menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

IP address အကြောင်းသိကောင်းစရာ



IP address အကြောင်းသိကောင်းစရာ

=====================

ကျွန်တော် တို့ နေ့စဉ် အသုံးပြုနေကြ ဖြစ်သော desktop, laptop, tablet, smartphone တို့ ဖြင့် အင်တာနက် ကို ဆက်သွယ်ရာတွင် မရှိမဖြစ် လိုအပ် သည် မှာ IP address ပဲ ဖြစ်ပါတယ်၊ IP address သည် ကျွန်တော် တို့ အိမ်လိပ်စာ နှင့် အလားတူပါတယ်၊ စာတစောင် ကို ပေးပို့ရာ တွင် နောက်ဆုံး ဆိုက်ရောက် မည့် နေရာ မှာ အိမ် လိပ်စာ ပင်ဖြစ်ပါတယ်၊ ထို့ အတူ device တခု မှ တခု သို့ အင်တာနက် ကို အသုံးပြုပြီး၊ packet များ ပေးပို့ရာ တွင် နောက်ဆုံး ဆိုက်ရောက် ရာ မှာ၊ desitination IP address သို့ပင် ဖြစ်ပေသည်။

IP address တွင် IPV4 နှင့် IPV6 ဟူ၍ နှစ်မျိုး ရှိပါတယ်၊ အဓိက ကွာခြားချက်က တော့ သူတို့ က ပေးနိုင်သော IP address အရေအတွက် ပဲ ဖြစ်ပါတယ်၊ IPV4 ကတော့ 32 bit IP address ကို အသုံးပြုပါတယ်၊ ဒါကြောင့် သူက အများဆုံး ရရှိ နိုင်သည့် IP address အရေ အတွက် သည် 232—or 4,294,967,296.ပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် လည်း အမှန်တကယ် ရရှိ နိုင်သော IP address အရေအတွက် သည် သီအိုရီ အရ ရရှိနိုင်သော အရေ အတွက်ထက် နည်းပါတယ်၊ IPV6 က တော့ 128 bits IP address ကို အသုံးပြုပါတယ်၊ ဒါကြောင့် (2128) or 340,282,366,920,938,463,463,374,607,431,768,211,456 IP address ဖြစ်ပါတယ်၊ IPV6 ၏ အမှန်တကယ် ရရှိ နိုင်သော IP address အရေအတွက် သည် သီအိုရီ အရ ရရှိနိုင်သော အရေ အတွက်ထက် နည်းပါတယ်။


IP address တွင် Public နဲ့ Private IP address ဆိုပြီး နှစ်မျိုး နှစ်စား ရှိပါတယ်၊ Public IP address ကတော့ အင်တာနက် (internet) ဆက်သွယ် ရာတွင် အသုံးပြု နိုင်ပါတယ်၊ Private IP address ကတော့ အင်ထရာနက် (intranet) မှာ အသုံးပြုနိုင်ပါတယ်၊ အောက်တွင် ဖေါ်ပြထားသော IP address range များကတော့၊ အသုံးပြုနိုင်တဲ့ Private IP address range များ ပဲဖြစ်ပါတယ်။

192.168.0.0 - 192.168.255.255 (65,536 IP addresses)

172.16.0.0 - 172.31.255.255 (1,048,576 IP addresses)

10.0.0.0 - 10.255.255.255 (16,777,216 IP addresses)

သို့သော်လည်း၊ device တခု သည် အင်တာနက် ဆက်သွယ်ရာ တွင်၊ IP address တခု တည်းဖြင့် အလုပ်မလုပ် နိုင်ပေ၊ device တခု အင်တာနက် ဆက်သွယ် ဖို့ရာ အတွက် အောက်ပါ တို့ လိုအပ်ပါတယ်။

