menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

CPU တစ်လုံးရွေးချယ်ရာတွင် အပိုင်း ၂






Intel core i9, i7, i5 တွေထဲက ဘယ်ကောင် ကကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မလဲ?
Writtery By --> ဘိုင် - zer0eXploit

.Core i9 processor တွေက Intel ရဲ့နောက်ဆုံးပေါ် processor တွေဖြစ်ပြီးတော့ လက်ရှိကမ္ဘာ့ အမြန်ဆုံး processors တွေလို့လည်းပြောလို့ရပါတယ်။ Core ပေါင်း 18 ခုအထိရှိနိုင် ပြီးတော့ ဒီကောင်တွေက power users တွေနဲ့ နောက်ဆုံးပေါ် တွေမှသုံးချင်တဲ့ သူတွေအတွက် တော့အဆင်ပြေပါတယ်။ ကဲဒါဆိုရင် Core i9 ကဘာလဲ၊ i7 နဲ့ i5 ထက်ဘယ်လိုတွေဘယ်လောက်များ ပိုကောင်းတာလဲ ဆိုတာကို ကြည့်ကြရအောင်။

i9 က i7 ထက်ပိုမြန်ပါတယ်၊ အဲ့တော့ i5 ထက်လည်း ပိုမြန်ပါတယ်။ ဒါပေမဲ့ မြန်တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး။ သာမန် အသုံး ပြုသူအများစုအနေနဲ့ အဲ့လောက်မြန်ဆန်မှု ကိုမလို အပ်ပါဘူး။



Core i9 မှာ core အနဲဆုံး 8 လုံးပါပါတယ်။ core ဆိုတာကတော့ cpu ထဲ့က processor လေးတွေ ကိုခေါ်ပါတယ်။ CPU တစ်ခုလုံးကို ပြောတာမဟုတ်ပါဘူး။ core များလေလေ cpu performance ကောင်းလေလေ ဖြစ်ပါတယ်။ i9 က i7 တို့ i5 တို့ထက် မြန်ရတဲ့ အကြောင်းတွေထဲက တစ်ချက် ကတော့ core ပိုများလို့ပဲ ဖြစ်ပါတယ်။ Core အရေအတွက် ပိုများတော့ Power အသုံးပြုမှု ပိုများနိုင်ပါတယ်။



ကျွန်တော်တို့ ကြားဖူးကြပါတယ် dual core(core 2 လုံး) တို့ quad core(4 လုံး) တို့။

Core i9 series ထဲက အနိမ့်ဆုံးကောင်ကတော့ core 8 လုံးပါတဲ့ Core i9-9900K ပဲဖြစ်ပါတယ်။  $488 လောက်ရှိပါတယ်။ Flagship လည်းဖြစ်၊ ပြီးတော့ပိုမြန်တဲ့ 18-core Core i9-9980XE ကတော့ $1,999 လောက်ရှိပါတယ်။ သူတို့ နှစ်ကောင်ကြားမှာတော့ clock speed အမျိုးမျိုး၊ core အရေအတွက် အမျိူးနဲ့ CPU တွေရှိပါသေးတယ်။ Clock Speed ဆိုတာက တစ်စက္ကန့် အတွင်း CPU တစ်လုံးဟာ Clock Cycle ဘယ်လောက် အထိသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။ Clock Cycle ဆိုတာကတော့ CPU တစ်လုံးရဲ့ မြန်နှုန်းကို သတ်မှတ်တဲ့ Unit တစ်မျိူးပဲ ဖြစ်ပါတယ်။ Clock Cycle များလေလေ CPU ကမြန်လေလေ ပါပဲ။



ဥပမာ 4 GHz Clock Speed ရှိတဲ့ CPU တစ်လုံးဟာ တစ်စက္ကန့်ကို 4,000,000,000 clock cycles စွမ်း စောင်ရည်ရှိပါတယ်။

