menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer Mouse ဆိုတာ


အားလုံးပဲ မင်္ဂလာပါ

ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာကတော့ Computer Hardware တွေထဲက Input Device တစ်ခုဖြစ်တဲ့ Mouse အကြောင်းပဲ ဖြစ်ပါတယ်။

ပထမဆုံး Mouse ကို 1964 ခုနှစ်က Standford Reserch Institute မှာ Douglas Engelbart က တီထွင်ခဲ့ပြီး Bill English က ဖန်တီးပုံဖော်ခဲ့ပါတယ်။ ပထမဆုံး Mouse ကို သစ်သားနဲ့ဖန်တီးခဲ့တာဖြစ်ပြီး သူရဲ့အမြှီးက အနောက်မှာရှိပါတယ်။ သူ့ရဲ့အရွယ်အစားဟာ ကြွက်တစ်ကောင်ရဲ့ အရွယ်အစားခန့်သာ ရှိပါတယ်။ ယခု Mouse များကဲ့သို့ မျက်နှာပြင်ပေါ်မှာ ပွတ်ဆွဲပြီး သုံးရတာမျိုးမဟုတ်ပဲ သူ့ကိုရွေ့လျားဖို့အတွက် အောက်ခြေမှာ ဘီးလုံးတပ်ဆင်ထားပါတယ်။ ယခုခေတ် Mouse များမှာတော့ Sensor ပါရှိသည့်အတွက် မည်သည့်မျက်နှာပြင် ပေါ်မှာမဆို အလွယ်တကူတင်ပြီး သုံးနိုင်ကြပါပြီ။

Mouse ကို အသုံးပြုသည့်အခါ
လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို Mouse ထိပ်ရှိ Wheel ၏ ဘေးတစ်ဖက်စီတွင် တင်ထားပေးရမှာဖြစ်ပါတယ်။ လက်ချောင်းများကို သေချာရှေ့သို့ရောက်အောင်တင်ပါ။ အဖျားလောက်သာတင်ထားပြီး မထိတထိကိုင်တွယ်ခြင်းမလုပ်ပါနှင့်။ ကျန်လက်ချောင်းများကို Mouse ၏ ဘေးနှစ်ဘက်တွင် အလိုက်သင့်ကိုင်ထားသည့်ပုံစံထားပါ။ အတင်းအကျပ် ဆုပ်ကိုင်မထားရ။


လက်ညှိုးနှင့်လက်ခလယ် လက်ချောင်းများ၏အောက်တွင် နှိပ်၍ရသော ခလုပ်များရှိသည်။ သူတို့ကိုနှိပ်၍ အသုံးပြုခြင်းကို Click လုပ်သည်ဟုခေါ်သည်။ လက်ညှိုးကိုနှိပ်၍ အသုံးပြုခြင်းကို Left Click ဟုခေါ်ပြီး လက်ခလယ်ဖြင့် အသုံးပြုခြင်းကို Right Click ဟုခေါ်သည်။

Mouse တွင် အဓိက Function နှစ်မျိုးရှိသည်။

1) Left Click

2) Right Click ဟူ၍ဖြစ်သည်။

အများဆုံးမှာ Left Click ကိုသာ အသုံးပြုသည်။ Left Click တွင် Function လေးမျိုးရှိသည်။

a) Single Click

b) Double Click

c) Triple Click

d) Drag & Drop ဟူ၍ဖြစ်သည်။

Single Click မှာ လက်ညှိုးကို တစ်ချက်ထဲနှိပ်၍ အသုံးပြုခြင်းဖြစ်သည်။ Select (ရွေးချယ်)သည့်အခါ Button များကိုနှိပ်သည့်အခါတွင် အသုံးပြုသည်။

Double Click မှာ လက်ညှိုးကို နှစ်ချက်ဆက်တိုက်နှိပ်၍ အသုံးပြုခြင်းဖြစ်သည်။ Program, Folder, File များကို ဖွင့်လျှင်အသုံးပြုသည်။

Triple Click မှာ လက်ညှိုးကို သုံးချက်ဆက်တိုက်နှိပ်၍ အသုံးပြုခြင်းဖြစ်သည်။ စာပိုဒ်များကို Select မှတ်ရာတွင် အသုံးပြုသည်။

Drag & Drop မှာ တစ်ခုခုကို ဆွဲရွှေ့ခြင်း၊ Drawing ဆွဲခြင်း၊ Sizing ညှိခြင်းများတွင် အသုံးပြုသည်။

Right Click မှာ Mouse Pointer တင်ထားသည့်နေရာ၏ Menu Box ကို ဖော်လိုလျှင် အသုံးပြုသည်။ Keyboard တွင်လည်း Right Click နှင့် Function တူသည့် Menu Key ပါဝင်ပါသည်။

Mouse ၏ ထိပ် အလယ်ရှိ Wheel ကိုတော့ Scroll Wheel ဟုခေါ်သည်။ စာမျက်နှာအပါ်အောက် ရွှေ့ရာတွင် အသုံးပြုသည်။

ဤသည်များမှာ Mouse နှင့်ပတ်သတ်သော အကြောင်းအရာများပင်ဖြစ်သည်။ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားနိုင်သည်။ ဝေမျှနိုင်ပါသည်။

အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်း



ZAWgyi font


အားလံုးပဲ မဂၤလာပါ
ဒီေန႔ေျပာျပခ်င္တဲ့ အေၾကာင္းအရာကေတာ့ Computer Hardware ေတြထဲက Input Device တစ္ခုျဖစ္တဲ့ Mouse အေၾကာင္းပဲ ျဖစ္ပါတယ္။
ပထမဆံုး Mouse ကို 1964 ခုႏွစ္က Standford Reserch Institute မွာ Douglas Engelbart က တီထြင္ခဲ့ၿပီး Bill English က ဖန္တီးပံုေဖာ္ခဲ့ပါတယ္။ ပထမဆံုး Mouse ကို သစ္သားနဲ႔ဖန္တီးခဲ့တာျဖစ္ၿပီး သူရဲ့အၿမီွးက အေနာက္မွာရွိပါတယ္။ သူ႔ရဲ့အရြယ္အစားဟာ ၾကြက္တစ္ေကာင္ရဲ့ အရြယ္အစားခန္႔သာ ရွိပါတယ္။ ယခု Mouse မ်ားကဲ့သို႔ မ်က္ႏွာျပင္ေပၚမွာ ပြတ္ဆြဲၿပီး သံုးရတာမ်ိဳးမဟုတ္ပဲ သူ႕ကိုေရြ႕လ်ားဖို႔အတြက္ ေအာက္ေျခမွာ ဘီးလံုးတပ္ဆင္ထားပါတယ္။ ယခုေခတ္ Mouse မ်ားမွာေတာ့ Sensor ပါရွိသည့္အတြက္ မည္သည့္မ်က္ႏွာျပင္ ေပၚမွာမဆို အလြယ္တကူတင္ၿပီး သံုးႏိ္ုင္ၾကပါၿပီ။
Mouse ကို အသံုးျပဳသည့္အခါ လက္ညွိဳးႏွင့္ လက္ခလယ္ႏွစ္ေခ်ာင္းကို Mouse ထိပ္ရွိ Wheel ၏ ေဘးတစ္ဖက္စီတြင္ တင္ထားေပးရမွာျဖစ္ပါတယ္။ လက္ေခ်ာင္းမ်ားကို ေသခ်ာေရွ႕သို႔ေရာက္ေအာင္တင္ပါ။ အဖ်ားေလာက္သာတင္ထားၿပီး မထိတထိကိုင္တြယ္ျခင္းမလုပ္ပါႏွင့္။ က်န္လက္ေခ်ာင္းမ်ားကို Mouse ၏ ေဘးႏွစ္ဘက္တြင္ အလိုက္သင့္ကိုင္ထားသည့္ပံုစံထားပါ။ အတင္းအက်ပ္ ဆုပ္ကိုင္မထားရ။

လက္ညွိဳးႏွင့္လက္ခလယ္ လက္ေခ်ာင္းမ်ား၏ေအာက္တြင္ ႏွိပ္၍ရေသာ ခလုပ္မ်ားရွိသည္။ သူတို႔ကိုႏွိပ္၍ အသံုးျပဳျခင္းကို Click လုပ္သည္ဟုေခၚသည္။ လက္ညွိဳးကိုႏွိပ္၍ အသံုးျပဳျခင္းကို Left Click ဟုေခၚၿပီး လက္ခလယ္ျဖင့္ အသံုးျပဳျခင္းကို Right Click ဟုေခၚသည္။
Mouse တြင္ အဓိက Function ႏွစ္မ်ိဳးရွိသည္။
1) Left Click
2) Right Click ဟူ၍ျဖစ္သည္။
အမ်ားဆံုးမွာ Left Click ကုိသာ အသံုးျပဳသည္။ Left Click တြင္ Function ေလးမ်ိဳးရွိသည္။
a) Single Click
b) Double Click
c) Triple Click
d) Drag & Drop ဟူ၍ျဖစ္သည္။
Single Click မွာ လက္ညွိဳးကုိ တစ္ခ်က္ထဲႏွိပ္၍ အသံုးျပဳျခင္းျဖစ္သည္။ Select (ေရြးခ်ယ္)သည့္အခါ Button မ်ားကိုႏွိပ္သည့္အခါတြင္ အသံုးျပဳသည္။
Double Click မွာ လက္ညွိဳးကို ႏွစ္ခ်က္ဆက္တိုက္ႏွိပ္၍ အသံုးျပဳျခင္းျဖစ္သည္။ Program, Folder, File မ်ားကို ဖြင့္လွ်င္အသံုးျပဳသည္။
Triple Click မွာ လက္ညွိဳးကို သံုးခ်က္ဆက္တိုက္ႏွိပ္၍ အသံုးျပဳျခင္းျဖစ္သည္။ စာပိုဒ္မ်ားကို Select မွတ္ရာတြင္ အသံုးျပဳသည္။
Drag & Drop မွာ တစ္ခုခုကို ဆြဲေရႊ႕ျခင္း၊ Drawing ဆြဲျခင္း၊ Sizing ညွိျခင္းမ်ားတြင္ အသံုးျပဳသည္။
Right Click မွာ Mouse Pointer တင္ထားသည့္ေနရာ၏ Menu Box ကို ေဖာ္လိုလွ်င္ အသံုးျပဳသည္။ Keyboard တြင္လည္း Right Click ႏွင့္ Function တူသည့္ Menu Key ပါ၀င္ပါသည္။
Mouse ၏ ထိပ္ အလယ္ရွိ Wheel ကိုေတာ့ Scroll Wheel ဟုေခၚသည္။ စာမ်က္ႏွာအပၚေအာက္ ေရႊ႕ရာတြင္ အသံုးျပဳသည္။
ဤသည္မ်ားမွာ Mouse ႏွင့္ပတ္သတ္ေသာ အေၾကာင္းအရာမ်ားပင္ျဖစ္သည္။ လိုအပ္သည္မ်ားကို ျဖည့္စြက္ေျပာၾကားႏိုင္သည္။ ေ၀မွ်ႏိုင္ပါသည္။
အားလံုးကိုအထူးပဲေက်းဇူးတင္ရွိပါေၾကာင္း

No comments:

Post a Comment

မင်္ဂလာပါ..