(၁) IP address

(၂) Gateway address

(၃) Subnet Mask

(၄) DNS address

တို့ ပဲ ဖြစ်ကြပါတယ်။

Gateway address

ဆိုတာ က တော့ သက်ဆိုင်ရာ အသုံးပြုနေ တဲ့ TCP/IP network တွင်၊ ရှိသော server, workstation နှင့် TCP/IP device များ အတွက်၊ မည်သည့် IP address ကို Gateway address အဖြစ် အသုံးပြုမယ်ဆိုတာ မျိုးဖြစ်ပါတယ်၊ အဆိုပါ IP address မှ တဆင့် TCP/IP packets များ ထွက်ခွါ ရမှာ ဖြစ်ပါတယ်၊ အသုံးပြုနေတဲ့ network (local network) အတွင်းတွင်၊ device အချင်းချင်း ဆက်သွယ် သည့် အခါ၊ Gateway IP address မလိုအပ်ပဲ၊ တခြား Network တခုခု (remote network) ကို ဆက်သွယ် လိုမှ သာ၊ ၎င်း Gateway IP address ကို အသုံးပြု ကာ routing ပြုလုပ်ရမည် ဖြစ်ပါတယ်။

Subnet Mask

Subnet Mask ကို မရှင်းပြခင်၊ TCP/IP network နဲ့ IP address အကြောင်း ကို အနည်းငယ် ရှင်းဖို့ လိုအပ်ပါတယ်။

IP address တွင် အပိုင်းနှစ်ပိုင်း ရှိပါတယ်၊ တပိုင်း က network address ဖြစ်ပြီး၊ နောက် တပိုင်း က တော့ host address ပဲ ဖြစ်ပါတယ်၊ ဥပမာ။ ။192.168.123.132 တွင် 192.168.123. သည် network အပိုင်း ဖြစ်ပြီး၊ .132 သည် host အပိုင်း ဖြစ်ပါတယ်၊

192.168.123. Network

.132 Host

(OR)

192.168.123.0 - network address.

0.0.0.132 - host address.

TCP/IP protocol သည် packet ပေးပို့ ရမည့် host အား local network တွင် ရှိသလား၊ remote network တွင် ရှိ သလား ရှာဖွေသော အခါ subnet mask ကို အသုံးပြုပါတယ်၊ ဥပမာ။ ။ 192.168.123.132 IP address routing ပြုလုပ်ရာ တွင် local network လား၊ remote network လား ခွဲ ဖို့ ရန် အတွက် လိုအပ်လာ ပြီး၊ ၎င်း ကို subnet mask နှင့် တွက်ချက်ပါတယ်၊ 255.255.255.0 ဟူသော subnet mask သည်၊ binary form အရ ဆို လျှင်

11111111.11111111.11111111.0000000

ဖြစ်ပေသည်၊ ၎င်းကို IP address 192.168.123.132 နှင့် binary form အသုံးပြုကာ တွက်ချက်၍၊ network part နှင့် host part ကို အောက်ပါ အတိုင်း ခွဲ ထုတ် နိုင်ပေသည်။

11000000.10101000.01111011.10000100 -- IP address (192.168.123.132)

11111111.11111111.11111111.00000000 -- Subnet mask (255.255.255.0)

||

11000000.10101000.01111011.00000000 -- Network address (192.168.123.0)

00000000.00000000.00000000.10000100 -- Host address (000.000.000.132)

ထို့ကြောင့် subnet mask 255.255.255.0 ကို အသုံးပြုသော အခါ network ID သည် 192.168.123.0 ဖြစ်ပြီး၊ host address သည် 0.0.0.132 ဖြစ်သည်၊ အကယ်၍ TCP/IP packet သည် (local subnet or remote network) တခု မှ 192.168.123.0 subnet သို့ ဆိုက်ရောက်လာပြီး၊ သူ၏ destination IP address သည် 192.168.123.132 ဖြစ်ပါက၊ သင်၏ ကွန်ပြူတာ သည် ၎င်း TCP/IP address ကို လက်ခံ ရရှိ မည်ဖြစ်သည်။

DNS Server address

DNS သည် Domain Name System လို့ အဓိပ္ပါယ် ရပြီး၊ TCP/IP network များတွင် သုံးပါသည်၊ အကယ်၍ သင်သည် www.facebook.com ကို “nslookup” command ဖြင့် ရှာ ပါက၊ သူ၏ IP address ဖြစ်သော “31.13.79.220” ကို ရရှိ မည် ဖြစ်သည်၊ နေ့စဉ် အသုံးပြုနေသော အင်တာနက် ဆိုင်ရာ ကိစ္စ များ တွင်၊ ဘာကြောင့် IP address ကို တိုက်ရိုက် မသုံးပဲ၊ domain name ကို အသုံးပြု သလဲဟု မေးစရာ အကြောင်းရှိပါသည်၊ အင်တာနက် တွင် ရှိသော server ပေါင်း များစွာ က ပေးသော service ပေါင်း များ စွာ ကို IP address ဖြင့် သာ access လုပ်ပါက၊ မှတ်မိ ရန် လွယ်ကူမည် မဟုတ်ပေ၊ ထို့ကြောင့် မှတ်မိရန် လွယ်ကူသော domain name ကို အသုံးပြုရခြင်းဖြစ်ပေသည်။

