menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

M2 SSD ဟူသည်



M.2 SSD ဆိုတာဘာလဲ?.

ရိုးရိုး Hard Disk တွေထက်ပိုမြန်တဲ့ Solid State Drives တွေရဲ့အကြောင်းကိုတော့ နည်းနည်းပါးပါး တီးမိခေါက်မိရှိတယ်။ ဒါပေမဲ့ M.2 တွေ SATA တွေ Nvme တွေနဲ့ရှုပ်နေတာပဲဆိုတဲ့ သူတွေအတွက်ကို ဒီ Article လေး ရေးပေးလိုက်ပါတယ်။

.
SSD တွေမှာ ပုံစံ ( form factor ) ကိုပုံမှန်အားဖြင့်နှစ်မျိုး တွေ့ရလေ့ရှိပါတယ်။ M.2 SSD နဲ့ 2.5 Inch SSD ဆိုပြီးတော့ပါ။ နောက်ထပ် Add-in SSD ဆိုတာလည်းရှိပါသေးတယ်။ M.2 SSD ဆိုတာ Computer ရဲ့ M.2 slot မှာစိုက်ရတဲ့ အချောင်းသေးသေးလေးပါ။ ပုံမှန်အားဖြင့် 80x22mm လောက်ရှိတတ်ပြီး အဲ့ထက်လည်း တိုနိုင်၊ ရှည်နိုင်ပါတယ်။ M.2 SSD ရဲ့ အရွယ်အစားကိုသူ့ရဲ့ နောက်မှာပါဝင်တဲ့ နံပါတ်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ ဥပမာ – M.2 Type-2280 လိုမျိုးပါ။ ပထမ နံပါတ် နှစ်ခုက အကျယ်ဖြစ်ပြီး၊ ဒုတိယနံပါတ် နှစ်ခုကတော့ အရှည်ဖြစ်ပါတယ်။ 2.5 inch SSD တွေကတော့ ပုံမှာ ပြထားတဲ့အတိုင်း HDD တွေနဲ့ဆင်တူတဲ့ Box လေးပါပဲ။ အခုနောက်ပိုင်းမှာတော့ Laptop တွေမှာ M.2 SSD တွေကို ပိုသုံးလေ့ရှိပါတယ်။ 2.5” SSD တွေနဲ့ယှဉ်ရင်နေရာစားသက်သာလို့ပါ။
.တခြား SATA SSD အကြောင်းကို အောက်ကလင့်ခ်မှာ လေ့လာနိုင်ပါတယ်..
SSD ဟူသည်


M.2 SSD တွေမှာ Storage Size အများဆုံး 2TB ထိရှိတတ်ပါတယ်။ တခြား form factor တွေမှာ တော့အဲ့ထက် ပိုများများရနိုင်ပါတယ်။ M.2 SSD ကို ကိုယ့်ရဲ့ PC မှာသုံးဖို့အတွက် M.2 slot ပါဝင်တဲ့ motherboard လိုအပ်ပါတယ်။ တချို့ motherboard တွေမှာဆို M.2 slot နှစ်ခု၊ နှစ်ခုထက်ပိုပြီး ပါဝင်တာမျိုးလဲ ရှိတတ်ပါတယ်။

.


2.5 inch SSD တွေအနေနဲ့ ရိုးရိုး Hard Drive တွေမှာအသုံးပြုခဲ့တဲ့ SATA bus ကိုပဲ အသုံးပြုပါတယ်။ add-in card တွေမှာတော့ SATA ထက်ပိုမြန်ပြီး bandwidth ပိုများတဲ့ PCIe bus ကိုအသုံးပြုလေ့ရှိပါတယ်။

.

M.2 SSD တွေမှာတော့ sata အသုံးပြုထားတဲ့ SSD တွေရှိသလို၊ PCIe အသုံးပြုထားတဲ့ SSD တွေလဲရှိပါတယ်။ ဒါ့အပြင် SATA model တွေထက် 5 ဆလောက်ပိုပြီးမြန်တဲ့ PCIe with NVME interface သုံးထားတဲ့ SSD တွေလဲရှိပါသေးတယ်။ ဒါကြောင့် M.2 SSD တွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင် ….

