menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac OS တွင် Screenshots ရိုက်နည်းအမျိုးမျိုး



Mac မှာတော့ Screenshots ရိုက်နည်းက အမျိုးမျိုးရှိပါတယ်။ လိုအပ်တဲ့အခြေအနေအပေါ်မူတည်ပြီး မိမိတို့ အဆင်ပြေရာ နည်းလမ်းအမျိုးမျိုးဖြင့် Screenshots လေ့ရှိကြပါတယ်။

Keyboard shortcuts များဖြင့် Screenshots ခြင်း

Keyboard shortcuts များနဲ့ Screenshots တာကိုက (6) မျိုးလောက်ရှိပေါတယ်။ ဒါပေမယ့် ဒီ Screenshots keyboard shortcuts များကို မိမိတို့နှစ်သက်သလို ပြောင်းလဲအသုံးပြုလို့ရပါတယ်။ System Preferences > Keyboard > Shortcuts အောက်က Screen Shots မှာ shortcuts များကို ပြောင်းလဲပါ။
ယခု အောက်မှာဖော်ပြပေးမည့် Screenshots အတွက် Keyboard shortcuts များကတော့ defaults shortcuts များပဲဖြစ်ပါတယ်။ Touch Bar ပါသည့် Macbook Pro များဆိုလျင် Touch Bar ပါ Screenshorts နိုင်ပါသည်။ Default အနေဖြင့် Touch Bar အား Screenshots ခြင်းအတွက် Shortcuts ကတော့ Cmd + Shift + 6 ပါ။

• Cmd + Shift + 4

Cmd + Shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။

• Cmd + Shift + 3

Cmd + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။

Cmd + ctrl + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။

• Cmd + Ctrl + Shift + 4

Cmd + Ctrl + Shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။

• Cmd + Shift + 4 + Space

Cmd + Shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။

• Cmd + Ctrl + Shift + 4 + Space

Cmd + Ctrl + Shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။

Preview App ကိုအသုံးပြု၍ Screenshots ခြင်း

================

Mac အသုံးပြုသူတွေ အတော်များများတော့ Mac OS ရဲ့ Preview app ကို သိကြမယ်ထင်ပါတယ်။ Photo တို့ PDF file တို့ကို view ကြည့်နိုင်သည့် ၎င်း Preview app ကို အသုံးပြု၍လည်း Screenshots နိုင်ပါသည်။ Preview ကိုအသုံးပြု Screenshots ရာမှာ (1) Salection (2) Window (3) Entire Screen ဆိုပြီး နည်းလမ်း (၃)ခုဖြင့် အဆင်ပြေသလို Screenshots နိုင်ပါတယ်။ ဘယ်လို Screenshots ရလဲဆို - Preview app ကိုဖွင့် ။ Menu bar တွင် File menu မှ Take Screen Shot ရှိပါသည်။

Grab App ကိုသုံး၍ Screenshots ခြင်း

==================

Mac OS မှာ Capture ဖမ်းဖို့အတွက် ၎င်း၏ Built-in application ရှိတယ်ဆိုတာ သိပါသလား။ Grab App ဟာ Mac OS ၏ Built-in Capture application ပါ။ ၎င်း App ကိုသုံး၍ Screenshots ရာမှာ တခြားနည်းလမ်းများထက် အားသာချက်ကတော့ Timer ပေးပြီး Screenshots လို့ရခြင်းပါ။ Application ရဲ့ Search box မှာ Grab ကိုရိုက်ရှာပြီးဖွင့်ပါ။ Menu bar မှ Capture menu အောက်တွင် Selection, Window, Selection နဲ့ Timed Screen ဆိုပြီး Screenshots နည်း (၄) မျိုးရှိပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ 🙏


Credit;; iSure
============
Mac မွာေတာ့ Screenshots ႐ိုက္နည္းက အမ်ိဳးမ်ိဳးရွိပါတယ္။ လိုအပ္တဲ့အေျခအေနအေပၚမူတည္ၿပီး မိမိတို႔ အဆင္ေျပရာ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ Screenshots ေလ့ရွိၾကပါတယ္။
Keyboard shortcuts မ်ားျဖင့္ Screenshots ျခင္း
===================

