menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

OTG ဟူသည်




"OTG ဆိုတာဘာလဲ…?

ဘယ်လို အသုံးဝင်တာလဲ....? "

••••••••••••••••••••••••••••••••••••••

တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။  စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီးစူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွဲှသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .





OTG

OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။

USB OTG Adapter

USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။

ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွဲှပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick

USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။

OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလဲ 4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။

Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ ဈေးပေါပေမယ့် ၊ iOS အတွက်ကတော့ ဈေးကြီးပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။ ။


Zawgyi

"OTG ဆိုတာဘာလဲ…?
ဘယ္လို အသံုးဝင္တာလဲ....? "
••••••••••••••••••••••••••••••••••••••
တစ္ခါတစ္ရံမွာ လူေတြအတြက္အသံုးအဝင္ဆံုး အရာေတြကို စိတ္ဝင္စားစရာမေကာင္းတဲ့ ခပ္တံုးတံုး နာမည္ေတြ ေပးေလ့ရွိၾကပါတယ္။ စိတ္ဝင္စားစရာမေကာင္းတဲ့နာမည္ေတြကပဲ လူေတြအတြက္ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး အရာေတြ ျဖစ္ေနတတ္ပါတယ္။ ဥပမာေျပာရရင္ OTG ေပါ့။ OTG ဆိုတဲ့နာမည္ကို ျမင္ရံု ၾကားရံုနဲ႔ “ဒါဘာလဲ” ဆိုၿပီးစူးစမ္းေလ့လာခ်င္စိတ္ေတြမျဖစ္ဘဲ မျမင္ခ်င္ေယာင္ေဆာင္ၿပီး မ်က္ႏွာလဲႊသြား ႏိုင္ပါတယ္။ အခုလက္ရွိ စမတ္ဖုန္းေတြမွာ ေရပန္းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ္လို အသံုးဝင္တာလဲ . . . ? ဆိုတာ ေလ့လာၾကည့္ရရင္ . . .