M.2 SSD with SATA based

M.2 SSD with PCIe-based without NVMe support

M.2 SSD with PCIe-based with NVMe-support

ဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။ SATA based က Speed အနှေးဆုံးဖြစ်ပြီး PCIe based with NVMe suport က အမြန်ဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ Laptop မှာ M.2 SSD ထပ်စိုက်မယ်ဆိုရင် motherboard က ဘယ်အမျိုးအစားကို support လုပ်သလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်မှာဖြစ်ပါတယ်။


XPG SX8200 Pro က 256GB အတွက် $77 (၁၂၀၀၀၀ ကျပ်) ကျသင့်ပါတယ်။
3D NAND
NVMe 1.3
SLC Caching အထောက်အပံ့ပေးပါတယ်။

2280 form factor အမျိုးအစားပါ။

(form factor တွေက ဘာကိုဆိုလိုတာလည်းသိချင်ရင်တော့ M.2 SSD Buying Guide မှာ အပြည့်အစုံရေးပေးထားတာမို့ အောက်တွင် ကြည့်ရှုနိုင်ပါတယ်)

Heatsink လည်းပါပါတယ်၊

double-sided tape နဲ့မို့ မိမိအသုံးပြုလိုမှသာ ကပ်နိုင်ပါတယ်။

SX8200 Pro က Samsung EVO 970 Pro စီးရီးကို ဈေးနှုန်းအနိမ့်ပိုင်းကနေတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ SSD ပါ။

Specs အရ

Read 3500MB/s

Write 1200MB/s အထိရမယ်လို့ဆိုပါတယ်။

real world performance မှာတော့ အဲ့အထိမရပါ၊

XPG မှမဟုတ် တခြား SSD တွေလည်း မရနိုင်ပါ။

ဒါပေမဲ့ ကျနော်တို့အနေနဲ့ သူ့ကို နေ့စဉ်လုပ်ငန်း (task) တွေမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလည်းဆိုတာကတော့ တိုင်းတာလို့ရပါတယ်။

စွမ်းဆောင်ရည် (read/write) ကို နှိုင်းယှဉ်ဖို့ရာအတွက် CrystalDiskMark နဲ့တိုင်းတာကြည့်တဲ့အခါမှာ . .

Seq Q32T1 Test

XPG SX8200 Pro M.2 NVMe SSD

read - 3260MB/s

write - 758MB/s

SiliconPower 2.5" SSD

read - 211MB/s

write - 144MB/s

7200RPM HDD

read - 202MB/s

write - 200MB/s

4KiB Q8T8 Test

XPG SX8200 Pro M.2 NVMe SSD

read - 847MB/s

write - 580MB/s

Silicon Power 2.5" SSD

read - 46MB/s

write - 16MB/s

7200RPM HDD

read - 1.5MB/s

write - 1.4MB/s

(အသေးစိတ်ကို အောက်တွင် ပုံနှင့်တကွပြထားပါတယ်)

Read 3500MB/s

Write 1200MB/s

အထိရရှိမယ်လို့ spec အရပြောထားတဲ့ XPG SX8200 Pro ဟာ CrystalDiskMark နဲ့တိုင်းတာရာမှာ

Read 3260MB/s

Write 758MB/s မို့ ကျနော်တို့အနေနဲ့ official spec ထဲကနေ 15℅ cut-off ကိုမျှော်လင့်ထားရမှာပါ။

နောက်တစ်ခုအနေနဲ့ WinRAR ရဲ့ စွမ်းဆောင်ရည်နဲ့တိုင်းတာပါမယ်။

WinRAR test မှာ ကျနော့်အနေနဲ့ 16GB အရွယ်အစားရှိ Avengers: Infinity War ရုပ်ရှင်ကို compress/extract/copy ဆိုတဲ့ အနေအထားသုံးခုနဲ့တိုင်းတာပါတယ်။

ရလဒ်တွေက

WinRAR (Compress) Test

XPG SX8200 Pro - 16min 3sec

Silicon Power 2.5" SSD - 20min 42sec

WinRAR (Extract) Test

XPG SX8200 Pro - 3min 53sec

Silicon Power 2.5" SSD - 6min 45sec

Copy Test

XPG SX8200 Pro - 1min 4sec

Silicon Power 2.5" SSD - 4min 51sec

real world performance မှာတော့ တော်တော်ကြီးသိသာပါတယ်။

XPG M.2 NVMe က ရိုးရိုး 2.5" SSD ထက် WinRAR Test မှာ 50℅ ခန့် ပိုမိုကောင်းမွန်ကာ Copy Test မှာတော့ လေးဆနီးပါးပိုမြန်သွားပါတယ်။

Windows boot time လည်း ကျေနပ်ဖို့ကောင်းပါတယ်၊

loading ဆိုတာ မမြင်ရသလောက်ပါပဲ။

အချုပ်ဆိုရရင် Samsung EVO 970 စီးရီးကို ဈေးနှုန်းအခက်အခဲကြောင့် လက်တွန့်နေသူတွေအတွက် XPG SX8200 Pro က ကောင်းကောင်းအစားထိုးပေးနိုင်ပါတယ်။

* * *

M.2 SSD Buying Guide

စာတော့ နည်းနည်းရှည်မယ်ဆိုပေမဲ့ M.2 ဝယ်ဖို့စိတ်ကူးထားသူများအတွက် အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။

