menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

One Drive အသုံးပြုနည်း




Windows 10 မှ Microsoft OneDrive ကို Pro တစ်ယောက်လို သုံးနည်းများ 👨‍💻

Microsoft က သူ့ရဲ့ Cloud Storage ဝန်ဆောင်မှု ဖြစ်တဲ့ OneDrive ကို Windows 10 မှာ ထည့်သွင်းပေးထားပါတယ်။ သင့် ကွန်ပြူတာမှ ဖိုင်များကို OneDrive မှာ သိမ်းထားနိုင်ပြီး သင့်ရဲ့ အခြား Devices များကနေ ရယူ အသုံးပြုနိုင်ပါတယ်။ OneDrive ကို အခမဲ့ အသုံးပြုရင် 5GB သိမ်းဆည်းနိုင်ပါတယ်။ ဒီ Tutorial မှာ OneDrive ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ OneDrive မှာ သိမ်းမယ့် ဖိုဒါများကို ရွေးချယ်ပါ။

ပထမဆုံးအနေနဲ့ OneDrive မှာ သိမ်းမယ့် သင့် ပီစီမှ ဖိုဒါများကို ရွေးချယ်ပေးရမှာပါ။ သင့်ပီစီမှာ OneDrive ဖိုဒါကို Microsoft က ဖန်တီးပေးထားပါတယ်။ ဥပမာအားဖြင့် C:\Users\Thu Ya\OneDrive ဖြစ်ပါတယ်။ File Explorer ကို ဖွင့်ပြီး အွန်လိုင်းမှာ သိမ်းချင်တဲ့ ဖိုင်၊ ဖိုဒါများကို OneDrive ဖိုဒါထဲ ထည့်ပါ။ သင့် ပီစီမှ OneDrive ဖိုဒါကို သင်နှစ်သက်ရာ နေရာသို့ ပြောင်းရွှေ့နိုင်ပါတယ်။

၂။ အွန်လိုင်းမှ OneDrive ကို ကြည့်ရှုနည်း။



အွန်လိုင်းမှ OneDrive မှာ သိမ်းထားတဲ့ ဖိုင်များကြည့်ရှုဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် www.onedrive.live.com ကို သွားပါ။ သင့်ရဲ့ Username , Password ကို ရိုက်ထည့်ပြီး Login ဝင်ပါ။ ပြီးရင်တော့ ကွန်ပြူတာမှ သိမ်းထားတဲ့ ဖိုင်၊ ဖိုဒါများကို တွေ့ရမှာပါ။ ဖိုဒါတစ်ခုကို တစ်ချက်နှိပ်ရင် အဲဒီအထဲမှ ဖိုင်များကို တွေ့ရမှာပါ။ ဖိုဒါတစ်ခုအပေါ်ကို Right-Click နှိပ်ရင် Rename, Delete, Move, Copy, Share စတဲ့ အလုပ်များကို လုပ်နိုင်ပါတယ်။ ဖိုင်တစ်ခုအပေါ်ကို Right-Click နှိပ်ရင် Download, Delete, Move to , Copy to, Rename စတာတွေကို သုံးနိုင်ပါတယ်။ သင့်ပီစီမှ ဖိုင်များကို အဲဒီ Web Page အပေါ်သို့ Drag ဆွဲခြင်းဖြင့်လည်း အွန်လိုင်းမှာ သိမ်းနိုင်ပါတယ်။ Recycle Bin ထဲမှာ ဖျက်ထားတဲ့ ဖိုင်များကို တွေ့နိုင်ပါတယ်။

၃။ ပီစီမှ OneDrive App ကို အသုံးပြုနည်း။

သင့်ဖိုင်များကို OneDrive ဝက်ဆိုက်ကနေ သာမက ပီစီမှ OneDrive App ကနေလည်း စီမံခန့်ခွဲနိုင်ပါတယ်။ Start Button> Windows Store ကို နှိပ်ပါ။ Search Box မှာ OneDrive လို့ ရိုက်ပြီး အန်းတားနှိပ်ပါ။ OneDrive App ပေါ်လာရင် အင်စတောလုပ်ပါ။

အင်စတောလုပ်ပြီးရင် Start Button> All Apps ကို နှိပ်ပါ။ OneDrive App ကို ဖွင့်ပါ။ အဲဒီမှာ သင့်ရဲ့ ဖိုင်၊ ဖိုဒါများကို တွေ့ရမှာ ဖြစ်ပြီး နံပါတ် ၂ မှာ ဖော်ပြခဲ့တဲ့ အလုပ်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၄။ သင့်ဖိုင်ကို Share လုပ်နည်း