အောက်ဖေါ်ပြပါတို့ သည် top-level domain name တချို့ နှင့် သူတို့ နှင့် သက်ဆိုင်သော အဓိပ္ပါယ် အရှည်ကောက်ဖြစ်ပါသည်။

.com - Commercial businesses

.org - Organizations (generally charitable)

.net - Network organizations

.gov - U.S. government agencies

.mil - Military

.edu - Educational facilities like universities

.th - Thailand

.ca - Canada

.au - Australia

မြန်မာ နိုင်ငံ ၏ top-level domain name သည် .mm - Myanmar ဖြစ်သည်။

အကယ်၍ သင်သည် www.facebook.com ကို web browser ဖြင့် access လုပ်ပါက၊ TCP/IP configuration တွင် ထည့်သွင်း ထားသော name server (သို့) ၎င်း name server ကတဆင့် ဆက်သွယ် သော name server သည် www.facebook.com ၏ IP address ဖြစ်သော “31.13.79.220” ကို ပြန်ဆို ပြီး၊ အဆိုပါ web server နှင့် ဆက်သွယ် ခြင်းကို စတင်မည်ဖြစ်သည်၊ တခု ရှင်းလင်းစွာ နားလည်သင့် သည်မှာ network တွင် ရှိသော device တိုင်း တွင် IP address သာ မက media access control address (MAC address) ဟုခေါ်သော physical address တခု ရှိနေပေသေးသည်၊ network device တိုင်း အတွက် MAC address တခုသာ ရှိမည်ဖြစ်ပေသည်၊ ထို့ကြောင့် client computer တလုံးမှ web access အတွက် web server တလုံး နှင့် ဆက်သွယ်ရာ၌ TCP/IP package များ ကို နောက်ဆုံး ပေးဝေ ရမည့် နေရာ မှာ IP address နှင့် associate ဖြစ်နေသော MAC address ရှိသည့်၊ network device ပင်ဖြစ်ပေသည်။

Free DNS server ဆိုသည်မှာ ၎င်း၏DNS service ကို အဖိုးအခပေးရန် မလိုဘဲ၊ free ရရှိနိုင်ခြင်း ဖြစ်ပေသည်၊ ပုံမှန်အားဖြင့် DNS server ၏ IP address ကို သင်၏internet service provider မှ ပေးခြင်းဖြစ်ပေသည်၊ သို့သော် သင့်၏ ISP က ပေးထားသော DNS server သည် အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုရန် ခက်ခဲ ပါက Free DNS server ၏ IP address ကို အသုံးပြုနိုင်ပါသည်။

Google က ပေးထားသော Free DNS ၏ IP address နှစ်ခု မှာ “8.8.8.8” နှင့် “4.4.4.4” တို့ ဖြစ်ပါသည်၊ Free DNS server ကို အသုံးပြုခြင်းကြောင့် သင်၏ internet speed ပိုမြန်ဆန်ခြင်း၊ ISP ၏ DNS server ဒေါင်း နေပါကလည်း internet ကို ဆက်လက် အသုံးပြုနိုင်ခြင်း စသော အကျိုးကျေးဇူး များရရှိ နိုင်ပါသည်။

