menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

CPU Celeron အကြောင်း


Intel Celeron N3350 ကို သုံးသပ်ခြင်း

ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ချိန်ဆရမှာက ဈေးနှုန်းဖြစ်ပါတယ်။ ဈေးနှုန်းအသက်သာဆုံးကွန်ပျူတာတွေမှာ Celeron CPU တွေကို တွေ့ရမှာပါ။ မြန်မာနိုင်ငံဈေးကွက်မှာ လက်ရှိရောင်းချနေတဲ့ ဈေးနှုန်းသက်သာတဲ့ လက်တော့ကွန်ပျူတာတွေမှာ အသုံးများတဲ့ Celeron N3350 ကို စမ်းသပ်အသုံးပြုပြီး အမြန်နှုန်းစွမ်းဆောင်ချက်၊ ဂရပ်ဖစ်စွမ်းဆောင်ချက်နဲ့လက်တွေ့အသုံးပြုရတဲ့အတွက်အကြုံ တွေကို ပြောပြပေးသွားမှာပါ။


⚙️ အရင်ဆုံး CPU ဆိုတာ Central Processing Unit ဖြစ်ပါတယ်။ ကွန်ပျူတာမှာ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။

⚙️ Celeron ဆိုတာ Intel ကုမ္ပဏီရဲ့ ဈေးနှုန်းအသက်သာဆုံး CPU စီးရီးဖြစ်ပါတယ်။ ဈေးနှုန်းသက်သာသလို့အမြန်နှုန်းလည်း အနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ပထမဆုံး စွမ်းဆောင်ရည် နှိုင်းယှဉ်ချက် (Passmark Benchmark) ကိုအရင်ကြည့်လိုက်ရအောင်…


N2800 (2011 ခုနှစ်) (Atom Series) – 628 မှတ်

Z3735 (2014 ခုနှစ်) (Atom Series) – 927 မှတ်

N2830 (2014 ခုနှစ်) (Celeron Series) – 950 မှတ်

N3060 (2016 ခုနှစ်) (Celeron Series) – 994 မှတ်

N3350 (2016 ခုနှစ်) (Celeron Series) – 1125 မှတ် ✨

N3700 (2015 ခုနှစ်) (Pentium Series) – 1840 မှတ်

N4200 (2016 ခုနှစ်) (Pentium Series) – 2028 မှတ်

i3 7100u (2016 ခုနှစ်) (Core i3 Series) – 3828 မှတ်

i5 7200u (2016 ခုနှစ်) (Core i5 Series) – 4641 မှတ်

i5 8250u (2017 ခုနှစ်) (Core i5 Series) – 7656 မှတ်

အထက်ပါအမြန်နှုန်းစမ်းသပ်ချက်ရမှတ်တွေကိုကြည့်ရင် Celeron CPU တွေရဲ့စွမ်းဆောင်ရည်က အခြား Core i3/ i5 တွေနဲ့ဆိုအများကြီးကွာခြားနေတာတွေ့ရမှာပါ။

⚙️ ဒုတိယအချက်ကတော့ ဂရပ်ဖစ် (Graphic) စွမ်းဆောင်ရည်ဖြစ်ပါတယ်။ Celeron တွေမှာပါဝင်တဲ့ GPU ကလွန်စွာအားနည်းပါတယ်။ ပုံမှန်အင်တာနက်သုံး၊ စာရိုက်နဲ့ရုပ်ရှင်ကြည့်ဖို့အတွက်တော့ အဆင်ပြေပါတယ်။ Plants vs Zombies လို Candy Sugar Saga လို 2D Games တွေလောက်တော့ ဆော့လို့ရပါတယ်။ ဒါတောင့် တစ်ခါတစ်လေ ထစ်ပါသေးတယ်။ ဒါပေမယ့် … ဒါပါပဲ။ 3D ဂိမ်းတွေဆော့ဖို့စိတ်ကူးရင်တော့ လုံးဝမဝယ်ပါနဲ့။ ဂိမ်းအမြင့်တွေဆော့ဖို့မပြောနဲ့၊ ဂိမ်းထဲဝင်လို့ရရင်တောင် တော်တော်ပျော်ဖို့ကောင်းနေပြီလို့ပြောချင်ပါတယ်။