ခုပြောမှာက M.2 အကြောင်းကိုပဲအဓိကဆိုတော့ အခြား SSD (SATA/PCIe add-in card) တွေကိုချပ်လှပ်ထားခဲ့ပါမယ်။

ရှေ့မှာလည်း SSD အကြောင်းတွေ ဆောင်းပါးအနေနဲ့ ရေးခဲ့ဖူးပါတယ်၊

SSD ဆိုတာဘာလည်း

ဘယ်နှစ်မျိုးရှိလည်း

ဘာတွေကွာသွားလည်း

စသဖြင့် ရေးခဲ့ပြီးသားပါ။

(သိလိုပါက ယခု လင့်ခ့် မှာကြည့်နိုင်ပါတယ် >>

 SSD ဟူသည်

အဲဒီအမျိုးအစားတွေထဲကမှ M.2 ဆိုတဲ့ SSD ကို ဝယ်မယ်ဆိုရင် . .

1. ဘုတ်တွင် M.2 slot ပါ/မပါ အရင်ကြည့်ပါ

M.2 SSD ဝယ်မယ်ဆိုရင် ပထမအရင်ဆုံးကြည့်ရမည့်အချက်က မိမိကွန်ပျူတာရဲ့ မားသားဘုတ်မှာ M.2 slot ပါ/မပါ ဆိုတာပါပဲ။

ဒက်စတော့တွေမှာတော့ မားသားဘုတ်ကို အလွယ်တကူကြည့်ပီး သိနိုင်ပေမဲ့ လက်ပ်တော့တွေကတော့ အတွင်းမှာဆိုတော့ သက်ဆိုင်ရာ မော်ဒယ်အလိုက် manufacturer website မှာ ကြည့်လို့ရပါတယ်။

ဒါမှမဟုတ်ရင် ဝယ်ခဲ့တဲ့ဆိုင်ကိုလည်းမေးကြည့်နိုင်ပါတယ်။

(လက်ပ်တော့မှာ PCIe SSD support ဆိုတဲ့ စတစ်ကာကပ်ထားရင်လည်း ရပါတယ်)

. .

2. ဘုတ်က M.2 slot ရဲ့ Protocol ကိုကြည့်ပါ

OK

ကျနော့် ပီစီရဲ့ မားသားဘုတ်မှာ M.2 အတွက် slot ပါတယ်၊

ဒါဆို ကြိုက်တဲ့ M.2 SSD ဝယ်ပီး စိုက်သုံးလို့ရပီလား ?

မရပါ။

ဘုတ်မှာ M.2 slot ပါ တိုင်း ဈေးကွက်ထဲက M.2 SSD တွေအကုန် ဘာနေနေ စိုက်သုံးလို့ရမယ်လို့ တထစ်ချ မှတ်ယူလို့မရပါဘူး။

M.2 SSD မှာ transfer protocol နှစ်မျိုးရှိပါတယ်၊

1) SATA

2) NVMe/PCIe

slot ကတော့ အတူတူပဲ (M.2)

ဒါပေမဲ့ ဒေတာအလုပ်လုပ်ပုံချင်းမတူပါဘူး။

M.2 (SATA) က ကျနော်တို့တွေ့မြင်နေကျ 2.5" SATA SSD တွေနဲ့ protocol ခြင်းအတူတူဖြစ်တဲ့အတွက် မြန်နှုန်းလည်း သူတို့နဲ့ တစ်တန်းထဲပါပဲ။

M.2 (NVMe/PCIe) ကတော့ SATA protocol သုံး SSD (2.5" ပဲဖြစ်ဖြစ်၊ M.2 ပဲဖြစ်ဖြစ်) ထက် ပိုမိုမြန်ဆန်ပါတယ်။

နှစ်ဆကနေ လေးငါးဆ အထိ ပိုမြန်ပါတယ်။

ထုံးစံအတိုင်းပဲ ဈေးလည်းပိုများပါတယ်။

ဒီတော့ သင့် မားသားဘုတ်က M.2 slot ပါသည့်တိုင်အောင် အဲ့ M.2 slot က ဘယ် protocol ကိုအထောက်အပံ့ပေးသလည်းဆိုတာ အရင်သိထားဖို့လိုပါတယ်။

NVMe/PCIe protocol မှာ NVMe ကော SATA ကောသုံးလို့ရပါတယ်။

SATA protocol ကတော့ SATA only ပဲရပါမယ်၊

NVMe/PCIe သုံးလို့မရပါ။

M.2 slot ခြင်းအတူတူဖြစ်လို့ စိုက်လို့ရသော်လည်း SATA protocol မှာ NVMe SSD ဖြစ်နေခဲ့မယ်ဆိုရင် ဘုတ်က detect မသိပါ။

M.2 က ဘယ် protocol မှာ အလုပ်လုပ်သလည်းဆိုတာကို အတိအကျသိချင်ရင်တော့ ထုံးစံအတိုင်း manual စာအုပ် ဒါမှမဟုတ် manufacturer website ကနေ အသေးစိတ်ကြည့်နိုင်ပါတယ်။

သေချာတာတစ်ခုက Intel CPU အတွက်ဆိုရင် H*70 နဲ့ Z*** စီးရီးဘုတ်တွေမှာ ပါတဲ့ M.2 slot တွေက NVMe/PCIe ကို အထောက်အပံ့ပေးပါတယ်။

. .

