menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Linux ဆိုတာ ဘာလဲ
Linux ဆိုတာ ဘာလဲ
Linux ဆိုတာ Laptop ​ပေါ်မှာသုံး​နေတဲ့ Windows and OSX လိုပါပဲ။Linux ကို Low Spec မှာ​တောင်​သုံးနိုင်​ပါတယ်​။ Linux ဟာ Opensource တစ်​ခုကြီးပါပဲ။လိုသလိုပြင်​ဆင်​လို့ရသလို စိတ်​ကြိုက်​​​ပြောင်​းလဲခွင်​့ရှိပါတယ်​။Linux မှာ သုံးရင်​ရလာမယ်​့အကျိုး​ကျေးဇူးက​တော့ Free ပါပဲ။OS ကလည်​း Free၊Software ကလည်​း Free ပါပဲ။Windows ကို ပိုက်​ဆံ​ပေးသုံးမယ်​့အစား Crackလုပ်​ပီးသုံးမယ်​့အစား Linux လို Opensource ပဲအသုံးပြု​တော့မှာ​ပေါ့။တချို့လူ​တွေအတွက်​က​တော့ Linux ကို​ကြောက်​ကြပါတယ်​။Linux က Command ​တွေနဲ့ရှုပ်​တယ်​ဘာရယ်​​ပေါ့။ဘယ်​သူမှအရင်​တည်​းကတတ်​လာကြတာလဲမဟုတ်​ပါဘူး။သုံးရင်​နဲ့သိလာကြတာ​ပါ။Windows ​တောင်​သုံးရင်​းနဲ့သိလာကြတာ​ပါ။Linux ကလည်​း​ကြောက်​စရာမဟုတ်​​တော့ပါဘူး။​နောက်​ပိုင်​း Linux OS ​တွေဟာ User-Friendly ​တွေအ​တော်​ဖြစ်​လာကြတာပါ။Laptop မှာ Install လုပ်​ Update ​လေးလုပ်​ပီးသုံးယုံပါပဲ။Command ​​ကြောက်​စရာမ​ကောင်​း​တော့ပဲ အသုံးပြုရင်​းနဲ့ပဲ Command ​တွေနဲ့တင်​​ပျော်​လာမှာပါ။Command အနည်​းငယ်​သိယုံနဲ့တင်​ရပါတယ်​။သိထားဖို့က ကိုယ်​့ OS ရဲ့ Package Manager ရဲ့ Command ကိုပါပဲ။Apt-get တို့၊ Pacman တို့၊ Yum တို့၊ eopkg တို့ တခြား OS ​တွေရဲ့ Package Manager ​တွေအများကြီးရှိပါတယ်​။ဒါက​တော့ကျ​နော်​သိထားတဲ့ Command​ လေး​တွေပါ။​နောက်​ပီးကျ​နော်​​ပြောပြချင်​တာက ကျ​နော်​အကြိုက်​ဆုံး Linux OS ​တွေပါပဲ၊ အဲ့ဒါ​တွေက​တော့
01. Linux Mint
02. Ubuntu
03. Debian
04. Manjaro
05. Antergos
06. Arch
01. Linux Mint
Mint က​တော့ Beginner ​တွေအတွက်​အသင်​့​တော်​ဆုံးပါပဲ။Beginners​တွေအတွက်​သာမက Programmer​တွေအတွက်​​ကောင်​းတဲ့Linux Distro တစ်​ခုပါပဲ။Software Centerလည်​းပါသည်​့အတွက်​ Software များကိုအလွယ်​တကူ Install နိုင်​မှာဖစ်​ပါတယ်​။Software Center မှာလည်​း သူ့ကဏ္ဍနဲ့သူခွဲထားသည်​့အတွက်​ ကိုယ်​လိုရာကိုရှာ​ဖွေရတာလွယ်​ကူပါတယ်​။Linux Mint ရဲ့ Package Manager က​တော့ APT (Advanced Package Tool) ပဲဖြစ်​ပါတယ်​။Mint မှာ​ရွေးချယ်​စရာ DE ​တွေလည်​းရှိပါတယ်​ Mint ရဲ့ Default DE က​တော့ CINNAMON ဖြစ်​ပါတယ်​။​နောက်​ထက်​ရနိုင်​မယ်​့ DE တွေက​တော့ Mate,Xfce,KDE တို့ပဲဖြစ်​ပါတယ်​။​နောက်​ပီး Mint အများစုက Ubuntu Based ဖစ်​ပီး​တော့ Debian Based ဆိုပြီး LMDE (Linux Mint Debian Edition) ဆိုပီးရှိပါ​သေးတယ်​။ Linux Mint ရဲ့ Life Time က​တော့ Ubuntu LTS ဆိုရင်​ 5 Years ပါပဲ။LMDE လည်​း 5 Years ပါပဲ။Linux Mint 17,17.1,17.2,17.3,18 ​​တွေကလည်​း LTS ဖစ်​လို့ 5 Yearsပါပဲ။​နောက်​ဆုံးထွက်​ထားတဲ့ 18.1 ကလည်း 18 ကို Update လုပ်​တဲ့အပြင်​ LTS (Long Term Support) ​လည်​းဖြစ်​ပါတယ်​။