OTG
OTG ဆိုတာ On-The-Go ရဲ႕ အတိုေကာက္ျဖစ္ၿပီး OTG (ဒါမွမဟုတ္) USB OTG ဆိုၿပီး ေခၚၾကပါတယ္။ OTG နည္းပညာကို (၂၀၀၁) ေႏွာင္းပိုင္းမွာ စတင္အသံုးျပဳခဲ့ၿပီး USB Device ေတြကို အျခား USB/Mobile Device ေတြ ( ဖုန္း၊ ကင္မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာေတြ ) နဲ႔ အလြယ္တကူ ခ်ိတ္ဆက္အသံုးျပဳႏိုင္ဖို႔ တီထြင္ဖန္တီးခဲ့တာျဖစ္ပါတယ္။ အရင္က mobile device ေတြအခ်င္းခ်င္း USB နဲ႔ ခ်ိတ္ဆက္လို႔မရပါဘူး။ ဥပမာ ဖုန္းကို Mouse ၊ ဒါမွမဟုတ္ Keyboard နဲ႔ USB ကတစ္ဆင့္ ခ်ိတ္လို႔မရပါဘူး ။Mac (ဒါမွမဟုတ္) PC ေတြနဲ႔ပဲ USB နဲ႔ခ်ိတ္ဆက္ႏိုင္တဲ့အတြက္ Data ေတြကို ကူးယူဖို႔ Mac/PC ေတြကို ၾကားခံအေနနဲ႔ တစ္ဆင့္အသံုးျပဳၾကရပါတယ္။ အဲလိုမသံုးခ်င္ရင္လည္း Mobile Device ထဲက Memory Card ေတြကိုထုတ္ၿပီး အျခား Device ထဲကို ထည့္ကာ ကူးယူမွအဆင္ေျပပါတယ္။ Bluetooth တို႔ WiFi တို႔လို႔ Wireless စနစ္ေတြေပၚလာတဲ့အခါ Data ေတြကူးယူရတာ ပိုမိုလြယ္ကူအဆင္ေျပသြားေပမယ့္ မ်ားျပားလွတဲ့ Data ေတြကို ကူးယူတဲ့အခါ USB နဲ႔ကူးရတာေလာက္ အဆင္မေျပတဲ့အျပင္ အမ်ိဳးအမ်ိဳးေသာ Error ေတြကို ႀကံဳေတြ႔ၾကရပါတယ္။ အဲ့ဒီအတြက္ USB OTG ေပၚလာတဲ့အခါ Mobile Device အခ်င္းခ်င္း ခ်ိတ္ဆက္ဖို႔ နဲ႔ Data ေတြကူးယူဖို႔အတြက္ အသံုးအဝင္ဆံုး နည္းပညာတစ္ခုျဖစ္လို႔လာပါတယ္။
USB OTG Adapter
USB OTG Adapter ဆိုကေတာ့ ပံုမွာျပထားတဲ့ device ေတြကို ေခၚတာျဖစ္ပါတယ္။ ဖုန္းကို အျခား USB Device နဲ႔ ခ်ိတ္ဆက္ၿပီး Data ေတြကို Quick Access ရရွိဖို႔ ၊ ကူးယူဖို႔အတြက္ အသံုးဝင္ပါတယ္။
ဖုန္းရဲ႕အားသြင္းတဲ့ အေပါက္မွာ OTG Adapter ကိုတပ္ ၊ တစ္ဖက္က USB အေပါက္မွာ အျခား USB device တစ္ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ္ၿပီး USB device ထဲက Data ေတြကို ဖုန္းေပၚမွာ အသံုးျပဳ ႏိုင္မွာျဖစ္ပါတယ္။ ဒါတင္မကဘဲ ဖုန္းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရွိတဲ့ အျခားေသာ USB Device ေတြနဲ႔လည္း ခ်ိတ္ဆက္အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။
ဒါ့အျပင္ ဖုန္းတစ္လံုးနဲ႔ တစ္လံုးခ်ိတ္ဆက္ၿပီး “Phone to Phone Charging” လို႔ေခၚတဲ့ ဖုန္းတစ္လံုးကေန အျခားတစ္လံုးကို Battery အား လဲႊေျပာင္းေပးတာမ်ိဳး လုပ္ေဆာင္ႏိုင္ပါတယ္။ ပိုမိုအဆင္ေျပတဲ့ ေနာက္ device တစ္ခုကေတာ့ USB OTG Stick ပါ။
USB OTG Stick
USB OTG Stick ကေတာ့ OTG Adapter နဲ႔ USB Stick ကို ေပါင္းထားတဲ့ device တစ္ခုျဖစ္ပါတယ္။တစ္ဖက္ မွာ ဖုန္းနဲ႔ ခ်ိတ္ဖို႔ ေခါင္းနဲ႔ အျခားတစ္ဖက္မွာေတာ့ PC နဲ႔ ခ်ိတ္ဖို႔ USB ေခါင္းပါဝင္ပါတယ္။
OTG Adapter ၾကားခံ မလိုဘဲ ဖုန္းနဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ႏိုင္ပါတယ္။ သာမန္ Memory Stick ေတြလဲ 4GB, 8GB, 16GB စသျဖင့္ Storage ပမာဏ ေတြပါဝင္တဲ့အတြက္ ဖုန္းရဲ႕ External Storage တစ္ခုလိုအသံုးျပဳႏိုင္မွာျဖစ္ပါတယ္။
OTG Adapter နဲ႔ OTG Stick ေတြကို ဖုန္းနဲ႔ခ်ိတ္ဆက္အသံုးျပဳဖုိ႔အတြက္ လက္ရွိသံုးေနတဲ့ဖုန္းက USB OTG ကို Support လုပ္ဖုိ႔လိုပါတယ္။
Android Device ေတြမွာ OTG Support လုပ္မလုပ္ ဘယ္လိုသိႏိုင္မလဲ . . . ?
လြန္ခဲ့တဲ့ (၂) ႏွစ္အတြင္းမွာ ထြက္ရွိခဲ့တဲ့ စမတ္ဖုန္းေတြဆိုရင္ေတာ့ ေသခ်ာေပါက္ OTG Support လုပ္ပါတယ္။ အခ်ိဳ႕ဖုန္းေတြမွာေတာ့ Setting ထဲမွာ OTG setting ဆိုၿပီး သပ္သပ္ပါဝင္ပါတယ္။ တိတိက်က် သိရင္ေတာ့ မိတ္ေဆြ ေဟာင္းႀကီးျဖစ္တဲ့ Google ေပၚမွာ ရိုက္ရွာၾကည့္ရင္ ပိုအဆင္ေျပပါလိမ့္မယ္။ USB support လုပ္တဲ့ စမတ္ဖုန္းေတြမွာလည္း သတိထားစရာအခ်က္တစ္ခုရွိပါတယ္။ အခ်ိဳ႕ဖုန္းေတြက Data Storage အမ်ားႀကီးကို လက္မခံႏိုင္ပါဘူး။ ဥပမာ 64GB အထိပဲ လက္ခံတာမ်ိဳး ၊ 128GB အထိပဲ လက္ခံတာ မ်ိဳးေပါ့။ Memory Stick ေလာက္ပဲခ်ိတ္ဆက္အသံုးျပဳတာ ကိစၥမရွိေပမယ့္။ 500GB (ဒါမွမဟုတ္) 1TB Harddisk ေတြနဲ႔ ခ်ိတ္ဆက္အသံုးျပဳမိရင္ေတာ့ မႏိုင္တဲ့ဖုန္းေတြဆိုရင္ ဟမ္းသြားႏိုင္တဲ့အျပင္ Power ပါေသ သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အမ်ားဆံုး 64GB (ဒါမွမဟုတ္) 128GB Stick ေတြေလာက္နဲ႔ ပဲ ခ်ိတ္ဆက္အသံုးျပဳ ေစခ်င္ပါတယ္။
Android အတြက္ OTG Adapter ေတြနဲ႔ OTG Stick ေတြကေတာ့ ေစ်းေပါေပမယ့္ ၊ iOS အတြက္ကေတာ့ ေစ်းႀကီးပါတယ္။ လက္ရွိျပည္တြင္းေစ်းကြက္ထဲက ဖုန္းဆုိင္ေတြမွာ အလြယ္တကူဝယ္လို႔ရႏိုင္ပါတယ္။ ။
-----@@@-----
THWIN (Technology)
#Credit; Digitaltimes

No comments:

Post a Comment

မင်္ဂလာပါ..