menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

motherboard ၏ စွမ်းဆောင်ရည်





 ဒီတစ်ခါ motherboard အကြောင်းလေ့လာကြရအောင်..

=================================

motherboard ဆိုတာက ကွန်ပျူတာတစ်ခုလုံးမှာ အရေးကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ပြောလို့၇ပါတယ်..သူ နဲ့ဆက်စပ်လုပ်ဆောင်တဲ့ Component တွေက ကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်..

ဆိုကြပါစို့RAM စိုက်တဲ့slot က မကောင်းတော့ဘူး..ဒါမှမဟုတ်ရင် nothbridge southbridge super I/O တစ်ခုခုချို့ယွင်းခဲ့မယ်ဆိုရင် အလုပ်လုပ်ရာတွင်အဆင်မပြေတော့ပါ..restart ခနခနကျမယ် heat ထွက်လာမယ် heat ထွက်လာတာနဲ့ အမျှသတ်မှတ်ထားတဲ့ အပူချိန်ကျော်ရင် cut off လုပ်မယ် restart ကျမယ်..အဲမှာတင်လည်နေမယ် ပေါ့ဗျာ..ဆက်သုံးနေရင် တခြားcomponent တွေပါထိခိုက်နိုင်ပါတယ်…motherboard


မကောင်းတော့လို့သုံးမ၇တော့တဲ့ အခြေနေတွေဖြစ်ရတဲ့ အကြောင်း ရင်းတွေထဲမှာ အောက်က devices တွေကြောင့်ဖြစ်နိုင်တယ်…..။

1.CPU

2.RAM

3.VGA

4.ROMBIOS

5.NORTHBRIDGE

6SOUTHBRIDGE

7.ENVIROMENT

8.MAINBOARD COMPONENTS…

1.CPU

---------



ဝင်းဒိုးတက်မလာဘူး..CPU ကြောင့်လို့သံသယရှိခဲ့ရင် မိမိ CPU နဲ့အမျိုးစားတူ socket အမျိုးစားတူတဲ့cpu ကိုတပ်ဆင်…ထိုကဲ့သို့တပ်ဆင်ထားသော်လည်း ဝင်းဒိုးတက်မလာ… များသောအားဖြင့် socket အလုပ်မလုပ်တော့ရင် processor ကို cut off လုပ်လိုက်ပါတယ် .…မိမိ CPU ကိုလည်း အခြားအမျိုးအစားတူ မားသားဘုတ်မှာစမ်းလို့မှအဆင်ပြေတယ်ဆိုရင် socket အလုပ်မလုပ်တာသေချာ..socket အလုပ်မလုပ်မှတော့ ကျန်တဲ အစိတ်ပိုင်း ကောင်းသော်လည်း motherboard ကိုအသုံးပြုမရလို့motherboard ပျက်တယ်လို့ယူဆလို့ရပါတယ်…။

2.RAM

---------

RAM တွေကိုဖြုတ်ပြီးလှဲလှယ်စမ်းသပ်ကြည့်ပါ ..မိမိလှဲလှယ်လိုက်တဲ့RAM ကလည်းကောင်းမွန်စွာလုပ်ဆောင်နေဖို့လိုပါတယ်..ဘာလို့လဲဆိုတော့ မိမိ လဲလှယ်လိုက်တဲ့RAM ကကောင်းမကောင်းသိမထားရင် RAM ကောင်းပါရက်နဲ့motherboard မကောင်းတော့ဘူးလို့မှတ်ချက်ချလွဲသွားမှာ ဖြစ်ပါတယ်..ဒါကြောင့်RAMကောင်းဖို့လိုပါတယ်..မိမိRAM ကိုလည်းတစ်ခြားစက်မှာစမ်းသပ်ပြီးပြီ..သူများရဲ့RAMကို  လည်းမိမိဆီမှာစမ်းသပ်ပြီးပြီ ဒါလည်းဝင်းဒိုးကတက်မလာ..bios အချက်ပေးတဲ့beep အသံကတော့ကြားရမှာပါ..အချက်ပေးသံကြားနေရပေမဲ့RAM ကြောင့်ဖြစ်တယ်ဆိုတာခန့်မှန်းရလို့ရပါပီ..သို့သော်လည်း RAM slot မကောင်းတော့ဘူး အလုပ်မလုပ်တဲ့အတွက်ကြောင့် အသုံးပြုလို့မရနိုင်တော့ပါ..ဘာကြောင့်လဲဆိုတော့RAM ကလည်း motherboard မှာမရှိမဖြစ်လိုအပ်နေလို့ပါပဲ..။