# Crd

# Leonardo Min Min


IP address အေၾကာင္းသိေကာင္းစရာ
=====================
ကြၽန္ေတာ္ တို႔ ေန႕စဥ္ အသုံးျပဳေနၾက ျဖစ္ေသာ desktop, laptop, tablet, smartphone တို႔ ျဖင့္ အင္တာနက္ ကို ဆက္သြယ္ရာတြင္ မရွိမျဖစ္ လိုအပ္ သည္ မွာ IP address ပဲ ျဖစ္ပါတယ္၊ IP address သည္ ကြၽန္ေတာ္ တို႔ အိမ္လိပ္စာ ႏွင့္ အလားတူပါတယ္၊ စာတေစာင္ ကို ေပးပို႔ရာ တြင္ ေနာက္ဆုံး ဆိုက္ေရာက္ မည့္ ေနရာ မွာ အိမ္ လိပ္စာ ပင္ျဖစ္ပါတယ္၊ ထို႔ အတူ device တခု မွ တခု သို႔ အင္တာနက္ ကို အသုံးျပဳၿပီး၊ packet မ်ား ေပးပို႔ရာ တြင္ ေနာက္ဆုံး ဆိုက္ေရာက္ ရာ မွာ၊ desitination IP address သို႔ပင္ ျဖစ္ေပသည္။
IP address တြင္ IPV4 ႏွင့္ IPV6 ဟူ၍ ႏွစ္မ်ိဳး ရွိပါတယ္၊ အဓိက ကြာျခားခ်က္က ေတာ့ သူတို႔ က ေပးနိုင္ေသာ IP address အေရအတြက္ ပဲ ျဖစ္ပါတယ္၊ IPV4 ကေတာ့ 32 bit IP address ကို အသုံးျပဳပါတယ္၊ ဒါေၾကာင့္ သူက အမ်ားဆုံး ရရွိ နိုင္သည့္ IP address အေရ အတြက္ သည္ 232—or 4,294,967,296.ပဲ ျဖစ္ပါတယ္၊ ဒါေပမယ့္ လည္း အမွန္တကယ္ ရရွိ နိုင္ေသာ IP address အေရအတြက္ သည္ သီအိုရီ အရ ရရွိနိုင္ေသာ အေရ အတြက္ထက္ နည္းပါတယ္၊ IPV6 က ေတာ့ 128 bits IP address ကို အသုံးျပဳပါတယ္၊ ဒါေၾကာင့္ (2128) or 340,282,366,920,938,463,463,374,607,431,768,211,456 IP address ျဖစ္ပါတယ္၊ IPV6 ၏ အမွန္တကယ္ ရရွိ နိုင္ေသာ IP address အေရအတြက္ သည္ သီအိုရီ အရ ရရွိနိုင္ေသာ အေရ အတြက္ထက္ နည္းပါတယ္။

