menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

DVD drive ကောင်း၊မကောင်း




DVD drive ကောင်း၊မကောင်း သိစေသောအချက်များ

၁။ DVD drive ကို BIOS မှလုံးဝမသိရှိတော့ခြင်း၊ drive မှ cd disc ကို ဖတ်လျှင်အရမ်း လေးလံနေခြင်း

၂။ သက်တမ်းကြာလာ၍ read/write speed ကျဆင်းခြင်း

၃။ Drive ကို my computer တွင် တွေ့သော်လည်းဖွင့်လို့မရခြင်း

၄။ Drive မှ ခွေထည့်သည့် tray မှာပြန်ထွက်မလာတော့ခြင်း

၅။ ခွေထည့်ပြီး ခဏအတွင်းသာ ဖတ်ပြီးနောက် ဆက်မဖတ်နိုင်တော့ခြင်း

၆။ Rewriteable တွေမှာ write လုပ်လို့မရတော့ခြင်း


၇။ Drive မှ ဆူညံသံကျယ်လောင်စွာထွက်ခြင်း

၈။ Disc တစ်ခုကိုဖတ်သည့်အခါ အတင်းရုန်းပြီးဖတ်နေရခြင်း စသော အချက်များမှာ dvd drive မကောင်းတော့သော လက္ခဏာများဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ virus ကြောင့်လည်း drive က မဖတ်နိုင်တာ ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လာရင် ဘာလုပ်မလဲ



၁။ ကွန်ပျူတာမှာ dvd drive မပေါ်ဘူးဆိုရင် dvd ကိုပေးတဲ့ molex or SATA  ပါဝါကြိုးတပ်ထားသလား ကြည့်လိုက်ပါ။ ပြီးရင် data cable ကြိုးတပ်ထားသလားကြည့်ပါ။ နှစ်ခုစလုံး သေချာတပ်ထားပါလျက်နဲ့ bios မှာမပေါ်ဘူးဆိုရင် drive ကို bios ကတောင်မသိတော့ရင် drive ပျက်ဖို့များပါတယ်။ ပိုသေချာသွားအောင် အခြားစက်တစ်လုံးမှာ သွားရောက်တပ်ဆင်ကြည့်ပါ။

၂။ သက်တမ်းကြာလို့ read speed ကျဆင်းရခြင်းမှာ dvd drive electric motor မကောင်းတော့တာ ဖြစ်နိုင်သလို lens မှာ မကောင်းတာလဲ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် အထဲက lens ကို cleaning kid နဲ့ သန့်စင်လိုက်ရင် နဂိုအနေအထားတိုင်း ပြန်လည်ကောင်းမွန်တတ်ပါတယ်။

၃။ Drive ကို my computer မှာတွေ့ပေမယ့်လို့ ဖွင့်လို့မရခြင်းမှာ drive အားအသုံးပြုခွင့် Permission ပိတ်ထားခြင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် permission ကို ဖွင့်ပေးလိုက်လျင်ရနိုင်ပါတယ်။ နောက်တစ်ချက် ဖြစ်နိုင်တာက my computer မှာ တွေ့တော့တွေ့တယ်။ ဒါပေမဲ့ ခွေထည့်ပြီးတော့ ဖတ်ကိုမဖတ်ဘူး သူ့ကို click နှိပ်လိုက်ရင်လည်း loading အကြာကြီး လည်နေတာမျိုး တွေ့ရတတ်ပါတယ်။ အဲဒါ drive မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်။ တပ်ထားတဲ့ drive က cd rom ဖြစ်ပြီး ထည့်တဲ့ခွေက dvd disc ဖြစ်နေရင်လည်း ဖတ်မှာမဟုတ်ဘူးနော်။

