menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac ကို လျင်မြန်လာစေရန်


 သင်အသုံးပြုနေကြ သင့်ရဲ့ Mac computer ဟာ အသုံးပြုမှူများလာတာနဲ့ အနည်းနဲ့အများနှေးကွေးလာမှာပါ။ နှေးကွေးမှူဖြစ်ပေါ်ခြင်းမှ တားဆီးနိုင်နိုင်ဖို့ နည်းလမ်းတွေလည်းရှိပါတယ်။ အဲ့နည်းလေးတွေကတော့ –
(၁) မလိုအပ်သော ဖိုင်များကိုရှင်းလင်းပါ

သင့်အတွက် မလိုအပ်တဲ့ File တွေဖယ်ရှားရှင်းလင်းခြင်းဟာ နေရာလွတ်တွေပိုများတဲ့အတွက် ဆောင်ရွက်သင့်တဲ့အချက်တစ်ချက်ပါပဲ။ နောက်ပိုင်းထွက်လာတဲ့ MacBook များဟာ SSD ကိုအသုံးပြုထားလို့ HDD များထက် များစွာလျင်မြန်တာဟာ မှန်ပေမယ့် 128GB, 256GB, 512GB စတဲ့ data ပမာဏကတော့ နည်းပါလှလို့ သိုလှောင်သိမ်းဆည်းနိုင်မှူဟာ အကန့်အသပ်နည်းပါတယ်။ သင့် Storage မှာ နေရာလွတ်လျော့နည်းနေပြီဆိုရင်တော့ သင့် MacBook ဟာ သေချာပေါက် နှေးကွေးလာဖို့ရှိပါတယ်။ ဒီတော့ မလိုအပ်တဲ့ File တွေကို ဖယ်ရှားရှင်းလင်းခြင်းဖြင့် နှေးကွေးလေးလံမှူမှ ကာကွယ်မှူပြုပါ။


(၂) System cache များကိုရှင်းလင်းပါ

သင့်အသုံးပြုလာသမျှကို မှတ်သားသိမ်းဆည်းပေးထားတဲ့ system log နဲ့ cache file များဟာလည်း
များလာရင် သင့် Macbook ရဲ့ လုပ်ဆောင်မှူကို နှောင့်နှေးလာစေပါတယ်။ မကြာခဏဆိုသလို ( ၂ ပါတ် ၁ ကြိမ်လောက်ဖြစ်ဖြစ် ) ဖယ်ရှားရှင်းပေးပါမှ သင့်တော်ပါလိမ့်မယ်။ cache file တွေကို ဘယ်လို ဖယ်ရှားရှင်းလင်းရမလဲဆိုတော့ menu bar မှ (Go > Go to Finder ) ကိုသွားပါ။ ပေါ်လာတဲ့ box မှာ ~/Library/Caches လို့ရိုက်နှိပ်ပါ။ caches file တွေအားလုံးတွေ့လာရပါမယ်။ command + A နှိပ်ပြီး All select မှပြီး Command + delete လုပ်ပေးပါ။
(၃) Add-on (သို့မဟုတ်) Extensions များကို deactivate (သို့မဟုတ်) delete ပြုလုပ်ပါ။

ဒါကတော့ အင်တာနက် browser တွေဖြစ်တဲ့ safari, chrome, firefox စတာတွေအသုံးပြုရာမှာ သင့်အသုံးပြုတဲ့ extensions တွေများပြားနေရင် Internet အသုံးပြုတဲ့အခါ အမှန်တကယ်နှေးကွေးလာဖို့ရှိပါတယ်။ သင်အသုံးပြုတဲ့ Extension တွေ မရှိဘူး။ သိပ်များဘူးဆိုရင်တော့ မလိုအပ်ပါဘူး။
(၄) RAM ကို ရှင်းလင်းပါ။

