menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

AMD CPU ဆိုတာ




CPU တွေကိုအဓိက ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Intel နဲ့ AMD က ခေတ်အဆက်ဆက် CPU တွေကိုပြိုင်ဆိုင်ထုတ်လုပ်ခဲ့ကြပေမယ့် ၂၀ ရာစုလောက်ကစပြီး Intel ရဲ့ CPU တွေဟာ ပိုမိုကောင်းမွန်လာတာနဲ့အတူ CPU Market ကို AMD ဆီကလုယူနိုင်ခဲ့ပါတယ်။ AMD အနေနဲ့ သူ့ရဲ့ CPU တွေဟာ Intel ကိုပြန်လည်ယှဉ်ပြိုင်နိုင်ဖို့အတွက် Ryzen ဆိုတဲ့ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းလည်း Intel ထက်သက်သာတဲ့ CPU ကိုမိတ်ဆက်ခဲ့ပါတယ်။ AMD CPU တွေမှာ CPU Series 3 မျိုးရှိပါတယ်၊ AMD A series/Athlon series/ Ryzen series တွေပါဘဲ.. AMD A Series CPU တွေက performance မဆိုးဘူးဆိုရင်တောင်၊ 2016/2017 တုန်းက ထုတ်တာ ဖြစ်တဲ့အတွက် Model အောက်လာပါပြီ။ AMD Laptop A series တွေက laptop က အသစ်ဖြစ်ရင်တောင် CPU က Model အောက်နေပြီမို့ မရွေးချယ်သင့်တော့ပါဘူး။ AMD Athlon 2020 series က Intel Celeron/Pentium နဲ့ ပြိုင် ဖို့ထုတ်ထားတာမလို့၊ Athlon တွေက Intel i3 series ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ Budget series အတွက်ထုတ်ထားတာမလို့ Athlon CPU laptop တွေက စျေးသက်သာဖို့က ပိုအရေးကြီးပါတယ်။ ဘယ်လိုဘဲ ဆိုဆို Intel celeron ထက်တော့ အများကြီးမြန်ပါတယ်။ AMD Ryzen series ကတေ့ AMD ကို CPU စျေးကွက်မှာ ပြန်ပြီး မျက်နှာရအောင်စွမ်းဆောင်ပေးထားတဲ့ ကောင်လေးပါ။ Ryzen ဆိုတာ AMD ကထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်ပြီး x64 နှင့် x86 Microprocessor တွေကို Desktop, Laptop, Mobile အတွက်အဓိကထုတ်လုပ်ပါတယ်။ Ryzen CPU ဟာ Zen and Zen+ microarchitectures ကိုအခြေခံဒီဇိုင်းပြုလုပ်ထားပြီး Entry Level CPU, Flapship Level CPU တွေကို ထုတ်လုပ်ပါတယ်။ Ryzen ရဲ့ Zen microarchitecture ကိုအသုံးပြုထားတဲ့ ပထမဆုံး Product ကို December 2017 မှာ တရားဝင်ကြေငြာခဲ့ပြီး February 2018 မှာထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Ryzen ရဲ့ Second Generation ဖြစ်တဲ့ Zen+ microarchitecture နှင့် 12nm process technology ကိုအသုံးပြုထားတဲ့ CPU ကို April 2018 မှာမိတ်ဆက်ခဲ့ပါတယ်။ Ryzen CPU တွေကို ဘယ်လိုသတ်မှတ်ထားလဲ ? Ryzen 3/5/7 ရှိပါတယ်။ Intel i3/i5/i7 နဲ့ယဥ် လို့ရပါတယ်။ သူလည်း 1st gen/2nd gen က 2017နဲ့ 2018 မှာထုတ်တာမလို့ မ‌‌ရွေးချယ်သင့်တော့ပါဘူး။ Ryzen series ကိုသုံးမယ်ဆိုရင် 3rd gen/4th gen ကတော့ အဆင်ပြေပါတယ်ခင်ဗျာ။ Ryzen ရဲ့ 4th gen series တွေက လက်ရှိမှာတော့ Intel ရဲ့ 10,11gen series တွေထက်ကိုပိုမြန်ပြီး၊စျေးလည်းသက်သာပါတယ်ခင်ဗျာ။ Ryzen CPU တွေကို