Core i9 မှာ CPU အတွင်းပိုင်း ပြင်ဆင်မှုတွေအနေ နဲ့ cache-level ကိုပြန်လည် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ Turbo Boost နည်းပညာ အသစ်၊ 4-channel DDR4 ram၊ Intel ရဲ့ Optane memory တွေ နဲ့ဆိုတော့ performance ကတော့ ကြောက်ခမန်းလိလိ ပါပဲ။ i9 တွေမှာ intel ရဲ့ X299 chipset ကိုအသုံးပြု ထားပါတယ်။ အဲ့ဒီ chip ကိုသုံးတဲ့ i7 နဲ့ i5 processors တွေလည်းရှိပါတယ်။ ဒါပေမဲ့ သူတို့ ထဲ့က သုံးထားတဲ့ technology က i9 ကိုတော့မမှီပါဘူး။ Core i9 နဲ့ i7 တို့ပဲ Hyper-Threading ကို support ပေးပါတယ်။ နောက်ထွက်တဲ့ Core i5 series တွေမှာ မရှိပါဘူး။

.

.

ကဲဒါဆို သင်ဘာကို ဝယ်သင့်လဲ?

=======================

လက်ရှိ ဈေးကွက်ထဲမှာတော့ i9 အများစုက Desktop တွေတွက်ပါပဲ။ Laptops တွေအတွက် တော့ သိပ်များများ စားစား မလာပါဘူး။ Desktop အတွက် i9 ကိုသုံးမယ်ဆိုရင်တော့ x299 chipset ကို support ပေးနိုင်တဲ့ board တွေကို ဝယ်ရပါမယ်။ သာမန် i3, i5, i7 တွေကို support တဲ့ board တွေနဲ့တော့ မရပါဘူး။

သင့်လိုအပ်ချက်နဲ့ ကိုက်ညီလောက်မယ့် computer တွေကို အကြံပြုလိုက်ပါတယ်။ Computer ဝယ်တဲ့ အခါမှာတော့ အချိန်အခါကို အကဲခတ်ပြီး ဝယ်ကြပါလို့ တော့တိုက်တွန်းပါတယ်။

.

(၁) အခြေခံ အလုပ်လောက်လုပ်နိုင်တဲ့ computer တစ်လုံးလောက်လိုချင်မိBrowser သုံးမယ်၊ Social Media သုံးမယ်၊ Office သုံးမယ်၊ ရံဖန်ရံခါ ရုပ်ရှင်ကြည့်မယ်။ အဲ့လောက်ဆိုရင် တော့ core i3 ကကောင်းကောင်းနိုင်ပါတယ်။ ဈေးလည်း သက်သာတယ်၊ energy efficient လည်းဖြစ်တော့ battery သိပ်မစားပါဘူး။ အကောင်းဆုံး i3 တွေထဲက တစ်ခုဖြစ်တဲ့ Intel Core i3-8100 ကို recommend ပေးပါတယ်။ 8th gen ဖြစ်တော့ အခြား i3 gen တွေနဲ့ လုံး၀ မတူပါဘူး။ Quad-core 3.2 GHz Clock ပြီးတော့ intel UHD Graphics 630 chipset လည်းပါပါတယ်။

Laptops တွေမှာ ဆိုရင်တော့ ပါဝါစား သက်သာတဲ့ intel core M processor တွေကို စဉ်းစာပါ။

အဲ့ကောင်မှာက HD 5300 graphics chip နဲ့ပါ။ အဲ့ CPU ရဲ့ တန်ဖိုးကတော့ i3 နဲ့ i5 ကြားမှာပါ။ Laptops နဲ့ NUC Computers တွေမှာလည်း ရနိုင်ပါတယ်။

(၂) ကျောင်းသား၊ ကျောင်းသူများ

ရုပ်ရှင်တွေကြည့်မယ်၊ သီချင်းနားထောင်မယ်၊ browser သုံးမယ်၊ Social Media သုံးမယ်၊ Office သုံးမယ်၊ ကိုယ့်သင်ယူတဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ Software လေးတွေ run မယ်။