တချို့တလေဟာ ကွန်ပြူတာကို Shut down မပြုလုပ်ပဲ ရက်ပေါင်းများစွာ အသုံးပြုလေ့ရှိပါတယ်။ နေ့စဉ် နေ့စဉ်များစွာသော Apps များကို တောက်လျောက်အသုံးပြုလာတဲ့အခါ သင်ဖွင့်ထားတဲ့ tab တွေ .. apps တွေဟာ အရမ်းများလာပါတယ်။ တကယ်လို့ပိတ်လိုက်တယ်ဆိုရင်တောင် အပြီးအတိုင်ပိတ်မသွားပဲ RAM memory ပေါ်မှာ RAM နေပါသေးတယ်။ နောက်ကွယ်ကနေ RAM memory ပေါ် RAM နေတာဟာ အနည်းငယ်သော memory ကိုအသုံးပြုထားတယ်ဆိုပေမယ့် အရမ်းများနေပြီဆိုရင် RAM ရဲ့နေရာလွတ်တွေ လျော့နည်းလာမှာပါ။ RAM memory မလောက်တော့ဘူးဆိုရင် virtual memory ပေါ်မှာ အလုပ်လုပ်ပေးပါတယ်။ ဒါပေမယ့် speed ကတော့ အရမ်း နှေးကွေးပါ။ Software တစ်ခုခုကို သင်ဖွင့်လိုက်တဲ့အခါ သင့်စက်ဟာ စိတ်ပျက်စရာကောင်းလောက်အောင် လေးလံနေတာမျိုးတွေ သင်ကြုံတွေ့လာမှာမလွဲပါပဲ။ ဒီတော့ RAM memory ကိုရှင်းလင်းခြင်းပြုပေးပါ။ menu bar မှ ပန်းသီးပုံလေးကိုနှိပ်၍ Force Quit ကိုနှိပ်ပါ။ အသုံးမပြုတဲ့ Software တွေကိုရွေးချယ်ပြီး Force Quit ပြုလုပ်ပေးလိုက်ပါ။
(၅) CleanMyMac ကို အသုံးပြုပါ။

Cache တွေရှင်းတာ၊ file တွေရှင်းတာ အလုပ်ရှူပ်တယ်။ အလိုအလျှောက်ဖယ်ရှားရှင်းလင်းပေးမယ့် Software တစ်ခုခုကို အသုံးပြုချင်တယ်ဆိုရင်တော့ CleanMyMac ကိုပဲညွှန်ပြပါရစေ။ CleanMyMac ကိုအသုံးပြုခြင်းဖြင့် သင့် computer မှ မလိုအပ်တဲ့ file တွေ ၊ cache တွေကို အလိုအလျှောက်ဖယ်ရှားရှင်းလင်းပေးမှာဖြစ်သလို System တစ်ခုလုံးကို အချိန်အနည်းငယ်အတွင်း စစ်ဆေးပြီး သင့် computer ကို ပိုမိုပေါ့ပါးသွက်လက်လာအောင် လွယ်ကူစွာဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။ CleanMyMac ဟာ Memory နေရာအများအပြားယူထားသည့် software များကိုလည်း အလွယ်တကူရှာဖွေမှူပြုနိုင်သလို ၊ ထိုသို့ Memory များများယူထားသည့် software များ မိမိအနေနဲ့အသုံးမလိုဘူးဆိုလျင်လည်း ဖျက်ပစ်ခြင်းခြင့် Memory space များပိုရလာပါမယ်။ ဒါ့အပြင် software များ uninstall ပြုလုပ်ခြင်းများကိုလည်း CleanMyMac ကိုအသုံးပြုပြုလုပ်နိုင်ပါသေးတယ်။ CleanMyMac မှတဆင့် Uninstall ပြုလုပ်ခြင်းဟာ သာမာန် Uninstall ပြုလုပ်သည်ထက် ပိုမိုကောင်းမွန်တဲ့အချက်ကတော့ သက်ဆိုင်ရာ software ရဲ့ data များ တစ်ခုမကျန် ရှင်းလင်းပေးနိုင်ခြင်းပါပဲ။ ဒေတာအကျွင်းအကျန်အနည်းငယ်မျှတောင်မရှိနိုင်တော့သည့်အတွက် သင့် computer မှာ မလိုအပ်တာတွေ မရှိနိုင်တော့ပါဘူး။ ကျွန်တော်တို့အနေနဲ့ recommand ပေးလိုတာကလည်း software တွေ Uninstall ပြုလုပ်တဲ့အခါ CleanMyMac ကိုပဲ အသုံးပြုစေလိုပါတယ်။

CleanMyMac software ကို Internet မှာ ရှာဖွေဒေါင်းလောက်ဆွဲနိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ

zawgyi font


သင္အသုံးျပဳေနၾက သင့္ရဲ႕ Mac computer ဟာ အသုံးျပဳမႉမ်ားလာတာနဲ႔ အနည္းနဲ႔အမ်ားေႏွးေကြးလာမွာပါ။ ေႏွးေကြးမႉျဖစ္ေပၚျခင္းမွ တားဆီးႏိုင္ႏိုင္ဖို႔ နည္းလမ္းေတြလည္းရွိပါတယ္။ အဲ့နည္းေလးေတြကေတာ့ –

