menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
iTune မလိုပဲ iPhone PC ချိတ်ဆက်နည်း
Video ဖိုင်များကို PC မှတစ်ဆင့် iPhone သို့ iTunes ကို အသုံးမပြုဘဲ Wireless ဖြင့် ထည့်သွင်းနည်းဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းကို အသုံးပြုဖို့အတွက် iPhone တွင် VLC Player လိုအပ်ပါတယ်။
VLC Player ကို ဒီမှာ ဒေါင်းလောက်ဆွဲပါ။
VLC Player ဟာ Wi-Fi ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Player အမျိုးအစားဖြစ်တာကြောင့် PC ကနေ Video ဖိုင်တွေကို iPhone သို့ ထည့်သွင်းမယ်ဆိုရင် Wi-Fi ပေါ်ကနေ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
အဓိကအချက်ကတော့ Computer နဲ့ iPhone ဟာ တူညီတဲ့ Wi-Fi ကို အသုံးပြုထားဖို့တော့လိုအပ်ပါတယ်။
    VLC Player ကို ဖွင့်ပြီးရင် ဘယ်ဘက်ထောင့် အပေါ်ဘက်ရှိ VLC icon ကို နှိပ်လိုက်ပါ။
    Sharing via WiFi ဆိုတာကို နှိပ်ပါ။ ထို့သို့နှိပ်လိုက်ပါက IP Address လေးပေါ်လာမည်။
    ရရှိလာသော IP Address အား သင့်ကွန်ပြူတာရဲ့ Browser Bar တွင် ရိုက်ထည့်လိုက်ပါ။
    IP ရိုက်လိုက်လို့ ပေါ်လာတဲ့ စာမျက်နှာ၏ ညာဘက်အခြမ်းမှာရှိတဲ့ အပေါင်းလက္ခဏာနဲ့ ခလုပ်လေးကိုနှိပ်ပြီး ဗွီဒီယိုဖိုင်များကို စတင်ထည့်သွင်းနိုင်ပါပြီ။
  1. VLC Player ကို ဖွင့်ပြီးရင် ဘယ်ဘက်ထောင့် အပေါ်ဘက်ရှိ VLC icon ကို နှိပ်လိုက်ပါ။
  3. ရရှိလာသော IP Address အား သင့်ကွန်ပြူတာရဲ့ Browser Bar တွင် ရိုက်ထည့်လိုက်ပါ။
  4. IP ရိုက်လိုက်လို့ ပေါ်လာတဲ့ စာမျက်နှာ၏ ညာဘက်အခြမ်းမှာရှိတဲ့ အပေါင်းလက္ခဏာနဲ့ ခလုပ်လေးကိုနှိပ်ပြီး ဗွီဒီယိုဖိုင်များကို စတင်ထည့်သွင်းနိုင်ပါပြီ။
No comments:
Post a Comment
မင်္ဂလာပါ..