လိုအပ်ချက်တွေပေါ် မူတည်ပြီးတော့ Intel Core M ဒါမှမဟုတ် Intel Core i5 ကသင့် လျော်ပါတယ်။ သင်ဟာ Games မကစားဘူး၊ Laptops ကို တစ်နေကုန် သယ်သွား သယ်လာ လုပ်မယ် ဆိုရင်တော့ Core M ကသင့်လျော်ပါတယ်။ Battery လည်းသိပ် မစားတော့ အချိန်ကြာကြာ သုံးလို့ ရပါတယ်။

ဒါပေမဲ့ အများစုအနေနဲ့ ကတော့ i5 series ကိုပဲ ရွေးချယ် သင့်ပါတယ်။ ဒီကောင်တွေက performance အတွက် ပါ။ Graphic Intense သိပ်မဖြစ်တဲ့ games တွေလည်း ကောင်းကောင်း ကစားလို့ရပါတယ်။ ပြီးတော့ နောက်ပိုင်းထွက်တဲ့ i5 တွေအများစုမှာ “turbo unlocked” ဆိုတဲ့ sticker လေးတွေပါတတ်ပါတယ်။ အဲ့ကောင်တွေက CPU Overclock လုပ်လို့ရပါတယ်။

Desktop ဆင်မယ်ဆိုရင် တော့ 8th gen သို့မဟုတ် 9th gen i5 Cpu တွေကို ရွေးချယ်သင့် ပါတယ်။ Intel Core i5 9600K လေးက core ၆လုံးနဲ့ clock speed က 3.7GHz ရှိပါတယ်။ Overclock လည်းလုပ်လို့ရပါတယ်။

.

.

(၃) Game ကစားတဲ့ သူတွေ

နောက်ဆုံးပေါ် games တွေကို frame-rate မကျပဲ နဲ့ ကစားချင်တယ်။ screen recording, internet chat, multi-tasking အများကြီးလုပ်မယ်။

Gaming PC ဆင်မယ်ဆိုရင် ဖြစ်နိုင်ခြေ ၂ မျိူးရှိနိုင်ပါတယ်။ လုံး၀ အသစ်စက်စက် စ ဆင်မှာလား၊ ရှိပြီးသားကိုပဲ Upgrade လုပ်မှာလားဆိုတာပါ။ Cpu တော့ Upgrade လုပ်ချင် ပေမဲ့ အခြား parts တွေကို တော့ မလဲချင်ဘူး ဆိုရင်တော့ X299 chipset processors တွေနဲ့ မသင့်လျော်ပါဘူး။ ဘာလို့လည်း ဆိုတော့ processor အသစ်တွေသုံးချင်ရင် motherboard နဲ့ အခြားဟာတွေကိုပါလဲ ရနိုင် မှာမို့လို့ပါ။

Gaming PC အသစ်ကို စဆင်မယ် ဆိုရင်တော့ Skylake-X series ထဲကကောင်တွေကို ရွေးချယ်ဖို့ စဉ်းစားပါ။ Skylake-X series ထဲမှာ (i7 နဲ့ i9) တွေပဲပါပါတယ်။ ဈေးနည်းနည်း သက်သာ ချင်တယ်ဆိုရင်တော့ Core i3, Core i5 ဒါမှမဟုတ် Ryzen

CPU တွေကို စဉ်းစားကြည့်ပါ။ Intel ရဲ့အဆိုအရ Core i9-9900K CPU တွေက လက်ရှိ ဈေးကွက်ထဲ့ မှာ အကောင်းဆုံးပါပဲတဲ့။ 8 core processor ဖြစ်ပါတယ်။ Hyper Threating က virtual core 16 လုံးအထိ support လုပ်ပေးနိုင်ပါတယ်။ 4-channel DDR4 RAM နဲ့ cache size လည်းများတော့ gaming အတွက် ကောင်းပါတယ်။ Gaming အတွက်ကတော့ Dedicated graphic card လို့မှာပါ။ အဲ့တော့ ဒီ CPU က Game ဆော့မလား၊ streaming ပဲလုပ်မလား၊ VR Game ပဲဆော့မလား၊ အေးဆေးပါ။

.

