menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Printer ဝယ်မယ်ဆိုရင်





 ================

Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာလေးတွေ ပြန်လည်ဝေမျှလိုက် ပါသည်။

Printer အမျိုးအစားများ၊ အဓိကအားဖြင့်

* Dot Matrix Printer

* Laser Printer

* Inkjet Printer

Dot Matrix Printer

----------------------------


သူက Dot လို့ ခေါ်တဲ့ အစက်သေးသေးလေးတွေ ပေါင်းပြီး ပုံဖော်ပေးတဲ့ Printer ပါ။ စာရွက်ပေါ်မှာ Ribbon ခံပြီး ရိုက်သွားတာပါပဲ။ Dot Matrix Printer တွေဟာ print ထုတ်တဲ့အချိန် ကြာတာရယ်၊ အသံ ဆူညံတာကလွဲရင် သုံးလို့ အဆင်ပြေပါတယ်။ Ribbon ဈေးသက်သာတယ်၊ စစ်တောင်းစက္ကူနဲ့ သုံး လို့ရတယ်။ ကျောင်းသုံး/ရုံးသုံး နဲ့ ဖယောင်း စာရွက် ဖောက်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။


Laser Printer

--------------------

> Laser Printer တွေမှာတော့ ပုံရိပ်ဖော်ဖို့အတွက် မင်မှုန့် (ကာဗွန်မှုန့်) ကို အသုံးပြုပါတယ်။ စာရွက်ကို Cartridge ထဲက ကာဗွန်မှုန့်တွေနဲ့ တွေ့အောင် Drum က လှည့်ပေးလိုက်လို့ ကာဗွန်မှုန့်တွေက စာရွက်ပေါ်မှာ Laser Beam က ပုံရိပ်ဖော်ပေးထား တဲ့အတိုင်း ကပ်သွား၊ စာရွက်က Fuser ကို ဖြတ်တဲ့ အချိန်မှာ Fuser က အပူပေးလိုက်တော့ မင်မှုန့် တွေက စာရွက်ပေါ်မှာ အသေကပ်သွားတဲ့ နည်းနဲ့ ပုံဖော်ပေးပါတယ်။ Fuser ပျက်နေရင် စာရွက်ပေါ်က စာလုံးတွေဟာ လက်နဲ့ပွတ်လိုက်တာနဲ့ ပျက်သွားမှာ ပါပဲ။

. တစ်ချို့သူတွေ အကြမ်းထုတ်ရင် စစ်တောင်းစက္ကူ (သို့) တွန့်ကြေနေတဲ့ စက္ကူတွေနဲ့ ထုတ်တာ တွေ့ရပါ တယ်။ စက္ကူမကောင်းရင် Drum ထိသွားနိုင်ပါတယ်။

>> Laser Printer တွေမှာ

- Monochrome ( ဖြူ/မည်း )

- Color. ( ရောင်စုံ ) နှစ်မျိုး ရှိပါတယ်။

Laser Printer တွေဟာ အခြား Printer အမျိုးအစားတွေထက် လျင်မြန်စွာ ပုံထုတ်ပေးနိုင်ပါ တယ်။

Inkjet Printer

--------------------

> Dot Matrix ရဲ့ နည်းပညာကိုပဲ အခြေခံထားတာပါ၊ သူကတော့ ရောင်စုံရတာပေါ့။ Inkjet printer တွေက မင်ရည်ထည့်ထားတဲ့ Ink Cartridge တွေနဲ့ အလုပ် လုပ်ပါတယ်။ Printer က command ပေးလိုက်တဲ့ အခါ Cartridge ရဲ့ nozzle ခေါင်းလေးတွေကနေ တဆင့် မင်ရည်တွေကို စာရွက်ပေါ် ဖျန်းပေးလိုက်တာ ပါပဲ။

တစ်ချို့ Printer တွေမှာ မူရင်း cartridge ကို မသုံးပဲ အပြင်ဘက်ကနေ Ink Tank ချိတ်ဆက်ပြီး မင်ရည်ကို ဖြည့်သုံးကြပါတယ်။

Inkjet Printer တွေဟာ မသုံးတာကြာရင် nozzle ခေါင်းတွေ ပိတ်ကုန်တက်ပါတယ်။ ဒါကြောင့် မကြာမကြာ အသုံးပြုပေးရပါတယ်။

Print ထုတ်တဲ့ speed က Laser printer တွေ လောက် မမြန်ပါဘူး။

.................................................