(Celeron လက်တော့တွေမှာ သီးခြား ဂရပ်ဖစ်ကပ်တွေလည်း ပါဝင်လေ့မရှိပါ။ Graphic က မန်မိုရီ ဘယ်နှစ် ဂစ် (GB) ပဲရှိရှိ ဂိမ်းဆော့ဖို့အဆင်မပြေပါဘူး။)

⚙️ ဒီတော့ Celeron တွေက ဘာမှသုံးလို့မရဘူးလား။ ... မဟုတ်ပါဘူး။ သူ့ဈေးနဲ့သူ အသုံးပြုနိုင်တဲ့နေရာတွေရှိပါတယ်။ အက်ဒမင်အသုံးပြုတာတွေကို ပြောပြပါမယ်။

- Windows 10 ဖွင့်ခြင်း၊ ပိတ်ခြင်း၊ Update ပြုလုပ်ခြင်း <တော်တော်ကြာပါတယ်။ ကွန်ပျူတာဖွင့်ပြီး အသုံးပြုနိုင်တဲ့အချိန်ရောက်ဖို့၃ မိနစ်လောက်ကြာပါတယ်။ ပိတ်ရင်လည်း နှေးတယ်။ အပ်ဒိတ်လုပ်ရင်တော့ မေ့လောက်အောင်ကြာပါတယ်။ ဒါပေမယ့် မသုံးခင်ကြိုဖွင့်မယ့်၊ Shut Down လုပ်ထားပြီး တစ်ခြားတစ်ခုခုသွားလုပ်နေလို့ရပါတယ်။ ထိုင်ကြည့်နေစရာမလိုတာ။>

- Google Chrome <ဖွင့်တာတော်တော်နှေးပါတယ်။ ဗီဒီယိုနဲ့ရုပ်ပုံတွေအများကြီးပါတဲ့ Web page တွေ ပွင့်ဖို့လည်း အမြင့် ကွန်ပျူတာတွေထက်ပို အချိန်ယူပါတယ်။ Gmail လို၊ Wiki လို Web page တွေကတော့ မဆိုးပါဘူး၊ သုံးရတာ အရမ်းစိတ်တိုင်းကျကြီးမဟုတ်ပါဘူး။ ဒါပေမယ့် Tab ၄-၅ ခုလောက်ပြိုင်တူဖွင့်လို့ရတယ်၊ စိတ်ရှည်ရှည်သုံးရင် အဆင်ပြေပါတယ်။>

- Youtube <ကြည့်လို့အဆင်ပြေပါတယ်။>

- Download <အင်တာနက်အမြန်နှုန်းပေါ်ပိုမူတည်ပါတယ်။ အမြင့်ကွန်ပျူတာများနဲ့သိသိသာသာကွာခြားခြင်းမရှိပါ။>

- Video (VLC Player) <ကြည့်လို့အဆင်ပြေပါတယ်။>

- Microsoft Office (Word, Excel, PowerPoints) <ဖွင့်တာနှေးတယ်၊ ဖွင့်ပြီးရင် သုံးလို့အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်တွေကြီးရင်တော့ နည်းနည်းနှေးလာပါတယ်။>

- Photoshop (CC) <သုံးလို့မရဘူးထင်ပေမယ့် သုံးလို့ရပါတယ်။ ဖွင့်တာတော့ နှေးတယ်။ တက်လာရင် တော့ မဆိုးပါဘူး။ ပုံမှန်ဓာတ်ပုံဆိုဒ်တွေ နည်းနည်းပါးပါး ပြင်တာ အိုကေပါတယ်။ Save လုပ်တာ၊ Process လုပ်တာတွေမှာ ပိုမှန်ထက်အချိန်ပိုယူပါတယ်။)

- Game (Candy Sugar saga လို 2D ဂိမ်းတွေဆော့လို့ရတယ်။ 3D ဂိမ်းကတော့ နိုးပါ။)

- Software Installation (Install လုပ်ရင် အချိန်ပိုယူရတယ်။ ဒါပေမယ့် အင်စတောလုပ်တာ တစ်ခါတစ်လေမှလုပ်ရတာဆိုတော့ နားလည်ပေးလို့ရပါတယ်။)