၄။ Drive မှ ခွေထည့်ပြီး eject ပေးသော်လည်း ပြန်ထွက်မလာခြင်းမှာ mechanically အရ ပျက်စီးနေတတ်ပါတယ်။ Tray ကိုပြန်လည်တွန်းထုတ်ပေးမည့် မော်တာ အလုပ်မလုပ်နိုင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် dvd drive မျက်နှာပြင်မှာ အပေါက်သေးသေးလေး တစ်ခုရှိပါတယ်။ သူ့ကို paper clip လေးနဲ့ ထိုးလိုက်ပါ။ Drive ပြန်ထွက်လာပါလိမ့်မယ်။ Mechanical အရတပ်ဆင်မှုလွဲတာဆိုရင် drive ကိုဖွင့်ပြီး အံကျအောင် သေချာပြန်လည်တပ်ဆင်ပေးပါက ပြန်ကောင်းသွားနိုင်ပါတယ်။

၅။ အချို့ drive များမှာ ခွေထည့်ပြီး ခဏအတွင်းသာ ဖတ်ပြီး နောက်ပိုင်း ဆက်မဖတ်နိုင်တော့တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဥပမာ - cd disc ခွေထဲက ဖိုင်တစ်ခုကို ဖတ်လိုက်တယ်။ နောက်ဖိုင်တွေကို ထပ်ဖွင့်တယ် ထပ်ဖွင့်လိုက်တဲ့ဖိုင်တွေကို မဖတ်နိုင်တော့ဘူး။ ဒါဆိုရင် drive မကောင်းတော့တာဖြစ်ပါတယ်။

၆။ DVD Rewriteable တွေမှာဆိုရင် rewrite လုပ်မပေးနိုင်တော့ဘူး။ ဒါကတော့ firmware နဲ့ဆိုင်ပါတယ်။ Firmware ကြောင်သွားရင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် drive ကအလုပ်တော့ လုပ်နေပါဦးမယ်။ သို့သော်လည်း rewrite လုပ်တဲ့အခါ အဆင်ပြေတော့မှာမဟုတ်ပါဘူး။

၇။ Drive ထဲကို cd disc ထည့်လိုက်တာနဲ့ အသံမှာ ပုံမှန်အသံထက် ဆူညံစွာ ထွက်နေခြင်းမှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။ ဒါကြောင့် drive ကို cleaning ပြန်လုပ်ခြင်းအားဖြင့် ဤပြဿနာကို ပြေလည်သွားစေနိုင်ပါတယ်။

၈။ Disc ကို ဖတ်တော့ဖတ်တယ်၊ အတင်းရုန်းပြီး ဖတ်နေရတယ်၊ ဖိုင်ကိုဖွင့်လိုက်တယ်၊ လေးငါး ဆယ်စက္ကန့်ကြာမှ ဖတ်နိင်တယ်။ တစ်ခါတစ်လေကျ ဖတ်ပြီး တခါတရံကျတော့ မဖတ်တော့ဘူးဆိုရင် drive ကကြောင်သွားတာ ဖြစ်နိုင်တယ်။ My computer ထဲမှာ dvd drive ကိုမတွေ့ရင် device manager မှာဝင်စစ်ကြည့်ပါဦး။ DVD ကို enable ပေးထားသလားလို့ device manager ထဲမှာ disable ပေးထားတာမျိုးဆိုရင် dvd drive ကို My computer ထဲမှာ တွေ့ရမှာမဟုတ်ပါဘူး။ အကယ်၍ IDE cable ကြိုးတစ်ချောင်းတည်းမှာ Hard disk ရော CD Rom ရောတပ်ဆင်မယ်ဆိုရင် master /slave ခွဲပေးရပါမယ်။ အထက်ကဆွေးနွေးခဲ့တာတွေ အားလုံးက drive ဘက်ကပဲ ဖြစ်နိုင်တာတွေကို ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ မိမိစက်မှာတော့ အထက်ကလိုပြဿနာမျိုးတွေဖြစ်ပြီး အခြားစက်တစ်လုံးမှာတော့ အကောင်းပကတိအတိုင်း အလုပ်လုပ်တယ်ဆိုရင် drive ရဲ့ power ကြိုးဒေတာကြိုးတို့ကို ပြောင်းလဲတပ်ဆင်ကြည့်ပါ။ ထိုနောက် IDE cable ဆိုရင်လဲ data cable ကို port ပြောင်းတပ်ကြည့်ပါ။ SATA port ကိုလည်း ထိုနည်းလည်း ကောင်းပါပဲ motherboard က port တွေကိုပြောင်းတတ်ကြည့်ပါ။ ရံဖန်ရံခါ port တစ်ခုမှာ အလုပ်မလုပ်ပေမဲ့ နောက် port တစ်ခုနဲ့ အဆင်ပြေသွားတာကိုလည်း ကြုံရတတ်ပါတယ်။ ROM မကောင်းတော့ရင်ပဲဖြစ်ဖြစ် ရေးတဲ့ ဖတ်တဲ့ နှုန်းအားကျဆင်းလာရင်ပဲဖြစ်ဖြစ် windows တင်တဲ့အခါမှာ (သို့) disc တွေကို ခွေကူးရာမှာ အရမ်းကြာတတ်ပါတယ်။ ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက် ငါ့ကွန်ပျူတာက windows တင်တာမြန်တယ် ခဏလေးတွင်း ပြီးသွားတယ်ဆိုတာ drive ကောင်းတာ၊ မကောင်းတာနဲ့ သက်ဆိုင်ပြီး drive speed အနှေးအမြန်ပေါ် မူတည်ပြီး ကွာသွားခြင်း ဖြစ်ပါတယ်။