.

(၄) Professional တွေအတွက်

Coding တွေလုပ်မယ်၊ video editing, 3D model တွေဆွဲမယ်။ အဲ့လိုသူတွေအတွက် တော့ Core i9 9920X ဒါမှမဟုတ် Intel Core i9 7920X ကသင့်လျော်ပါတယ်။ Intel Xeon, Core i7 ရှိနေတာကို X series ကိုဘာလို့ recommend ပေးလည်းဆိုတော့ cache နဲ့ ram ကြောင့်ပါ။ Core i9 9920X မှာ L3 cache 19MB ပါပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ RAM မှာဆိုရင်တော့ X series က 4-channel DDR4 RAM ရှိတဲ့ အတွက် စာသဘောနဲ့ ပြောရရင် RAM 64 GB အထိစိုက်လို့ရမှာပါ။

တချို့ Professional တွေက သူတို့လုပ်တဲ့ လုပ်ငန်းတွေမှာ Data Error နည်းနည်းလေးတောင်မှ လက်မခံနိုင်ပါဘူး။ အဲ့လိုအချိန်မျိုးမှာ ဆိုရင်တော့ ECC Ram ကို support လုပ်တဲ့ Xenon Processor တွေကို စဉ်းစားသင့်ပါတယ်။

.

.

(၅) Power Users တွေအတွက် Core i9 laptops များ

လက်ရှိမှာတော့ laptops တွေမှာ i9 processors တွေက အကောင်းဆုံး i7 တွေထက် 10 ကနေ 15 ရာခိုင်နှုန်းလောက်ပို မြန်ပါတယ်။ ဒါပေမဲ့ Desktop မှာဆိုရင်တော့ 40% ထိပိုမြန်ပါတယ်။ ဒါကြောင့်မို့ ပိုက်ဆံ ကအဓိကမဟုတ်ဘူးဆို သူတွေအတွက်သာသင့် လျော်မှာပါ။

အချုပ် အနေနဲ့ laptops မှာဆိုရင်တော့ Power User တွေအတွက်ဆိုရင် လက်ရှိ i7 processors တွေနဲ့ ကောင်တွေက အသင့်တော်ဆုံးဖြစ်ပါ ဦးမယ်။ နောက်ထပ် အချိန်းနည်းနည်း ကြာမှသာ i9 ကိုစဉ်းစား သင့်ပါတယ်။

.

"***စာရေးတဲ့ အချိန်က ဈေးနဲ့ လက်ရှိဈေး အနည်းနဲ့ အများကွာဟမှုတွေရှိနိုင်ပါတယ် ဆိုတာကိုသတိပြုပေးကြပါ"

