menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone မှာ Storage မလုံလောက်ရင်

256GB Storage iPhone များကိုအသုံးပြုသူများအတွက်အနေနဲ့တော့တချို့ Storage မလုံလောက်တဲ့ပြဿနာ ဖြစ်လာဖို့နည်းပေမယ့် 32GB, 64GB iPhone အသုံးပြုသူများအနေနဲ့ကတော့ မကြာခဏ ကြုံနေရမယ့် ပြဿနာတစ်ခုဖြစ်မှာပါ။ Storage မလောက်ငှတဲ့အခြေအနေမျိုးကြုံနေရပြီဆိုရင် အနည်းအကျဉ်းတော့ စိတ်အနှောင့်အယှက် ဖြစ်ကြမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို Storage မလောက်ဖူးဖြစ်လာရင်တော့ Storage နေရာလွတ်တွေများများရလာအောင် ဂရုစိုက်လုပ်ဆောင်ရပါတော့မယ်။

၁) Storage သုံးစွဲမှုများကိုစစ်ဆေးပါ။ ထို့နောက် မလိုအပ်သည်များကို ဖျက်ပါ။

iPhone တွေမှာ Storage ဘယ်လောက်စားသုံးထားတယ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ Settings > General > iPhone Storage မှာ Apps အသီးသီးရဲ့ Storage အသုံးပြုမှူပမာဏကို စစ်ဆေးနိုင်ပါတယ်။ ဘယ် Apps တွေက အများဆုံးသုံးထားလဲ။ တချို့ Apps တွေဟာ သင့်အတွက်မလိုအပ်ပဲ Storage နေရာယူနေရင် Delete လုပ်လိုက်သင့်ပါတယ်။



ဒီနေရာမှာ Apps တွေတင်မကပဲ မိမိအတွက် မလိုအပ်တော့တဲ့ Photos , videos တွေကိုလည်း ဖျက်ပေးပါ။ မလိုအပ်ပဲ ရှိနေတဲ့ data တွေကြောင့် လိုအပ်တာတွေ သိမ်းဆည်းဖို့ အနှောက်အယှက်မဖြစ်မခံပါနဲ့။

၂) Message တွေကို Auto Delete လုပ်ပေးမယ့် setting သတ်မှတ်ထားပါ။ ဒါ့ပြင် မလိုအပ်တဲ့ Message တွေ (ဥပမာ – Operator မှ message တွေ) ကိုဖျက်ပါ။

Message တွေများလာတာနဲ့အမျှ Storage ကြပ်လာပါမယ်။ နေ့စဉ်ရောက်ရောက်လာတဲ့ Message တွေကို တစ်ခုခြင်း စိစစ်ပြီးဖျက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါမယ့် ဒီလိုလိုက်ဖျက်နေရာတာ မကြိုက်ဖူးဆိုရင်လည်း Auto delete လုပ်စေမယ့် Setting တွေရှိပါတယ်။ Settings > Message ထဲက Keep Messages ဆိုတဲ့နေရာမှာ 30 Days, 1 Year, Forever ဆိုပြီး ရှိပါတယ်။ 30 Days ကို သတ်မှတ်ထားပေးရင်တော့ ၁ လကျော်သွားတဲ့ message တွေကို system မှ အလိုအလျှောက် delete လုပ်ပေးသွားမှာပါ။

၃) Photo Quality များကို ချိန်ညှိပါ။

Storage နည်းပါးတဲ့ iDevice အချို့မှာ ဓာတ်ပုံအရည်အသွေး အမြင့်ကြီးတွေထားပြီး ရိုက်ကူးတာနဲ့ ဗီဒီယိုတွေကို Full HD ဒါမှမဟုတ် 4K နဲ့ရိုက်ကူးဖို့ setting သတ်မှတ်ထားတာတွေကလည်း Quality ကောင်းကောင်း photo, video တွေရတာမှန်ပေမယ့် သင့် iPhone Storage ကိုတော့ နေရာတော်တော်ယူပါတယ်။ ဒါကြောင့် Settings > Camera အောက်မှာ Keep Normal Photo ဆိုတာလေးကို off လုပ်လိုက်ပါ။ Record video မှာလည်း ဗီဒီယို အရည်အသွေးတွေကို အနည်းဆုံး quality မှာထားပေးပါ။ (ဥပမာ – 1080p HD at 30fps)

၄) သီချင်းတွေသိမ်းဆည်းမှုအတွက် အနိမ့်ဆုံး storage ကို သတ်မှတ်ပါ။

iOS မှာ သီချင်းတွေကို 4GB အထက် သိမ်းဆည်းထားတယ်ဆိုရင် Optimize Storage ဆိုတဲ့ feature ပေါ်လာပါလိမ့်မယ်။ iPhone ရဲ့ Storage နည်းလာတဲ့အခါ လတ်တလော နားမထောင်တဲ့ သီချင်းတွေကို အလိုအလျောက်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ Optimize ကို အသုံးပြုချင်တယ်ဆိုရင် Settings > Music > Optimize Storage ကိုသွားပြီး အနိမ့်ဆုံး storage ပမာဏကို သတ်မှတ်ထားနိုင်ပါတယ်။

၅) iCloud Photo ကို ဖွင့်ထားပါ။

သင့် iPhone ရဲ့ Storage ကနည်းနေရင်တော့ Apple ရဲ့ iCloud Storage ကိုသုံးဖို့ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ သတိထားသင့်အချက်လေးတွေကတော့ ဒီ Function ကိုသုံးမယ်ဆိုရင် Internet ဖွင့်ထားဖို့လိုပါတယ်။ 5GB ပဲ Free ရတာဖြစ်လို့ ဒီထက်ပိုသိမ်းချင်ရင်တော့ Apple ထံမှာ လစဉ်ကြေးပေးရပါမယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်ရင်တော့သုံးကြည့်ပါ။

Setting > Apple ID > iCloud > Photo မှာ iCloud Photo ကို ဖွင့်ပါ။ ထို့နောက် ၎င်း function အတွင်းမှ Optimize iPhone Storage ဆိုတာကို ရွေးချယ်ပေးပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment

မင်္ဂလာပါ..