(၁) မလိုအပ္ေသာ ဖိုင္မ်ားကိုရွင္းလင္းပါ

သင့္အတြက္ မလိုအပ္တဲ့ File ေတြဖယ္ရွားရွင္းလင္းျခင္းဟာ ေနရာလြတ္ေတြပိုမ်ားတဲ့အတြက္ ေဆာင္႐ြက္သင့္တဲ့အခ်က္တစ္ခ်က္ပါပဲ။ ေနာက္ပိုင္းထြက္လာတဲ့ MacBook မ်ားဟာ SSD ကိုအသုံးျပဳထားလို႔ HDD မ်ားထက္ မ်ားစြာလ်င္ျမန္တာဟာ မွန္ေပမယ့္ 128GB, 256GB, 512GB စတဲ့ data ပမာဏကေတာ့ နည္းပါလွလို႔ သိုေလွာင္သိမ္းဆည္းႏိုင္မႉဟာ အကန္႔အသပ္နည္းပါတယ္။ သင့္ Storage မွာ ေနရာလြတ္ေလ်ာ့နည္းေနၿပီဆိုရင္ေတာ့ သင့္ MacBook ဟာ ေသခ်ာေပါက္ ေႏွးေကြးလာဖို႔ရွိပါတယ္။ ဒီေတာ့ မလိုအပ္တဲ့ File ေတြကို ဖယ္ရွားရွင္းလင္းျခင္းျဖင့္ ေႏွးေကြးေလးလံမႉမွ ကာကြယ္မႉျပဳပါ။

(၂) System cache မ်ားကိုရွင္းလင္းပါ

သင့္အသုံးျပဳလာသမွ်ကို မွတ္သားသိမ္းဆည္းေပးထားတဲ့ system log နဲ႔ cache file မ်ားဟာလည္း မ်ားလာရင္ သင့္ Macbook ရဲ႕ လုပ္ေဆာင္မႉကို ေႏွာင့္ေႏွးလာေစပါတယ္။ မၾကာခဏဆိုသလို ( ၂ ပါတ္ ၁ ႀကိမ္ေလာက္ျဖစ္ျဖစ္ ) ဖယ္ရွားရွင္းေပးပါမွ သင့္ေတာ္ပါလိမ့္မယ္။ cache file ေတြကို ဘယ္လို ဖယ္ရွားရွင္းလင္းရမလဲဆိုေတာ့ menu bar မွ (Go > Go to Finder ) ကိုသြားပါ။ ေပၚလာတဲ့ box မွာ ~/Library/Caches လို႔႐ိုက္ႏွိပ္ပါ။ caches file ေတြအားလုံးေတြ႕လာရပါမယ္။ command + A ႏွိပ္ၿပီး All select မွၿပီး Command + delete လုပ္ေပးပါ။

(၃) Add-on (သို႔မဟုတ္) Extensions မ်ားကို deactivate (သို႔မဟုတ္) delete ျပဳလုပ္ပါ။

ဒါကေတာ့ အင္တာနက္ browser ေတြျဖစ္တဲ့ safari, chrome, firefox စတာေတြအသုံးျပဳရာမွာ သင့္အသုံးျပဳတဲ့ extensions ေတြမ်ားျပားေနရင္ Internet အသုံးျပဳတဲ့အခါ အမွန္တကယ္ေႏွးေကြးလာဖို႔ရွိပါတယ္။ သင္အသုံးျပဳတဲ့ Extension ေတြ မရွိဘူး။ သိပ္မ်ားဘူးဆိုရင္ေတာ့ မလိုအပ္ပါဘူး။

