menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone iPad တွေကို နောက်ယောင်ခံလို့မရအောင်




iPhone, iPad တွေမှာ တည်နေရာနောက်ယောင်ခံလို့မရအောင် ဘယ်လိုလုပ်ထားသင့်လဲ

=================

Credit;; iSure

iOS Apps အတော်များများဟာ သုံးစွဲသူများကို တိကျတဲ့အချက်အလက်တွေရဖို့နဲ့၊ သုံးစွဲသူထံမှတိကျတဲ့ တည်နေရာအချက်အလက်ရနိုင်ဖို့ရန် Location track လုပ်ထားလေ့ရှိပါတယ်။ ဒါမှလည်း သက်ဆိုင်ရာနေရာရဲ့ လမ်းပြမြေပုံများ၊ ရာသီဥတုဆိုင်ရာ အချက်အလက်များ စသည်တို့ကို သုံးစွဲသူလိုအပ်တဲ့အခါ ပေးနိုင်မှာပါ။

ဒါပေမယ့်တချို့သော Apps တွေကတော့ သက်ဆိုင်ရာနေရာမှ အသုံးပြုသူနှင့်သင့်တော်မည့် ကြော်ငြာတွေပြသရန် မိမိတို့ရဲတည်နေရာကို track လုပ်ထားတာမျိုးတွေလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် Apps တွေကနေ မိမိတို့ရဲ့အချက်အလက်ရယူပြီး ကြော်ငြာတွေပြသတာကိုမလိုလားဘူး၊ မိမိတို့တည်နေရာကို နောက်ကွယ်ကနေရယူနေတာကို မနှစ်သက်ဘူးဆိုရင် App တခုခြင်းစီဖြစ်စေ၊ App အားလုံးကိုဖြစ်စေ ပိတ်ထားလို့ရပါတယ်။ App အားလုံးကို တပြိုင်နက်တည်းပိတ်မယ်ဆိုရင်တော့ Location ကြည့်ရန် အမှန်တကယ်လိုအပ်သည့် Maps လိုဟာမျိုးတွေလည်း တပါတည်းပါသွားနိုင်လို့ မလိုအပ်သည့် App တခုခြင်းစီပဲ ပိတ်တာဟာ ပိုသင့်တော်ပါတယ်။



Location service ကို Apps အားလုံးကို တခါတည်းပိတ်ချင်ရင်တော့ Setting > Privacy > Location Service ကို OFF လိုက်ပါ။ ဒါဆို ရှိသမျှ Apps တွေအားလုံးကို Location service ပိတ်ပြီးသားဖြစ်ပါပြီ။

Apps တွေ အားလုံးမဟုတ်ပဲ မလိုအပ်သည့် App တခုချင်းစီကိုပဲ ပိတ်မယ်ဆိုရင်တော့ Setting > Privacy > Location Service ကို အရင် ON ထားပါ။ (၎င်းနေရာရဲ့အောက်မှာတွေ့ရမယ့် Apps တွေကတော့ location service ကို အသုံးပြုနေသည့် Apps တွေချည်းပါ)။ Location Service  ပေးမသုံးချင်တဲ့ App တခုခြင်းစီကို ပိတ်ဖို့ App တွေရဲ့ ညာဘက်ဘေးက (While Using (or) Never) မှာ Never ကိုရွေးထားပေးပါ။

အသုံးပြုစေလို့တဲ့ App ကိုတော့ While Using ထားပြီး အသုံးမပြုစေလိုတဲ့ App ကိုတော့ Never ထားပေးရပါလိမ့်မယ်။

ဒါဆိုရင်တာ့ မိမိတို့ရဲ့တည်နေရာကို မလိုအပ်ပဲရယူနေသည့် Apps တွေကို location service ပိတ်ထားနိုင်သလို အမှန်တကယ်လိုအပ်သည့် Maps လိုဟာမျိုးတွေကိုလည်း While Using လုပ်ပြီး location service ကိုခွင့်ပြုပေးထားနိုင်ပါပြီ။

Location နဲ့ပါတ်သက်ပြီး ကားပါကင်ထိုးထားသည့်နေရာကိုလည်း မှတ်သားထားလို့ရပါသေးတယ်။ ဒီလိုလုပ်ဖို့အတွက် Setting > Privacy > Location Service ကို ON ပြီး Maps App ကို While Using လုပ်ထားဖို့လိုသလို ဖုန်းကိုလည်း ကားရဲ့ Bluetooth စနစ် (သို့မဟုတ်) CarPlay တို့နဲ့ ချိတ်ဆက်ထားဖို့လည်းလိုပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင် Setting > Maps > Show Parked Location ကို ON ထားပေးရင် ရပါပြီ။ ဒါဆိုရင် ကားပါကင်ထိုးထားသည့်နေရာကို မမှတ်မိတဲ့အခါ Maps ကိုဖွင့်ပြီးအလွယ်တကူ ပြန်ရှာနိုင်ပါပြီ။

(မှတ်ချက် - iOS 13 မှာတော့ location access ကို ပိုမိုတင်းကြပ်လာသည့်အတွက် Apps တွေအနေနဲ့ location trace လုပ်တာကို လွယ်လွယ်နဲ့ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။)