zawgyi


DVD drive ေကာင္း၊မေကာင္း သိေစေသာအခ်က္မ်ား
၁။ DVD drive ကို BIOS မွလံုး၀မသိရိွေတာ့ျခင္း၊ drive မွ cd disc ကို ဖတ္လွ်င္အရမ္း ေလးလံေနျခင္း
၂။ သက္တမ္းၾကာလာ၍ read/write speed က်ဆင္းျခင္း
၃။ Drive ကို my computer တြင္ ေတြ႕ေသာ္လည္းဖြင့္လို႔မရျခင္း
၄။ Drive မွ ေခြထည့္သည့္ tray မွာျပန္ထြက္မလာေတာ့ျခင္း
၅။ ေခြထည့္ျပီး ခဏအတြင္းသာ ဖတ္ျပီးေနာက္ ဆက္မဖတ္ႏိုင္ေတာ့ျခင္း
၆။ Rewriteable ေတြမွာ write လုပ္လို ့မရေတာ့ျခင္း
၇။ Drive မွ ဆူညံသံက်ယ္ေလာင္စြာထြက္ျခင္း
၈။ Disc တစ္ခုကိုဖတ္သည့္အခါ အတင္းရုန္းျပီးဖတ္ေနရျခင္း စေသာ အခ်က္မ်ားမွာ dvd drive မေကာင္းေတာ့ေသာ လကၡဏာမ်ားျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ virus ေၾကာင့္လည္း drive က မဖတ္ႏိုင္တာ ျဖစ္တတ္ပါတယ္။
ဒီလုိျဖစ္လာရင္ ဘာလုပ္မလဲ

