menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer Keyborad ဆိုတာ



စာရိုက်ဖို့အတွက် လက်ကွက်ပုံစံဘယ်လိုထားရမယ်၊ ဘယ်လိုတွေလေ့ကျင့်ရမယ်ဆိုတာ ပြောပြပြီးပြီဆိုတော့ စာရိုက်ဖို့အတွက် အသုံးပြုရတဲ့ Device ဖြစ်တဲ့ Keyboard အကြောင်းကို ပြောပြလိုပါတယ်

Keyboard ဆိုတာကတော့ ကွန်ပျူတာတွေမှာမှာ ကွန်ပျူတာ Keyboard အဖြစ် (သို့မဟုတ်) Electronic Switches တွေအဖြစ်ဆောင်ရွက်ဖို့ ခလုတ်တွေနဲ့စီစဉ်ထားတဲ့ လက်နှိပ်စက် စတိုင်မျိုးရှိတဲ့ Device ပါ

ဒါကတော့ စာကျကျ ပေကျကျ ရှင်းပြတာပေါ့နော် ယေဘုယျအားဖြင့်တော့ ကွန်ပျူတာတွေထဲကို Data (အချက်အလက်) တွေ ထည့်သွင်းနိုင်တဲ့ Input Device အမျိုးအစားတစ်ခု ဖြစ်ပါတယ်

အဆင်သင့်ဖန်တီးပြီးသား Data မျိုးမဟုတ်ပဲ ကိုယ်တိုင်ဖန်တီးရိုက်နှိပ်ရတဲ့ စာသားDataတွေ ထည့်ပေးတဲ့ Device ပါ။ Keyboard လို့ပြောလိုက်ရင် သာမန် PC တွေမှာတွဲသုံးတဲ့ Keyboard ကိုသာ မျက်လုံးထဲမြင်မိကြ မှာပေါ့ …. တကယ်တမ်းတော့ Keyboard အမျိုးအစား ၆ မျိုးရှိတယ်… ဘာတွေလဲဆိုတာ ဆက်ကြည့်ကြရအောင်


Keyboard အမျိုးအစားများ


1) Standard

ဒီ Keyboard အမျိုးအစားတွေကတော့ ပုံမှန်အားဖြင့် မြင်တွေ့နေကျ အမျိုးအစားတွေပဲဖြစ်ပါတယ်။ Numpad ပါတွဲလျက်ပါကြတယ်။ ဒီ Key တွေရဲ့အတိုင်းအတာက တစ်လက်မရဲ့ လေးပုံ သုံးပုံ (0.750 inches, 19.05 mm) ရှိပါတယ်။ Key တစ်ခုနဲ့တစ်ခုရဲ့အကွာအဝေးကတော့ အနည်းဆုံး 0.150 inches (3.81 mm) ရှိပါတယ်။

US traditional Computer Desktop Keyboard တွေမှာ Key 101ခု (သို့) 104ခု ပုံမှန်ပါလေ့ရှိတယ်။ International common keyboard တွေမှာတော့ Key 102 (သို့) 104 ခုထိပါတယ်။

တကယ်တမ်းတော့ PC Keyboard သုံးမျိုးရှိတယ်။ 84 Keys ပါတဲ့ Original PC Keyboard (numpad မပါ), 84 Keys ပါတဲ့ AT Keyboard, 101 Keys ပါတဲ့ enhanced Keyboard (numpad ပါ) ရယ်ပေါ့…..

PC Keyboards နဲ့ enhanced keyboard တွေကတော့ ကွန်ပျူတာအရောင်းဆိုင်တွေနဲ့ ကွန်ပျူတာအပို ပစ္စည်း အရောင်းဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်……..

2) Laptop-size

Laptop မှာရှိတဲ့ Keys တွေက တစ်ခုနဲ့တစ်ခု သိပ်ပြီး မဝေးကြဘူး။ တစ်ချို့ Keys တွေကို လျှော့ထားကြတယ်။ Function Keys တွေ Num Pad တွေရဲ့နေရာကတော့ ပုံမှန်PC Keyboard တွေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါ တယ်။ ဒီအမျိုးအစားတွေကိုလည်း ဈေးကွက်ထဲမှာ အလွယ်တကူရှာတွေ့နိုင်ပါတယ်။