Keyboard shortcuts မ်ားနဲ႔ Screenshots တာကိုက (6) မ်ိဳးေလာက္ရွိေပါတယ္။ ဒါေပမယ့္ ဒီ Screenshots keyboard shortcuts မ်ားကို မိမိတို႔ႏွစ္သက္သလို ေျပာင္းလဲအသံုးျပဳလို႔ရပါတယ္။ System Preferences > Keyboard > Shortcuts ေအာက္က Screen Shots မွာ shortcuts မ်ားကို ေျပာင္းလဲပါ။ ယခု ေအာက္မွာေဖာ္ျပေပးမည့္ Screenshots အတြက္ Keyboard shortcuts မ်ားကေတာ့ defaults shortcuts မ်ားပဲျဖစ္ပါတယ္။ Touch Bar ပါသည့္ Macbook Pro မ်ားဆိုလ်င္ Touch Bar ပါ Screenshorts ႏိုင္ပါသည္။ Default အေနျဖင့္ Touch Bar အား Screenshots ျခင္းအတြက္ Shortcuts ကေတာ့ Cmd + Shift + 6 ပါ။
• Cmd + Shift + 4
Cmd + Shift + 4 = Capture လုပ္လိုတဲ့ ဧရိယာေလးသီးသန္႔ dragged ဆြဲယူလိုက္ပါ။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
• Cmd + Shift + 3
Cmd + shift + 3 = Screen တစ္ခုလုံးကို Capture လုပ္သြားပါလိမ့္မယ္။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
Cmd + ctrl + shift + 3 = Screen တစ္ခုလုံးကို Capture လုပ္သြားပါလိမ့္မယ္။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။
• Cmd + Ctrl + Shift + 4
Cmd + Ctrl + Shift + 4 = Capture လုပ္လိုတဲ့ ဧရိယာေလးသီးသန္႔ dragged ဆြဲယူလိုက္ပါ။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။
• Cmd + Shift + 4 + Space
Cmd + Shift + 4 + Space = Capture လုပ္ခ်င္တဲ့ window တစ္ခုလုံးကို screenshot ပါလိမ့္မယ္။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
• Cmd + Ctrl + Shift + 4 + Space
Cmd + Ctrl + Shift + 4 + Space = Capture လုပ္ခ်င္တဲ့ window တစ္ခုလုံးကို screenshot ပါလိမ့္မယ္။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။
Preview App ကိုအသံုးျပဳ၍ Screenshots ျခင္း
================
Mac အသံုးျပဳသူေတြ အေတာ္မ်ားမ်ားေတာ့ Mac OS ရဲ႕ Preview app ကို သိၾကမယ္ထင္ပါတယ္။ Photo တို႔ PDF file တို႔ကို view ၾကည့္ႏိုင္သည့္ ၎ Preview app ကို အသံုးျပဳ၍လည္း Screenshots ႏိုင္ပါသည္။ Preview ကိုအသံုးျပဳ Screenshots ရာမွာ (1) Salection (2) Window (3) Entire Screen ဆိုၿပီး နည္းလမ္း (၃)ခုျဖင့္ အဆင္ေျပသလို Screenshots ႏိုင္ပါတယ္။ ဘယ္လို Screenshots ရလဲဆို - Preview app ကိုဖြင့္ ။ Menu bar တြင္ File menu မွ Take Screen Shot ရွိပါသည္။
Grab App ကိုသံုး၍ Screenshots ျခင္း
==================
Mac OS မွာ Capture ဖမ္းဖို႔အတြက္ ၎၏ Built-in application ရွိတယ္ဆိုတာ သိပါသလား။ Grab App ဟာ Mac OS ၏ Built-in Capture application ပါ။ ၎ App ကိုသံုး၍ Screenshots ရာမွာ တျခားနည္းလမ္းမ်ားထက္ အားသာခ်က္ကေတာ့ Timer ေပးၿပီး Screenshots လို႔ရျခင္းပါ။ Application ရဲ႕ Search box မွာ Grab ကိုရိုက္ရွာၿပီးဖြင့္ပါ။ Menu bar မွ Capture menu ေအာက္တြင္ Selection, Window, Selection နဲ႔ Timed Screen ဆိုၿပီး Screenshots နည္း (၄) မ်ိဳးရွိပါတယ္။
ရႊင္လန္းခ်မ္းေျမ့ၾကပါေစဗ်ာ 🙏

No comments:

Post a Comment

မင်္ဂလာပါ..