⚙️ အားသာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ N3350 က ပါဝါစားအလွန်နည်းပါတယ်။ ဒါကြောင့် ဘက်ထရီတော်တော်ခံပါတယ်။ ၈ နာရီလောက် အားမသွင်းပဲ သုံးလို့ရပါတယ်။ နောက်တစ်ခုက လက်တော့မှာ အအေးခံတဲ့ ပံကာမပါဝင်ပါဘူး။ နားညီးလည်းသက်သာတယ်။ ဖုန်တက်တဲ့ဒုက္ခကလည်းကင်းဝေးတယ်။ နောက်တစ်ခုက အိပ်ယာ၊ ဆိုဖာတို့ပေါ်မှာတင်ပြီး သုံးရင် အောက်ဘက်က လေပေါက်တွေ ပိတ်မှာ မစိုးရိမ်ရပါဘူး။ အရမ်းကြီးလည်းမပူပါဘူး။

💬💬💬 နိဂုံးချုပ်အနေနဲ့ပြောရရင် Celeron CPU တွေက ဈေးသက်သာပေမယ့် စွမ်းဆောင်ရည်မကောင်းပါဘူး။ ဒါပေမယ့် နည်းနည်းပါးပါးပဲသုံးမယ်ဆိုရင်တော့ သူဈေးနဲ့သူ အလုပ်ဖြစ်ပါတယ်၊ အသုံးဝင်တယ်လို စာရေးသူထင်မိပါတယ်။

-----

😘 😘 Celeron ကို ဘယ်လို လူတွေ စဉ်းစားသင့်သလဲ။

😘 ဘက်ဂျက်ကန့်သတ်ချက်ရှိသူတွေ

(ဘက်ဂျက်အဆင်ပြေရင်တော့ Pentium N4200 လောက် ဝယ်စေချင်ပါတယ်။)

😘 ကွန်ပျူတာကို စာစီစာရိုက်လောက်ပဲသုံးမယ်၊ သီချင်းပဲနားထောင်မယ်၊ ရုပ်ရှင်ပဲကြည့်မယ်ဆိုတဲ့သူတွေ။ ** အထူးစိတ်ရှည်အလျှင်မလိုသူတွေ။ **

---

🤔 🤔 ဘယ်လို လူတွေလုံးဝမဝယ်သင့်ဘူးလဲ။

🤔 ဂိမ်းဆော့မယ့်သူတွေ

🤔 Photoshop၊ AutoCAD၊ Program Coding နဲ့အခြားကွန်ပျူတာနဲ့ လုပ်ငန်းလုပ်မယ့်သူတွေ

🤔 ကွန်ပျူတာကို နောင်တစ်ချိန်တွင် အဆင့်မြှင့်တင်ခြင်း (Upgrade) လုပ်ချင်တဲ့သူတွေ

-----

⭐ ⭐ ⭐ “Celeron CPU နဲ့SSD တွဲသုံးရင် မြန်သလား” ဆိုတာ ကို စမ်းသပ်ပြီး ဖော်ပြပေးသွားမှာဖြစ်လို့ Like & Share လုပ်ထားပြီး ဆက်လက်အားပေးကြဦးနော်…

စာဖတ်သူတို့လည်း လိုအပ်ချက်နဲ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။

✨ (Bonus:⚙️ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဈေးလည်းအကြီးဆုံးဖြစ်မှာပါ။

ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို ဈေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။

🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။

🎆 ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။

🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။

🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။) ✨

-----

Tips: 👀 👀 👀

နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့တူတူ ဆက်လက်သင်ယူကြပါစို့။




Intel Celeron N3350 ကို သံုးသပ္ျခင္း
ကြန္ပ်ဴတာတစ္လံုးဝယ္ေတာ့မယ္ဆိုရင္ မျဖစ္မေန ခ်ိန္ဆရမွာက ေစ်းႏွဳန္းျဖစ္ပါတယ္။ ေစ်းႏွဳန္းအသက္သာဆံုးကြန္ပ်ဴတာေတြမွာ Celeron CPU ေတြကို ေတြ ့ရမွာပါ။ ျမန္မာႏိုင္ငံေစ်းကြက္မွာ လက္ရွိေရာင္းခ်ေနတဲ့ ေစ်းႏွဳန္းသက္သာတဲ့ လက္ေတာ့ကြန္ပ်ဴတာေတြမွာ အသံုးမ်ားတဲ့ Celeron N3350 ကို စမ္းသပ္အသံုးျပဳျပီး အျမန္ႏွဳန္းစြမ္းေဆာင္ခ်က္၊ ဂရပ္ဖစ္စြမ္းေဆာင္ခ်က္နဲ ့လက္ေတြ ့အသံုးျပဳရတဲ့အတြက္အၾကံဳ ေတြကို ေျပာျပေပးသြားမွာပါ။
⚙️ အရင္ဆံုး CPU ဆိုတာ Central Processing Unit ျဖစ္ပါတယ္။ ကြန္ပ်ဴတာမွာ တြက္ခ်က္မွဳေတြကို ျပဳလုပ္ေပးတဲ့ အစိတ္အပိုင္းျဖစ္လို ့အေရးပါပါတယ္။ ကြန္ပ်ဴတာရဲ့ စြမ္းေဆာင္ရည္ ျမန္ျခင္းေႏွးျခင္းကို လြန္စြာသက္ေရာက္မွဳရွိပါတယ္။
⚙️ Celeron ဆိုတာ Intel ကုမၸဏီရဲ့ ေစ်းႏွဳန္းအသက္သာဆံုး CPU စီးရီးျဖစ္ပါတယ္။ ေစ်းႏွဳန္းသက္သာသလို ့အျမန္ႏွဳန္းလည္း အနည္းဆံုးလို့ ဆိုႏိုင္ပါတယ္။ ပထမဆံုး စြမ္းေဆာင္ရည္ ႏွိဳင္းယွဥ္ခ်က္ (Passmark Benchmark) ကိုအရင္ၾကည့္လိုက္ရေအာင္…

