Unicode
သင့် iPhone အရမ်းပူလာပြီဆိုရင်....
📱သင်တန်ဖိုးထားရတဲ့ သင့် iPhone တွေက သာမာန်ရှိသင့်တဲ့ အပူချိန်ထက် ပိုပြီး ပူလာပြီဆိုရင်တော့ သင်သတိထားသင့်ပါပြီ 😥
🔥 သင့် iPhone သာမာန်ထက် ပိုပြီး အပူချိန်မြင့်တက်လာတာက အကြောင်းအမျိူးမျိူးကြောင့်ဖြစ်နိုင်ပါတယ်..😢 များသောအားဖြင့် နောက်ကွယ်မှာ Power သုံးစွဲမှုလွန်ကဲနေလို့လဲ ဖြစ်နိုင်သလို battery power ပိုင်းလျော့ကျလာလို့ ပူတာမျိုးလဲ ဖြစ်နိုင်ပါတယ်...😥😥
သိပ်မစိုးရိမ်ပါနဲ့ 🤗 ဘာကြောင့်ပဲဖြစ်ဖြစ် သင့် iPhone အရမ်းပူလာပြီဆိုရင် ဒီအချက်တွေကို အရင်ဆုံး လုပ်ကြည့်လိုက်ပါ...☺️☺️
1️⃣ ပါဝါ ခဏပိတ်ထားလိုက်ပါ
သင့်ဖုန်းပူလာပြီဆိုရင်တော့ ဆက်ပြီး ဆိုးဆိုးရွားရွားတွေ မဖြစ်ရအောင် ပါဝါ ခဏပိတ်ထားလိုက်ပါ... နည်းနည်းအေးလာပြီဆိုမှ ပြန်ဖွင့်ပြီး ခဏတော့ Low Power Mode လေး On ပြီး သုံးပေးပါ...
2️⃣ Charging သွင်းနေတာကို ခဏရပ်လိုက်ပါ..
သင့် iPhone ကို အားသွင်းရင်း အသုံးပြုတာက အပူချိန်ကို မြင့်တက်စေနိုင်သလို Battery ထိခိုက်မှုတွေလဲဖြစ်နိုင်ပါတယ်... ဖုန်းပူလာတဲ့အချိန်မှာ အားသွင်းထားတယ်ဆိုရင် ခဏဖြုတ်ထားလိုက်ပါ...
3️⃣ သင့် ဖုန်းမှာ တပ်ထားတဲ့ Cover ကို ခဏဖြုတ်ထားလိုက်ပါ..
Cover ကိုခဏတာချွတ်ထားခြင်းဖြင့် သင့် iPhone ရဲ့ အပူချိန်လျော့နည်းလာနိုင်ပါတယ်။ တချိန်လုံး cover ကြီးတတ်ထားတော့လည်း အပူစွန့်ထုတ်မှူအားနည်းသည့်အတွက် iPhone ပူလာရခြင်းဖြစ်ပါတယ်
4️⃣ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှူမဖြစ်အောင် ဂရုစိုက်ပါ။
နေရောင်နဲ့ ဒါရိုက်ထိတွေ့တာက သင့်ဖုန်းကို အပူချိန်မြင့်တက်အောင် အားပေးတတ်ပါတယ်... ဒါကြောင့် သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါ နှင့် ခဏတာ အပန်းဖြေတဲ့ အခါတွေမှာ သင့် iPhone ကို အရိပ်ရတဲ့ နေရာတွေမှာပဲ သိမ်းဆည်းထားသင့်ပါတယ်..
5️⃣ မလိုအပ်တဲ့ အချိန်မှာ Bluetooth, Wifi, Map နဲ့ Location Serviceတွေကို ပိတ်ထားပေးပါ..
ဒါကတော့ ရှင်းပါတယ်ဗျာ.. အသုံးမပြုတဲ့ အချိန်မှာ Phone ရဲ့ Power သုံးစွဲမှုကို မြင့်တက်စေနိုင်တဲ့ Bluetooth, Wifi, Map နဲ့ Location Service တွေကိုပိတ်ထားတာပိုကောင်းပါတယ်... Power သုံးစွဲမှုမြင့်တက်လာတဲ့ အခါ သင့်ဖုန်းရဲ့ အပူချိန်က မြင့်တက်လာနိုင်လို့ပါ..
6️⃣ အသုံးပြုတဲ့ Charger အမျိုးအစားကို ပြန်လည်ဆန်းစစ်ပါ..
သင် အခုလက်တလော အသုံးပြုနေတဲ့ Charger အမျိုးအစားကို စစ်ဆေးကြည့်ပါ...
သင့် iPhone မှာ Orginal Charger (သို့မဟုတ်) MFi Certified ရထားတဲ့ Charger အမျိုးအစား တွေ မဟုတ်ဘူးဆိုရင်လဲ ပူလာနိုင်ပါတယ်ခင်ဗျာ...
7️⃣ Airplane mode ON ထားပေးပါ။
သုံးစွဲနေရင်း အပူလွန်လာပြီဆိုရင် Airplane mode ကို ON ပြီး (အေးသွားတဲ့အထိ) ခဏထားကြည့်ပါ...
💥 ဒီတော့ သင့် iPhone ပူလာပြီဆိုရင် အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်လေးတွေကို စမ်းသပ်ကြည့်ပါ 🤗🤗 ဒါပေမယ့် သင့် iPhone က မကြာခဏ အပူချိန်မြင့်တတ်လာပြီဆိုရင်တော့ Battery error ဖြစ်နိုင်ပါတယ် 😥😥 ဒါဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ စစ်ဆေးသင့်ပါပြီ..
🔥 သင့် iPhone သာမာန်ထက် ပိုပြီး အပူချိန်မြင့်တက်လာတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်..😢
ဖြစ်နိုင်ပါတယ်...😥😥


No comments:
Post a Comment
မင်္ဂလာပါ..