menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Control Panel အကြောင်း
Windows 10 Control Panel အကြောင်းသိကောင်းစရာ 🤗
Microsoft Windows ကွန်ပျူတာ Version တိုင်းလိုလိုမှာ
ကွန်ပျူတာ OS တစ်ခုလုံးကို ထိန်းချုပ်မှုတွေပြုလုပ်နိုင်တဲ့
အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ Control Panel ပါဝင်ပါတယ်။
Control Panel ကနေပဲ Windows OS Settings များကို
လိုအပ်သလို ချိန်ညှိပေးခြင်း၊ Program များ ထည့်ခြင်း၊
ဖြုတ်ခြင်း အစရှိတဲ့ ကွန်ပျူတာရဲ့အရေးကြီးတဲ့ အစိတ်
ပိုင်းများစွာကို ပြုလုပ်နိုင်ပါတယ်။ Windows Version အလိုက်
Control Panel ထဲမှာ ပါဝင်တဲ့ Setting Feature တွေလည်း
အနည်းအများကွာခြားပါတယ်။ Windows Version မြင့်ရင်
မြင့်သလောက် Control Panel မှာ လုပ်ဆောင်နိုင်တဲ့အရာတွေ
ပိုများပါတယ်။ Control Panel ကို ဘယ်လိုဖွင့်ရမလဲဆိုရင်
1. Search or Cortana ကနေ ဖွင့်ခြင်း
ကွန်ပျူတာရဲ့Search or Cortana မှာ
Control Panel လို့ရိုက်ရှာဖွင့်နိုင်ပါတယ်။
2. Start Menu ကနေ ဖွင့်ခြင်း
Windows 7 မှာဆိုရင် Start Menu နှိပ်လိုက်ရင်
ဘေးမှာ Control Panel ကို နှိပ်ဖွင့်နိုင်ပါတယ်။
Windows 8 အထက်ဆိုရင် Start Menu >
Windows System အောက်မှာ ဝင်ဖွင့်နိုင်ပါတယ်။
3. CMD, Run Box, PowerShell ဖြင့် ဖွင့်ခြင်း
CMD, Run Box, PowerShell တစ်ခုကို ဖွင့်ပြီး
control လို့ရိုက်ထည့်ပြီးဖွင့်နိုင်ပါတယ်။
4. Location ထဲကနေ ဖွင့်ဖြင်း
Control Panel ရဲ့မှုလ နေရာဖြစ်တဲ့
C:\Windows\System32 ထဲဝင်ပြီး
Control Panel ကို ရှာဖွင့်နိုင်ပါတယ်။
5. Windows + X ကနေ ဖွင့်ခြင်း
Windows 8.1 ဆိုရင်တော့ Windows Key နဲ့
X ကို တွဲနှိပ်လိုက်ပြီး Control Panel ကိုဖွင့်နိုင်ပါတယ်။
6. System Properties ကနေ ဖွင့်ခြင်း
This PC > Right Click > Properties ကို နှိပ်ပြီး
Control Panel ထဲကို ဝင်ဖွင့်နိုင်ပါတယ်။
7. Programs and Features မှ တစ်ဆင့်ဖွင့်ခြင်း
Run Box မှာ appwiz.cpl ကို ရိုက်ထည့်ပြီး
All Control Panel Items ကို ဖွင့်နိုင်ပါတယ်။
8. Desktop ပေါ်မှာ ဖွင့်ခြင်း
ကွန်ပျူတာ Desktop Screen အလွတ်တစ်နေရာမှာ
Right Click > Personalize > Themes > Desktop
Icon Settings ထဲကိုဝင်ပြီး Control Panel ကို အမှန်ခြစ်
ရွေးထားပြီး Desktop ပေါ်ကနေ Control Panel ကိုဖွင့်နိုင်ပါတယ်။
9. Shortcut ဖြင့် ဖွင့်ခြင်း
ကွန်ပျူတာ Desktop Screen အလွတ်တစ်နေရာမှာ
Right Click > New > Shortcut > Browser မှာ
C:\Windows\System32\control.exe ထည့်ပါ။
10. Shortcut Key ဖြင့် ဖွင့်ခြင်း
Search > Control Panel > Right Click >
Open File Location ထဲဝင်ပါ။ သို့မဟုတ်
C:\Users\Username\AppData\Roaming\
Microsoft\Windows\Start Menu\Programs\
System Tools ထဲကို ဝင်ပြီး Control Panel ကို
Right Click > Properties > Shortcut Key လုပ်ပါ။
God Mode, Right Click Program လုပ်ပြီး
ဖွင့်တဲ့နည်းတွေလည်းရှိပါတယ်။
zawgyi