၁။ ကြန္ပ်ဴတာမွာ dvd drive မေပၚဘူးဆိုရင္ dvd ကိုေပးတဲ့ molex or SATA ပါ၀ါၾကိဳးတပ္ထားသလား ၾကည့္လိုုက္ပါ။ ျပီးရင္ data cable ၾကိဳးတပ္ထားသလားၾကည့္ပါ။ နွစ္ခုစလံုး ေသခ်ာတပ္ထားပါလ်က္နဲ႔ bios မွာမေပၚဘူးဆိုရင္ drive ကို bios ကေတာင္မသိေတာ့ရင္ drive ပ်က္ဖို ့မ်ားပါတယ္။ ပိုေသခ်ာသြားေအာင္ အျခားစက္တစ္လံုးမွာ သြားေရာက္တပ္ဆင္ၾကည့္ပါ။
၂။ သက္တမ္းၾကာလို ့ read speed က်ဆင္းရျခင္းမွာ dvd drive electric motor မေကာင္းေတာ့တာ ျဖစ္ႏိုင္သလို lens မွာ မေကာင္းတာလဲ ျဖစ္ႏိုင္ပါတယ္။ အမ်ားအားျဖင့္ အထဲက lens ကို cleaning kid နဲ႔ သန္႔စင္လုိက္ရင္ နဂိုအေနအထားတိုင္း ျပန္လည္ေကာင္းမြန္တတ္ပါတယ္။
၃။ Drive ကို my computer မွာေတြ႕ေပမယ့္လို႔ ဖြင့္လုိ႔မရျခင္းမွာ drive အားအသံုးျပဳခြင့္ Permission ပိတ္ထားျခင္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ permission ကို ဖြင့္ေပးလိုက္လ်င္ရႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ ျဖစ္ႏိုင္တာက my computer မွာ ေတြ႕ေတာ့ေတြ႕တယ္။ ဒါေပမဲ့ ေခြထည့္ျပီးေတာ့ ဖတ္ကိုမဖတ္ဘူး သူ႔ကို click ႏွိပ္လိုက္ရင္လည္း loading အၾကာၾကီး လည္ေနတာမ်ိဳး ေတြ႕ရတတ္ပါတယ္။ အဲဒါ drive မေကာင္းေတာ့တဲ့ လကၡဏာျဖစ္ပါတယ္။ တပ္ထားတဲ့ drive က cd rom ျဖစ္ျပီး ထည့္တဲ့ေခြက dvd disc ျဖစ္ေနရင္လည္း ဖတ္မွာမဟုတ္ဘူးေနာ္။
၄။ Drive မွ ေခြထည့္ျပီး eject ေပးေသာ္လည္း ျပန္ထြက္မလာျခင္းမွာ mechanically အရ ပ်က္စီးေနတတ္ပါတယ္။ Tray ကိုျပန္လည္တြန္းထုတ္ေပးမည့္ ေမာ္တာ အလုပ္မလုပ္ႏိုင္ျခင္း ျဖစ္ႏိုင္ပါတယ္။ ဒါဆိုရင္ dvd drive မ်က္နွာျပင္မွာ အေပါက္ေသးေသးေလး တစ္ခုရိွပါတယ္။ သူ႔ကို paper clip ေလးနဲ႔ ထိုးလိုက္ပါ။ Drive ျပန္ထြက္လာပါလိမ့္မယ္။ Mechanical အရတပ္ဆင္မႈလြဲတာဆိုရင္ drive ကိုဖြင့္ျပီး အံက်ေအာင္ ေသခ်ာျပန္လည္တပ္ဆင္ေပးပါက ျပန္ေကာင္းသြားႏိုင္ပါတယ္။
၅။ အခ်ိဳ႕ drive မ်ားမွာ ေခြထည့္ျပီး ခဏအတြင္းသာ ဖတ္ျပီး ေနာက္ပိုင္း ဆက္မဖတ္ႏိုင္ေတာ့တာမ်ိဳး ၾကံဳေတြ႕ရတတ္ပါတယ္။ ဥပမာ - cd disc ေခြထဲက ဖိုင္တစ္ခုကို ဖတ္လိုက္တယ္။ ေနာက္ဖိုင္ေတြကို ထပ္ဖြင့္တယ္ ထပ္ဖြင့္လိုက္တဲ့ဖိုင္ေတြကို မဖတ္ႏိုင္ေတာ့ဘူး။ ဒါဆိုရင္ drive မေကာင္းေတာ့တာျဖစ္ပါတယ္။