IP address တြင္ Public နဲ႕ Private IP address ဆိုၿပီး ႏွစ္မ်ိဳး ႏွစ္စား ရွိပါတယ္၊ Public IP address ကေတာ့ အင္တာနက္ (internet) ဆက္သြယ္ ရာတြင္ အသုံးျပဳ နိုင္ပါတယ္၊ Private IP address ကေတာ့ အင္ထရာနက္ (intranet) မွာ အသုံးျပဳနိုင္ပါတယ္၊ ေအာက္တြင္ ေဖၚျပထားေသာ IP address range မ်ားကေတာ့၊ အသုံးျပဳနိုင္တဲ့ Private IP address range မ်ား ပဲျဖစ္ပါတယ္။
192.168.0.0 - 192.168.255.255 (65,536 IP addresses)
172.16.0.0 - 172.31.255.255 (1,048,576 IP addresses)
10.0.0.0 - 10.255.255.255 (16,777,216 IP addresses)
သို႔ေသာ္လည္း၊ device တခု သည္ အင္တာနက္ ဆက္သြယ္ရာ တြင္၊ IP address တခု တည္းျဖင့္ အလုပ္မလုပ္ နိုင္ေပ၊ device တခု အင္တာနက္ ဆက္သြယ္ ဖို႔ရာ အတြက္ ေအာက္ပါ တို႔ လိုအပ္ပါတယ္။
(၁) IP address
(၂) Gateway address
(၃) Subnet Mask
(၄) DNS address
တို႔ ပဲ ျဖစ္ၾကပါတယ္။
Gateway address
ဆိုတာ က ေတာ့ သက္ဆိုင္ရာ အသုံးျပဳေန တဲ့ TCP/IP network တြင္၊ ရွိေသာ server, workstation ႏွင့္ TCP/IP device မ်ား အတြက္၊ မည္သည့္ IP address ကို Gateway address အျဖစ္ အသုံးျပဳမယ္ဆိုတာ မ်ိဳးျဖစ္ပါတယ္၊ အဆိုပါ IP address မွ တဆင့္ TCP/IP packets မ်ား ထြက္ခြါ ရမွာ ျဖစ္ပါတယ္၊ အသုံးျပဳေနတဲ့ network (local network) အတြင္းတြင္၊ device အခ်င္းခ်င္း ဆက္သြယ္ သည့္ အခါ၊ Gateway IP address မလိုအပ္ပဲ၊ တျခား Network တခုခု (remote network) ကို ဆက္သြယ္ လိုမွ သာ၊ ၎ Gateway IP address ကို အသုံးျပဳ ကာ routing ျပဳလုပ္ရမည္ ျဖစ္ပါတယ္။
Subnet Mask
Subnet Mask ကို မရွင္းျပခင္၊ TCP/IP network နဲ႕ IP address အေၾကာင္း ကို အနည္းငယ္ ရွင္းဖို႔ လိုအပ္ပါတယ္။
IP address တြင္ အပိုင္းႏွစ္ပိုင္း ရွိပါတယ္၊ တပိုင္း က network address ျဖစ္ၿပီး၊ ေနာက္ တပိုင္း က ေတာ့ host address ပဲ ျဖစ္ပါတယ္၊ ဥပမာ။ ။192.168.123.132 တြင္ 192.168.123. သည္ network အပိုင္း ျဖစ္ၿပီး၊ .132 သည္ host အပိုင္း ျဖစ္ပါတယ္၊
192.168.123. Network
.132 Host
(OR)
192.168.123.0 - network address.
0.0.0.132 - host address.
TCP/IP protocol သည္ packet ေပးပို႔ ရမည့္ host အား local network တြင္ ရွိသလား၊ remote network တြင္ ရွိ သလား ရွာေဖြေသာ အခါ subnet mask ကို အသုံးျပဳပါတယ္၊ ဥပမာ။ ။ 192.168.123.132 IP address routing ျပဳလုပ္ရာ တြင္ local network လား၊ remote network လား ခြဲ ဖို႔ ရန္ အတြက္ လိုအပ္လာ ၿပီး၊ ၎ ကို subnet mask ႏွင့္ တြက္ခ်က္ပါတယ္၊ 255.255.255.0 ဟူေသာ subnet mask သည္၊ binary form အရ ဆို လွ်င္
11111111.11111111.11111111.0000000
ျဖစ္ေပသည္၊ ၎ကို IP address 192.168.123.132 ႏွင့္ binary form အသုံးျပဳကာ တြက္ခ်က္၍၊ network part ႏွင့္ host part ကို ေအာက္ပါ အတိုင္း ခြဲ ထုတ္ နိုင္ေပသည္။
11000000.10101000.01111011.10000100 -- IP address (192.168.123.132)
11111111.11111111.11111111.00000000 -- Subnet mask (255.255.255.0)
||
11000000.10101000.01111011.00000000 -- Network address (192.168.123.0)
00000000.00000000.00000000.10000100 -- Host address (000.000.000.132)