3. Form Factor ကိုကြည့်ပါ

M.2 slot ပါတယ်၊

protocol လည်း သိပြီးပြီ၊

ဒါဆိုရင် နောက်ဆုံးအချက်အနေနဲ့ form factor ကိုကြည့်ရပါမယ်။

form factor က အရွယ်အစားကိုပြောတာပါ။

ယူနစ် mm နဲ့တိုင်းတာပါတယ်။

(form factor အကြောင်းကိုပြောတဲ့နေရာမှာ mainstream consumer market မှာ အသုံးအများဆုံးဖြစ်တဲ့ M key ရဲ့ form factor ကိုပဲပြောသွားပါမယ်)

M.2 SSD တွေက ဗျက် (width) အားဖြင့် အရွယ်အစား တူပေမဲ့ အရှည် (length) ကတော့ မတူပဲကွဲပါတယ်။

ဗျက် (width) က ပုံသေ 22mm ပါ၊

အရှည် (length) ကတော့ 42, 60, 80, 110 ဆိုပီး အမျိုးမျိုးရှိပါတယ်။

မားသားဘုတ်ရဲ့ M.2 slot ကနေ မူလီ (screw) စိုက်ရတဲ့ အပေါက်လေးတွေမှာ သေချာကြည့်ရင်မြင်ရပါတယ်၊

42 or 60 or 80 or 110 စသဖြင့် ရေးထားပါတယ်။

(အောက်တွင် ပုံဖြင့်ပြထားပါတယ်)

110 ရေးထားတယ်ဆိုရင် အရှည် 110mm M.2 SSD ကို စိုက်သုံးလို့ရမယ်၊

80 ဆိုရင် 80mm စသဖြင့်ပါ။

မားသားဘုတ် M.2 ရဲ့ form factor ကိုသိရပီဆိုရင် ကိုယ်ဝယ်မဲ့ M.2 SSD ရဲ့ form factor ကိုလည်း ဘုတ်နဲ့အတူတူဖြစ်တဲ့ဟာကိုဝယ်ရပါမယ်။

SSD ရဲ့ firm factor က ဘူးခွံမှာ ဖော်ပြထားပါတယ်၊

ဘူးခွံမရှိတော့ရင် SSD ရဲ့ စတစ်ကာ ပေါ်မှာလည်း ကြည့်လို့ရပါတယ်။

ယုတ်စွဆုံးအနေနဲ့ ပေတံဖြင့် တိုင်းကြည့်လို့လည်း ရပါသေးတယ်။

22110 ဆိုရင် 22mm width x 110mm length

2280 ဆိုရင် 22mm width x 80mm length

2260 ဆိုရင် 22mm width x 60mm length

2242 ဆိုရင် 22mm width x 42mm length

ကိုယ်ဝယ်လာတဲ့ M.2 SSD ရဲ့ form factor က 22110,

ကိုယ့်ဘုတ်က 2280 maximum ဆိုရင် အဆင်မပြေတော့ပါ။

SSD က ရှည်ထွက်နေပါမယ်။

ရှည်ထွက်နေတော့ မူလီ (screw) တပ်လို့မရတော့ပဲ လေဟာပြင်ထဲ တန်းလန်းနဲ့ လှုပ်စိလှုပ်စိဖြစ်နေမှာပါ။

ဒီလောက်ဆိုရင် M.2 SSD ဝယ်ယူရာမှာ အထောက်အကူပြုမယ်လို့ယူဆရင်းနဲ့ ဆောင်းပါးကို လက်စသပ်လိုက်ရပါတယ်။