3) Flexible keyboards

Flexible keyboards တွေကတော့ PC keyboards နဲ့ Laptop Keyboards တွေကိုပေါင်းစပ်ထားတဲ့ပုံစံပါ။ ဘာကြောင့်လဲဆိုတော့ ဒီ Keyboards အမျိုးအစားတွေမှာပါတဲ့ Keys တွေဟာ Full size keyboard တွေ အတိုင်းပါရှိပြီးတော့ Keys တွေရဲ့ အရွယ်အစားဟာ Laptop Keys တွေရဲ့အရွယ်အစားရှိပါတယ်။ သူတို့ရဲ့အား သာချက်ကတော့ သယ်ဆောင်ရလွယ်ကူခြင်း၊ ဂရုတစိုက်ထိန်းသိမ်းစရာမလိုခြင်း၊ ရေစိုခံခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအမျိုးအစားတွေကလည်း ဈေးကွက်ထဲမှာ သိပ်မရှားပါးလှတဲ့ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

4) Handheld

ဒါကတော့ ဂိမ်းဆော့တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစေမယ့် Game Controller Keyboard အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ပုံမှန် Keyboard တွေအတိုင်း numeric keys တွေနဲ့ symbols တွေ ပါဝင်ပါ တယ်။ တစ်ကြိမ်ထဲမှာပဲ Key နှစ်ခုကို တစ်ကြိမ်တည်းနှိပ်ပြီးအသုံးပြုနိုင်တယ်။ မိမိလိုချင်တဲ့နေရာ ရွှေ့သွားပြီး အသုံးပြုနိုင်တယ်။ ကွန်ပျူတာနဲ့ဝေးတဲ့နေရာ(အခန်းတွင်းပတ်လည်ကိုဆိုလိုသည်) ကနေလည်း ထိန်းချုပ်နိုင်တယ်။ Mouse ကဲ့သို့ရွေ့လျားနိုင်တဲ့ Track Ball လည်းပါဝင်တာ ဖြစ်ပါတယ်။

5) Thumb-sized

Smartphone တွေ PDAs တွေမှာဆိုရင် ပိုပိုပြီးသေးငယ်တဲ့ Keyboard တွေပါဝင်လာကြပါပြီ။ အကန့်အသတ်နဲ့ လုပ်ဆောင်ရတဲ့နေရာတွေမှာဆိုရင်တော့ အသုံးဝင်ပါတယ်။ နီးနီးစပ်စပ်ကို ဥပမာပေးရရင် ဖုန်းတွေမှာပါတဲ့ keyboard မှာဆိုရင် စာရိုက်ဖို့ မြန်မာ အင်္ဂလိပ် Character key တွေပါမယ် နံပါတ်တွေရိုက်ဖို့ numeric key တွေပါမယ် သင်္ကေတတွေအတွက် symbol တွေပါမယ်။ ဖုန်းထဲမှာရိုက်နိုင်တဲ့စကားလုံးတွေဟာ အကန့်အသတ်နဲ့ရှိတဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ Thumb-sized keyboard တွေကိုထည့်သွင်းအသုံးပြုကြ ပါတယ်

6) Multifunctional

ဒီ Keyboard ကတော့ Standard Keyboard ကိုပဲ နောက်ထပ် function တွေထပ်တိုးထည့်ထားတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ screen တွေ PC တွေအများကြီးနဲ့တွဲသုံးလေ့ရှိတယ်။ ဒီ Keyboard အမျိုးအစားတွေ မှာဆိုရင် Keypad, အစီအစဉ်တကျထည့်သွင်းထားတဲ့ Function key တွေ, smart card reader, track ball, ခုနောက်ပိုင်းမှာဆိုရင် touch screen, alarm, audio control စသည့် များစွာသော function တွေပါဝင်လာ တာတွေ့ရမှာ ဖြစ်ပါတယ်။ Multimedia ဌာနတွေ Main frame computer တွေအတွက်အသုံးပြုတဲ့ Keyboard အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။