Download
#Mint
https://www.linuxmint.com/download_all.php
03. Ubuntu
Ubuntu က​တော့ အားလုံးသိထားကြတဲ့အတိုင်​းပါပဲ Beginner ​တွေ​တော်​​တော်​များသုံးကြပါတယ်​။Linux ကိုစတင်​ထိ​တွေ့မယ်​ဆိုရင်​လည်​း Ubuntu ကမပါမဖြစ်​ပါပဲ။Ubuntu နဲ့အရင်​စတင်​ကြပြီး ​နောက်​မှ တခြား Linux Os ​တွေ​ပြောင်​းသွားကြတာပါ။တချို့က Ubuntu ကြိုက်​လို့ဆက်​သုံးကြပါတယ်​။Ubuntu က​တော့ Beginner ​တွေအတွက်​​ကော Developer ​တွေအတွက်​​ကော အသုံးဝင်​တဲ့ Linux Os တစ်​ခုပါပဲ။မြန်​မာပြည်​မှာ​တော့ Mint ထက်​ Ubuntu ကို အသုံးပြုများဆဲပါပဲ။Ubuntu က Support ​ကောင်​း​ကောင်​းရှိသလို Forum ​တွေကလဲ များလှဆို​တော့ Ubuntu ဟာလူသိများကြပါတယ်​။Ubuntu မှာလဲ နှစ်​မျိုးရှိပါတယ်​။Ubuntu နဲ့ Ubuntu LTS (Long Term Support) ဆိုပီးရှိပါတယ်​ Ubuntu Version တစ်​ခုက​တော့ 9 လ၊ 1 နှစ်​ ​လောက်​ Life Time ရှိပါတယ်​။Ubuntu LTS Version တစ်​ခုက​တော့ 5 နှစ်​ Life Time ရှိပါတယ်​။LTS ဆို​တော့ Version အသစ်​ထွက်​ရင်​ Reinstall စရာမလိုပဲ ကိုယ်​့ LTS Version ကိုပဲဆက်​သုံး​နေယုံပါပဲ။Ubuntu ​နောက်​ဆုံးထွက်​ထားတဲ့ LTS Versionက​တော့ 16.04.2 ပါ။Ubuntu မှာ​တော့ Desktop Environment များလဲ များလှပါတယ်​ Default DE က​တော့ Unity ဖြစ်​​တော့။တခြား Flavours ​တွေက​တော့ XFCE,KDE,GNOME,LXDE,MATE ဆိုပီးရှိပါတယ်​။XFCE ဆိုရင်​ Xubuntu,KDE ဆိုရင်​ Kubuntu,GNOME ဆိုရင်​ Ubuntu Gnome,LXDE ဆိုရင်​ Lubuntu,MATE ဆိုရင်​ Ubuntu Mate ဆိုပီး ထပ်​ကွဲထွက်သွားတာပါ။​Ubuntu ​နောက်​ DE တစ်​ခုကိုလဲမိတ်​ဆက်​လိုက်​​သေးပါတယ်​။ သူက​တော့ BUDGIE ပါ Ubuntu BUDGIE ဆိုပီး ထပ်​ထွက်​လာ​သေးပါတယ်​။BUDGIE ကျ​တော့ အ​တော်​လှတဲ့ DE တစ်​ခုပါ။BUDGIE ကို Solus Project က ဖန်​တီးခဲ့တာဖြစ်​ပီ GNOME ကိုအ​ခြေခံပီးဖန်​တီးထားတာဖြစ်​ပါတယ်​။Ubuntu မှာ ​နောက်​ထပ်​အမျိုးစားရှိပါတယ်​။Ubuntu Kylin,Ubuntu Studio,Mythbuntu တို့ပဲဖြစ်​ပါတယ်​။Ubuntu Kylin က​တော့ Chinese ​တွေအတွက်​ဖြစ်​ပီး​တော့ Ubuntu Studio ကျ​တော့ Video,Audio,Photo Editing​တွေက်​ဖြစ်​ပါတယ်​။​စိတ်​ကြိုက်​ DE ​တွေကို​ရွေးချယ်​နိုင်​ပါတယ်​။Ubuntu ရဲ့ Package Manager က​တော့ APT ပဲဖြစ်​ပါတယ်​။Mint လည်​းနဲ့အတူတူပါပဲ။Mint ကလည်​း Ubuntu Based မို့လို့ပါ။APT ကလည်​း လွယ်​ကူပါတယ်​။
Download ...
