM သည် transfer rate 66 MT/s, PC100 SDRAM သည် transfer rate 100 MT/s, PC133 SDRAM သည် transfer rate 133 MT/s, etcs. ဖြင့် run ပါသည်။

SDRAM သည် SDR SDRAM (Single Data Rate SDRAM) ဖြစ်ပါတယ်၊ အသုံးပြု ရာ တွင် သူနှင့် အတူ အသုံးပြုတဲ့ I/O, internal clock နှင့် bus clock တို့သည် အတူတူ ဖြစ်ပါတယ်၊ ဥပမာ။ ။ PC133 နှင့် အတူ အသုံးပြုသော I/O, internal clock နှင့် bus clock တို့သည် 133 Mhz ဖြစ်ရပါတယ်၊ Single Data Rate ဆိုတာကတော့ SDR SDRAM သည် clock cycle တခု တွင် တကြိမ်သာ read/write ပြုလုပ်နိုင်ပါတယ်၊ SDRAM သည် အရင် command ကို လုပ်ဆောင်ခြင်း ပြီး မှ သာ နောက်ထပ် read/write operation တခု ပြုလုပ်နိုင်ပါတယ်။

DDR SDRAM (Double Data Rate SDRAM):

SDRAM ၏ နောက် generation အသစ် က တော့ DDR လို့ ခေါ်ပါတယ်၊ သူ၏ အားသာချက် က တော့ clock frequency ကို တိုးစရာ မလို အပ်ပဲ၊ bandwidth ကို ချဲ့တာ ကြောင့် data transfer rate နှစ်ဆ တိုးပါတယ်။

DDR SDRAM ၏ transfer rate သည် SDR SDRAM ၏ transfer rate ထက် နှစ်ဆ ဖြစ်ကာ၊ internal clock ကို လည်း ပြောင်းလည်း ဖို့ မလို အပ်ပါ။

DDR ၏ transfer rate သည် 266~400 MT/s အကြား ရှိပါတယ်၊ DDR266 နှင့် DDR400 တို့ သည် ယခု ဖေါ်ပြပါ အမျိုးအစား တွင် ပါဝင်ပါတယ်။

DDR SDRAM သည် (184 pins နှင့် a single notch on the connector) နှင့် ပြုလုပ်ထားပြီး၊ SDR SDRAM သည် (168 pins and two notches on the connector) နှင့် ပြုလုပ်ထားပါတယ်၊ DDR SDRAM သည် lower standard voltage (2.5 V from 3.3 V) ဖြင့် အလုပ် လုပ်ဆောင်နိုင်ပါတယ်။

DDR2 SDRAM(Double Data Rate Two SDRAM):

၎င်း အသုံး ပြုသော external bus speed သည် DDR SDRAM အသုံးပြုသည် ထက် နှစ်ဆ ရှိပါတယ်၊ DDR2 SDRAM ၏ buffer သည် DDR SDRAM ထက် နှစ်ဆ ရှိပါတယ်၊ DDR2 အသုံးပြုသော internet clock speed သည် DDR အသုံးပြုသော internet clock speed နှင့် တူညီ ပြီး၊ (133~200MHz) အကြား ရှိပါတယ်၊ သို့သော် DDR2 ၏ transfer rate သည် 533~800 MT/s ရှိပြီး၊ DDR2 533 နှင့် DDR2 800 memory types များ ပါဝင်ပါတယ်၊ DDR2 SDRAM သည် lower voltage (1.8 V) ဖြင့် အလုပ် လုပ်ကာ pins (240) ပါဝင်ပါတယ်။

DDR3 SDRAM(Double Data Rate Three SDRAM):

DDR3 memory သည် DDR2 modules ထက် 40% power consumption လျှော့ပြီး၊ lower operating currents နှင့် voltages (1.5 V, compared to DDR2's 1.8 V or DDR's 2.5 V) တွင် အလုပ် လုပ်ပါတယ်၊ memory capacity လည်း ပိုများများ ထားနိုင်ပါတယ်။