သင့်ဖိုင်ကို အခြားလူများအား မျှဝေဖို့ နည်းလမ်းများစွာ ရှိပါတနယ်။ အီးမေး သို့မဟုတ် လင့်ဖြင့် မျှဝေနိုင်ပါတယ်။ ဖိုင်တစ်ခုကို မျှဝေဖို့အတွက် OneDrive Website သို့မဟုတ် OneDrive App ကို ဖွင့်ပါ။ ဖိုင်အပေါ်ကို Right-Click နှိပ်ပြီး Share ကို နှိပ်ပါ။ အဲဒီနောက်မှာ Invite people , Share a link , Send files စတဲ့ အထဲမှ တစ်ခုကို ရွေးချယ်၍ မျှဝေနိုင်ပါတယ်။

၅။ အခြား ပီစီမှာ OneDrive Files များကို အသုံးပြုနည်း

အခြား ပီစီများမှာလည်း OneDrive Files များကို အသုံးပြုနိုင်ပါတယ်။ Task Bar မှ အပေါ်ထောင်နေတဲ့ မျှားကို Left-Click နှိပ်ပြီး System Tray မှ OneDrive Icon အပေါ်ကို Right-Click နှိပ်ပါ။ Settings ကို နှိပ်ပြီး OneDrive Window ပေါ်လာရင် Settings Tab ထဲသွားပါ။ “ Let me use OneDrive to fetch any of my files on this PC” မှာ အမှန်ခြစ်ပေးပါ။ အိုကေကို နှိပ်ပါ။ ပြီးရင်တော့ OneDrive App မှာ သင့်အကောင့်ဖြင့် Signin ဝင်ရင် သင့်ဖိုင်များကို မြင်ရမှာပါ။

၆။ OneDrive ကို Microsoft Office နဲ့ တွဲဖက် အသုံးပြုနည်း

OneDrive ဖန်ရှင်ကို Microsoft Office 2013 နဲ့ 2016 တို့မှာ ထည့်ပေးထားတဲ့ အတွက် ဥပမာအားဖြင့် Microsoft Word ကနေ OneDrive File များကို ဖွင့်နိုင်သလို Word ဖြင့် ပြုလုပ်ထားတဲ့ စာရွက်စာတမ်းကိုလည်း OneDrive မှာ တိုက်ရိုက် သိမ်းနိုင်ပါတယ်။ Word, Excel , PowerPoint တို့လို App တစ်ခုမှာ ဖိုင်တစ်ခု ဖန်တီးပါ။ File Menu ကနေ Save ကို နှိပ်ပြီး ပေါ်လာတဲ့ အထဲမှာ OneDrive ကို ရွေးပေးပါ။

OneDrive မှ ဖိုင်ကို Word ကနေ ဖွင့်ဖို့ အတွက် File Menu ကို နှိပ်ပြီး Open ကို နှိပ်ပါ။ ပေါ်လာတဲ့အထဲမှ OneDrive ကို နှိပ်ပါ။ ပြီးရင်တော့ သင်ဖွင့်ချင်တဲ့ ဖိုင်ကို ရွေးချယ်ပါ။

၇။ အွန်လိုင်းမှာ သိမ်းထားပေမယ့် သင့် ပီစီမှာ OneDrive Folder များကို ဖယ်ရှားနည်း

သင့်ပီစီမှာ နေရာလွတ်နည်းပါးသွားတဲ့ အခါမှာ OneDrive Folder များကို  အွန်လိုင်းမှာ သိမ်းထားပြီး ပီစီကနေ ဖယ်ရှားနိုင်ပါတယ်။ System Tray မှ OneDrive Icon အပေါ်ကို Right-Click နှိပ်ပါ။ Settings ကို နှိပ်ပြီး ပေါ်လာတဲ့ ဝင်းဒိုးမှာ Account Tab ထဲသွားပါ။ “ Choose folders “ ကို တစ်ချက်နှိပ်ပြီး သင့်ပီစီကနေ ဖယ်ရှားချင်တဲ့ ဖိုဒါများကို Uncheck လုပ်ပါ။