#Ubuntu
https://www.ubuntu.com/download/desktop
#Kubuntu
https://www.kubuntu.org/getkubuntu/
#Lubuntu
http://lubuntu.me/downloads/
#Ubuntu Budgie
https://ubuntubudgie.org/downloads
#Ubuntu Gnome
https://ubuntugnome.org/download/
#Ubuntu Kylin
http://www.ubuntukylin.com/downloads/show.php?lang=en&id=122
#Ubuntu Mate
https://ubuntu-mate.org/download/
#Ubuntu Studio
https://ubuntustudio.org/download/
#Xubuntu
https://xubuntu.org/getxubuntu/
03. Debian
Debian က​တော့ OS ​တွေရဲ့. ဖခင်​ကြီးလို့​တောင်​​ပြောလို့ရပါတယ်​။Linux OS အများစုဟာ Debian Based ​ဖြစ်​ကြတာမို့လို့ပါ။Debian က​တော့ Stable အဖြစ်​ဆုံး OS တစ်​ပါ။Debian မှာကြ​တော့ သုံးမျိုးရှိပါတယ်​ Stable,Testing,Unstableပါ။Stable အ​နေနဲ့ထွက်​ရ​ှိထားတာက​တော့ Debian 9 ပါ။Codename က​တော့ "Stretch" ပါ။Debian ရဲ့ Life Time က​တော့ 5 နှစ်​ပါပဲ။Debian ရဲ့ Package Manager ကလည်​း APT ပါပဲ။Debian က Stable ဖြစ်​သည်​့အတိုင်​း Bug ကလည်​းမရှိသ​လောက်​ပါပဲ။Debian ရဲ့ Default DE က​တော့ Gnome ပါ။တခြား DE ​တွေက​တော့ KDE,LXDE,CINNAMON,XFCE,MATE တို့ပဲဖြစ်​ပါတယ်​။ကိုယ်​ကြိုက်​တဲ့ DE ​တော့​ရွေးချယ်​လို့ရတာ​ပေါ့။
Download
#Debian
https://www.debian.org/CD/live/
04. Manjaro
05. Antergos
06. Arch
ဒီ​နေရာမှာ​တော့ ဒီသုံးခုလုံး​ပြောပြမှာပါ။ဘာလို့လဲဆို​တော့ ဒီ OS သုံးခုလုံးဟာအတူတူနီးပါးဖြစ်​​နေလို့ပါ။OS Name ပဲကွဲတယ်​​ပြောရ​လောက်​​အောင်​ပဲဖြစ်​ပါတယ်​။Manjaro and Antergos က​တော့ Arch Based OS တစ်​ခုဖြစ်​​ပီး​တော့ Linux စသုံးမယ်​့ Beginner ​တွေ​​တောင်​သုံးနိုင်​မယ်​့အထိ အဆင်​့မြင်​့ထားတာဖြစ်​ပါတယ်​။Arch Linux Based OS တစ်​ခုက Beginner အတွက်​​အောင်​လုပ်​ထားတာ ဟုတ်​ပါမလား။ဟုတ်​ပါတယ်​။ Manjaro and Antergos ကလုပ်​ခဲ့ပါတယ်​။Manjaro and Antergos မှာ Graphic Installer,Software Updater and Software Center လို့​ခေါ်နိုင်​တဲ့ Pamac,Terminal က​နေ Software ​တွေကိုရှာနိုင်​မယ်​့ Yaourt တို့ပါရှိပါတယ်​။Manjaro နဲ့ Antergos နဲ့ကအတူတူနီးပါး​လောက်​ပဲဖြစ်​ပါတယ်​။Manjaro and Antergos ရဲ့ Life Time က​တော့မရှိပါဘူး။ဘာလို့လဲဆို​တော့ Rolling Release မို့လို့ပါ။Rolling Release ဆိုတာက​တော့ တစ်​ပတ်​တစ်​ခါ တစ်​လတစ်​ခါ Update ​ပေးပါတယ်​။ထို Update ​တွေကိုပုံမှန်​​ဒေါင်​း​ပေးယုံပါပဲ။Manjaroမှာ Version ကို သုံးမျိုးထုတ်​ထားပါတယ်​။Current Releases,Community Releases,Development Releases ဆိုပီးရှိပါတယ်​။ Current Releases မှာ​တော့ Manjaro ရဲ့ Default DE ​တွေပါ။Community Releases ​မှာက တခြား DE ​​​မြောက်​များစွာရှိပါတယ်​။Development Releases က​တော့ Default DE ​တွေရဲ့ Unstable ​တွေပါပဲ။Bug ​တွေ​တော့များ​ပါတယ်​။Manjaro ရဲ့ Default DE ​တွေက​တော့ XFCE,KDE,GNOME တို့ဖြစ်​ပါတယ်​။Community Release မှာရှိတဲ့ DE ​တွေက​တော့ ​တော်​​တော်​များပါတယ်​။List က​တော့ ​
01. BUDGIE
02. DEEPIN
03. LXDE
04. i3
05. CINNAMON
06. MATE
07. Flubox
08. LXQT
09. JWM
10. BSPWM
​တော်​​တော်​များများရှိပါတယ်​။ဒါ​တွေက​တော့ Community Releases ​တွေမှာရနိုင်​မယ်​့ DE ​တွေပါ။Manjaro က​တော့ ​တော်​​တော်​​ကောင်​းပါမယ်​့ Support လည်​း​ကောင်​းပါတယ်​ Forumလည်​းမိုက်​ပါတယ်​။Error ​တွေမရှိသ​လောက်​ကိုရှိပါတယ်​။DE အစုံနီးပါး​လောက်​ကိုလုပ်​​ပေးထားပါတယ်​။စိတ်​​ကျေနပ်​စရာ ကောင်​းပါတယ်​။Antergos ရဲ့ Default DE က GNOME ပါ။​နောက်​ထပ်​ DE ​တွေရှိပါတယ်​ သူက​တော့ Install လုပ်​တဲ့အချိန်​ကျမှ ​ရွေးချယ်​ရတာပါ။အဲ့ဒါ​တွေက​တော့ CINNAMON,XFCE,MATE,KDE,OPENBOX တို့ပဲဖြစ်​ပါတယ်​။Antergos ကို Install ​လုပ်​ရင်​ Internet ချိတ်​ထားဖို့လိုအပ်​ပါတယ်​။လိုအပ်​မယ်​့ Package​လေး​တွေ​ဒေါင်​းဖို့နဲ့ Antergosရဲ့ Installer ( cnchi ) ကို Updateလုပ်​မို့နဲ့ ​Package ​ဒေါင်​းမို့ Sync လုပ်​မှာပါ။​Install လုပ်​တဲ့အခါ 1 gb ​လောက်​ ​Download ထပ်​ပြီးဆွဲတဲ့အတွက်​ Internet လိုပါတယ်​။Arch Linux က​တော့ Manjaro နဲ့ Antergos နဲ့ မူ​ကွဲပါတယ်​။Arch Linux ကျ​တော့ ကိုယ်​လုပ်​ရတာပါ။Graphic Install မဟုတ်​​တော့ပဲ cli (Command-line interface) နဲ့ Install ပြုလုပ်​ရမှာဖြစ်​ပါတယ်​။Arch Linux က​တော့ Beginner ​တွေအတွက်​​တော့ မဟုတ်​ပါဘူး။ဘာဖြစ်​လို့လဲဆို​တော့ Language ​တွေ package ​တွေ DE ​တွေ ကလည်​း ကိုယ်​တိုင်​ထည်​့သွင်​းရတာမို့လို့ပါ။Beginner တစ်​​ယောက်​အတွက်​ မဟုတ်​​ပေမယ်​့လဲ Install နည်​း​တွေ Tutorial Video​ ​တွေကြည့်ပီး​တော့ ရနိုင်​ပါတယ်​။Arch Linux ကလည်​း Rolling Release ပါပဲ။Rolling Release ဆိုတာ OS က​နေ ၁ပတ်​ တစ်​ခါ တစ်​လတစ်​ခါ​လောက်​ Update ထွက်​ပါတယ်​။Update ကိုပုံမှန်​လုပ်​​ပေးသွားမယ်​ဆိုရင်​ 5 Years လည်​းမကပါဘူး သုံးရပါတယ်​။ကိုယ်​နဲ့ကိုယ်​့ Versionကို​တော့​ရွေးချယ်​ဖို့လိုပါမယ်​။Update လုပ်​​ပေးတာက​ပို​မယ်​လို့ထင်​ပါတယ်​။Arch Linux ဟာ တခြား Linux OS ​တွေလိုမဟုတ်​ပါဘူး။ကိုယ်​့စိတ်​ကြိုက်​ပြင်​ဆင်​လို့ရပါတယ်​။Install လုပ်​တဲ့အခါလည်​း Step By Step ​တွေများ​ပေမယ်​့ တစ်ဆင်​့ချင်​းဆီကို Tuto​လေးကြည်​့၊Install Tuto Video​ ​တွေကြည်​့ပီးလုပ်​သွားမယ်​ဆိုရင်​ မခက်​​လောက်​ပါဘူး။သင်​ဟာ Linux Command ​တွေနဲ့ရင်​းနှီး​နေမယ်​ဆိုရင်​ Video ကိုတစ်​​ခေါက်​ကြည်​့တာနဲ့ရနိူင်​ပါတယ်။Arch Linux က​တော့ Pure Android လို ဘာမှမပါ​တော့ အသန်​့ရှင်​းဆုံးပါပဲအသန်​့ရှင်​းဆုံးဖြစ်​သည်​့အတွက်​ Install လုပ်​ပီးရင်​ ပြုလုပ်​ရတာ​တွေများပါတယ်​။Software ပြန်​လုပ်​ရတာ​တွေ၊Setting ကိုပြန်​ပြင်​ရတာ​တွေလည်​းရှိပါတယ်​။သင်​ဟာ Install လုပ်​မယ်​ဆိုရင်​ Internet လိုင်​း​ကောင်​း​ကောင်​း တစ်​ခု​တော့လိုပါမယ်​။Arch Linux ဟာ Ram နည်​းတဲ့စက်​​တွေ​တောင်​အသုံးပြုလို့ရပါတယ်​။Arch Linux ကို Install ပြုလုပ်​သည်​့အခါ Internet လိုပါတယ်​။အနည်​းဆုံး 1.5 GB ​လောက်​ကုန်​ပါတယ်​။Arch Linux မှာ​တော့ ကိုယ်​ကြိုက်​တဲ့ DE ကို Default အ​နေနဲ့ထည်​့သွင်​းနိုင်​ပါတယ်​။Arch Linux မှာရနိုင်​မယ်​့ DE ​တွေက​တော့ လူအသုံးများကြတဲ့ DE ​တွေရနိုင်​ပါမယ်။KDE,GNOME,CINNAMON,XFCE,MATE,BUDGIE,DEEPIN ​တွေကိုလဲ ရနိုင်​ပါတယ်​။တခြား DE ​တွေကိုလည်​း Default အ​နေနဲ့ထည်​့သွင်​းအသုံးပြုနိုင်​ပါတယ်​။ဒီ​နေရာမှာကိုယ်​ဘယ်​ DE ကိုသုံးမှာလဲ၊ကိုယ်​စက်​နဲ့ ကိုက်​ညီမယ်​့ DE ကို ​သေချာ​ရွေးချယ်​ရမှာဖြစ်​ပါတယ်​။
ZAWGYI
Linux ဆိုတာ ဘာလဲ
01. Linux Mint
02. Ubuntu
03. Debian
04. Manjaro
05. Antergos
06. Arch
01. Linux Mint
Download
#Mint
03. Ubuntu
Download ...
#Ubuntu
#Kubuntu
#Lubuntu
#Ubuntu Budgie
#Ubuntu Gnome
#Ubuntu Kylin
#Ubuntu Mate
#Ubuntu Studio
#Xubuntu
03. Debian
Download
#Debian
04. Manjaro
05. Antergos
06. Arch
01. BUDGIE
02. DEEPIN
03. LXDE
04. i3
05. CINNAMON
06. MATE
07. Flubox
08. LXQT
09. JWM
10. BSPWM
Download
#Manjaro
01. Current Releases
https://manjaro.org/get-manjaro/
02. Community Releases
https://sourceforge.net/proje…/manjarolinux-community/files/
#Antergos
https://antergos.com/blog/category/iso-releases/
#Arch Linux
https://www.archlinux.org/download/
No comments:
Post a Comment
မင်္ဂလာပါ..