menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Mac OS Mojave အကြောင်း
Mac OS Mojave(မိုဟာဗီ)မှာ ဘာတွေထူးခြားသွားလဲ? 👨‍💻
Apple ကနေ MacBook ကွန်ပျူတာတွေအတွက်
MacOS Mojave Version ကို(25.9.2018)နေ့မှာ
တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အရင်ထွက်ရှိခဲ့တဲ့
Verion တွေနဲ့မတူ၊ပြောင်းလဲသွားသော အသစ်
ဆန်း Features အသစ်တွေကတော့ အောက်ပါ
အတိုင်းဖြစ်ပါတယ်။
1. အမည်းရောင်မျက်နှာပြင် (Dark Mode)
Mojave မှာ အကြီးစား ပြောင်းလဲသွားတာက
အမည်းရောင် မျက်နှာပြင်နဲ့Dark Mode ပါ။
Windows 10 Update Build 17666 မှာလိုမျိုး
Mac OS Mojave ကို Update တင်ပြီးပြီဆိုရင်
System Preferences > General ထဲကနေ
Light(or)Dark ကြိုက်တာရွေးချယ်နိုင်ပါတယ်။
Dark Mode ကိုပြောင်းထားခြင်းအားဖြင့် ကွန်ပျူတာ
အလင်းပြန်၊မျက်စိထိခိုက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
2. Wallpaper အသစ်အဆန်းများ (New Wallpaper)
Mac OS Mojave Version မှာတော့ အရင်ကနဲ့မတူတဲ့
Nwe Wallpaper အသစ် (7) ခုနှစ်ခုနဲ့Dynamic လို့
ခေါ်တဲ့ Wallpaper နှစ်ခုအသစ်တွေ ပါဝင်လာပါတယ်။
Dynamic Wallpaper ဆိုတာက အချိန်နာရီမိနစ်အလိုက်
လိုက်ပြောင်းလဲနေမယ့် Wallpaper ကို ခေါ်ဆိုတာပါ။
Dynamic Wallpaper ကို အသုံးပြုဖို့System Preferences>
Desktop Screen & Screen Saver ထဲကို ဝင်ပြီး၊
မိမိထားချင်၊အသုံးပြုချင်တဲ့ Dynamic Wallpaper ကို
ရွေးပေး၊ Option မှာ Dynamic ရွေးထားပေးရပါမယ်။
3. ဖိုင်တွေကို အမြန်ကြည့်နိုင်တဲ့ Quick Look
Quick Look ဆိုတာက ဖိုင်တစ်ဖိုင်ကို Seletct မှတ်၊
Space Bar ကိုနှိပ်ပြီး အမြန်ကြည့်နိုင်တဲ့နည်းတစ်ခုပါ။
အရင် Version တွေမှာတော့ Quick Look မှာ ပုံတွေကို
Editing တွေလုပ်လို့မရသေးပါဘူး။ Mojave မှာတော့
Quick Look နဲ့ဖွင့်တာနဲ့ Editing လုပ်နိုင်ပါတယ်။
4. Stack ကို အသုံးပြုနိုင်မယ် (Using Stack)
အရင်တုန်းက Version တွေမှာတော့ ဖိုင်တွေကို
Desktop ပေါ်မှာ သိမ်းတာများသွားရင် Screen
တစ်ခုလုံး ရှုပ်ပွနေတတ်ပါတယ်။ Mojave မှာတော့
Desktop ပေါ်ကို Right Click>Use Stack ဆိုတာကို
နှိပ်ပေးလိုက်ရင် သူ့အစီစဉ်၊ Category, အမျိုးအစား
အလိုက် ဓာတ်ပုံ၊သီချင်း၊ဗီဒီယို၊ PDF File စသည်ဖြင့်
စီပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Widget
အနေနဲ့လည်း ထည့်ထားနိုင်ပါသေးတယ်။
5. i Devices တွေကနေ Scan ဖတ်နိုင်မယ်။