M.2 SSD ဆိုတာဘာလဲ?
.
.
ရိုးရိုး Hard Disk ေတြထက္ပိုျမန္တဲ့ Solid State Drives ေတြရဲ့အေၾကာင္းကိုေတာ့ နည္းနည္းပါးပါး တီးမိေခါက္မိရွိတယ္။ ဒါေပမဲ့ M.2 ေတြ SATA ေတြ Nvme ေတြနဲ႔ရွုပ္ေနတာပဲဆိုတဲ့ သူေတြအတြက္ကို ဒီ Article ေလး ေရးေပးလိုက္ပါတယ္။
.
SSD ေတြမွာ ပုံစံ ( form factor ) ကိုပုံမွန္အားျဖင့္ႏွစ္မ်ိဳး ေတြ႕ရေလ့ရွိပါတယ္။ M.2 SSD နဲ႔ 2.5 Inch SSD ဆိုၿပီးေတာ့ပါ။ ေနာက္ထပ္ Add-in SSD ဆိုတာလည္းရွိပါေသးတယ္။ M.2 SSD ဆိုတာ Computer ရဲ့ M.2 slot မွာစိုက္ရတဲ့ အေခ်ာင္းေသးေသးေလးပါ။ ပုံမွန္အားျဖင့္ 80x22mm ေလာက္ရွိတတ္ၿပီး အဲ့ထက္လည္း တိုနိုင္၊ ရွည္နိုင္ပါတယ္။ M.2 SSD ရဲ့ အရြယ္အစားကိုသူ႔ရဲ့ ေနာက္မွာပါဝင္တဲ့ နံပါတ္ေတြကို ၾကည့္ၿပီးသိနိုင္ပါတယ္။ ဥပမာ – M.2 Type-2280 လိုမ်ိဳးပါ။ ပထမ နံပါတ္ ႏွစ္ခုက အက်ယ္ျဖစ္ၿပီး၊ ဒုတိယနံပါတ္ ႏွစ္ခုကေတာ့ အရွည္ျဖစ္ပါတယ္။ 2.5 inch SSD ေတြကေတာ့ ပုံမွာ ျပထားတဲ့အတိုင္း HDD ေတြနဲ႔ဆင္တူတဲ့ Box ေလးပါပဲ။ အခုေနာက္ပိုင္းမွာေတာ့ Laptop ေတြမွာ M.2 SSD ေတြကို ပိုသုံးေလ့ရွိပါတယ္။ 2.5” SSD ေတြနဲ႔ယွဥ္ရင္ေနရာစားသက္သာလို့ပါ။
.

M.2 SSD ေတြမွာ Storage Size အမ်ားဆုံး 2TB ထိရွိတတ္ပါတယ္။ တျခား form factor ေတြမွာ ေတာ့အဲ့ထက္ ပိုမ်ားမ်ားရနိုင္ပါတယ္။ M.2 SSD ကို ကိုယ့္ရဲ့ PC မွာသုံးဖို့အတြက္ M.2 slot ပါဝင္တဲ့ motherboard လိုအပ္ပါတယ္။ တခ်ိဳ့ motherboard ေတြမွာဆို M.2 slot ႏွစ္ခု၊ ႏွစ္ခုထက္ပိုၿပီး ပါဝင္တာမ်ိဳးလဲ ရွိတတ္ပါတယ္။
.

2.5 inch SSD ေတြအေနနဲ႔ ရိုးရိုး Hard Drive ေတြမွာအသုံးျပဳခဲ့တဲ့ SATA bus ကိုပဲ အသုံးျပဳပါတယ္။ add-in card ေတြမွာေတာ့ SATA ထက္ပိုျမန္ၿပီး bandwidth ပိုမ်ားတဲ့ PCIe bus ကိုအသုံးျပဳေလ့ရွိပါတယ္။
.
M.2 SSD ေတြမွာေတာ့ sata အသုံးျပဳထားတဲ့ SSD ေတြရွိသလို၊ PCIe အသုံးျပဳထားတဲ့ SSD ေတြလဲရွိပါတယ္။ ဒါ့အျပင္ SATA model ေတြထက္ 5 ဆေလာက္ပိုၿပီးျမန္တဲ့ PCIe with NVME interface သုံးထားတဲ့ SSD ေတြလဲရွိပါေသးတယ္။ ဒါေၾကာင့္ M.2 SSD ေတြကိုအမ်ိဳးအစားခြဲလိုက္မယ္ဆိုရင္ ….
M.2 SSD with SATA based
M.2 SSD with PCIe-based without NVMe support
M.2 SSD with PCIe-based with NVMe-support
ဆိုၿပီး သုံးမ်ိဳးခြဲလို့ရပါတယ္။ SATA based က Speed အေႏွးဆုံးျဖစ္ၿပီး PCIe based with NVMe suport က အျမန္ဆုံးပါ။ ဒါေၾကာင့္ ကိုယ့္ရဲ့ Laptop မွာ M.2 SSD ထပ္စိုက္မယ္ဆိုရင္ motherboard က ဘယ္အမ်ိဳးအစားကို support လုပ္သလဲဆိုတာကိုအရင္ဆုံးသိဖို့လိုအပ္မွာျဖစ္ပါတယ္။

XPG SX8200 Pro က 256GB အတြက္ $77 (၁၂၀၀၀၀ က်ပ္) က်သင့္ပါတယ္။
3D NAND
NVMe 1.3
SLC Caching အေထာက္အပံ့ေပးပါတယ္။