DDR3 ၏ transfer rate သည် 800~1600 MT/s ဖြစ်ပါတယ်၊ DDR3 ၏ prefetch buffer width သည် 8 bit ဖြစ်ပြီး၊ DDR2 ၏ prefetch buffer width သည် 4 bit, ဖြစ်ကာ DDR's ကတော့ 2 bit သာ ဖြစ်ပါတယ်၊ DDR3 တွင် ပါဝင် သော functions နှစ်ခု သည် ASR (Automatic Self-Refresh) နှင့် SRT (Self-Refresh Temperature) ပဲ ဖြစ်ပါတယ်၊ ထို့ကြောင့် memory သည် အပူချိန် ကို မူတည်ပြီး refresh rate ကို ထိန်းချုပ် နိုင်ပါတယ်။

DDR4 SDRAM (Double Data Rate Fourth SDRAM):

DDR4 SDRAM သည် နိမ့်သော operating voltage (1.2V) နှင့် higher transfer rate ဖြင့် အလုပ် လုပ်ပါတယ်၊ DDR4 ၏ transfer rate သည် 2133~3200 MT/s အကြား ရှိပါတယ်၊ memory capacity လည်း ပိုများများ ထားနိုင်ပါတယ်။DDR4 သည် clock cycle တခု အတွင်း data ၄ခု ကို အလုပ်လုပ် ဆောင်နိုင်ပါတယ်၊ ထို့ကြောင့် DDR4 သည် DDR3 ၏ လုပ်ဆောင့် ချက်ထက် ပိုမိုကောင်းမွန်ပါတယ်၊ DDR4 တွင် ထပ်မံ ပါဝင်သော functions များမှာ DBI (Data Bus Inversion), CRC (Cyclic Redundancy Check) နှင့် CA parity တို့ ဖြစ်ကြပါတယ်၊ ၎င်းတို့ ကြောင့် DDR4 memory ၏ signal integrity ကို ပိုမို ကောင်းမွန် ကာ၊ data transmission/access ပြုလုပ်ရာ တွင် လည်း တည်ငြိမ် မှု ကို အထောက်အကူ ပေးပါတယ်။

Memory သည် ကွန်ပြူတာ တလုံး အတွက် များစွာ အရေးပါ ပါတယ်၊ ကွန်ပြူတာ ကို boot မလုပ်ခင် POS (power on self test) တွင်၊ memory test လုပ်ပါတယ်၊ memory test အောင်မြင် မှ သာ ကွန်ပြူတာ ရှေ့ဆက် အလုပ်လုပ်ပါတယ်၊ သို့ မဟုတ်ပါက beep အသံ မြည် ကာ ကွန်ပြူတာ boot လုပ်၍ မရပါ၊ ကွန်ပြူတာ တွင် memory များ ပါက အလုပ် လုပ်ဆောင် ရ သည် မှာ ပိုမို မြန်ဆန် ပါတယ်၊ ဥပမာ။ ။ Chrome browser တွင် tab များများ ဖွင့်ပါက ကွန်ပြူတာ အသုံးပြု ရ လေးလာသည် ကို တွေ့ရှိရ လေသည်၊ memory အသုံး များ သော ဆော့ပ်ဝဲလ် များ အတွက် လည်း memory များများ ရှိရန် လိုအပ်ပါတယ်၊ motherboard နှင့် OS ပေါ် မူတည်ကာ၊ memory ထပ်ထည့် နိုင်ပါတယ်၊ ဝင်းဒိုး 32 bits OS သည် 4GB memory ကိုသာ အသုံးပြု နိုင်ကာ၊ 64 bit OS က တော့ memory 4 GB ထက် ပိုပြီး ထားရှိနိုင်ပါတယ်။

သိထားသင့်သော Memory အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🛑 ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ Practical A+ သင်ခန်းစာထဲမှ တစ်ခုဖြစ်တဲ့ Memory အကြောင်းကို ဖြစ်ပါတယ်။ Memory ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် မှတ်ဥာဏ်လို့ ပြောလို့ရပါတယ်။ Memory ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အချက်အလက် (Data) တွေကို သိမ်းဆည်းတာပေ့ါဗျာ။ တနည်းအားဖြင့် သိုလှောင်ထားတယ်ပေါ့။ ဘိုလို ပြောရင်တော့ Data Store လုပ်တယ်ပေ့ါ။
🛑 ကျနော်တို့ ပတ်၀န်းကျင်မှာ Memory အကြောင်းကို မကြာခဏ ပြောလေ့ ရှိပါတယ်။ မင်းဖုန်း Memory ဘယ်လောက်လဲတို့၊ မင်း ကွန်ပြုတာမှာ Memory ဘယ်လောက်ပါလဲ ဆိုပြီး ပြောလေ့ ရှိပါတယ်။ တကယ်တော့ Memory က အဲ့လောက် မရိုးရှင်းပါဘူး။ ဆိုလိုချင်တာက Memory မှာ အမျိုးအစားများစွာ ရှိပါတယ်။
🛑 အကြမ်းဖျင်းအားဖြင့် Memory မှာ Primary Memory နဲ့ Secondary Memory ဆိုပြီး ၂မျိုးခွဲခြားနိင်ပါတယ်။ Primary Memory သည် RAM ကို ပြောတာ ဖြစ်ပြီးတော့ Secondary Memory သည် Hard Disk ကို ပြောခြင်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးအနေနဲ့ ပြောမယ်ဆိုရင် Primary Memory သည် RAM ကိုပြောတာဖြစ်ပြီးတော့ Secondary Memory သည် SD Card တို့၊ Internal Storage/Memory တို့နဲ့ အလားတူပါတယ်။ ဒီလောက်ဆိုရင် Primary Memory နဲ့ Secondary Memory ကို ခွဲခြားတက်မယ် ထင်ပါတယ်။ ဒီနေ့မှာတော့ Primary Memory ဖြစ်တဲ့ RAM အကြောင်းကို အဓိက ထားပြောပေးသွားမှာ ဖြစ်ပါတယ်။
🛑 ကဲ ဒါဆိုရင် RAM အကြောင်းကို ဆက်ပြောကြရအောင်။ RAM ကို Random Access Memory လို့ခေါ်ပါတယ်။ Random Access Memory မှာ Memory ဆိုတာသည် Data Store လုပ်တယ်လို့ ရှေ့မှာလဲ ပြောခဲ့ပါတယ်။ ခုပြောပြမှာက သူ့ရှေ့က Random Access ဖြစ်ပါတယ်။ ကျနော် ဥပမာလေးတစ်ခုနဲ့ ရှင်းပြပါရစေ။ RAM ဆိုတာကြီးကို ဇယားကွက် တစ်ခုလို့မြင်ကြည့်လိုက်ဗျာ။ Data တွေသိမ်းမယ်ဆိုရင် ၄င်းဇယားကွက်ထဲမှာ သိမ်းတယ်။ CPU က ဇယားကွက် (၁) ထဲမှာ ရှိတဲ့ Data တွေကို ယူသုံးနေစဉ်မှာဘဲ ဇယားကွက် (၁၀) မှာရှိတဲ့ Data တွေကို ယူသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက ဇယားကွက် (၁)မှာ ရှိတဲ့ Data တွေဖတ်နေရင်း ဇယားကွက် (၁၀)ကို သွားချင်တဲ့အခါ ကြားထဲက ဇယားကွက်တွေကို ကျော်သွားလို့ရတယ်။ လိုချင်တဲ့အချိန်ဆို ချက်ချင်း ကြိုက်တဲ့ ဇယားကွက်တွေကို ဖတ်နိုင်တယ်။ ဒါကို အင်္ဂလိပ်လို Random လို့ခေါ်ပါ တယ်။ ကတ်ဆက်တိတ်ခွေတွေကို သိမယ်ထင်ပါတယ်။ ရှေးဆုံးက သီချင်းတစ်ပုဒ်နားထောင်နေရင်းနဲ့ နောက်ဆုံးတစ်ပုဒ်ကို ကျော် ပြီး နားထောင်လို့မရဘူး။ ရစ်ပြီးမှ နားထောင်လို့ ရပါတယ်။ RAM ကတော့ အဲ့လိုမဟုတ်ဘူး အထက်မှာ ရှင်းပြတဲ့အတိုင်း လိုချင်တဲ့အချိန်မှာ ကြိုတက်တဲ့ Data ကိုဖတ်နိုင်ပါတယ်။ CPU က Memory ထဲက Data တွေ ယူသုံးတာကို Access လုပ်တယ်လို့ ခေါ်ပါတယ်။ Memory ထဲမှာ ရှိတဲ့ Data တွေကို လိုချင်တဲ့ အချိန်ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ခြင်းကို RAM ဟုခေါ်ပါသည်။ RAM အကြောင်း ရှင်းပြတာ နားလည်မယ်ထင်ပါတယ်။

=====================


#Crd:



RAM (သို႔) Random-access Memory ဆို သည္ မွာ ……
RAM ကို Desktop computer မ်ားသာ မက၊ laptop, tablet, smartphone, electronic device, etc. အစရွိ သည္ တို႔ တြင္ အသုံး ျပဳ သည္ ကို ေတြ႕ ျမင္နိုင္ေပသည္၊ RAM သည္ ကြန္ျပဴတာ တြင္ အခ်က္အလက္ ႏွင့္ command တို႔ကို CPU (central processing unit) သို႔ မပို႔ခင္၊ ေခတၱ ခဏ သိမ္းဆည္းရာ ေနရာ ျဖစ္ေပသည္၊ သို႔ေသာ္ RAM တြင္ သိမ္းဆည္းထားသည္ တို႔သည္ ကြန္ျပဴတာ မီးပိတ္ သည္ ႏွင့္ ေပ်ာက္ပ်က္ သြားေပသည္၊ hard disk ႏွင့္ ROM (read only memory) ကဲ့သို႔ မီးပိတ္ သြားေသာ္ လည္း data ကို မသိမ္းဆည္း ထားနိုင္ေပ။
RAM မွာ SRAM (static ram) ႏွင့္ DRAM (dynamic ram) ဟူ ၍ ေတြ႕ ရ နိုင္ပါတယ္၊ SRAM က ေတာ့ သူ႕ ကို ပါဝါ ေပးထား သ၍ သူ႕ မွာ ရွိ တဲ့ data ကို မေပ်ာက္ပ်က္ ေအာင္ သိမ္းထား နိုင္ပါတယ္၊ DRAM ဆို တာ ကေတာ့ သူ႕မွာ capacitor ႏွင့္ transistor ပါရွိပါတယ္၊ SRAM က DRAM လို သူ႕ ထဲ က data ကို မေပ်ာက္ ပ်က္ ေအာင္ refresh လုပ္ စရာ မလိုအပ္ပါဘူး၊ ဒါေၾကာင့္ SRAM ကို အသုံးျပဳျခင္းျဖင့္ data အသြင္းအထုတ္ ပိုမို လွ်င္ျမန္ ပါတယ္၊ SRAM သည္ DRAM ထက္ ေစ်းပိုႀကီး ပါတယ္၊ SRAM သည္ data အသြင္း အထုတ္ ပိုမို ျမန္ဆန္ တာ ေၾကာင့္၊ ကြန္ျပဴတာ ၏ cache memory လို ေနရာ မ်ိဳး တြင္ အသုံးျပဳၾကပါတယ္၊ DRAM ကို ေတာ့ SRAM ထက္ ပိုမို တြင္က်ယ္စြာ အသုံးျပဳၾကၿပီး၊ microprocessor ႏွင့္ computer ကို အေျခခံ တဲ့ devices ေတြ မွာ DRAM ကို အသုံးျပဳသည္ ကို ေတြ႕ ရမွာ ျဖစ္ပါတယ္၊ တကယ္ေတာ့ ကြန္ျပဴတာ ေတြ မွာ SRAM ေကာ DRAM ေကာ ႏွစ္မ်ိဳး စလုံး အသုံးျပဳ ထားသည္ ကို ေတြ႕ရွိ နိုင္ပါတယ္။