၆။ DVD Rewriteable ေတြမွာဆိုရင္ rewrite လုပ္မေပးႏိုင္ေတာ့ဘူး။ ဒါကေတာ့ firmware နဲ႔ဆိုင္ပါတယ္။ Firmware ေၾကာင္သြားရင္ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အဲလိုျဖစ္ခဲ့မယ္ဆိုရင္ drive ကအလုပ္ေတာ့ လုပ္ေနပါဦးမယ္။ သို႔ေသာ္လည္း rewrite လုပ္တဲ့အခါ အဆင္ေျပေတာ့မွာမဟုတ္ပါဘူး။
၇။ Drive ထဲကို cd disc ထည့္လုိက္တာနဲ႔ အသံမွာ ပံုမွန္အသံထက္ ဆူညံစြာ ထြက္ေနျခင္းမွာ ေကာင္းေသာ လကၡဏာ မဟုတ္ေပ။ ဒါေၾကာင့္ drive ကို cleaning ျပန္လုပ္ျခင္းအားျဖင့္ ဤျပႆနာကို ေျပလည္သြားေစႏိုင္ပါတယ္။
၈။ Disc ကို ဖတ္ေတာ့ဖတ္တယ္၊ အတင္းရုန္းျပီး ဖတ္ေနရတယ္၊ ဖိုင္ကိုဖြင့္လုိက္တယ္၊ ေလးငါး ဆယ္စကၠန္႔ၾကာမွ ဖတ္နိင္တယ္။ တစ္ခါတစ္ေလက် ဖတ္ျပီး တခါတရံက်ေတာ့ မဖတ္ေတာ့ဘူးဆိုရင္ drive ကေၾကာင္သြားတာ ျဖစ္ႏိုင္တယ္။ My computer ထဲမွာ dvd drive ကိုမေတြ႕ရင္ device manager မွာ၀င္စစ္ၾကည့္ပါဦး။ DVD ကို enable ေပးထားသလားလုိ႔ device manager ထဲမွာ disable ေပးထားတာမ်ိဳးဆိုရင္ dvd drive ကို My computer ထဲမွာ ေတြ႕ရမွာမဟုတ္ပါဘူး။ အကယ္၍ IDE cable ၾကိဳးတစ္ေခ်ာင္းတည္းမွာ Hard disk ေရာ CD Rom ေရာတပ္ဆင္မယ္ဆိုရင္ master /slave ခြဲေပးရပါမယ္။ အထက္ကေဆြးေႏြးခဲ့တာေတြ အားလံုးက drive ဘက္ကပဲ ျဖစ္ႏိုင္တာေတြကို ေဆြးေႏြးခဲ့ျခင္း ျဖစ္ပါတယ္။ မိမိစက္မွာေတာ့ အထက္ကလိုျပႆနာမ်ိဳးေတြျဖစ္ျပိီး အျခားစက္တစ္လံုးမွာေတာ့ အေကာင္းပကတိအတိုင္း အလုပ္လုပ္တယ္ဆိုရင္ drive ရဲ႕ power ၾကိဳးေဒတာၾကိဳးတို႔ကို ေျပာင္းလဲတပ္ဆင္ၾကည့္ပါ။ ထိုေနာက္ IDE cable ဆိုရင္လဲ data cable ကို port ေျပာင္းတပ္ၾကည့္ပါ။ SATA port ကိုလည္း ထုိနည္းလည္း ေကာင္းပါပဲ motherboard က port ေတြကိုေျပာင္းတတ္ၾကည့္ပါ။ ရံဖန္ရံခါ port တစ္ခုမွာ အလုပ္မလုပ္ေပမဲ့ ေနာက္ port တစ္ခုနဲ႔ အဆင္ေျပသြားတာကိုလည္း ၾကံဳရတတ္ပါတယ္။ ROM မေကာင္းေတာ့ရင္ပဲျဖစ္ျဖစ္ ေရးတဲ့ ဖတ္တဲ့ ႏႈန္းအားက်ဆင္းလာရင္ပဲျဖစ္ျဖစ္ windows တင္တဲ့အခါမွာ (သို႔) disc ေတြကို ေခြကူးရာမွာ အရမ္းၾကာတတ္ပါတယ္။ ဒါေၾကာင့္တစ္ေယာက္နဲ႔ တစ္ေယာက္ ငါ့ကြန္ပ်ဴတာက windows တင္တာျမန္တယ္ ခဏေလးတြင္း ျပီးသြားတယ္ဆိုတာ drive ေကာင္းတာ၊ မေကာင္းတာနဲ႔ သက္ဆိုင္ျပီး drive speed အေႏွးအျမန္ေပၚ မူတည္ျပီး ကြာသြားျခင္း ျဖစ္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..