2280 form factor အမ်ိဳးအစားပါ။
(form factor ေတြက ဘာကိုဆိုလိုတာလည္းသိခ်င္ရင္ေတာ့ M.2 SSD Buying Guide မွာ အျပည့္အစံုေရးေပးထားတာမို႔ ေအာက္တြင္ ၾကည့္ရႈႏိုင္ပါတယ္)
Heatsink လည္းပါပါတယ္၊
double-sided tape နဲ႔မို႔ မိမိအသံုးျပဳလိုမွသာ ကပ္ႏိုင္ပါတယ္။
SX8200 Pro က Samsung EVO 970 Pro စီးရီးကို ေစ်းနႈန္းအနိမ့္ပိုင္းကေနတိုက္ခိုက္ဖို႔ ရည္ရြယ္ထားတဲ့ SSD ပါ။
Specs အရ
Read 3500MB/s
Write 1200MB/s အထိရမယ္လို႔ဆိုပါတယ္။
real world performance မွာေတာ့ အဲ့အထိမရပါ၊
XPG မွမဟုတ္ တျခား SSD ေတြလည္း မရႏိုင္ပါ။
ဒါေပမဲ့ က်ေနာ္တို႔အေနနဲ႔ သူ႕ကို ေန႔စဥ္လုပ္ငန္း (task) ေတြမွာ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္သလည္းဆိုတာကေတာ့ တိုင္းတာလို႔ရပါတယ္။
စြမ္းေဆာင္ရည္ (read/write) ကို ႏိႈင္းယွဥ္ဖို႔ရာအတြက္ CrystalDiskMark နဲ႔တိုင္းတာၾကည့္တဲ့အခါမွာ . .
Seq Q32T1 Test
XPG SX8200 Pro M.2 NVMe SSD
read - 3260MB/s
write - 758MB/s
SiliconPower 2.5" SSD
read - 211MB/s
write - 144MB/s
7200RPM HDD
read - 202MB/s
write - 200MB/s
4KiB Q8T8 Test
XPG SX8200 Pro M.2 NVMe SSD
read - 847MB/s
write - 580MB/s
Silicon Power 2.5" SSD
read - 46MB/s
write - 16MB/s
7200RPM HDD
read - 1.5MB/s
write - 1.4MB/s
(အေသးစိတ္ကို ေအာက္တြင္ ပံုႏွင့္တကြျပထားပါတယ္)
Read 3500MB/s
Write 1200MB/s
အထိရရွိမယ္လို႔ spec အရေျပာထားတဲ့ XPG SX8200 Pro ဟာ CrystalDiskMark နဲ႔တိုင္းတာရာမွာ
Read 3260MB/s
Write 758MB/s မို႔ က်ေနာ္တို႔အေနနဲ႔ official spec ထဲကေန 15℅ cut-off ကိုေမွ်ာ္လင့္ထားရမွာပါ။
ေနာက္တစ္ခုအေနနဲ႔ WinRAR ရဲ႕ စြမ္းေဆာင္ရည္နဲ႔တိုင္းတာပါမယ္။
WinRAR test မွာ က်ေနာ့္အေနနဲ႔ 16GB အရြယ္အစားရွိ Avengers: Infinity War ႐ုပ္ရွင္ကို compress/extract/copy ဆိုတဲ့ အေနအထားသံုးခုနဲ႔တိုင္းတာပါတယ္။
ရလဒ္ေတြက
WinRAR (Compress) Test
XPG SX8200 Pro - 16min 3sec
Silicon Power 2.5" SSD - 20min 42sec
WinRAR (Extract) Test
XPG SX8200 Pro - 3min 53sec
Silicon Power 2.5" SSD - 6min 45sec
Copy Test
XPG SX8200 Pro - 1min 4sec
Silicon Power 2.5" SSD - 4min 51sec
real world performance မွာေတာ့ ေတာ္ေတာ္ႀကီးသိသာပါတယ္။
XPG M.2 NVMe က ႐ိုး႐ိုး 2.5" SSD ထက္ WinRAR Test မွာ 50℅ ခန္႔ ပိုမိုေကာင္းမြန္ကာ Copy Test မွာေတာ့ ေလးဆနီးပါးပိုျမန္သြားပါတယ္။