N2800 (2011 ခုႏွစ္) (Atom Series) – 628 မွတ္
Z3735 (2014 ခုႏွစ္) (Atom Series) – 927 မွတ္
N2830 (2014 ခုႏွစ္) (Celeron Series) – 950 မွတ္
N3060 (2016 ခုႏွစ္) (Celeron Series) – 994 မွတ္
N3350 (2016 ခုႏွစ္) (Celeron Series) – 1125 မွတ္
N3700 (2015 ခုႏွစ္) (Pentium Series) – 1840 မွတ္
N4200 (2016 ခုႏွစ္) (Pentium Series) – 2028 မွတ္
i3 7100u (2016 ခုႏွစ္) (Core i3 Series) – 3828 မွတ္
i5 7200u (2016 ခုႏွစ္) (Core i5 Series) – 4641 မွတ္
i5 8250u (2017 ခုႏွစ္) (Core i5 Series) – 7656 မွတ္
အထက္ပါအျမန္ႏွဳန္းစမ္းသပ္ခ်က္ရမွတ္ေတြကိုၾကည့္ရင္ Celeron CPU ေတြရဲ့စြမ္းေဆာင္ရည္က အျခား Core i3/ i5 ေတြနဲ ့ဆိုအမ်ားၾကီးကြာျခားေနတာေတြ့ရမွာပါ။
⚙️ ဒုတိယအခ်က္ကေတာ့ ဂရပ္ဖစ္ (Graphic) စြမ္းေဆာင္ရည္ျဖစ္ပါတယ္။ Celeron ေတြမွာပါဝင္တဲ့ GPU ကလြန္စြာအားနည္းပါတယ္။ ပံုမွန္အင္တာနက္သံုး၊ စာရိုက္နဲ ့ရုပ္ရွင္ၾကည့္ဖို ့အတြက္ေတာ့ အဆင္ေျပပါတယ္။ Plants vs Zombies လို Candy Sugar Saga လို 2D Games ေတြေလာက္္ေတာ့ ေဆာ့လို ့ရပါတယ္။ ဒါေတာင့္ တစ္ခါတစ္ေလ ထစ္ပါေသးတယ္။ ဒါေပမယ့္ … ဒါပါပဲ။ 3D ဂိမ္းေတြြေဆာ့ဖို ့စိတ္ကူးရင္ေတာ့ လံုးဝမဝယ္ပါနဲ ့။ ဂိမ္းအျမင့္ေတြေဆာ့ဖို ့မေျပာနဲ့၊ ဂိမ္းထဲဝင္လို ့ရရင္ေတာင္ ေတာ္ေတာ္ေပ်ာ္ဖို ့ေကာင္းေနျပီလို ့ေျပာခ်င္ပါတယ္။
(Celeron လက္ေတာ့ေတြမွာ သီးျခား ဂရပ္ဖစ္ကပ္ေတြလည္း ပါဝင္ေလ့မရွိပါ။ Graphic က မန္မိုရီ ဘယ္ႏွစ္ ဂစ္ (GB) ပဲရွိရွိ ဂိမ္းေဆာ့ဖို ့အဆင္မေျပပါဘူး။)
⚙️ ဒီေတာ့ Celeron ေတြက ဘာမွသံုးလို ့မရဘူးလား။ ... မဟုတ္ပါဘူး။ သူ ့ေစ်းနဲ ့သူ အသံုးျပဳႏိုင္တဲ့ေနရာေတြရွိပါတယ္။ အက္ဒမင္အသံုးျပဳတာေတြကို ေျပာျပပါမယ္။
- Windows 10 ဖြင့္ျခင္း၊ ပိတ္ျခင္း၊ Update ျပဳလုပ္ျခင္း <ေတာ္ေတာ္ၾကာပါတယ္။ ကြန္ပ်ဴတာဖြင့္ျပီး အသံုးျပဳႏိုင္တဲ့အခ်ိန္ေရာက္ဖို ့၃ မိနစ္ေလာက္ၾကာပါတယ္။ ပိတ္ရင္လည္း ေႏွးတယ္။ အပ္ဒိတ္လုပ္ရင္ေတာ့ ေမ့ေလာက္ေအာင္ၾကာပါတယ္။ ဒါေပမယ့္ မသံုးခင္ၾကိဳဖြင့္မယ့္၊ Shut Down လုပ္ထားျပီး တစ္ျခားတစ္ခုခုသြားလုပ္ေနလို ့ရပါတယ္။ ထိုင္ၾကည့္ေနစရာမလိုတာ။>