Entry, Mainstream, Performance, High-end desktop(HEDT) ဆိုပြီး သတ်မှတ်ထားပါတယ်။ Entry မှာဆိုရင် Ryzen 3, Mainstream မှာဆိုရင် Ryzen 5, Performance မှာဆိုရင် Ryzen 7 နှင့် High-end desktop (HEDT) မှာဆိုရင် Ryzen Threadripper ဆိုပြီး Model လေးတွေခွဲခြားထားပါတယ်။ Ryzen CPU တွေကို ဘယ်လိုကြည့်ပြီးဝယ်ယူရမလဲ ? ***** RYZEN ဟာ Intel ကိုယှဉ်ပြိုင်ဖို့ CPU တွေကိုထုတ်လုပ်ရာမှာ Customer တွေအနေနဲ့ ဘယ်မော်ဒယ်က ဘယ်လိုမျိုးအတွက်အသုံးပြုလဲဆိုတာကို အလွယ်တကူသိနိုင်အောင်ပြုလုပ်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် Intel ရဲ့ i3 CPU ကဘယ်လို User တွေအတွက် သင့်တော်လဲဆိုတာကို တော်တော်များများသိကြမယ်ထင်ပါတယ်။ Ryzen အနေနဲ့လည်း Intel လိုမျိုး Model တွေကိုအလွယ်တကူသိနိုင်အောင် Ryzen 3, Ryzen 5, Ryzen 7, Ryzen Threadripper အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ Ryzen 3 ကတော့ Entry အမျိုးအစားဖြစ်ပြီး 4 Cores, 4 Threads, Base Clock 3.1 GHz မှ Max Clock 4GHz အထိထွက်ပါတယ်။ Ryzen 3 က စာစီစာရိုက်၊ ရုံးသုံး၊ အိမ်သုံး အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i3 CPU နဲ့ တူတူလောက်ဖြစ်ပြီး ဈေးနှုန်းပိုင်းမှာတော့ သက်သာပါတယ်။ Ryzen 5 က mainstream အမျိုးအစားဖြစ်ပြီး 6 Cores, 12 Threads, Base Clock 3.4GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen 5 က Gaming ပိုင်းနှင့် Design ပိုင်း အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i5 CPU နဲ့ တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်သက်သာပါတယ်။ Ryzen 7 က Performance အမျိုးအစားဖြစ်ပြီး 8 Cores, 16 Threads, Base Clock 3.7Ghz မှ Max Clock 4.3GHz အထိထွက်ပါတယ်။ Ryzen 7 က Graphic Design ပိုင်းနှင့် Gaming ပိုင်းကို Professtional ကျကျအသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU နဲ့တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်ပိုသက်သာပါတယ်။ Ryzen Threadripper ကတော့ High-end desktop (HEDT) ဖြစ်ပြီး 32 Cores, 64 Threads, Base Clock 3.1GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen Threadripper က High Performance User တွေအတွက် အထူးသင့်တော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU ထက်ပိုကောင်းပြီး ဈေးနှုန်းပိုင်းကလည်း သင့်တင့်ပါတယ်။ (အပေါ်မှာပြောပြခဲ့တဲ့ Cores, Threads နှင့် Clock Speed တွေက Model အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲမှုရှိနိုင်ပါတယ်။) ဒီလောက်ဆို AMD CPU တွေအကြောင်းကို နားလည်ပြီလို့မျော်လင့်ပါတယ်။ စုပေါင်းပေါင်းစပ်ပေါင်း - ZMC PDF file

No comments:

Post a Comment

မင်္ဂလာပါ..