#Credit





Intel core i9, i7, i5 ေတြထဲက ဘယ္ေကာင္ ကကိုယ္နဲ႔ အသင့္ေတာ္ဆုံး ျဖစ္မလဲ?
============
Writtery By --> ဘိုင္ - zer0eXploit
.
Core i9 processor ေတြက Intel ရဲ႕ေနာက္ဆုံးေပၚ processor ေတြျဖစ္ၿပီးေတာ့ လက္ရွိကမာၻ႔ အျမန္ဆုံး processors ေတြလို႔လည္းေျပာလို႔ရပါတယ္။ Core ေပါင္း 18 ခုအထိရွိႏိုင္ ၿပီးေတာ့ ဒီေကာင္ေတြက power users ေတြနဲ႔ ေနာက္ဆုံးေပၚ ေတြမွသုံးခ်င္တဲ့ သူေတြအတြက္ ေတာ့အဆင္ေျပပါတယ္။ ကဲဒါဆိုရင္ Core i9 ကဘာလဲ၊ i7 နဲ႔ i5 ထက္ဘယ္လိုေတြဘယ္ေလာက္မ်ား ပိုေကာင္းတာလဲ ဆိုတာကို ၾကည့္ၾကရေအာင္။
i9 က i7 ထက္ပိုျမန္ပါတယ္၊ အဲ့ေတာ့ i5 ထက္လည္း ပိုျမန္ပါတယ္။ ဒါေပမဲ့ ျမန္တိုင္းလည္း ေကာင္းတာ မဟုတ္ပါဘူး။ သာမန္ အသုံး ျပဳသူအမ်ားစုအေနနဲ႔ အဲ့ေလာက္ျမန္ဆန္မႈ ကိုမလို အပ္ပါဘူး။
Core i9 မွာ core အနဲဆံုး 8 လုံးပါပါတယ္။ core ဆိုတာကေတာ့ cpu ထဲ့က processor ေလးေတြ ကိုေခၚပါတယ္။ CPU တစ္ခုလုံးကို ေျပာတာမဟုတ္ပါဘူး။ core မ်ားေလေလ cpu performance ေကာင္းေလေလ ျဖစ္ပါတယ္။ i9 က i7 တို႔ i5 တို႔ထက္ ျမန္ရတဲ့ အေၾကာင္းေတြထဲက တစ္ခ်က္ ကေတာ့ core ပိုမ်ားလို႔ပဲ ျဖစ္ပါတယ္။ Core အေရအတြက္ ပိုမ်ားေတာ့ Power အသုံးျပဳမႈ ပိုမ်ားႏိုင္ပါတယ္။ 

ကြၽန္ေတာ္တို႔ ၾကားဖူးၾကပါတယ္ dual core(core 2 လုံး) တို႔ quad core(4 လုံး) တို႔။
Core i9 series ထဲက အနိမ့္ဆုံးေကာင္ကေတာ့ core 8 လုံးပါတဲ့ Core i9-9900K ပဲျဖစ္ပါတယ္။  $488 ေလာက္ရွိပါတယ္။ Flagship လည္းျဖစ္၊ ၿပီးေတာ့ပိုျမန္တဲ့ 18-core Core i9-9980XE ကေတာ့ $1,999 ေလာက္ရွိပါတယ္။ သူတို႔ ႏွစ္ေကာင္ၾကားမွာေတာ့ clock speed အမ်ိဳးမ်ိဳး၊ core အေရအတြက္ အမ်ိဴးနဲ႔ CPU ေတြရွိပါေသးတယ္။ Clock Speed ဆိုတာက တစ္စကၠန္႔ အတြင္း CPU တစ္လုံးဟာ Clock Cycle ဘယ္ေလာက္ အထိသြားႏိုင္တယ္ ဆိုတာျဖစ္ပါတယ္။ Clock Cycle ဆိုတာကေတာ့ CPU တစ္လုံးရဲ႕ ျမန္ႏႈန္းကို သတ္မွတ္တဲ့ Unit တစ္မ်ိဴးပဲ ျဖစ္ပါတယ္။ Clock Cycle မ်ားေလေလ CPU ကျမန္ေလေလ ပါပဲ။