အေပၚမွာ ရွင္းျပထား သလိုပါပဲ၊ DRAM တြင္ capacitor ႏွင့္ transistor ပါရွိၿပီး၊ data ကို capacitor မွာ 1,0 အေနျဖင့္ သိမ္းဆည္းထားပါတယ္၊ capacitor သည္ charge ျဖစ္ပါက 1 ျဖစ္ၿပီး၊ discharge ျဖစ္ပါက 0 ျဖစ္ပါတယ္၊ capacitor charge ျဖစ္ေန စဥ္၊ capacitor သည္ leakage ရွိတာ ေၾကာင့္ capacitor ကို ျပန္ၿပီး refersh ျပဳလုပ္ရန္ လိုအပ္ပါတယ္၊
SDRAM (Synchronous Dynamic Random Access Memory):
SDRAM ကို ၁၉၉၆ ေနာက္ပိုင္း တြင္ စတင္ အသုံးျပဳ ပါတယ္၊ အရင္ နည္းပညာ မ်ိဳး မဟုတ္ ပဲ၊ SDRAM သည္ CPU ႏွင့္ အခ်ိန္ ကိုက္ အလုပ္ လုပ္ေဆာင္ နိုင္တာ ေၾကာင့္ memory ႏွင့္ CPU အၾကား data ကို သယ္ေဆာင္ ရာ တြင္၊ ေစာင့္ဆိုင္း စရာ မလို ေတာ့ေပ၊
ဥပမာ။ ။ PC66 SDRAM သည္ transfer rate 66 MT/s, PC100 SDRAM သည္ transfer rate 100 MT/s, PC133 SDRAM သည္ transfer rate 133 MT/s, etcs. ျဖင့္ run ပါသည္။
SDRAM သည္ SDR SDRAM (Single Data Rate SDRAM) ျဖစ္ပါတယ္၊ အသုံးျပဳ ရာ တြင္ သူႏွင့္ အတူ အသုံးျပဳတဲ့ I/O, internal clock ႏွင့္ bus clock တို႔သည္ အတူတူ ျဖစ္ပါတယ္၊ ဥပမာ။ ။ PC133 ႏွင့္ အတူ အသုံးျပဳေသာ I/O, internal clock ႏွင့္ bus clock တို႔သည္ 133 Mhz ျဖစ္ရပါတယ္၊ Single Data Rate ဆိုတာကေတာ့ SDR SDRAM သည္ clock cycle တခု တြင္ တႀကိမ္သာ read/write ျပဳလုပ္နိုင္ပါတယ္၊ SDRAM သည္ အရင္ command ကို လုပ္ေဆာင္ျခင္း ၿပီး မွ သာ ေနာက္ထပ္ read/write operation တခု ျပဳလုပ္နိုင္ပါတယ္။
DDR SDRAM (Double Data Rate SDRAM):
SDRAM ၏ ေနာက္ generation အသစ္ က ေတာ့ DDR လို႔ ေခၚပါတယ္၊ သူ၏ အားသာခ်က္ က ေတာ့ clock frequency ကို တိုးစရာ မလို အပ္ပဲ၊ bandwidth ကို ခ်ဲ့တာ ေၾကာင့္ data transfer rate ႏွစ္ဆ တိုးပါတယ္။
DDR SDRAM ၏ transfer rate သည္ SDR SDRAM ၏ transfer rate ထက္ ႏွစ္ဆ ျဖစ္ကာ၊ internal clock ကို လည္း ေျပာင္းလည္း ဖို႔ မလို အပ္ပါ။
DDR ၏ transfer rate သည္ 266~400 MT/s အၾကား ရွိပါတယ္၊ DDR266 ႏွင့္ DDR400 တို႔ သည္ ယခု ေဖၚျပပါ အမ်ိဳးအစား တြင္ ပါဝင္ပါတယ္။
DDR SDRAM သည္ (184 pins ႏွင့္ a single notch on the connector) ႏွင့္ ျပဳလုပ္ထားၿပီး၊ SDR SDRAM သည္ (168 pins and two notches on the connector) ႏွင့္ ျပဳလုပ္ထားပါတယ္၊ DDR SDRAM သည္ lower standard voltage (2.5 V from 3.3 V) ျဖင့္ အလုပ္ လုပ္ေဆာင္နိုင္ပါတယ္။
DDR2 SDRAM(Double Data Rate Two SDRAM):
၎ အသုံး ျပဳေသာ external bus speed သည္ DDR SDRAM အသုံးျပဳသည္ ထက္ ႏွစ္ဆ ရွိပါတယ္၊ DDR2 SDRAM ၏ buffer သည္ DDR SDRAM ထက္ ႏွစ္ဆ ရွိပါတယ္၊ DDR2 အသုံးျပဳေသာ internet clock speed သည္ DDR အသုံးျပဳေသာ internet clock speed ႏွင့္ တူညီ ၿပီး၊ (133~200MHz) အၾကား ရွိပါတယ္၊ သို႔ေသာ္ DDR2 ၏ transfer rate သည္ 533~800 MT/s ရွိၿပီး၊ DDR2 533 ႏွင့္ DDR2 800 memory types မ်ား ပါဝင္ပါတယ္၊ DDR2 SDRAM သည္ lower voltage (1.8 V) ျဖင့္ အလုပ္ လုပ္ကာ pins (240) ပါဝင္ပါတယ္။
