menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
MacBook မှာ မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်း
MacBook မှာ မြန်မာကီးဘုတ်နဲ့ဖောင့်ထည့်နည်း👨‍💻
MacBook Mojave Version မှာ ယူနီကုဒ်ကီးဘုတ်၊
ဇော်ဂျီကီးဘုတ်နဲ့ဖောင့်တွေထည့်နည်းကိုဖော်ပြပေး
လိုက်ပါတယ်။ MacBook ရဲ့တစ်ချို့သော App များ၊
Safari Browser မှာတော့ ဇော်ဂျီဖောင့်ကို ဖတ်လို့
မရနိုင်သေးပါဘူး။ ယူနီကုဒ်ပဲ အသုံးပြုလို့ရပါမယ်။
အရင်ဆုံး ယူနီကုတ်ကီးဘုတ်ထည့်နည်းကိုပြပါမယ်။
Settings ပုံလေးနဲ့System Preferences ကိုနှိပ်ပြီး
Keyboard ဆိုတာကို ထပ်နှိပ်ဝင်သွားပါ။ Keyboard
အောက်မှာ Input Sources ဆိုတာကို ထပ်နှိပ်ပါ။
အဲ့ဒီအောက်က ဘယ်ဖက်အောက်မှာ (+ , - ) ကို
တွေ့ရပါမယ်။ ကီးဘုတ်ထည့်မှာဖြစ်တဲ့အတွက်(+)
အပေါင်းကို နှိပ်လိုက်ပါ။ အောက်ဆုံးမှာ Search
box လေးပေါ်လာရင် Burmese လို့ရိုက်ရှာပြီး
Myanmar3-QWERTY ဆိုတဲ့ကီးဘုတ်တွေ့ရင်
Select မှတ်ပြီး Add ကို နှိပ်ပါ။ ဒါဆိုရင် ယူနီကုဒ်
ကီးဘုတ်ထည့်ပြီးသွားပါပြီ။ အခုတစ်ခါ ဇော်ဂျီ
ကီးဘုတ်ထည့်နည်း ပြပါမယ်။ ဇော်ဂျီကီးဘုတ်နဲ့
ဖောင့်ကို အောက်က လင့်ချ်မှာ ဒေါင်းလုဒ်ဆွဲပါ။
Google မှာ Zawgyi Keyboard and Font For Mac
လို့ရိုက်ရှာပြီးလည်း ဒေါင်းလုဒ်ဆွဲယူနိုင်ပါတယ်။
Zawgyi Keyboard & Font Download For Mac
https://bit.ly/2QFCKGl
Zawgyi One For MAC ဖိုင် ဒေါင်းရန်
https://bit.ly/2E3M2p0
Download ဆွဲထားတဲ့ ဇော်ဂျီကီးဘုတ်နဲ့ဖောင့်
ပါတဲ့ Folder ကို နှစ်ချက်နှိပ်ပြီး Zip ဖြည်လိုက်ပါ။
Finder ကိုဖွင့်၊ Library ထဲကိုဝင်ပြီး Keyboard Layouts ကို
ဖွင့်ထားပါ။ ခုနတုန်းက ဒေါင်းလုဒ်ဆွဲထားတဲ့
Zawgyi Keyboard ကို Mouse နဲ့ဆွဲဖိပြီး
Keyboard Layouts မှာ ချထားလိုက်ပါ။ ပြီးရင်
Settings ပုံလေးနဲ့System Preferences ကိုနှိပ်ပြီး
Keyboard ဆိုတာကို ထပ်နှိပ်ဝင်သွားပါ။ Keyboard
အောက်မှာ Input Sources ဆိုတာကို ထပ်နှိပ်ပါ။
အဲ့ဒီအောက်က ဘယ်ဖက်အောက်မှာ (+ , - ) ကို
တွေ့ရပါမယ်။ ကီးဘုတ်ထည့်မှာဖြစ်တဲ့အတွက်(+)
အပေါင်းကို နှိပ်လိုက်ပါ။ Other ကိုရွေးပြီး Zawgyi
Keyboard ကို Add လုပ်ပါ။ ဒါဆိုရင်တော့ ဇော်ဂျီ
ကီးဘုတ်ထည့်ပြီးသွားပါပြီ။
Spotlight Search မှာ Font Book ကို ရိုက်ရှာပြီး
Font Book ကို ဖွင့်ထားပြီး အပေါ်ဆုံးမှာပါတဲ့(+)ကိုနှိပ်
ဒေါင်းလုဒ်ဆွဲထားတဲ့ ဇော်ဂျီဖောင့်ကိုရွေးထည့်ပါ။
MacBook မှာ မှုရင်းအတိုင်းပါတဲ့ Myanmar MN,
Myanmar Sangam MN တွေရှိနေရင် မြန်မာစာ
မမှန်နိုင်လို့အဲ့ဒီ ဖောင့်နှစ်ခုကို ရှာပြီး Right Click>
Disable လုပ်ထားလိုက်ပါ။ Myanmar3 Font ကို
လည်း အပေါ်ကနည်းအတိုင်းထည့်နိုင်ပါတယ်။
အင်္ဂလိပ်၊ယူနီကုဒ်နဲ့ဇော်ဂျီကီးဘုတ်သုံးခု အပြောင်း
အလဲလုပ်တဲ့ Shortcut Key ထည့်ထားဖို့System
Preferences> Keyboard > Shortcuts> Input
Sources အောက်မှာ ကြိုက်သလို ရွေးထားနိုင်ပါတယ်။
MacBook.Com
ဖောင့်ကို အောက်က လင့်ခ်ျမှာ ဒေါင်းလုဒ်ဆွဲပါ။
https://bit.ly/2QFCKGl
https://bit.ly/2E3M2p0
လည်း အပေါ်ကနည်းအတိုင်းထည့်နို်င်ပါတယ်။
MacBook.Com
No comments:
Post a Comment
မင်္ဂလာပါ..