Windows boot time လည္း ေက်နပ္ဖို႔ေကာင္းပါတယ္၊
loading ဆိုတာ မျမင္ရသေလာက္ပါပဲ။
အခ်ဳပ္ဆိုရရင္ Samsung EVO 970 စီးရီးကို ေစ်းႏႈန္းအခက္အခဲေၾကာင့္ လက္တြန္႔ေနသူေတြအတြက္ XPG SX8200 Pro က ေကာင္းေကာင္းအစားထိုးေပးႏိုင္ပါတယ္။
* * *
M.2 SSD Buying Guide
စာေတာ့ နည္းနည္းရွည္မယ္ဆိုေပမဲ့ M.2 ဝယ္ဖို႔စိတ္ကူးထားသူမ်ားအတြက္ အေထာက္အကူျဖစ္မယ္လို႔ယံုၾကည္ပါတယ္။
ခုေျပာမွာက M.2 အေၾကာင္းကိုပဲအဓိကဆိုေတာ့ အျခား SSD (SATA/PCIe add-in card) ေတြကိုခ်ပ္လွပ္ထားခဲ့ပါမယ္။
ေရွ႕မွာလည္း SSD အေၾကာင္းေတြ ေဆာင္းပါးအေနနဲ႔ ေရးခဲ့ဖူးပါတယ္၊
SSD ဆိုတာဘာလည္း
ဘယ္ႏွစ္မ်ိဳးရွိလည္း
ဘာေတြကြာသြားလည္း
စသျဖင့္ ေရးခဲ့ၿပီးသားပါ။
(သိလိုပါက ယခု လင့္ခ့္ မွာၾကည့္ႏိုင္ပါတယ္ >>
 SSD ဟူသည္
အဲဒီအမ်ိဳးအစားေတြထဲကမွ M.2 ဆိုတဲ့ SSD ကို ဝယ္မယ္ဆိုရင္ . .
1. ဘုတ္တြင္ M.2 slot ပါ/မပါ အရင္ၾကည့္ပါ
M.2 SSD ဝယ္မယ္ဆိုရင္ ပထမအရင္ဆံုးၾကည့္ရမည့္အခ်က္က မိမိကြန္ပ်ဴတာရဲ႕ မားသားဘုတ္မွာ M.2 slot ပါ/မပါ ဆိုတာပါပဲ။
ဒက္စေတာ့ေတြမွာေတာ့ မားသားဘုတ္ကို အလြယ္တကူၾကည့္ပီး သိႏိုင္ေပမဲ့ လက္ပ္ေတာ့ေတြကေတာ့ အတြင္းမွာဆိုေတာ့ သက္ဆိုင္ရာ ေမာ္ဒယ္အလိုက္ manufacturer website မွာ ၾကည့္လို႔ရပါတယ္။
ဒါမွမဟုတ္ရင္ ဝယ္ခဲ့တဲ့ဆိုင္ကိုလည္းေမးၾကည့္ႏိုင္ပါတယ္။
(လက္ပ္ေတာ့မွာ PCIe SSD support ဆိုတဲ့ စတစ္ကာကပ္ထားရင္လည္း ရပါတယ္)
. .
2. ဘုတ္က M.2 slot ရဲ႕ Protocol ကိုၾကည့္ပါ
OK
က်ေနာ့္ ပီစီရဲ႕ မားသားဘုတ္မွာ M.2 အတြက္ slot ပါတယ္၊
ဒါဆို ႀကိဳက္တဲ့ M.2 SSD ဝယ္ပီး စိုက္သံုးလို႔ရပီလား ?
မရပါ။
ဘုတ္မွာ M.2 slot ပါ တိုင္း ေစ်းကြက္ထဲက M.2 SSD ေတြအကုန္ ဘာေနေန စိုက္သံုးလို႔ရမယ္လို႔ တထစ္ခ် မွတ္ယူလို႔မရပါဘူး။
M.2 SSD မွာ transfer protocol ႏွစ္မ်ိဳးရွိပါတယ္၊
1) SATA
2) NVMe/PCIe
slot ကေတာ့ အတူတူပဲ (M.2)
ဒါေပမဲ့ ေဒတာအလုပ္လုပ္ပံုခ်င္းမတူပါဘူး။
M.2 (SATA) က က်ေနာ္တို႔ေတြ႕ျမင္ေနက် 2.5" SATA SSD ေတြနဲ႔ protocol ျခင္းအတူတူျဖစ္တဲ့အတြက္ ျမန္နႈန္းလည္း သူတို႔နဲ႔ တစ္တန္းထဲပါပဲ။
M.2 (NVMe/PCIe) ကေတာ့ SATA protocol သံုး SSD (2.5" ပဲျဖစ္ျဖစ္၊ M.2 ပဲျဖစ္ျဖစ္) ထက္ ပိုမိုျမန္ဆန္ပါတယ္။
ႏွစ္ဆကေန ေလးငါးဆ အထိ ပိုျမန္ပါတယ္။
ထံုးစံအတိုင္းပဲ ေစ်းလည္းပိုမ်ားပါတယ္။
ဒီေတာ့ သင့္ မားသားဘုတ္က M.2 slot ပါသည့္တိုင္ေအာင္ အဲ့ M.2 slot က ဘယ္ protocol ကိုအေထာက္အပံ့ေပးသလည္းဆိုတာ အရင္သိထားဖို႔လိုပါတယ္။
NVMe/PCIe protocol မွာ NVMe ေကာ SATA ေကာသံုးလို႔ရပါတယ္။
