menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Graphic Card ကို Overclock လုပ်နည်း
Graphic Card ကို Overclock လုပ်နည်း
******************
Overclocking - သင့်ရဲ့ Hardware တွေကို High speed Run ခိုင်းခြင်းဖြစ် သင့်ရဲ့ Gaming Performance ကို မြှင့်တင်နိုင်ပါတယ်။သင့်ရဲ့ GPU ကို Overclock လုပ်ခြင်းဖြင့် သင့်အိတ်ကပ်ထဲမှ တစ်ပြားတစ်ချပ် မှ မကုန်စေပဲ Game တွေကို မြန်ဆန် ချော်မွေ့စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ကယ် Graphic Card ကို ဘယ်လို Overclock လုပ်လည်းကြည့် ရအောင်။
ဒီမှာ ကြည့် Overclock လုပ်တယ်ဆိုတာ ပြောတာ လွယ်သလောက် စိတ်ရှည်ရှည် ထားပြီး လုပ်မှ ကိုလိုချင်သလို ရမှာဖြစ်တယ်။Overclock လုပ်တဲ့ အခါမှာ နည်းနည်း အန္တရာယ် ရှိပေမယ့် အခု ကျွန်တော်တို့ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်သွားမယ် ဆိုရင် ဘာမှာ မဖြစ်နိုင်ပါဘူး။
ဒီ Post ကို ရေးတာလဲ ရမ်းသမ်း ပြီး ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် စက်သုံးလုံးမှာ သေသေချာချာ စမ်းသပ် စစ်ဆေးပြီးမှ ဒီ Post ကို ရေးထားတာ ဖြစ်ပါတယ်။
Overclock လုပ်ပြီးရင် ဘယ်လောက်ထိ Gaming ကို Improve လုပ်ပေးမလဲ ?
ဒီ မေးခွန်း ကို လူတော်တော် များများ မေးကြတယ်။ဒါ ဆိုရင် နားထောင် ကျွန်တော် အစက Battlefield 3 ထွက် လာတော့ ကျွန်တော် အခွေကို ဝယ်ပြီး စက်မှာတင်ပြီး ကစားကြည့်တော့
Graphic နဲ့ Performance ပိုင်းမှာ တော်တော်လေး ကျ နေတယ် ဆိုတာတွေ့ရတယ် ဒါနဲ့ ကျွန်တော်လည်း Graphic Card ကို လဲရင် ကောင်း မ လား Overclock လုပ်ကြည့်ရင် ကောင်းမလား
စဉ်းစားတယ်။ Overclock အရင် လုပ်ကြည့်မယ် Overclock လုပ်ကြည့်လို့ မှ မရရင် Video Card ကို Upgrade လုပ်လိုက်မယ် ဆိုပြီး Overclock လုပ်ကြည့်တော့ Battlefield 3 ကောင်းကောင်းမွန်
မွန် ကစားလို့ ရသွားပါတယ်။အဲ့ ဒါကြောင့် သင့်ရဲ့ Graphic Card က နိမ့် နေပြီ ဆိုပြီး  စိတ်မညစ်ပါနဲ့။ပထမဦး ဆုံး Overclock လုပ်ကြည့်ပါ ပြီးမှ လဲစရာ ရှိလဲပါ။
Overclock လုပ်ဖို့ ဘာတွေလိုမလဲ ?
တော်ရုံ တန်ရုံ Game ကစားလို့ ရတယ့် ( Gaming Pc ဆိုပိုတောင် ကောင်းသေးတယ်) Windows OS တင်ထားတဲ့ Computer တစ်လုံး ရှိကို ရှိရမယ်။
Nividia (သို့) AMD Graphic Card  Graphic တစ်ခုနဲ့တစ်ခု မတူတာ ကြောင့် ကျွန်တော်တို့ အခု ပြောပြမယ့် နည်းနဲ့ တူချင်မှ လည်းတူမယ်။ဒါပေမယ့် သဘောတရား
တော့ လုံးဝတူတယ်နော်။
နောက်တစ် MSI ကနေထုတ်ထားတဲ့ Graphic Overclocking Tool MSI ကနေ ထုတ်ထားပေမယ့် ဘယ် GRaphic Card မဆို OverClock လုပ်လို့ရပါတယ်။နောက်ပြီး ပညာရှင်တွေ အများဆုံးသုံးတာလဲ
MSI afterbuner ကိုသုံးကြပါတယ်။ဒါ ကြောင့် ကျွန်တော်တို့ MSI afterbuner ကို သုံးမယ်။