(၄) RAM ကို ရွင္းလင္းပါ။

တခ်ိဳ႕တေလဟာ ကြန္ျပဴတာကို Shut down မျပဳလုပ္ပဲ ရက္ေပါင္းမ်ားစြာ အသုံးျပဳေလ့ရွိပါတယ္။ ေန႔စဥ္ ေန႔စဥ္မ်ားစြာေသာ Apps မ်ားကို ေတာက္ေလ်ာက္အသုံးျပဳလာတဲ့အခါ သင္ဖြင့္ထားတဲ့ tab ေတြ .. apps ေတြဟာ အရမ္းမ်ားလာပါတယ္။ တကယ္လို႔ပိတ္လိုက္တယ္ဆိုရင္ေတာင္ အၿပီးအတိုင္ပိတ္မသြားပဲ RAM memory ေပၚမွာ RAM ေနပါေသးတယ္။ ေနာက္ကြယ္ကေန RAM memory ေပၚ RAM ေနတာဟာ အနည္းငယ္ေသာ memory ကိုအသုံးျပဳထားတယ္ဆိုေပမယ့္ အရမ္းမ်ားေနၿပီဆိုရင္ RAM ရဲ႕ေနရာလြတ္ေတြ ေလ်ာ့နည္းလာမွာပါ။ RAM memory မေလာက္ေတာ့ဘူးဆိုရင္ virtual memory ေပၚမွာ အလုပ္လုပ္ေပးပါတယ္။ ဒါေပမယ့္ speed ကေတာ့ အရမ္း ေႏွးေကြးပါ။ Software တစ္ခုခုကို သင္ဖြင့္လိုက္တဲ့အခါ သင့္စက္ဟာ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ေလးလံေနတာမ်ိဳးေတြ သင္ႀကဳံေတြ႕လာမွာမလြဲပါပဲ။ ဒီေတာ့ RAM memory ကိုရွင္းလင္းျခင္းျပဳေပးပါ။ menu bar မွ ပန္းသီးပုံေလးကိုႏွိပ္၍ Force Quit ကိုႏွိပ္ပါ။ အသုံးမျပဳတဲ့ Software ေတြကိုေ႐ြးခ်ယ္ၿပီး Force Quit ျပဳလုပ္ေပးလိုက္ပါ။

(၅) CleanMyMac ကို အသုံးျပဳပါ။

Cache ေတြရွင္းတာ၊ file ေတြရွင္းတာ အလုပ္ရွဴပ္တယ္။ အလိုအေလွ်ာက္ဖယ္ရွားရွင္းလင္းေပးမယ့္ Software တစ္ခုခုကို အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ CleanMyMac ကိုပဲၫႊန္ျပပါရေစ။ CleanMyMac ကိုအသုံးျပဳျခင္းျဖင့္ သင့္ computer မွ မလိုအပ္တဲ့ file ေတြ ၊ cache ေတြကို အလိုအေလွ်ာက္ဖယ္ရွားရွင္းလင္းေပးမွာျဖစ္သလို System တစ္ခုလုံးကို အခ်ိန္အနည္းငယ္အတြင္း စစ္ေဆးၿပီး သင့္ computer ကို ပိုမိုေပါ့ပါးသြက္လက္လာေအာင္ လြယ္ကူစြာေဆာင္႐ြက္ႏိုင္မွာလည္းျဖစ္ပါတယ္။ CleanMyMac ဟာ Memory ေနရာအမ်ားအျပားယူထားသည့္ software မ်ားကိုလည္း အလြယ္တကူရွာေဖြမႉျပဳႏိုင္သလို ၊ ထိုသို႔ Memory မ်ားမ်ားယူထားသည့္ software မ်ား မိမိအေနနဲ႔အသုံးမလိုဘူးဆိုလ်င္လည္း ဖ်က္ပစ္ျခင္းျခင့္ Memory space မ်ားပိုရလာပါမယ္။ ဒါ့အျပင္ software မ်ား uninstall ျပဳလုပ္ျခင္းမ်ားကိုလည္း CleanMyMac ကိုအသုံးျပဳျပဳလုပ္ႏိုင္ပါေသးတယ္။ CleanMyMac မွတဆင့္ Uninstall ျပဳလုပ္ျခင္းဟာ သာမာန္ Uninstall ျပဳလုပ္သည္ထက္ ပိုမိုေကာင္းမြန္တဲ့အခ်က္ကေတာ့ သက္ဆိုင္ရာ software ရဲ႕ data မ်ား တစ္ခုမက်န္ ရွင္းလင္းေပးႏိုင္ျခင္းပါပဲ။ ေဒတာအကြၽင္းအက်န္အနည္းငယ္မွ်ေတာင္မရွိႏိုင္ေတာ့သည့္အတြက္ သင့္ computer မွာ မလိုအပ္တာေတြ မရွိႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ recommand ေပးလိုတာကလည္း software ေတြ Uninstall ျပဳလုပ္တဲ့အခါ CleanMyMac ကိုပဲ အသုံးျပဳေစလိုပါတယ္။
CleanMyMac software ကို Internet မွာ ရွာေဖြေဒါင္းေလာက္ဆြဲႏိုင္ပါတယ္။
႐ႊင္လန္းခ်မ္းေျမ့ၾကပါေစဗ်ာ

No comments:

Post a Comment

မင်္ဂလာပါ..