ဥပမာ 4 GHz Clock Speed ရွိတဲ့ CPU တစ္လုံးဟာ တစ္စကၠန္႔ကို 4,000,000,000 clock cycles စြမ္း ေစာင္ရည္ရွိပါတယ္။
Core i9 မွာ CPU အတြင္းပိုင္း ျပင္ဆင္မႈေတြအေန နဲ႔ cache-level ကိုျပန္လည္ ျပင္ဆင္မႈေတြ လုပ္ထားပါတယ္။ Turbo Boost နည္းပညာ အသစ္၊ 4-channel DDR4 ram၊ Intel ရဲ႕ Optane memory ေတြ နဲ႔ဆိုေတာ့ performance ကေတာ့ ေၾကာက္ခမန္းလိလိ ပါပဲ။ i9 ေတြမွာ intel ရဲ႕ X299 chipset ကိုအသုံးျပဳ ထားပါတယ္။ အဲ့ဒီ chip ကိုသုံးတဲ့ i7 နဲ႔ i5 processors ေတြလည္းရွိပါတယ္။ ဒါေပမဲ့ သူတို႔ ထဲ့က သုံးထားတဲ့ technology က i9 ကိုေတာ့မမွီပါဘူး။ Core i9 နဲ႔ i7 တို႔ပဲ Hyper-Threading ကို support ေပးပါတယ္။ ေနာက္ထြက္တဲ့ Core i5 series ေတြမွာ မရွိပါဘူး။
.
.
ကဲဒါဆို သင္ဘာကို ၀ယ္သင့္လဲ?
=======================
လက္ရွိ ေစ်းကြက္ထဲမွာေတာ့ i9 အမ်ားစုက Desktop ေတြတြက္ပါပဲ။ Laptops ေတြအတြက္ ေတာ့ သိပ္မ်ားမ်ား စားစား မလာပါဘူး။ Desktop အတြက္ i9 ကိုသုံးမယ္ဆိုရင္ေတာ့ x299 chipset ကို support ေပးႏိုင္တဲ့ board ေတြကို ၀ယ္ရပါမယ္။ သာမန္ i3, i5, i7 ေတြကို support တဲ့ board ေတြနဲ႔ေတာ့ မရပါဘူး။
သင့္လိုအပ္ခ်က္နဲ႔ ကိုက္ညီေလာက္မယ့္ computer ေတြကို အႀကံျပဳလိုက္ပါတယ္။ Computer ၀ယ္တဲ့ အခါမွာေတာ့ အခ်ိန္အခါကို အကဲခတ္ၿပီး ၀ယ္ၾကပါလို႔ ေတာ့တိုက္တြန္းပါတယ္။
.
(၁) အေျခခံ အလုပ္ေလာက္လုပ္ႏိုင္တဲ့ computer တစ္လုံးေလာက္လိုခ်င္မိBrowser သုံးမယ္၊ Social Media သုံးမယ္၊ Office သုံးမယ္၊ ရံဖန္ရံခါ ႐ုပ္ရွင္ၾကည့္မယ္။ အဲ့ေလာက္ဆိုရင္ ေတာ့ core i3 ကေကာင္းေကာင္းႏိုင္ပါတယ္။ ေစ်းလည္း သက္သာတယ္၊ energy efficient လည္းျဖစ္ေတာ့ battery သိပ္မစားပါဘူး။ အေကာင္းဆုံး i3 ေတြထဲက တစ္ခုျဖစ္တဲ့ Intel Core i3-8100 ကို recommend ေပးပါတယ္။ 8th gen ျဖစ္ေတာ့ အျခား i3 gen ေတြနဲ႔ လုံး၀ မတူပါဘူး။ Quad-core 3.2 GHz Clock ၿပီးေတာ့ intel UHD Graphics 630 chipset လည္းပါပါတယ္။
Laptops ေတြမွာ ဆိုရင္ေတာ့ ပါ၀ါစား သက္သာတဲ့ intel core M processor ေတြကို စဥ္းစာပါ။