ထို႔ေၾကာင့္ subnet mask 255.255.255.0 ကို အသုံးျပဳေသာ အခါ network ID သည္ 192.168.123.0 ျဖစ္ၿပီး၊ host address သည္ 0.0.0.132 ျဖစ္သည္၊ အကယ္၍ TCP/IP packet သည္ (local subnet or remote network) တခု မွ 192.168.123.0 subnet သို႔ ဆိုက္ေရာက္လာၿပီး၊ သူ၏ destination IP address သည္ 192.168.123.132 ျဖစ္ပါက၊ သင္၏ ကြန္ျပဴတာ သည္ ၎ TCP/IP address ကို လက္ခံ ရရွိ မည္ျဖစ္သည္။
DNS Server address
DNS သည္ Domain Name System လို႔ အဓိပၸါယ္ ရၿပီး၊ TCP/IP network မ်ားတြင္ သုံးပါသည္၊ အကယ္၍ သင္သည္ www.facebook.com ကို “nslookup” command ျဖင့္ ရွာ ပါက၊ သူ၏ IP address ျဖစ္ေသာ “31.13.79.220” ကို ရရွိ မည္ ျဖစ္သည္၊ ေန႕စဥ္ အသုံးျပဳေနေသာ အင္တာနက္ ဆိုင္ရာ ကိစၥ မ်ား တြင္၊ ဘာေၾကာင့္ IP address ကို တိုက္ရိုက္ မသုံးပဲ၊ domain name ကို အသုံးျပဳ သလဲဟု ေမးစရာ အေၾကာင္းရွိပါသည္၊ အင္တာနက္ တြင္ ရွိေသာ server ေပါင္း မ်ားစြာ က ေပးေသာ service ေပါင္း မ်ား စြာ ကို IP address ျဖင့္ သာ access လုပ္ပါက၊ မွတ္မိ ရန္ လြယ္ကူမည္ မဟုတ္ေပ၊ ထို႔ေၾကာင့္ မွတ္မိရန္ လြယ္ကူေသာ domain name ကို အသုံးျပဳရျခင္းျဖစ္ေပသည္။
ေအာက္ေဖၚျပပါတို႔ သည္ top-level domain name တခ်ိဳ႕ ႏွင့္ သူတို႔ ႏွင့္ သက္ဆိုင္ေသာ အဓိပၸါယ္ အရွည္ေကာက္ျဖစ္ပါသည္။
.com - Commercial businesses
.org - Organizations (generally charitable)
.net - Network organizations
.gov - U.S. government agencies
.mil - Military
.edu - Educational facilities like universities
.th - Thailand
.ca - Canada
.au - Australia
ျမန္မာ နိုင္ငံ ၏ top-level domain name သည္ .mm - Myanmar ျဖစ္သည္။
အကယ္၍ သင္သည္ www.facebook.com ကို web browser ျဖင့္ access လုပ္ပါက၊ TCP/IP configuration တြင္ ထည့္သြင္း ထားေသာ name server (သို႔) ၎ name server ကတဆင့္ ဆက္သြယ္ ေသာ name server သည္ www.facebook.com ၏ IP address ျဖစ္ေသာ “31.13.79.220” ကို ျပန္ဆို ၿပီး၊ အဆိုပါ web server ႏွင့္ ဆက္သြယ္ ျခင္းကို စတင္မည္ျဖစ္သည္၊ တခု ရွင္းလင္းစြာ နားလည္သင့္ သည္မွာ network တြင္ ရွိေသာ device တိုင္း တြင္ IP address သာ မက media access control address (MAC address) ဟုေခၚေသာ physical address တခု ရွိေနေပေသးသည္၊ network device တိုင္း အတြက္ MAC address တခုသာ ရွိမည္ျဖစ္ေပသည္၊ ထို႔ေၾကာင့္ client computer တလုံးမွ web access အတြက္ web server တလုံး ႏွင့္ ဆက္သြယ္ရာ၌ TCP/IP package မ်ား ကို ေနာက္ဆုံး ေပးေဝ ရမည့္ ေနရာ မွာ IP address ႏွင့္ associate ျဖစ္ေနေသာ MAC address ရွိသည့္၊ network device ပင္ျဖစ္ေပသည္။
Free DNS server ဆိုသည္မွာ ၎၏DNS service ကို အဖိုးအခေပးရန္ မလိုဘဲ၊ free ရရွိနိုင္ျခင္း ျဖစ္ေပသည္၊ ပုံမွန္အားျဖင့္ DNS server ၏ IP address ကို သင္၏internet service provider မွ ေပးျခင္းျဖစ္ေပသည္၊ သို႔ေသာ္ သင့္၏ ISP က ေပးထားေသာ DNS server သည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသုံးျပဳရန္ ခက္ခဲ ပါက Free DNS server ၏ IP address ကို အသုံးျပဳနိုင္ပါသည္။
Google က ေပးထားေသာ Free DNS ၏ IP address ႏွစ္ခု မွာ “8.8.8.8” ႏွင့္ “4.4.4.4” တို႔ ျဖစ္ပါသည္၊ Free DNS server ကို အသုံးျပဳျခင္းေၾကာင့္ သင္၏ internet speed ပိုျမန္ဆန္ျခင္း၊ ISP ၏ DNS server ေဒါင္း ေနပါကလည္း internet ကို ဆက္လက္ အသုံးျပဳနိုင္ျခင္း စေသာ အက်ိဳးေက်းဇူး မ်ားရရွိ နိုင္ပါသည္။
# Crd
# Leonardo Min Min

No comments:

Post a Comment

မင်္ဂလာပါ..