* Printer တစ်လုံးရဲ့ စွမ်းဆောင်ရည်မှာ

dpi, ppm, gppm စတာတွေဟာ အရေးကြီး ပါတယ်။

dpi (dot per inch) ဆိုတာ တစ်လက်မအတွင်း ပုံနှိပ်နိုင်စွမ်းရှိတဲ့ အစက်အရေအတွက်ကို ပြောတာပါ၊ တစ်လက်မအတွင်း အစက်များများပါနိုင်လေ resolution ကောင်းလေ ဖြစ်ပါတယ်။ resolution ဆိုတာက ပုံရိပ်ဖော်ပြမှုကို ပြောတာပါ။

နောက်တစ်ခုက ppm (page per minute) ပါ။ တစ်မိနစ်ကို စာမျက်နှာ ဘယ်လောက်ရိုက်ထုတ်နိုင် လည်းဆိုတာကို ပြောတာပါ။

gppm (graphic page per minute) ဆိုတာ text မပါပဲ graphics တွေကို ရိုက်ထုတ်နိုင်တဲ့နှုန်း ကို ဆိုလိုတာပါ။

.........................

Printer နဲ့ Computer ကို ချိတ်ဆက်ဖို့အတွက်

USB port ကို အသုံးပြုပါတယ်။ တချို့ Printer တွေမှာ Network cable ဖြင့် ချိတ်ဆက်သုံးလို့ရအောင် Ethernet port နှင့် ကြိုးမဲ့ချိတ်ဆက်လို့ရအောင် 802.11 (wi-fi) တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

မြန်မာနိုင်ငံတွင် ရရှိနိုင်သော Printer brand များ

...................................................................

- Canon

- Epson

- HP

- Brother

- Fuji Xerox

- Sharp

ဈေးနှုန်း သင့်တင့်ပြီး ရုံးသုံး/လုပ်ငန်းသုံး အသုံးပြု နိုင်သော Printer အချို့

-------------------------

* Laser Printer

- Canon LBP 6030

18 ppm, 2400 x 600 dpi, 32MB

- Canon LBP 2900

12 ppm, 2400 x 600 dpi, 2MB

- Brother HL-1210

20 ppm, 32MB, WiFi*

- Canon MF 3010

( Print / Scan / Copy )

* Inkjet Printer

- Epson L310

( Print only )

- Epson L360

( Print / Scan / Copy )

- Canon G1010

( Print only )

- Canon G1010

( Print / Scan / Copy )

- Brother DCP-T300

( Print / Scan / Copy )

- Epson L805

( Print only )

...............................................

မိတ်ဆွေတို့အတွက် အသိတိုးတယ်ဆိုရင်

အခြားမိတ်ဆွေတွေလဲ ဗဟုသုတရအောင် Share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါဦးနော်။



Zawgyi================Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာလေးတွေ ပြန်လည်ဝေမျှလိုက် ပါသည်။
* Dot Matrix Printer
* Laser Printer
* Inkjet Printer
Dot Matrix Printer
----------------------------

Laser Printer
--------------------
>> Laser Printer တွေမှာ
- Monochrome ( ဖြူ/မည်း )
Inkjet Printer
--------------------
.................................................
.........................
...................................................................
- Canon
- Epson
- HP
- Brother
- Fuji Xerox
- Sharp
-------------------------
* Laser Printer
- Canon LBP 6030
- Canon LBP 2900
12 ppm, 2400 x 600 dpi, 2MB
- Brother HL-1210
20 ppm, 32MB, WiFi*
- Canon MF 3010
( Print / Scan / Copy )
* Inkjet Printer
- Epson L310
( Print only )
- Epson L360
( Print / Scan / Copy )
- Canon G1010
( Print only )
- Canon G1010
( Print / Scan / Copy )
- Brother DCP-T300
( Print / Scan / Copy )
- Epson L805
( Print only )
...............................................

No comments:

Post a Comment

မင်္ဂလာပါ..