အဲ့ေကာင္မွာက HD 5300 graphics chip နဲ႔ပါ။ အဲ့ CPU ရဲ႕ တန္ဖိုးကေတာ့ i3 နဲ႔ i5 ၾကားမွာပါ။ Laptops နဲ႔ NUC Computers ေတြမွာလည္း ရႏိုင္ပါတယ္။
(၂) ေက်ာင္းသား၊ ေက်ာင္းသူမ်ား
႐ုပ္ရွင္ေတြၾကည့္မယ္၊ သီခ်င္းနားေထာင္မယ္၊ browser သုံးမယ္၊ Social Media သုံးမယ္၊ Office သုံးမယ္၊ ကိုယ့္သင္ယူတဲ့ ဘာသာရပ္နဲ႔ ဆိုင္တဲ့ Software ေလးေတြ run မယ္။
လိုအပ္ခ်က္ေတြေပၚ မူတည္ၿပီးေတာ့ Intel Core M ဒါမွမဟုတ္ Intel Core i5 ကသင့္ ေလ်ာ္ပါတယ္။ သင္ဟာ Games မကစားဘူး၊ Laptops ကို တစ္ေနကုန္ သယ္သြား သယ္လာ လုပ္မယ္ ဆိုရင္ေတာ့ Core M ကသင့္ေလ်ာ္ပါတယ္။ Battery လည္းသိပ္ မစားေတာ့ အခ်ိန္ၾကာၾကာ သုံးလို႔ ရပါတယ္။
ဒါေပမဲ့ အမ်ားစုအေနနဲ႔ ကေတာ့ i5 series ကိုပဲ ေ႐ြးခ်ယ္ သင့္ပါတယ္။ ဒီေကာင္ေတြက performance အတြက္ ပါ။ Graphic Intense သိပ္မျဖစ္တဲ့ games ေတြလည္း ေကာင္းေကာင္း ကစားလို႔ရပါတယ္။ ၿပီးေတာ့ ေနာက္ပိုင္းထြက္တဲ့ i5 ေတြအမ်ားစုမွာ “turbo unlocked” ဆိုတဲ့ sticker ေလးေတြပါတတ္ပါတယ္။ အဲ့ေကာင္ေတြက CPU Overclock လုပ္လို႔ရပါတယ္။
Desktop ဆင္မယ္ဆိုရင္ ေတာ့ 8th gen သို႔မဟုတ္ 9th gen i5 Cpu ေတြကို ေ႐ြးခ်ယ္သင့္ ပါတယ္။ Intel Core i5 9600K ေလးက core ၆လုံးနဲ႔ clock speed က 3.7GHz ရွိပါတယ္။ Overclock လည္းလုပ္လို႔ရပါတယ္။
.
.
(၃) Game ကစားတဲ့ သူေတြ
ေနာက္ဆုံးေပၚ games ေတြကို frame-rate မက်ပဲ နဲ႔ ကစားခ်င္တယ္။ screen recording, internet chat, multi-tasking အမ်ားႀကီးလုပ္မယ္။
Gaming PC ဆင္မယ္ဆိုရင္ ျဖစ္ႏိုင္ေျခ ၂ မ်ိဴးရွိႏိုင္ပါတယ္။ လုံး၀ အသစ္စက္စက္ စ ဆင္မွာလား၊ ရွိၿပီးသားကိုပဲ Upgrade လုပ္မွာလားဆိုတာပါ။ Cpu ေတာ့ Upgrade လုပ္ခ်င္ ေပမဲ့ အျခား parts ေတြကို ေတာ့ မလဲခ်င္ဘူး ဆိုရင္ေတာ့ X299 chipset processors ေတြနဲ႔ မသင့္ေလ်ာ္ပါဘူး။ ဘာလို႔လည္း ဆိုေတာ့ processor အသစ္ေတြသုံးခ်င္ရင္ motherboard နဲ႔ အျခားဟာေတြကိုပါလဲ ရႏိုင္ မွာမို႔လို႔ပါ။
Gaming PC အသစ္ကို စဆင္မယ္ ဆိုရင္ေတာ့ Skylake-X series ထဲကေကာင္ေတြကို ေ႐ြးခ်ယ္ဖို႔ စဥ္းစားပါ။ Skylake-X series ထဲမွာ (i7 နဲ႔ i9) ေတြပဲပါပါတယ္။ ေစ်းနည္းနည္း သက္သာ ခ်င္တယ္ဆိုရင္ေတာ့ Core i3, Core i5 ဒါမွမဟုတ္ Ryzen
