menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook wifi error


MacBook များတွင် WiFi Error ဖြစ်နေခဲ့သော်
============
ကျွန်တော်တို့ဆီမှာ လာပြင်ကြသည့် MacBook အချို့တွင် WiFi error (WiFi သုံးမရသည့်ပြဿနာ) ဖြင့် လာရောက်ပြသကြသည့် MacBook တချို့တွေ့ရပါတယ်။ ပြဿနာဟာ hardward ကြောင့်ရော software ကြောင့်ရော ဖြစ်နိုင်သလို hardware ကြောင့်သာဆိုရင် technician တွေသာ ပြင်လို့ဖြစ်နိုင်မှာ ဖြစ်ပြီး software ကြောင့်ဆို သာမာန် user တွေလည်း မိမိတို့ဘာသာ မိမိအဆင်ပြေသွားအောင် ဆောင်ရွက်နိုင်ပါတယ်။

Software ကြောင့်လား Hardware ကြောင့်လားဆိုတာကို မသိရင်နေပါစေ ပထမဆုံးမိမိတို့ကိုယ်တိုင်ဖြေရှင်းနိုင်တာဟာ Software error သာဖြစ်လို့ Software ပိုင်း error များကို user ကိုယ်တိုင် အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။

 ဘယ်လိုဖြေရှင်းရမလဲ
==========

• Desktop အပေါ် menu bar မှ Apple logo လေးကိုနှိပ်ပါ။

• System Preferences ကိုသွားပါ။

• Network icon လေးကို ကလစ်နှိပ်ပါ။

• ၎င်း box ထဲမှ ရှိနေပြီးသား Wi-Fi ကိုဖြုတ်ပါ။ (Wi-Fi ကို ရွေးထားပြီး box ရဲ့အောက်ခြေမှ (-) ကိုနှိပ်၍ ဖြုတ်ပါ။

ထို့နောက် Apply ကို လုပ်ပါ။



• Wi-Fi setting အသစ်ဆောက်ပါ

(+) ကိုနှိပ်၍ WiFi setting အသစ်ဆောက်ပါ။ (interface : Wi-Fi ထားပြီး Create လုပ်ပါ။)

• Wi-Fi setting တစ်ခု အသစ်ဆောက်လို့ပြီးပါပြီ။ ၎င်း Wi-Fi အသစ်ကို Turn WiFi On ကိုနှိပ်၍ ON ပေးပါ။

ပေါ်လာသော box မှ Apply ကိုနှိပ်၍ အတည်ပြုပေးပါ။



Wi-Fi လည်းအသစ်တည်ဆောက်ပြီးစီးသွားပြီဖြစ်လို့ အားလုံးအဆင်ပြေ မပြေ Wi-Fi ချိတ်ကြည့်ပါ။ အဆင်ပြေသွားတာကို မြင်တွေ့ရပါလိမ့်မယ်။ အကယ်၍ မပြေသေးဘူးဆိုရင်တော့ Hardware error ပဲဖြစ်နိုင်ပြီး WiFi card တို့ WiFi cable တို့ မကောင်းလို့ဖြစ်နိုင်ပါတယ်။ အတိအကျကတော့ Technician များ သေချာစစ်ဆေးပြီးမှသာ သိနိုင်မှာပါ။



ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ 🙏
MacBook မ်ားတြင္ WiFi Error ျဖစ္ေနခဲ့ေသာ္
============
ကြၽန္ေတာ္တို႔ဆီမွာ လာျပင္ၾကသည့္ MacBook အခ်ိဳ႕တြင္ WiFi error (WiFi သံုးမရသည့္ျပႆနာ) ျဖင့္ လာေရာက္ျပသၾကသည့္ MacBook တခ်ိဳ႕ေတြ႔ရပါတယ္။ ျပႆနာဟာ hardward ေၾကာင့္ေရာ software ေၾကာင့္ေရာ ျဖစ္ႏိုင္သလို hardware ေၾကာင့္သာဆိုရင္ technician ေတြသာ ျပင္လို႔ျဖစ္ႏိုင္မွာ ျဖစ္ၿပီး software ေၾကာင့္ဆို သာမာန္ user ေတြလည္း မိမိတို႔ဘာသာ မိမိအဆင္ေျပသြားေအာင္ ေဆာင္ရြက္ႏိုင္ပါတယ္။

Software ေၾကာင့္လား Hardware ေၾကာင့္လားဆိုတာကို မသိရင္ေနပါေစ ပထမဆံုးမိမိတို႔ကိုယ္တိုင္ေျဖရွင္းႏိုင္တာဟာ Software error သာျဖစ္လို႔ Software ပိုင္း error မ်ားကို user ကိုယ္တိုင္ အလြယ္တကူေျဖရွင္းႏိုင္မယ့္ နည္းလမ္းေလးကို မိတ္ေဆြမ်ားကို မွ်ေဝလိုက္ပါတယ္။
 ဘယ္္လိုေျဖရွင္းရမလဲ

==========
• Desktop အေပၚ menu bar မွ Apple logo ေလးကိုႏွိပ္ပါ။
• System Preferences ကိုသြားပါ။
• Network icon ေလးကို ကလစ္ႏွိပ္ပါ။
• ၎ box ထဲမွ ရွိေနၿပီးသား Wi-Fi ကိုျဖဳတ္ပါ။ (Wi-Fi ကို ေရြးထားၿပီး box ရဲ႕ေအာက္ေျခမွ (-) ကိုႏွိပ္၍ ျဖဳတ္ပါ။
ထို႔ေနာက္ Apply ကို လုပ္ပါ။

• Wi-Fi setting အသစ္ေဆာက္ပါ
(+) ကိုႏွိပ္၍ WiFi setting အသစ္ေဆာက္ပါ။ (interface : Wi-Fi ထားၿပီး Create လုပ္ပါ။)
• Wi-Fi setting တစ္ခု အသစ္ေဆာက္လို႔ၿပီးပါၿပီ။ ၎ Wi-Fi အသစ္ကို Turn WiFi On ကိုႏွိပ္၍ ON ေပးပါ။
ေပၚလာေသာ box မွ Apply ကိုႏွိပ္၍ အတည္ျပဳေပးပါ။

Wi-Fi လည္းအသစ္တည္ေဆာက္ၿပီးစီးသြားၿပီျဖစ္လို႔ အားလံုးအဆင္ေျပ မေျပ Wi-Fi ခ်ိတ္ၾကည့္ပါ။ အဆင္ေျပသြားတာကို ျမင္ေတြ႔ရပါလိမ့္မယ္။ အကယ္၍ မေျပေသးဘူးဆိုရင္ေတာ့ Hardware error ပဲျဖစ္ႏိုင္ၿပီး WiFi card တို႔ WiFi cable တို႔ မေကာင္းလို႔ျဖစ္ႏိုင္ပါတယ္။ အတိအက်ကေတာ့ Technician မ်ား ေသခ်ာစစ္ေဆးၿပီးမွသာ သိႏိုင္မွာပါ။

ရႊင္လန္းခ်မ္းေျမ့ၾကပါေစဗ်ာ 🙏

No comments:

Post a Comment

မင်္ဂလာပါ..