menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone အားမဝင်ရင် ဖြေရှင်းနည်း

ကံမကောင်းမထောက်မစွာနဲ့ သင့် iPhone လေး အားသွင်းလို့ မဝင်တဲ့အခြေအနေမျိုး ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ ဖြေရှင်းနည်းများကို မျှဝေလိုက်ရခြင်းပါ။

ဘာကြောင့် အားသွင်းလို့မဝင်ရတာလဲ

ဘာကြောင့်အားသွင်းလို့မရတာလဲ ဘယ်လိုအခြေအနေမျိုးမှာ အားသွင်းလို့မရတာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
အားသွင်းခေါင်း၊ အားသွင်းကြိုး၊ အားသွင်းပလပ်ခေါင်းတွေက ကောင်းရဲ့လား

မိမိ iPhone ကို အားသွင်းတဲ့ အားသွင်းကြိုး၊ အားသွင်းခေါင်း၊ အားသွင်းပလပ်ပေါက်တွေဟာ ကောင်းကောင်းလျှပ်စစ်စီးရဲ့လားဆိုတာ ဦးစွာစဉ်းစားပါ။ ဒါကြောင့် ၎င်း အားသွင်းမယ့် components တွေ ကောင်း မကောင်းသေချာ စစ်ဆေးပါ။

အားသွင်းပေါက် ကောင်းမကောင်း တခြားလျှပ်စစ်ပစ္စည်းများထိုး၍ အားဝင် မဝင်စမ်းပါ။ အားသွင်းကြိုးနှင့် အားသွင်းခေါင်းကောင်း ကောင်းကိုလည်း တခြားသော အားသွင်းကြိုး၊ အားသွင်းခေါင်းများနှင့် အပြန်ပြန်အလှန်လှန် အမျိုးမျိုး စမ်းသပ်စစ်ဆေးပေးပါ။
 Charging Port ကို စစ်ဆေးပါ။

အထက်က အားသွင်းပေါက်၊ အားသွင်းခေါင်း၊ အားသွင်းကြိုးတွေ ကောင်း မကောင်းစစ်ဆေးပြီးလို့ ကောင်းနေတယ်ဆို ဆက်လက်စစ်ဆေးဖို့လိုတာက သင့် iPhone ရဲ့ အားသွင်းပေါက် Charging Port ကောင်းရဲ့လားစစ်ပါ။ အားသွင်းပေါက်ဟာ ချေးတွေကပ်နေလို ကောင်းကောင်း မထိမမိတာမျိုးလည်း ရှိတတ်ပါတယ်။ သွားကြားထိုးတံလေးနဲ့ထိုးပြီး ချေးတွေကို ရှင်းထုတ်ပြီး ထပ်မံအားသွင်းကြည့်ပါ။ ဒီလိုအခြေအနေတောင်မှ အားကဝင်မလာသေးဘူးဆိုရင်တော့ ကျွမ်းကျင် Technician ကို ပြသတာ ပိုသင့်တော်နေပါပြီ။ iSure မှာ မည်သည့် Error မဆို အခမဲ့စစ်ဆေးပေးပါတယ်။
 Water damage ဖြစ်ထားဖူးလား

သင့် iPhone ဟာ ရေနဲ့ထိတွေ့ဖူးတယ်။ ကံကောင်းစွာနဲ့ပဲ မည်သည့်ပြဿနာမှ မရှိခဲ့ပဲ ကောင်းစွာသုံးရနေတဲ့အတွက် ဆက်သုံးနေတယ် ဆိုတာမျိုး ရှိနေခဲ့လား။ တခါတလေ ရေနဲ့ထိတွေ့ခဲ့ဖူးပြီး မည်သည့်ပြဿနာမှ မကြုံရသေးပေမယ့် နောင်အခါကျမှ အမျိုးမျိုးသော error တွေကြုံလာတာ ရှိတတ်ပါတယ်။ ချက်ခြင်းလက်ငင်း ဘာပြဿနာမှမရှိခဲ့လို့ သင့်အနေနဲ့ ရေမဝင်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဝင်သွားတဲ့ရေဟာ ချက်ခြင်းပျက်စီးရလောက်အောင် သိသာစွာမရှိပေမယ့် တဖြေးဖြေးရင်းနဲ့တော့ ပျက်စီးမှုဖြစ်စေနိုင်ပါတယ်။ အထဲမှစက်ပိုင်းဆိုင်ရာတွေထိခိုက်ပျက်စီးလာပြီး အားသွင်းမှုစနစ်ကိုလည်း ထိခိုက်ပျက်စီးစေတာ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဆိုရင်လည်း Technician ကိုပြသ စစ်ဆေးခိုင်းစေတာဟာ အကောင်းဆုံးအဖြေပါပဲ။
 DFU Restore လုပ်ကြည့်ပါ

တခါတလေကျတော့လည်း hardware ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်မဟုတ်ပဲ Software ပိုင်းဆိုင်ရာ error ကြောင့် အားသွင်းမရတဲ့ အခြေအနေမျိုးဟာလည်း ရှိတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ DFU restore လုပ်ကြည့်သင့်ပါတယ်။ DFU restore လုပ်မယ်ဆိုရင်တော့ data တွေတော့ပျက်နိုင်ပါတယ်။
 Overheating

တချို့ iPhone တွေက 80% ထက်အားသွင်းကြိမ်ရေ များလာတဲ့အခါ ပူနွေးလာပါတယ်။ မကြာခဏဆိုသလို 80% အထက် 100% အပြည့်နီးနီးလောက်သွင်းပါများလာရင် တဖြေးဖြေးနဲ့ နွေးရာမှသည် ပူလာနိုင်ပါတယ်။ အရမ်းပူလာပြီဆိုရင်တော့ iOS က သင့် iPhone ကိုအားဆက်မသွင်းနိုင်အောင် အလိုလို ဖြတ်တောက်ပေးပါလိမ့်မယ်။ အေးလာတဲ့အခါမှပဲ ဆက်သွင်းလို့ရမှာပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ..

1 comment:

  1. တစ်နေကုန်အားသွင်းနေတာ 75% Or 80%ကနေ မတက်ဘူးဖြစ်နေတယ် Phလဲမပူဘူး အားသွင်းကြိုးကြောင့်လားမသိဘူး
    အဲ့တာဘာလုပ်ရမလဲမသိဘူးရှင့်

    ReplyDelete

မင်္ဂလာပါ..