DDR3 SDRAM(Double Data Rate Three SDRAM):
DDR3 memory သည္ DDR2 modules ထက္ 40% power consumption ေလွ်ာ့ၿပီး၊ lower operating currents ႏွင့္ voltages (1.5 V, compared to DDR2's 1.8 V or DDR's 2.5 V) တြင္ အလုပ္ လုပ္ပါတယ္၊ memory capacity လည္း ပိုမ်ားမ်ား ထားနိုင္ပါတယ္။
DDR3 ၏ transfer rate သည္ 800~1600 MT/s ျဖစ္ပါတယ္၊ DDR3 ၏ prefetch buffer width သည္ 8 bit ျဖစ္ၿပီး၊ DDR2 ၏ prefetch buffer width သည္ 4 bit, ျဖစ္ကာ DDR's ကေတာ့ 2 bit သာ ျဖစ္ပါတယ္၊ DDR3 တြင္ ပါဝင္ ေသာ functions ႏွစ္ခု သည္ ASR (Automatic Self-Refresh) ႏွင့္ SRT (Self-Refresh Temperature) ပဲ ျဖစ္ပါတယ္၊ ထို႔ေၾကာင့္ memory သည္ အပူခ်ိန္ ကို မူတည္ၿပီး refresh rate ကို ထိန္းခ်ဳပ္ နိုင္ပါတယ္။
DDR4 SDRAM (Double Data Rate Fourth SDRAM):
DDR4 SDRAM သည္ နိမ့္ေသာ operating voltage (1.2V) ႏွင့္ higher transfer rate ျဖင့္ အလုပ္ လုပ္ပါတယ္၊ DDR4 ၏ transfer rate သည္ 2133~3200 MT/s အၾကား ရွိပါတယ္၊ memory capacity လည္း ပိုမ်ားမ်ား ထားနိုင္ပါတယ္။DDR4 သည္ clock cycle တခု အတြင္း data ၄ခု ကို အလုပ္လုပ္ ေဆာင္နိုင္ပါတယ္၊ ထို႔ေၾကာင့္ DDR4 သည္ DDR3 ၏ လုပ္ေဆာင့္ ခ်က္ထက္ ပိုမိုေကာင္းမြန္ပါတယ္၊ DDR4 တြင္ ထပ္မံ ပါဝင္ေသာ functions မ်ားမွာ DBI (Data Bus Inversion), CRC (Cyclic Redundancy Check) ႏွင့္ CA parity တို႔ ျဖစ္ၾကပါတယ္၊ ၎တို႔ ေၾကာင့္ DDR4 memory ၏ signal integrity ကို ပိုမို ေကာင္းမြန္ ကာ၊ data transmission/access ျပဳလုပ္ရာ တြင္ လည္း တည္ၿငိမ္ မႈ ကို အေထာက္အကူ ေပးပါတယ္။
Memory သည္ ကြန္ျပဴတာ တလုံး အတြက္ မ်ားစြာ အေရးပါ ပါတယ္၊ ကြန္ျပဴတာ ကို boot မလုပ္ခင္ POS (power on self test) တြင္၊ memory test လုပ္ပါတယ္၊ memory test ေအာင္ျမင္ မွ သာ ကြန္ျပဴတာ ေရွ႕ဆက္ အလုပ္လုပ္ပါတယ္၊ သို႔ မဟုတ္ပါက beep အသံ ျမည္ ကာ ကြန္ျပဴတာ boot လုပ္၍ မရပါ၊ ကြန္ျပဴတာ တြင္ memory မ်ား ပါက အလုပ္ လုပ္ေဆာင္ ရ သည္ မွာ ပိုမို ျမန္ဆန္ ပါတယ္၊ ဥပမာ။ ။ Chrome browser တြင္ tab မ်ားမ်ား ဖြင့္ပါက ကြန္ျပဴတာ အသုံးျပဳ ရ ေလးလာသည္ ကို ေတြ႕ရွိရ ေလသည္၊ memory အသုံး မ်ား ေသာ ေဆာ့ပ္ဝဲလ္ မ်ား အတြက္ လည္း memory မ်ားမ်ား ရွိရန္ လိုအပ္ပါတယ္၊ motherboard ႏွင့္ OS ေပၚ မူတည္ကာ၊ memory ထပ္ထည့္ နိုင္ပါတယ္၊ ဝင္းဒိုး 32 bits OS သည္ 4GB memory ကိုသာ အသုံးျပဳ နိုင္ကာ၊ 64 bit OS က ေတာ့ memory 4 GB ထက္ ပိုၿပီး ထားရွိနိုင္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..