CPU ေတြကို စဥ္းစားၾကည့္ပါ။ Intel ရဲ႕အဆိုအရ Core i9-9900K CPU ေတြက လက္ရွိ ေစ်းကြက္ထဲ့ မွာ အေကာင္းဆုံးပါပဲတဲ့။ 8 core processor ျဖစ္ပါတယ္။ Hyper Threating က virtual core 16 လုံးအထိ support လုပ္ေပးႏိုင္ပါတယ္။ 4-channel DDR4 RAM နဲ႔ cache size လည္းမ်ားေတာ့ gaming အတြက္ ေကာင္းပါတယ္။ Gaming အတြက္ကေတာ့ Dedicated graphic card လို႔မွာပါ။ အဲ့ေတာ့ ဒီ CPU က Game ေဆာ့မလား၊ streaming ပဲလုပ္မလား၊ VR Game ပဲေဆာ့မလား၊ ေအးေဆးပါ။
.
.
(၄) Professional ေတြအတြက္
Coding ေတြလုပ္မယ္၊ video editing, 3D model ေတြဆြဲမယ္။ အဲ့လိုသူေတြအတြက္ ေတာ့ Core i9 9920X ဒါမွမဟုတ္ Intel Core i9 7920X ကသင့္ေလ်ာ္ပါတယ္။ Intel Xeon, Core i7 ရွိေနတာကို X series ကိုဘာလို႔ recommend ေပးလည္းဆိုေတာ့ cache နဲ႔ ram ေၾကာင့္ပါ။ Core i9 9920X မွာ L3 cache 19MB ပါပါတယ္။ ဒုတိယ အခ်က္ျဖစ္တဲ့ RAM မွာဆိုရင္ေတာ့ X series က 4-channel DDR4 RAM ရွိတဲ့ အတြက္ စာသေဘာနဲ႔ ေျပာရရင္ RAM 64 GB အထိစိုက္လို႔ရမွာပါ။
တခ်ိဳ႕ Professional ေတြက သူတို႔လုပ္တဲ့ လုပ္ငန္းေတြမွာ Data Error နည္းနည္းေလးေတာင္မွ လက္မခံႏိုင္ပါဘူး။ အဲ့လိုအခ်ိန္မ်ိဳးမွာ ဆိုရင္ေတာ့ ECC Ram ကို support လုပ္တဲ့ Xenon Processor ေတြကို စဥ္းစားသင့္ပါတယ္။
.
.
(၅) Power Users ေတြအတြက္ Core i9 laptops မ်ား
လက္ရွိမွာေတာ့ laptops ေတြမွာ i9 processors ေတြက အေကာင္းဆုံး i7 ေတြထက္ 10 ကေန 15 ရာခိုင္ႏႈန္းေလာက္ပို ျမန္ပါတယ္။ ဒါေပမဲ့ Desktop မွာဆိုရင္ေတာ့ 40% ထိပိုျမန္ပါတယ္။ ဒါေၾကာင့္မို႔ ပိုက္ဆံ ကအဓိကမဟုတ္ဘူးဆို သူေတြအတြက္သာသင့္ ေလ်ာ္မွာပါ။
အခ်ဳပ္ အေနနဲ႔ laptops မွာဆိုရင္ေတာ့ Power User ေတြအတြက္ဆိုရင္ လက္ရွိ i7 processors ေတြနဲ႔ ေကာင္ေတြက အသင့္ေတာ္ဆုံးျဖစ္ပါ ဦးမယ္။ ေနာက္ထပ္ အခ်ိန္းနည္းနည္း ၾကာမွသာ i9 ကိုစဥ္းစား သင့္ပါတယ္။
.
"***စာေရးတဲ့ အခ်ိန္က ေစ်းနဲ႔ လက္ရွိေစ်း အနည္းနဲ႔ အမ်ားကြာဟမႈေတြရွိႏိုင္ပါတယ္ ဆိုတာကိုသတိျပဳေပးၾကပါ"


No comments:

Post a Comment

မင်္ဂလာပါ..