SATA protocol ကေတာ့ SATA only ပဲရပါမယ္၊
NVMe/PCIe သံုးလို႔မရပါ။
M.2 slot ျခင္းအတူတူျဖစ္လို႔ စိုက္လို႔ရေသာ္လည္း SATA protocol မွာ NVMe SSD ျဖစ္ေနခဲ့မယ္ဆိုရင္ ဘုတ္က detect မသိပါ။
M.2 က ဘယ္ protocol မွာ အလုပ္လုပ္သလည္းဆိုတာကို အတိအက်သိခ်င္ရင္ေတာ့ ထံုးစံအတိုင္း manual စာအုပ္ ဒါမွမဟုတ္ manufacturer website ကေန အေသးစိတ္ၾကည့္ႏိုင္ပါတယ္။
ေသခ်ာတာတစ္ခုက Intel CPU အတြက္ဆိုရင္ H*70 နဲ႔ Z*** စီးရီးဘုတ္ေတြမွာ ပါတဲ့ M.2 slot ေတြက NVMe/PCIe ကို အေထာက္အပံ့ေပးပါတယ္။
. .
3. Form Factor ကိုၾကည့္ပါ
M.2 slot ပါတယ္၊
protocol လည္း သိၿပီးၿပီ၊
ဒါဆိုရင္ ေနာက္ဆံုးအခ်က္အေနနဲ႔ form factor ကိုၾကည့္ရပါမယ္။
form factor က အရြယ္အစားကိုေျပာတာပါ။
ယူနစ္ mm နဲ႔တိုင္းတာပါတယ္။
(form factor အေၾကာင္းကိုေျပာတဲ့ေနရာမွာ mainstream consumer market မွာ အသံုးအမ်ားဆံုးျဖစ္တဲ့ M key ရဲ႕ form factor ကိုပဲေျပာသြားပါမယ္)
M.2 SSD ေတြက ဗ်က္ (width) အားျဖင့္ အရြယ္အစား တူေပမဲ့ အရွည္ (length) ကေတာ့ မတူပဲကြဲပါတယ္။
ဗ်က္ (width) က ပံုေသ 22mm ပါ၊
အရွည္ (length) ကေတာ့ 42, 60, 80, 110 ဆိုပီး အမ်ိဳးမ်ိဳးရွိပါတယ္။
မားသားဘုတ္ရဲ႕ M.2 slot ကေန မူလီ (screw) စိုက္ရတဲ့ အေပါက္ေလးေတြမွာ ေသခ်ာၾကည့္ရင္ျမင္ရပါတယ္၊
42 or 60 or 80 or 110 စသျဖင့္ ေရးထားပါတယ္။
(ေအာက္တြင္ ပံုျဖင့္ျပထားပါတယ္)
110 ေရးထားတယ္ဆိုရင္ အရွည္ 110mm M.2 SSD ကို စိုက္သံုးလို႔ရမယ္၊
80 ဆိုရင္ 80mm စသျဖင့္ပါ။
မားသားဘုတ္ M.2 ရဲ႕ form factor ကိုသိရပီဆိုရင္ ကိုယ္ဝယ္မဲ့ M.2 SSD ရဲ႕ form factor ကိုလည္း ဘုတ္နဲ႔အတူတူျဖစ္တဲ့ဟာကိုဝယ္ရပါမယ္။
SSD ရဲ႕ firm factor က ဘူးခြံမွာ ေဖာ္ျပထားပါတယ္၊
ဘူးခြံမရွိေတာ့ရင္ SSD ရဲ႕ စတစ္ကာ ေပၚမွာလည္း ၾကည့္လို႔ရပါတယ္။
ယုတ္စြဆံုးအေနနဲ႔ ေပတံျဖင့္ တိုင္းၾကည့္လို႔လည္း ရပါေသးတယ္။
22110 ဆိုရင္ 22mm width x 110mm length
2280 ဆိုရင္ 22mm width x 80mm length
2260 ဆိုရင္ 22mm width x 60mm length
2242 ဆိုရင္ 22mm width x 42mm length
ကိုယ္ဝယ္လာတဲ့ M.2 SSD ရဲ႕ form factor က 22110,
ကိုယ့္ဘုတ္က 2280 maximum ဆိုရင္ အဆင္မေျပေတာ့ပါ။
SSD က ရွည္ထြက္ေနပါမယ္။
ရွည္ထြက္ေနေတာ့ မူလီ (screw) တပ္လို႔မရေတာ့ပဲ ေလဟာျပင္ထဲ တန္းလန္းနဲ႔ လႈပ္စိလႈပ္စိျဖစ္ေနမွာပါ။
ဒီေလာက္ဆိုရင္ M.2 SSD ဝယ္ယူရာမွာ အေထာက္အကူျပဳမယ္လို႔ယူဆရင္းနဲ႔ ေဆာင္းပါးကို လက္စသပ္လိုက္ရပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..