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ ..🙏

Credit iSure


zawgyi

iPhone, iPad ေတြမွာ တည္ေနရာေနာက္ေယာင္ခံလို႔မရေအာင္ ဘယ္လိုလုပ္ထားသင့္လဲ
=================
Credit;; iSure
iOS Apps အေတာ္မ်ားမ်ားဟာ သံုးစြဲသူမ်ားကို တိက်တဲ့အခ်က္အလက္ေတြရဖို႔နဲ႔၊ သံုးစြဲသူထံမွတိက်တဲ့ တည္ေနရာအခ်က္အလက္ရႏိုင္ဖို႔ရန္ Location track လုပ္ထားေလ့ရွိပါတယ္။ ဒါမွလည္း သက္ဆိုင္ရာေနရာရဲ႕ လမ္းျပေျမပံုမ်ား၊ ရာသီဥတုဆိုင္ရာ အခ်က္အလက္မ်ား စသည္တို႔ကို သံုးစြဲသူလိုအပ္တဲ့အခါ ေပးႏိုင္မွာပါ။
ဒါေပမယ့္တခ်ိဳ႕ေသာ Apps ေတြကေတာ့ သက္ဆိုင္ရာေနရာမွ အသံုးျပဳသူႏွင့္သင့္ေတာ္မည့္ ေၾကာ္ျငာေတြျပသရန္ မိမိတို႔ရဲတည္ေနရာကို track လုပ္ထားတာမ်ိဳးေတြလည္း ရွိေနျပန္ပါတယ္။
ဒါေၾကာင့္ Apps ေတြကေန မိမိတို႔ရဲ႕အခ်က္အလက္ရယူၿပီး ေၾကာ္ျငာေတြျပသတာကိုမလိုလားဘူး၊ မိမိတို႔တည္ေနရာကို ေနာက္ကြယ္ကေနရယူေနတာကို မႏွစ္သက္ဘူးဆိုရင္ App တခုျခင္းစီျဖစ္ေစ၊ App အားလံုးကိုျဖစ္ေစ ပိတ္ထားလို႔ရပါတယ္။ App အားလံုးကို တၿပိဳင္နက္တည္းပိတ္မယ္ဆိုရင္ေတာ့ Location ၾကည့္ရန္ အမွန္တကယ္လိုအပ္သည့္ Maps လိုဟာမ်ိဳးေတြလည္း တပါတည္းပါသြားႏိုင္လို႔ မလိုအပ္သည့္ App တခုျခင္းစီပဲ ပိတ္တာဟာ ပိုသင့္ေတာ္ပါတယ္။

Location service ကို Apps အားလံုးကို တခါတည္းပိတ္ခ်င္ရင္ေတာ့ Setting > Privacy > Location Service ကို OFF လိုက္ပါ။ ဒါဆို ရွိသမွ် Apps ေတြအားလံုးကို Location service ပိတ္ၿပီးသားျဖစ္ပါၿပီ။
Apps ေတြ အားလံုးမဟုတ္ပဲ မလိုအပ္သည့္ App တခုခ်င္းစီကိုပဲ ပိတ္မယ္ဆိုရင္ေတာ့ Setting > Privacy > Location Service ကို အရင္ ON ထားပါ။ (၎ေနရာရဲ႕ေအာက္မွာေတြ႔ရမယ့္ Apps ေတြကေတာ့ location service ကို အသံုးျပဳေနသည့္ Apps ေတြခ်ည္းပါ)။ Location Service ေပးမသံုးခ်င္တဲ့ App တခုျခင္းစီကို ပိတ္ဖို႔ App ေတြရဲ႕ ညာဘက္္ေဘးက (While Using (or) Never) မွာ Never ကိုေရြးထားေပးပါ။
အသံုးျပဳေစလို႔တဲ့ App ကိုေတာ့ While Using ထားၿပီး အသံုးမျပဳေစလိုတဲ့ App ကိုေတာ့ Never ထားေပးရပါလိမ့္မယ္။
ဒါဆိုရင္တာ့ မိမိတို႔ရဲ႕တည္ေနရာကို မလိုအပ္ပဲရယူေနသည့္ Apps ေတြကို location service ပိတ္ထားႏိုင္သလို အမွန္တကယ္လိုအပ္သည့္ Maps လိုဟာမ်ိဳးေတြကိုလည္း While Using လုပ္ၿပီး location service ကိုခြင့္ျပဳေပးထားႏိုင္ပါၿပီ။
Location နဲ႔ပါတ္သက္ၿပီး ကားပါကင္ထိုးထားသည့္ေနရာကိုလည္း မွတ္သားထားလို႔ရပါေသးတယ္။ ဒီလိုလုပ္ဖို႔အတြက္ Setting > Privacy > Location Service ကို ON ၿပီး Maps App ကို While Using လုပ္ထားဖို႔လိုသလို ဖုန္းကိုလည္း ကားရဲ႕ Bluetooth စနစ္ (သို႔မဟုတ္) CarPlay တို႔နဲ႔ ခ်ိတ္ဆက္ထားဖို႔လည္းလိုပါတယ္။
ဘယ္လိုလုပ္ရမလဲဆိုရင္ Setting > Maps > Show Parked Location ကို ON ထားေပးရင္ ရပါၿပီ။ ဒါဆိုရင္ ကားပါကင္ထိုးထားသည့္ေနရာကို မမွတ္မိတဲ့အခါ Maps ကိုဖြင့္ၿပီးအလြယ္တကူ ျပန္ရွာႏိုင္ပါၿပီ။
(မွတ္ခ်က္ - iOS 13 မွာေတာ့ location access ကို ပိုမိုတင္းၾကပ္လာသည့္အတြက္ Apps ေတြအေနနဲ႔ location trace လုပ္တာကို လြယ္လြယ္နဲ႔ လုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။)
ရႊင္လန္းခ်မ္းေျမ့ၾကပါေစဗ်ာ ..🙏
Credit iSure

No comments:

Post a Comment

မင်္ဂလာပါ..