ZAWGYI font


စာရိုက္ဖို႔အတြက္ လက္ကြက္ပံုစံဘယ္လိုထားရမယ္၊ ဘယ္လိုေတြေလ့က်င့္ရမယ္ဆိုတာ ေျပာျပၿပီးၿပီဆိုေတာ့ စာရိုက္ဖို႔အတြက္ အသံုးျပဳရတဲ့ Device ျဖစ္တဲ့ Keyboard အေၾကာင္းကို ေျပာျပလိုပါတယ္
Keyboard ဆုိတာကေတာ့ ကြန္ပ်ဴတာေတြမွာမွာ ကြန္ပ်ဴတာ Keyboard အျဖစ္ (သို႔မဟုတ္) Electronic Switches ေတြအျဖစ္ေဆာင္ရြက္ဖို႔ ခလုတ္ေတြနဲ႔စီစဥ္ထားတဲ့ လက္ႏွိပ္စက္ စတိုင္မ်ိဳးရွိတဲ့ Device ပါ
ဒါကေတာ့ စာက်က် ေပက်က် ရွင္းျပတာေပါ့ေနာ္ ေယဘုယ်အားျဖင့္ေတာ့ ကြန္ပ်ဴတာေတြထဲကို Data (အခ်က္အလက္) ေတြ ထည့္သြင္းႏိုင္တဲ့ Input Device အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္
အဆင္သင့္ဖန္တီးၿပီးသား Data မ်ိဳးမဟုတ္ပဲ ကိုယ္တိုင္ဖန္တီးရိုက္ႏွိပ္ရတဲ့ စာသားDataေတြ ထည့္ေပးတဲ့ Device ပါ။ Keyboard လို႔ေျပာလိုက္ရင္ သာမန္ PC ေတြမွာတြဲသံုးတဲ့ Keyboard ကိုသာ မ်က္လံုးထဲျမင္မိၾက မွာေပါ့ …. တကယ္တမ္းေတာ့ Keyboard အမ်ိဳးအစား ၆ မ်ိဳးရွိတယ္… ဘာေတြလဲဆိုတာ ဆက္ၾကည့္ၾကရေအာင္
Keyboard အမ်ိဳးအစားမ်ား

