MacBook ကွန်ပျူတာ စအသုံးပြုတဲ့အခါ
Windows ကီးဘုတ်နဲ့မတူတဲ့ ကီးတွေကို
တွေ့ရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
မဖြစ်ရလေအောင် MacBook ရဲ့ကီးဘုတ်
အကြောင်းနဲ့ ကွန်ပျူတာကို အလွယ်တကူ
အသုံးပြုလို့ရတဲ့ Mac Shortcut Key တွေကို
ဖော်ပြပေးလိုက်ပါတယ်။ အောက်မှာ ပထမဆုံး
အတန်းကနေ အစဉ်အတိုင်းဖော်ပြထားပါတယ်။
ESC Key - နောက်ပြန်ထွက်တဲ့ Escape Key
F1 Key - Screen ကို အလင်းလျှော့တဲ့ ကီး။
F2 - Screen ကို အလင်းတိုးတဲ့ ကီး။
F3 - ဖွင့်ထားသမျှ Program တွေ ကြည့်လို့ရတဲ့
Mission Control ကို ဖွင့်တဲ့ ကီး။
F4 - Apps အားလုံးကို ကြည့်လို့ရတဲ့ Launchpad ဖွင့်တဲ့ ကီး။
F5 - ကီးဘုတ်မှာပါတဲ့ အလင်းလျှော့တဲ့ကီး။
F6 - ကီးဘုတ်မှာပါတဲ့ အလင်းတိုးတဲ့ကီး။
F7 - iTunes သီးချင်းကို နောက်ဆုတ်ဖွင့်တဲ့ကီး။
F8 - iTunes သီးချင်းတွေကို အပိတ်၊အဖွင့်လုပ်တဲ့ကီး။
F9 - iTunes သီးချင်းကို နောက်တစ်ပုဒ်ဖွင့်တဲ့ကီး။
F10 - အသံကို လုံးဝပိတ်လိုက်တဲ့ကီး။
F11 - အသံလျှော့တဲ့ကီး။
F12 - အသံတိုးချဲ့ဖွင့်တဲ့ကီး။
Eject Key - Disk, USB တွေကိုထုတ်တဲ့ ကီး။
Fn - Function Key
Control - Control Key
Alt Option - Alter & Option Key
Command - Windows မှာ Windows Key ပါသလို
Mac မှာတော့ Command ကီးပါပါတယ်။
ကျန်ရှိတဲ့ကီးများကတော့ Windows ကွန်ပျူတာမှာပါတဲ့
ကီးတွေနဲ့အတူတူပါပဲ။ Shortcut Key တွေကို နောက် နေ့တွေမှာ ပြန်ရေးတင်ပေးပါမယ်။
No comments:
Post a Comment
မင်္ဂလာပါ..