- Google Chrome <ဖြင့္တာေတာ္ေတာ္ေႏွးပါတယ္။ ဗီဒီယိုနဲ ့ရုပ္ပံုေတြအမ်ားၾကီးပါတဲ့ Web page ေတြ ပြင့္ဖို ့လည္း အျမင့္ ကြန္ပ်ဴတာေတြထက္ပို အခ်ိန္ယူပါတယ္။ Gmail လို၊ Wiki လို Web page ေတြကေတာ့ မဆိုးပါဘူး၊ သံုးရတာ အရမ္းစိတ္တိုင္းက်ၾကီးမဟုတ္ပါဘူး။ ဒါေပမယ့္ Tab ၄-၅ ခုေလာက္ျပိဳင္တူဖြင့္လို့ရတယ္၊ စိတ္ရွည္ရွည္သံုးရင္ အဆင္ေျပပါတယ္။>
- Youtube <ၾကည့္လို ့အဆင္ေျပပါတယ္။>
- Download <အင္တာနက္အျမန္ႏွဳန္းေပၚပိုမူတည္ပါတယ္။ အျမင့္ကြန္ပ်ဴတာမ်ားနဲ ့သိသိသာသာကြာျခားျခင္းမရွိပါ။>
- Video (VLC Player) <ၾကည့္လို ့အဆင္ေျပပါတယ္။>
- Microsoft Office (Word, Excel, PowerPoints) <ဖြင့္တာေႏွးတယ္၊ ဖြင့္ျပီးရင္ သံုးလို ့အဆင္ေျပပါတယ္။ ဖိုင္ဆိုဒ္ေတြၾကီးရင္ေတာ့ နည္းနည္းေႏွးလာပါတယ္။>
- Photoshop (CC) <သံုးလို ့မရဘူးထင္ေပမယ့္ သံုးလို ့ရပါတယ္။ ဖြင့္တာေတာ့ ေႏွးတယ္။ တက္လာရင္ ေတာ့ မဆိုးပါဘူး။ ပံုမွန္ဓာတ္ပံုဆိုဒ္ေတြ နည္းနည္းပါးပါး ျပင္တာ အိုေကပါတယ္။ Save လုပ္တာ၊ Process လုပ္တာေတြမွာ ပိုမွန္ထက္အခ်ိန္ပိုယူပါတယ္။)
- Game (Candy Sugar saga လို 2D ဂိမ္းေတြေဆာ့လို ့ရတယ္။ 3D ဂိမ္းကေတာ့ ႏိုးပါ။)
- Software Installation (Install လုပ္ရင္ အခ်ိန္ပိုယူရတယ္။ ဒါေပမယ့္ အင္စေတာလုပ္တာ တစ္ခါတစ္ေလမွလုပ္ရတာဆိုေတာ့ နားလည္ေပးလို ့ရပါတယ္။)
⚙️ အားသာခ်က္အေနနဲ ့ေျပာရမယ္ဆိုရင္ေတာ့ N3350 က ပါဝါစားအလြန္နည္းပါတယ္။ ဒါေၾကာင့္ ဘက္ထရီေတာ္ေတာ္ခံပါတယ္။ ၈ နာရီေလာက္ အားမသြင္းပဲ သံုးလို ့ရပါတယ္။ ေနာက္တစ္ခုက လက္ေတာ့မွာ အေအးခံတဲ့ ပံကာမပါဝင္ပါဘူး။ နားညီးလည္းသက္သာတယ္။ ဖုန္တက္တဲ့ဒုကၡကလည္းကင္းေဝးတယ္။ ေနာက္တစ္ခုက အိပ္ယာ၊ ဆိုဖာတို ့ေပၚမွာတင္ျပီး သံုးရင္ ေအာက္ဘက္က ေလေပါက္ေတြ ပိတ္မွာ မစိုးရိမ္ရပါဘူး။ အရမ္းၾကီးလည္းမပူပါဘူး။
💬💬💬 နိဂံုးခ်ဳပ္အေနနဲ ့ေျပာရရင္ Celeron CPU ေတြက ေစ်းသက္သာေပမယ့္ စြမ္းေဆာင္ရည္မေကာင္းပါဘူး။ ဒါေပမယ့္ နည္းနည္းပါးပါးပဲသံုးမယ္ဆိုရင္ေတာ့ သူေစ်းနဲ ့သူ အလုပ္ျဖစ္ပါတယ္၊ အသံုးဝင္တယ္လို စာေရးသူထင္မိပါတယ္။
-----
😘 😘 Celeron ကို ဘယ္လို လူေတြ စဥ္းစားသင့္သလဲ။
😘 ဘက္ဂ်က္ကန္ ့သတ္ခ်က္ရွိသူေတြ
(ဘက္ဂ်က္အဆင္ေျပရင္ေတာ့ Pentium N4200 ေလာက္ ဝယ္ေစခ်င္ပါတယ္။)
😘 ကြန္ပ်ဴတာကို စာစီစာရိုက္ေလာက္ပဲသံုးမယ္၊ သီခ်င္းပဲနားေထာင္မယ္၊ ရုပ္ရွင္ပဲၾကည့္မယ္ဆိုတဲ့သူေတြ။ ** အထူးစိတ္ရွည္အလွ်င္မလိုသူေတြ။ **
---
🤔 🤔 ဘယ္လို လူေတြလံုးဝမဝယ္သင့္ဘူးလဲ။
🤔 ဂိမ္းေဆာ့မယ့္သူေတြ