1) Standard
ဒီ Keyboard အမ်ိဳးအစားေတြကေတာ့ ပံုမွန္အားျဖင့္ ျမင္ေတြ႔ေနက် အမ်ိဳးအစားေတြပဲျဖစ္ပါတယ္။ Numpad ပါတြဲလ်က္ပါၾကတယ္။ ဒီ Key ေတြရဲ့အတိုင္းအတာက တစ္လက္မရဲ့ ေလးပံု သံုးပံု (0.750 inches, 19.05 mm) ရွိပါတယ္။ Key တစ္ခုနဲ႔တစ္ခုရဲ့အကြာအေဝးကေတာ့ အနည္းဆံုး 0.150 inches (3.81 mm) ရွိပါတယ္။
US traditional Computer Desktop Keyboard ေတြမွာ Key 101ခု (သို႔) 104ခု ပံုမွန္ပါေလ့ရွိတယ္။ International common keyboard ေတြမွာေတာ့ Key 102 (သို႔) 104 ခုထိပါတယ္။
တကယ္တမ္းေတာ့ PC Keyboard သံုးမ်ိဳးရွိတယ္။ 84 Keys ပါတဲ့ Original PC Keyboard (numpad မပါ), 84 Keys ပါတဲ့ AT Keyboard, 101 Keys ပါတဲ့ enhanced Keyboard (numpad ပါ) ရယ္ေပါ့…..
PC Keyboards နဲ႔ enhanced keyboard ေတြကေတာ့ ကြန္ပ်ဴတာအေရာင္းဆိုင္ေတြနဲ႔ ကြန္ပ်ဴတာအပုိ ပစၥည္း အေရာင္းဆိုင္ေတြမွာ အလြယ္တကူဝယ္ယူႏိုင္ပါတယ္……..
2) Laptop-size
Laptop မွာရွိတဲ့ Keys ေတြက တစ္ခုနဲ႔တစ္ခု သိပ္ၿပီး မေဝးၾကဘူး။ တစ္ခ်ိဳ႕ Keys ေတြကို ေလွ်ာ့ထားၾကတယ္။ Function Keys ေတြ Num Pad ေတြရဲ့ေနရာကေတာ့ ပံုမွန္PC Keyboard ေတြနဲ႔ အနည္းငယ္ ကြဲလြဲမႈရွိႏိုင္ပါ တယ္။ ဒီအမ်ိဳးအစားေတြကိုလည္း ေစ်းကြက္ထဲမွာ အလြယ္တကူရွာေတြ႔ႏိုင္ပါတယ္။
3) Flexible keyboards
Flexible keyboards ေတြကေတာ့ PC keyboards နဲ႔ Laptop Keyboards ေတြကိုေပါင္းစပ္ထားတဲ့ပံုစံပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီ Keyboards အမ်ိဳးအစားေတြမွာပါတဲ့ Keys ေတြဟာ Full size keyboard ေတြ အတိုင္းပါရွိၿပီးေတာ့ Keys ေတြရဲ့ အရြယ္အစားဟာ Laptop Keys ေတြရဲ့အရြယ္အစားရွိပါတယ္။ သူတို႔ရဲ့အား သာခ်က္ကေတာ့ သယ္ေဆာင္ရလြယ္ကူျခင္း၊ ဂရုတစိုက္ထိန္းသိမ္းစရာမလိုျခင္း၊ ေရစိုခံျခင္းတို႔ပဲ ျဖစ္ပါတယ္။
ဒီအမ်ိဳးအစားေတြကလည္း ေစ်းကြက္ထဲမွာ သိပ္မရွားပါးလွတဲ့ အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။
4) Handheld
ဒါကေတာ့ ဂိမ္းေဆာ့တဲ့သူေတြအတြက္ ပိုၿပီးအဆင္ေျပေစမယ့္ Game Controller Keyboard အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။ ပံုမွန္ Keyboard ေတြအတိုင္း numeric keys ေတြနဲ႔ symbols ေတြ ပါဝင္ပါ တယ္။ တစ္ႀကိမ္ထဲမွာပဲ Key ႏွစ္ခုကို တစ္ႀကိမ္တည္းႏွိပ္ၿပီးအသံုးျပဳႏိုင္တယ္။ မိမိလိုခ်င္တဲ့ေနရာ ေရႊ႕သြားၿပီး အသံုးျပဳႏိုင္တယ္။ ကြန္ပ်ဴတာနဲ႔ေဝးတဲ့ေနရာ(အခန္းတြင္းပတ္လည္ကိုဆိုလိုသည္) ကေနလည္း ထိန္းခ်ဳပ္ႏိုင္တယ္။ Mouse ကဲ့သို႔ေရြ႔လ်ားႏိုင္တ့ဲ Track Ball လည္းပါ၀င္တာ ျဖစ္ပါတယ္။
5) Thumb-sized
Smartphone ေတြ PDAs ေတြမွာဆိုရင္ ပိိုပိုၿပီးေသးငယ္တဲ့ Keyboard ေတြပါဝင္လာၾကပါၿပီ။ အကန္႔အသတ္နဲ႔ လုပ္ေဆာင္ရတဲ့ေနရာေတြမွာဆိုရင္ေတာ့ အသံုးဝင္ပါတယ္။ နီးနီးစပ္စပ္ကို ဥပမာေပးရရင္ ဖုန္းေတြမွာပါတဲ့ keyboard မွာဆိုရင္ စာရိုက္ဖို႔ ျမန္မာ အဂၤလိပ္ Character key ေတြပါမယ္ နံပါတ္ေတြရိုက္ဖို႔ numeric key ေတြပါမယ္ သေကၤတေတြအတြက္ symbol ေတြပါမယ္။ ဖုန္းထဲမွာရိုက္ႏိုင္တဲ့စကားလံုးေတြဟာ အကန္႔အသတ္နဲ႔ရွိတဲ့အတြက္ ဒီလိုအေျခအေနမ်ိဳးမွာ Thumb-sized keyboard ေတြကိုထည့္သြင္းအသံုးျပဳၾက ပါတယ္
6) Multifunctional
ဒီ Keyboard ကေတာ့ Standard Keyboard ကိုပဲ ေနာက္ထပ္ function ေတြထပ္တိုးထည့္ထားတဲ့ အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ screen ေတြ PC ေတြအမ်ားႀကီးနဲ႔တြဲသံုးေလ့ရွိတယ္။ ဒီ Keyboard အမ်ိဳးအစားေတြ မွာဆိုရင္ Keypad, အစီအစဥ္တက်ထည့္သြင္းထားတဲ့ Function key ေတြ, smart card reader, track ball, ခုေနာက္ပိုင္းမွာဆိုရင္ touch screen, alarm, audio control စသည့္ မ်ားစြာေသာ function ေတြပါဝင္လာ တာေတြ႔ရမွာ ျဖစ္ပါတယ္။ Multimedia ဌာနေတြ Main frame computer ေတြအတြက္အသံုးျပဳတဲ့ Keyboard အမ်ိဳးအစားတစ္ခုလည္းျဖစ္ပါတယ္။

No comments:

Post a Comment

မင်္ဂလာပါ..