Apple ID အကောင့်တစ်ခုတည်းကို MacBook,
iPhone,iPad တွေထဲမှာ တစ်ပြိုင်တည်း ထည့်ထားရင်
Mac Desktop ပေါ်မှာ Right Click >Take Photo (or)
Scan Document ဆိုတာကိုရွေး၊ iPhone Camera နဲ့
ဓာတ်ပုံရိုက်၊ Use Photo ဆိုတာကိုရွေးလိုက်ရင် Mac
Dasktop ပေါ်မှာ ပုံတွေ Save လုပ်ပေးနိုင်ပါတယ်။
6. အသုံးဝင်တဲ့ Screenshot App
အရင် Version တွေမှာဆိုရင် Screenshot ဖမ်းဖို့အရေး
Command+Shift+(3 or 4) Key သုံးခုတွဲနှိပ်မှ ရပါတယ်။
Mojave Version မှာ Screenshot ရိုက်ဖို့ Screenshot App
ဆိုတဲ့ Application နဲ့အလွယ်တကူရိုက်နိုင်ပါတယ်။
ဓာတ်ပုံအသေးစိပ်အချက်လက်တွေကြည့်ဖို့Photo Detail
ဓာတ်ပုံကို Select မှတ်ထားပြီး bar မှာ Show Preview ကို
နှိပ်လိုက်ရင် Speed,Time,Lens,Model အစရှိသည်ဖြင့်
အသေးစိပ်ကြည့်နိုင်ပါတယ်။
7. စီးပွားရေးသမားတွေအတွက် Stock App
Dollar ဈေးတွေ ဘယ်ချိန်မှာတတ်လဲ၊ကျလဲဆိုတာကို
ကြည့်နိုင်ပါတယ်။ Stock ဈေးကွက်အခြေနေတွေလည်း
ကြည့်နိုင်ပါတယ်။ ကိုယ်မလိုအပ်တာတွေ ဖြုတ်ထားပြီး
MMK=X, CNY=X စသည်ဖြင့်ထားနိုင်ပြီး အပေါ်ဆုံးမှာ
ဈေးကွက်သတင်းတွေကိုလည်း ဖတ်နိုင်ပါသေးတယ်။
8. သတင်းတွေဖတ်ဖို့News App
iPhone တွေမှာပါတဲ့ News App ကို Mac မှာ
အသုံးပြုနိုင်ပါပြီ။ Language & Region ထဲမှာ
United State ကိုရွေးပြီး Restart ချပေးလိုက်ရင်
News Apps ကိုသုံးပြီး သတင်းတွေ ဖတ်နိုင်ပါပြီ။
9. Features အသစ်များ
iPhone မှာပါတဲ့ Home App ကိုလည်း Mac မှာ
ပါလာတဲ့အတွက် Home kid Accessories တွေကို
ချိတ်ပြီး Control လုပ်နိုင်ပါတယ်။ ပုံတွေကြည့်ဖို့
Gallery View မှာတော့ iPhone တွေမှာလိုပဲ
အောက်မှာပုံအသေးနဲ့ အပေါ်မှာ ပုံအကြီးကို
ကြည့်လို့ရနိုင်ပါတယ်။ Voice Recording အတွက်
Voice Memo App ထည့်လာပေးထားပါတယ်။
iCloud မှာသိမ်းထားနိုင်သလို Airdrop နဲ့Share
လုပ်လည်း ရပါတယ်။System Preferences ထဲမှာ
Software Update ပါလာတဲ့အတွက် Automatic
Update အသုံးမလိုခဲ့ရင်လည်း ပိတ်ထားနိုင်ပါတယ်။
App Store Design ကိုလည်း ပြောင်းလဲထားပါတယ်။
10. High Sierra Version မှာ အကောင့် နာမည်
ပြောင်းရင် သူ့အလိုလို Standard Account ဖြစ်
သွားတတ်တာကို ကာကွယ်ဖို့ Account Name ပြောင်းတဲ့
နေရာမှာမှိန်နေပြီး ပြောင်းလို့မရတော့ပါဘူး။ Full Name မှာ
ပြောင်းလိုက်ရင် အဆင်ပြေပြီဖြစ်တဲ့အတွက် Admin Right
ပျောက်သွားတာတွေ မဖြစ်တော့ပါဘူး။
အတိုင်းဖြစ်ပါတယ်။