#Credit

Windows 10 မွ Microsoft OneDrive ကို Pro တစ္ေယာက္လို သံုးနည္းမ်ား 👨‍💻
Microsoft က သူ႔ရဲ႕ Cloud Storage ၀န္ေဆာင္မႈ ျဖစ္တဲ့ OneDrive ကို Windows 10 မွာ ထည့္သြင္းေပးထားပါတယ္။ သင့္ ကြန္ျပဴတာမွ ဖုိင္မ်ားကို OneDrive မွာ သိမ္းထားႏုိင္ၿပီး သင့္ရဲ႕ အျခား Devices မ်ားကေန ရယူ အသံုုးျပဳႏိုင္ပါတယ္။ OneDrive ကို အခမဲ့ အသံုးျပဳရင္ 5GB သိမ္းဆည္းႏုိင္ပါတယ္။ ဒီ Tutorial မွာ OneDrive ကို ဆရာတစ္ဆူလို သံုးႏုိင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။
၁။ OneDrive မွာ သိမ္းမယ့္ ဖိုဒါမ်ားကို ေရြးခ်ယ္ပါ။

ပထမဆံုးအေနနဲ႔ OneDrive မွာ သိမ္းမယ့္ သင့္ ပီစီမွ ဖိုဒါမ်ားကို ေရြးခ်ယ္ေပးရမွာပါ။ သင့္ပီစီမွာ OneDrive ဖိုဒါကို Microsoft က ဖန္တီးေပးထားပါတယ္။ ဥပမာအားျဖင့္ C:\Users\Thu Ya\OneDrive ျဖစ္ပါတယ္။ File Explorer ကို ဖြင့္ၿပီး အြန္လိုင္းမွာ သိမ္းခ်င္တဲ့ ဖိုင္၊ ဖိုဒါမ်ားကို OneDrive ဖိုဒါထဲ ထည့္ပါ။ သင့္ ပီစီမွ OneDrive ဖိုဒါကို သင္ႏွစ္သက္ရာ ေနရာသို႔ ေျပာင္းေရႊ႕ႏုိင္ပါတယ္။
၂။ အြန္လိုင္းမွ OneDrive ကို ၾကည့္ရႈနည္း။
အြန္လိုင္းမွ OneDrive မွာ သိမ္းထားတဲ့ ဖုိင္မ်ားၾကည့္ရႈဖို႔နဲ႔ စီမံခန္႕ခြဲဖို႔အတြက္ www.onedrive.live.com ကို သြားပါ။ သင့္ရဲ႕ Username , Password ကို ရိုက္ထည့္ၿပီး Login ၀င္ပါ။ ၿပီးရင္ေတာ့ ကြန္ျပဴတာမွ သိမ္းထားတဲ့ ဖိုင္၊ ဖိုဒါမ်ားကို ေတြ႕ရမွာပါ။ ဖိုဒါတစ္ခုကို တစ္ခ်က္ႏွိပ္ရင္ အဲဒီအထဲမွ ဖိုင္မ်ားကို ေတြ႕ရမွာပါ။ ဖိုဒါတစ္ခုအေပၚကို Right-Click ႏွိပ္ရင္ Rename, Delete, Move, Copy, Share စတဲ့ အလုပ္မ်ားကို လုပ္ႏုိင္ပါတယ္။ ဖိုင္တစ္ခုအေပၚကို Right-Click ႏွိပ္ရင္ Download, Delete, Move to , Copy to, Rename စတာေတြကို သံုးႏိုင္ပါတယ္။ သင့္ပီစီမွ ဖုိင္မ်ားကို အဲဒီ Web Page အေပၚသို႔ Drag ဆြဲျခင္းျဖင့္လည္း အြန္လိုင္းမွာ သိမ္းႏုိင္ပါတယ္။ Recycle Bin ထဲမွာ ဖ်က္ထားတဲ့ ဖုိင္မ်ားကို ေတြ႕ႏုိင္ပါတယ္။
၃။ ပီစီမွ OneDrive App ကို အသံုးျပဳနည္း။
သင့္ဖိုင္မ်ားကို OneDrive ၀က္ဆိုက္ကေန သာမက ပီစီမွ OneDrive App ကေနလည္း စီမံခန္႔ခြဲႏုိင္ပါတယ္။ Start Button> Windows Store ကို ႏွိပ္ပါ။ Search Box မွာ OneDrive လို႔ ရိုက္ၿပီး အန္းတားႏွိပ္ပါ။ OneDrive App ေပၚလာရင္ အင္စေတာလုပ္ပါ။
အင္စေတာလုပ္ၿပီးရင္ Start Button> All Apps ကို ႏွိပ္ပါ။ OneDrive App ကို ဖြင့္ပါ။ အဲဒီမွာ သင့္ရဲ႕ ဖုိင္၊ ဖိုဒါမ်ားကို ေတြ႕ရမွာ ျဖစ္ၿပီး နံပါတ္ ၂ မွာ ေဖာ္ျပခဲ့တဲ့ အလုပ္မ်ားကို ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။
