iOS သုံးစွဲသူတိုင်းအတွက် iCloud Drive နှင့် အသုံးဝင်ပုံများအကြောင်း တစ်စေ့တစ်စောင်း 🤩
☁️ iCloud နဲ့ ပတ်သတ်လို့ iCloud Password မေ့သွားတာ၊ iCloud ကျသွားတာတွေကို လူတွေ အပြောများကြပါတယ် .. ဒါပေမယ့် iCloud Drive နဲ့ ပတ်သတ်ပြီး လူသိနည်းနေသေးတဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ အသုံးဝင်ပုံတွေ များစွာရှိနေပါသေးတယ် 🙂
☁️ iCloud ဆိုတာက Photo တွေ၊ Notes တွေ၊ Contact တွေကို သိမ်းဆည်းထားနိုင်တဲ့ APPLE Device တွေမှာ Built-in ပါဝင်တဲ့ Storage ပဲဖြစ်ပါတယ်...
☁️ iCloud Driveကို အသုံးပြုမယ်ဆိုရင် သင့် Contact တွေနဲ့ Data တွေက အမြဲ Up-to-date ဖြစ်အောင် သိမ်းဆည်းပေးထားမှာဖြစ်ပြီး သင့် iCloud account ဝင်ထားတဲ့ Device အားလုံးမှာလဲ Data တွေကို အလွယ်တကူ သုံးလို့ရအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်.. 😎 ဘယ် APP တွေ၊ ဘယ် Data တွေကို Storage လုပ်ထားမယ်ဆိုတာကို Setting>>iCloud Acc setting ထဲကို ဝင်ပြီး သင့်စိတ်ကြိုက်စီမံနိုင်ပါတယ်ခင်ဗျာ...😊😊
💢နောက်ထပ်အားသာချက်တစ်ခုကတော့ "iCloud Backup" ဆို တဲ့ function လေးက အခြား information တွေကို လဲ သိမ်းဆည်းထားနိုင်ပါသေးတယ်.. 😊 application data တွေ၊ Device Setting တွေ၊ Home Screen Configuration တွေ ကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်...ဒီတော့ နောက်ဖုန်းတစ်လုံးပြောင်းလိုက်တဲ့ အချိန်မှာ သင့် Data တွေ ပြန်ပြီးရွေ့နေဖို့ မလိုတော့ဘဲ iCloud Account ကိုထည့်ပြီး Restore from iCloud Backup ကို ရွေးချယ်လိုက်တာနဲ့ သင်အသုံးပြုနေကျ ပုံစံတွေအတိုင်း သင့် Device ကပြောင်းလဲသွားမှာဖြစ်ပါတယ် 😎😎
ဒါပေမဲ့အရာရာတိုင်းကတော့ အကောင်းရှိရင် အဆိုးကလဲ ဒွန့်တွဲလျှက်ပါပဲ 😞အကယ်၍ သင်က iCloud Password မေ့သွားခဲ့တဲ့ အချိန်ကျရင်တော့ 😣 မတော်တဆ Software ပြန်ရေးရမယ့် အခြေအနေမျိုးဖြစ်လာမယ်ဆိုရင်တော့ iCloud Lock ကျတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်.😩😩 ဒီလိုမျိုးတွေ ဖြစ်လာရင်တော့ iCloud Lock ပြန်ဖြေတဲ့ Service မျိုးတွေ လိုအပ်လာနိုင်လို့ iCloud Password နဲ့ Security Question တွေကိုတော့ သေသေချာချာ မှတ်ထားဖို့ လိုအပ်ပါတယ်ခင်ဗျာ 🧐

☁️
☁️
No comments:
Post a Comment
မင်္ဂလာပါ..