3.VGA

----------

VGAလည်းRAM နည်းတူပါပဲ..bios မှ beep သံတွေထုတ်ပေးသော်လည်း အလုပ်မလုပ်လျင် သုံးလို့မရတော့ပါ..အဖြစ်နည်းပါတယ်..ဘာလို့လဲဆိုတော့ built in ကအလုပ်မလုပ်ရင်တောင် onboard ထပ်စိုက်ပြီး အသုံးပြုရင်၇နေပါဦးမယ်..on board ထပ်စိုက်သော်လည်း ယခင်ကကဲ့သို့beep သံတွေထုတ်ပေးနေပြီးဘာမှ ပေါ်မလာဘူးဆိုရင်..motherboard သုံးမရတော့ပါ..ကျန်တဲ့စိတ်ပိုင်းတွေကောင်းပေမဲ့ လို့user ကမော်နီတာကိုမြင်ရဦးမှဖြစ်တာကိုး.. VGA ရဲ့သွေးကြောတွေကုန်ပြီဆိုမှတော့ motherboard ပျက်ပြီပေါ့..တကယ်လို့အဲလိုဖြစ်ခဲ့တဲ့လူရှိရင်လည်းအင်မတန်ကံဆိုးတဲ့ လူလို့ပြောရမှာပဲ….။

4.ROMBIOS

------------------

ROMBIOS ကတော့တော်ရုံတန်ရုံမပျက်ပါ..ဒီမှာmotherboard ပျက်မပျက်အကြောင်းကိုပဲဆွေးနွေးတာဖြစ်တဲ့အတွက် ဘက်ထရီအကြောင်းထည့်မရေးတော့ပါဘူး..bios ကြောင့်ပျက်တာမရှိဘူးလားလို့မေးရင် ရှိတယ်လို့ဖြေရမှာပဲ..ဘာလို့လဲဆိုတော့သာဓကတွေရှိတာကိုဗျ..bios ပျက်ရင် motherboard ပျက်ပါတယ်..system နဲ့ပတ်သက်တဲ့ အချက်လက်တွေ hardware device တွေ ရဲ့ကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူကresult ထုတ်ပေးရပါတယ်..အဲဒီအဆင့်မှာတင် bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့..ရှေ့ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင့် boot လုပ်မည်မဟုတ်တော့ပါ..bios chip လေးတွေက Motherboard ပေါ်မှာအသေတတ်ဆင်ထားတာပါ..သူက firmware ဖြစ်ပါတယ်..bios ကို upgrade လုပ်တယ်အခါမျိုးမှာသူနဲ့အမျိုးအစားချင်းမတူတဲ့..software ကိုသွင်းမိတာတို့ bios upgrade လုပ်နေစဉ် မီးပျက်သွားတာတို့ဖြစ်ခဲ့မယ်ဆိုရင်bios program တွေ ကမောက်ကမဖြစ်သွားပြီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့bios ကြောင့်ဖြစ်ခဲ့ရင်လည်းမတတ်နိုင်ပါ..motherboard ပျက်တယ်လို့ယူဆပါတယ်..။

5.North bridge

---------------------

CPU နဲ့ RAM ကြားမှာသူက controller အဖြစ်နဲ့အလုပ်လုပ်ပါတယ်…mcc လို့လဲခေါ်ကြပါတယ်..north bridge ပူလာပြီး restart ခနခနကျလို့ motherboard ဝယ်လဲလိုက်ရတဲ့အကြောင်းကျနော်ရေးခဲ့ဖူးပါတယ်..

6.South bridge

South bridge ကလည်းထိုနည်းတူပါပဲ..အဓိကကတော့အပူကြောင့်လို ့ပြောရမှာပဲ..ဒါပေမဲ့ electronic devices နဲ့ heat တွေက မတည့် အတူနေ ကြတဲ့သူတွေလေ..ဒါကြောင့် motherboard ကိုင်တော့မယ်ဆိုရင်Heat သတိထားရပါတယ်..လူခန်ဓာကိုယ်ကထွက်တဲ့ ESD ကလည်းကြောက်ဖို့ကောင်းတယ်..ဘာမဟုတ်တာလေးနဲ့sorth bridge ကိုထိမိပြီးအပူလောင်သွားတာ သူကအလုပ်တော့လုပ်တယ် short ဖြစ်ထားတဲ့ဒဏ်ကြောင့် အပူချိန်လွန်ကဲလာတာနဲ့အမျှ processor ကနေ restart (သို့) shut down လုပ်လိုက်ပါတယ်..ဒီတော့စဉ်းစားကြည်လေ..ခနခန restart (သို့) shut down ကျနေတာစိတ်ညစ်ခံသုံးမလား..အသစ်ဝယ်လဲမလား..ဒါဆိုရင်လည်း motherboard သုံးမရတဲ့အချက်တစ်ချက်ဖြစ်တဲ့အတွက်ပျက်ပီလို့ယူဆရပါတယ်…။