🤔 Photoshop၊ AutoCAD၊ Program Coding နဲ ့အျခားကြန္ပ်ဴတာနဲ့ လုပ္ငန္းလုပ္မယ့္သူေတြ
🤔 ကြန္ပ်ဴတာကို ေနာင္တစ္ခ်ိန္တြင္ အဆင့္ျမွင့္တင္ျခင္း (Upgrade) လုပ္ခ်င္တဲ့သူေတြ
-----
“Celeron CPU နဲ ့SSD တြဲသံုးရင္ ျမန္သလား” ဆိုတာ ကို စမ္းသပ္ျပီး ေဖာ္ျပေပးသြားမွာျဖစ္လို ့ Like & Share လုပ္ထားျပီး ဆက္လက္အားေပးၾကဦးေနာ္…
စာဖတ္သူတို ့လည္း လိုအပ္ခ်က္နဲ ့ဘက္ဂ်က္ကို ခ်ိန္ဆျပီး မိမိအတြက္ အေကာင္းဆံုး ကြန္ပ်ဴတာမ်ားကို အသံုးျပဳႏိုင္ၾကပါေစ။
(Bonus:⚙️ကြန္ပ်ဴတာတစ္လံုးကို ျမန္တယ္လို ့ေျပာခ်င္ရင္ ဘာေတြျမန္တာလဲဆိုတာရွိပါတယ္။ Windows တက္တာ (ကြန္ပ်ဴတာဖြင့္တာ) ျမန္ခ်င္တာလား။ ဂိမ္းေတြ ေဆာ့ဝဲလ္ေတြ ဖြင့္လိုက္ရင္ ခ်က္ခ်င္းပြင့္ခ်င္တာလား။ ဂိမ္းေဆာ့ရင္ မထစ္ခ်င္တာလား။ Photoshop တို ့၊ Video Editing တို ့မွာ လုပ္ေဆာင္ခ်က္ျမန္ခ်င္တာလား စသည္ျဖင့္အမ်ိဳးမ်ိဳးရွိပါတယ္။ အသံုးျပဳသူေပၚမူတည္ျပီး လိုအပ္ခ်က္ေတြကြာျခားပါတယ္။ အားလံုးေကာင္းတဲ့ ကြန္ပ်ဴတာမရွိဘူးလားဆိုေတာ့ ရွိပါတယ္။ ေစ်းလည္းအၾကီးဆံုးျဖစ္မွာပါ။
ဒါေပမယ့္ ကြန္ပ်ဴတာအသံုးျပဳသူေတြက ဖန္ရွင္အားလံုးကို အသံုးမျပဳသလို ေစ်းအၾကီးဆံုးကိုလည္းမဝယ္ၾကပါဘူး။ ဒီေတာ့ လိုအပ္တဲ့ဖန္ရွင္ေပၚမူတည္ျပီး ပိုမိုအေလးေပးသင့္တဲ့ အပိုင္းေတြကို ေဖာ္ျပလိုက္ပါတယ္။
🎆 တြက္ခ်က္မွဳ (Photo editing, Video editing, Auto CAD rendering,…) ေတြအတြက္ CPU ရဲ့ စြမ္းေဆာင္ရည္ေပၚပိုမုိမူတည္ပါတယ္။
🎆 ဂိမ္းေဆာ့ဖို ့အတြက္ဆိုရင္ Graphic Card ရဲ့ စြမ္းေဆာင္ရည္က ပိုျပီးအေရးပါပါတယ္။
🎆 ဖြင့္တာ ပိတ္တာ (Windows တက္တာ၊ ဂိမ္းနဲ့ ေဆာ့ဝဲလ္ေတြစတင္တာ) ျမန္ခ်င္တယ္ဆိုရင္ SSD (Solid State Drive) က ပိုအေရးၾကီးပါတယ္။ Hard Disk Drive (HDD) ေတြက ဖြင့္တာပိတ္တာ ေႏွးပါတယ္။
🎆 ေဆာ့ဝဲလ္ေတြအမ်ားၾကီးျပိဳင္တူသံုးမယ္၊ ေဆာ့ဝဲလ္အၾကီးေတြသံုးမယ္၊ ပေရာဂ်က္အၾကီးေတြလုပ္မယ္၊ အင္တာနက္ ဗေရာက္စာ (Internet Explorer, Chrome, Firefox, …) မွာ Tab ေတြအမ်ားၾကီးသံုးမယ္ဆိုရင္ RAM မ်ားဖို ့လိုပါတယ္။)
-----
Tips: 👀 👀 👀
နည္းပညာမ်ားသည္ အစဥ္ေျပာင္းလဲတိုးတက္လွ်က္ရွိေသာေၾကာင့္ အရာအားလံုးကို ေလွနံဓားထစ္မွတ္ယူထားျခင္းထက္ အျမဲမျပတ္ေလ့လာေနရန္လိုအပ္ပါသည္။ ကၽြန္ေတာ္တို ့တူတူ ဆက္လက္သင္ယူၾကပါစို ့။

No comments:

Post a Comment

မင်္ဂလာပါ..