menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone Message တွေမှာ နံပါတ်များမပေါ်အောင်


iPhone, iPad တို့ရဲ့ E-mail App, Messenger App, Message App အစရှိသည်တို့မှာ email အသစ်ရောက်တာတို့ message အသစ်ရောက်တာတို့တွေရှိတဲ့အခါ user များ ထင်သာ မြင်သာစွာ သိနိုင်ရန်အတွက် noti ဝင်တွင်လည်းကောင်း၊ App များရဲ့ icon ပေါ်မှာ အနီရောင်အောက်ခံ အရေအတွက်နံပါတ်များဖြင့်လည်း ဖော်ပြပေးနေပါလိမ့်မယ်။



ကြိမ်ဖန်များစွာမြင်ပါများတော့လည်း ဒါတွေမြင်ရတာ အမြင်ကပ်လာမိတယ်။ စိတ်ထဲကသိကအောင့် တဲ့အခါ မမြင်ရအောင် ပိတ်ထားချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ အခုလိုမျိုး ဒီဂဏန်းတွေ မမြင်ရအောင် ပိတ်ထားချင်သူများအတွက် ဘယ်လိုပိတ်ရမလဲဆိုတဲ့ ပိတ်တဲ့နည်းလမ်းလေး ရှိပါတယ်။
ဘယ်လို ပိတ်ရမလဲ

Gmail App မှ အသိပေးအနီရောင် အမှတ်စဉ်များကို ပိတ်ရန်အတွက် –

Setting မှတဆင့် Notifications သို့သွားပါ။ ၎င်း Notifications မှ Gmail ကိုနှိပ်ပါ။ ထို Gmail noti setting ထဲမှ Badges option လေးကို Off ထားပေးလိုက်ပါ။




ဘယ်လို ပိတ်ရမလဲ

တခြားသော Messenger, Message အစရှိသည့် Apps များကိုလည်း ထိုနည်း၎င်းတိုင်းပင် ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့ မမြင်မတွေ့လိုသော အနီရောင်ဂဏန်းတွေကို မမြင်ရအောင် ဆောင်ရွက်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေဗျာ ..


No comments:

Post a Comment

မင်္ဂလာပါ..