7.ENVIROMENT

---------------------

သဘာဝပတ်ဝန်းကျင်စိုထိမ်းမှု့ရေငွေ့ ဖုန်မှုန့် တွေဝင်ထွက်များမှုကြောင့် အဓီက support လုပ်ပေးမဲ့နေရာတွေကိုသွားပြီးအဲဒီဖုန်မှုန့်တွေရေငွေ့တွေက နေရာယူလိုက်ရင်လဲဖြစ်တတ်ပါတယ်…ကြားဖူးသလားတော့ မသိဘူး motherboard ကိုမီးကင်လိုက်တာ ပြန်ကောင်းသွားတယ်လို့တော့မှတ်သားခဲ့ဖူးတယ်..တရားသေ မားသားဘုတ် ပျက်တယ်လို့ယူဆလို့မရတဲ့အထဲမှာenviroment အခြေနေကိုပါထည့်စဉ်းစားဖို့လိုအပ်ပါတယ်..motherboard အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာအချက်ကလေးတစ်ချက်ပေါ့..။

8.Mainboard components

----------------------------------

Motherboard ပေါ်မှာကြည့်လိုက်ရင် တပ်ဆင်ထားတဲ့ electronic component တွေက စက်ရုံမှာကတည်းက Quality တွေကို သေသေချာချာ စစ်ဆေးပြီးဈေးကွက်ကိုတင်သွင်းတယ်ဆိုပေမဲ့အပျက်အစီးအနည်းနဲ့အများတော့ရှိမှာပါ..capacitor ခေါင်းလေတွေ ရဲ့ထိပ်တွေကသာမန်မဟုတ်ပဲ အပူကြောင့်ဖောင်းပွနေတာမျိုး နည်းနည်းမျှအမှားယွင်းမခံပါ ..short ဖြစ်ပြီး capacitor ခေါင်းပွင့်သွားတာမျိုးကြုံခဲ့မယ်ဆိုရင်..သူ့ကိုပြန်ပြီးတော့ capacitor ကိုလဲလှယ်လို့မရနိုင်တော့တဲ့အနေထားမျိုးတွေ့ရပါတယ်..transitor တို့ resistor စသဖြင့်ပေါ့.သာမှန် electronic circuit ဘုတ်တစ်ခုမှာ Component တစ်ခုမကောင်းလို့ဖြုတ်လဲလို့ရပေမဲ့ motherboard လို ဟာမျိုးကျတော့မလွယ်ပါဘူး..သူက …ပတ်လမ်းတွေကို စက်နဲ့ရိုက်ထားတာ transistor resistor capacitor တွေကို လည်းစက်တွေနဲ့ရိုက်နိုပ်ထည့်ထားတာဖြစ်တဲ့အတွက်..ဖြုတ်မယ်ဆိုရင်တောင် component ရဲ့ဘေးမှာရှိနေတဲ ပတ်လမ်းတွေကို ထိခိုင်သွားနိုင်ပါတယ် ..မာသားဘုတ်ကိုအနီးကပ်ကိုင်တွယ်ကြည့်ရှု့လျင်သိနိုင်ပါတယ်…။

ကျနော်အပေါ်မှာရေးခဲ့သမျှတွေဟာ ..ဖြစ်နိုင်ခြေရှိတာတွေကိုသာလျင်ဆွေးနွေးပြထားတာဖြစ်ပါတယ်..လိုအပ်ချက်တွေရှိနေဦးမှာပါ ..ကျနော်လည်း

Technician မဟုတ်တော့သိသမျှလေးကို ဝေမျှဆွေးနွေးခြင်းသာဖြစ်ပါတယ်…အဆင်ပြေပါစေခင်ဗျာ..