၄။ သင့္ဖုိင္ကို Share လုပ္နည္း
သင့္ဖို္င္ကို အျခားလူမ်ားအား မွ်ေ၀ဖို႔ နည္းလမ္းမ်ားစြာ ရွိပါတနယ္။ အီးေမး သို႔မဟုတ္ လင့္ျဖင့္ မွ်ေ၀ႏိုင္ပါတယ္။ ဖိုင္တစ္ခုကို မွ်ေ၀ဖို႔အတြက္ OneDrive Website သို႔မဟုတ္ OneDrive App ကို ဖြင့္ပါ။ ဖိုင္အေပၚကို Right-Click ႏွိပ္ၿပီး Share ကို ႏွိပ္ပါ။ အဲဒီေနာက္မွာ Invite people , Share a link , Send files စတဲ့ အထဲမွ တစ္ခုကို ေရြးခ်ယ္၍ မွ်ေ၀ႏုိင္ပါတယ္။
၅။ အျခား ပီစီမွာ OneDrive Files မ်ားကို အသံုးျပဳနည္း
အျခား ပီစီမ်ားမွာလည္း OneDrive Files မ်ားကို အသံုးျပဳႏိုင္ပါတယ္။ Task Bar မွ အေပၚေထာင္ေနတဲ့ မွ်ားကို Left-Click ႏွိပ္ၿပီး System Tray မွ OneDrive Icon အေပၚကို Right-Click ႏွိပ္ပါ။ Settings ကို ႏွိပ္ၿပီး OneDrive Window ေပၚလာရင္ Settings Tab ထဲသြားပါ။ “ Let me use OneDrive to fetch any of my files on this PC” မွာ အမွန္ျခစ္ေပးပါ။ အိုေကကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ OneDrive App မွာ သင့္အေကာင့္ျဖင့္ Signin ၀င္ရင္ သင့္ဖုိင္မ်ားကို ျမင္ရမွာပါ။
၆။ OneDrive ကို Microsoft Office နဲ႔ တြဲဖက္ အသံုးျပဳနည္း
OneDrive ဖန္ရွင္ကို Microsoft Office 2013 နဲ႔ 2016 တို႔မွာ ထည့္ေပးထားတဲ့ အတြက္ ဥပမာအားျဖင့္ Microsoft Word ကေန OneDrive File မ်ားကို ဖြင့္ႏုိင္သလို Word ျဖင့္ ျပဳလုပ္ထားတဲ့ စာရြက္စာတမ္းကိုလည္း OneDrive မွာ တိုက္ရိုက္ သိမ္းႏုိင္ပါတယ္။ Word, Excel , PowerPoint တို႔လို App တစ္ခုမွာ ဖုိင္တစ္ခု ဖန္တီးပါ။ File Menu ကေန Save ကို ႏွိ္ပ္ၿပီး ေပၚလာတဲ့ အထဲမွာ OneDrive ကို ေရြးေပးပါ။
OneDrive မွ ဖုိင္ကို Word ကေန ဖြင့္ဖို႔ အတြက္ File Menu ကို ႏွိပ္ၿပီး Open ကို ႏွိပ္ပါ။ ေပၚလာတဲ့အထဲမွ OneDrive ကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ သင္ဖြင့္ခ်င္တဲ့ ဖုိင္ကို ေရြးခ်ယ္ပါ။
၇။ အြန္လိုင္းမွာ သိမ္းထားေပမယ့္ သင့္ ပီစီမွာ OneDrive Folder မ်ားကို ဖယ္ရွားနည္း
သင့္ပီစီမွာ ေနရာလြတ္နည္းပါးသြားတဲ့ အခါမွာ OneDrive Folder မ်ားကို အြန္လိုင္းမွာ သိမ္းထားၿပီး ပီစီကေန ဖယ္ရွားႏုိင္ပါတယ္။ System Tray မွ OneDrive Icon အေပၚကို Right-Click ႏွိပ္ပါ။ Settings ကို ႏွိပ္ၿပီး ေပၚလာတဲ့ ၀င္းဒိုးမွာ Account Tab ထဲသြားပါ။ “ Choose folders “ ကို တစ္ခ်က္ႏွိပ္ၿပီး သင့္ပီစီကေန ဖယ္ရွားခ်င္တဲ့ ဖိုဒါမ်ားကို Uncheck လုပ္ပါ။

No comments:

Post a Comment

မင်္ဂလာပါ..