#Credit_ဆရာသမားတွေဆီက_ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်


=================================
motherboard ဆိုတာက ကွန်ပျူတာတစ်ခုလုံးမှာ အေ၇းကြီးဆုံး အစိတ်ပိုင်း တစ်ခုလို့ ပြောလို့ ၇ပါတယ်..သူ နဲ့ ဆက်စပ်လုပ်ဆောင်တဲ့ Component တွေက ကောင်းမွန်မှသာလျင် အလုပ်တွင်ကျယ်မှာဖြစ်ပါတယ်..
1.CPU
2.RAM
3.VGA
4.ROMBIOS
5.NORTHBRIDGE
6SOUTHBRIDGE
7.ENVIROMENT
1.CPU
---------

2.RAM
---------
3.VGA
----------
4.ROMBIOS
------------------
ROMBIOS ကတော့တော်ရုံတန်ရုံမပျက်ပါ..ဒီမှာmotherboard ပျက်မပျက်အကြောင်းကိုပဲဆွေးနွေးတာဖြစ်တဲ့အတွက် ဘက်ထရီအကြောင်းထည့်မေ၇းတော့ပါဘူး..bios ကြောင့်ပျက်တာမရှိဘူးလားလို့ မေးရင် ရှိတယ်လို့ ဖြေရမှာပဲ..ဘာလို့ လဲဆိုတော့သာဓကတွေရှိတာကိုဗျ..bios ပျက်ရင် motherboard ပျက်ပါတယ်..system နဲ့ ပတ်သက်တဲ့ အချက်လက်တွေ hardware device တွေ ၇ဲ့ ကောင်းမကောင်းကိုစစ်ဆေးပေးပြီးသူကresult ထုတ်ပေးရပါတယ်..အဲဒီအဆင့်မှာတင် bios ကအလုပ်မလုပ်တော့ဘူးဆိုရင် အဆင်မပြေနိုင်တော့..ေ၇ှ့ ဆက်သွားမည်လည်းမဟုတ်ပါ..တစ်နည်းအားဖြင့် boot လုပ်မည်မဟုတ်တော့ပါ..bios chip လေးတွေက Motherboard ပေါ်မှာအသေတတ်ဆင်ထားတာပါ..သူက firmware ဖြစ်ပါတယ်..bios ကို upgrade လုပ်တယ်အခါမျိုးမှာသူနဲ့ အမျိုးအစားချင်းမတူတဲ့ ..software ကိုသွင်းမိတာတို့  bios upgrade လုပ်နေစဉ် မီးပျက်သွားတာတို့ ဖြစ်ခဲ့မယ်ဆိုရင်bios program တွေ ကမောက်ကမဖြစ်သွားပြီးကြောင်သွားနိုင်ပါတယ်..ထိုကဲ့သို့ bios ကြောင့်ဖြစ်ခဲ့ရင်လည်းမတတ်နိုင်ပါ..motherboard ပျက်တယ်လို့ ယူဆပါတယ်..။
5.North bridge
---------------------
CPU နဲ့  RAM ကြားမှာသူက controller အဖြစ်နဲ့ အလုပ်လုပ်ပါတယ်…mcc လို့ လဲခေါ်ကြပါတယ်..north bridge ပူလာပြီး restart ခနခနကျလို့  motherboard ၀ယ်လဲလိုက်ရတဲ့ အကြောင်းကျနော်ေ၇းခဲ့ဖူးပါတယ်..
6.South bridge
7.ENVIROMENT
---------------------
သဘာဝပတ်ဝန်းကျင်စိုထိမ်းမှု့ေ၇ငွေ့  ဖုန်မှုန့်  တွေဝင်ထွက်များမှုကြောင့် အဓီက support လုပ်ပေးမဲ့ နေရာတွေကိုသွားပြီးအဲဒီဖုန်မှုန့် တွေေ၇ငွေ့ တွေက နေရာယူလိုက်ရင်လဲဖြစ်တတ်ပါတယ်…ကြားဖူးသလားတော့ မသိဘူး motherboard ကိုမီးကင်လိုက်တာ ပြန်ကောင်းသွားတယ်လို့ တော့မှတ်သားခဲ့ဖူးတယ်..တရားသေ မားသားဘုတ် ပျက်တယ်လို့ ယူဆလို့ မရတဲ့အထဲမှာenviroment အခြေနေကိုပါထည့်စဉ်းစားဖို့ လိုအပ်ပါတယ်..motherboard အလုပ်မလုပ်တော့ဘူးဆိုရင် ထည့်စဉ်းစားစရာအချက်ကလေးတစ်ချက်ပေါ့..။
----------------------------------
ကျနော်အပေါ်မှာေ၇းခဲ့သမျှတွေဟာ ..ဖြစ်နိုင်ခြေရှိတာတွေကိုသာလျင်ဆွေးနွေးပြထားတာဖြစ်ပါတယ်..လိုအပ်ချက်တွေရှိနေဦးမှာပါ ..ကျနော်လည်း

No comments:

Post a Comment

မင်္ဂလာပါ..