နောက်တစ်ခု က Heaven လို့ ခေါ်တဲ့ သင့် Graphic ကို Benchmarking (စံသတ်မှတ်ပေး) မယ့် Tool ဖြစ်ပါတယ်။ Benchmark လုပ်တဲ့  Tools တွေအများကြီး ရှိပေမယ့် Heaven ကို လူသုံးများကြပါတယ်။
နောက်ဆုံး တစ်ခု က လူတိုင်းသိပါတယ် GPU-Z ဒါလေးလဲ မရှိမဖြစ်ပါပဲ။
ကျွန်တော် အပေါ်မှာ လည်း ပြောခဲ့ ပြီးပြီ Overclock လုပ်မယ် ဆိုရင် နည်းနည်း တော့်စိတ်ရှည်ရလိမ့်မယ့်။
Step Two: Benchmark Your Card
ဒုတိယ အဆင့် အနေနဲ့ Benchmark လုပ်ရမယ်။စံ သတ်မှတ်ရမယ်ပေါ့။
ကဲ သင် Download လုပ်ထားတဲ့ MSI Afterbuner ကို ဖွင့် ပြီးရင် ဘာမှလုပ်နဲ့ အုံး လက်ရှိနေတဲ့ Speed တွေကို မှတ်ထား။
ကိုင်း Overlclocking ရအောင်။
1. Heaven ကို ဖွင့်။ပြီးရင် သူ့ Initial setting Menu ကို တွေ့လိမ့်မယ်။
2. ပေးထားတဲ့ Setting တွေကို ချန်ကြည့် ကလိကြည့်။ ကျွန်တော်တို့ ကတော့ Quality, Tesselation, and Anti-Aliasing တွေကို maximum value ထိထားတယ်။ နေအုံး ကျွန်တော်တို့ ထားထား တဲ့ အတိုင်း လိုက်မထားနဲ့ ကျွန်တော်တို့ Card က အလယ်အလတ် အစား တစ်ကယ်လို့ သင် Overclock လုပ်မယ့် Graphic Card က နိမ့်တယ်ဆိုရင် Over တွေဖြစ်ကုန် မယ်။ ကိုယ့်ပါ ကိုယ် ချိန်စ ပြီး တင်ထား။ Resolution က System ဖြစ်နေရမယ်နော်။
3. Run ဆိုတဲ့ Button လေးကို Click လိုက်။ပြီးရင် Heaven က Design  တစ်ခုတတ်လာ လိမ့်မယ်။အဲ့ဒီ Design က သင့် Graphic Card ကို သူ့ Limit ထိရောက် တွန်းပေးလိမ့်မယ်။Slow ဖြစ်သွားရင် ဘာမှ မပူနဲ့ ကျွန်တော်တို့ လိုချင်တာ အဲ့ဒါပဲ။
4. ပြီးရင် အပေါ် ဘယ်ဘက် ထောင့်မှာ ရှိတယ့် Benchmark ဆိုတဲ့ Button ကိုနှိပ်ပေးပါ။အဲ့လို လုပ်လိုက်ရင် Sence 26 ခုပေါ်လာ ပါလိမ့်မယ်။ သင့် Video Card ရဲ့ Performance ကို တိုင်းတာ ဖြစ်ပါတယ်။
5.  Benchmark လုပ်လို့ ပြီးသွားတဲ့ အခါမှာ သင့် Graphic Card ရဲ့ ရမှတ် ကို Windows တစ်ခုနဲ့ ပေါ်လာလိမ့်မယ်။အဲ့ဒီ့ ရမှတ်ကို ချရေးထား။
ကဲ သင် Benchmark လုပ်ငန်းစဉ် တစ်ခုလုံး ပြီးသွားရင် သင့် Card က Stock Setting မှာ  Stable ဖြစ်သွားပါပြီ။
Step Three: Raise Your Clock Speeds
ကဲ စိတ်ရှည်ရှည် နဲ့ ဒီ အဆင့်ထိတောင် လုပ်ပြီးသွားပြီ ပဲ နောက်ထက် နည်းနည်း စိတ်ရှည်ရှည်ထားလိုက်အုံး။
နောက်ဆုံး တော့ Overclocking ကို လုပ်တော့မယ်။MSI Afterbuner ကို ဖွင့်ပေးပါ။ပြီးရင် Core Clock ကို 10 Mhz လောက် မြှင့်ပေး။ နေအုံး ပုံမှာ ပြထားတဲ့ Core Clock နဲ့ Sharder Clock နှစ်ခုလုံး Link ဖြစ်နေရမယ်နော်။ပြီးရင် Apply လုပ်လိုက်။လုပ်ပြီးသွား ရင် GPU-Z ကို ဖွင့်ကြည့်။သင် လုပ်ထားတဲ့ အတိုင်း GPU-Z မှာ တတ်တယ် မှတ်လား။ နောက်တစ်ခု - သင် MSI Afterbuner မှာ လုပ်ထားတဲ့ Setting တွေကို Profile တွေခွဲ ပြီး Save လုပ်ထားလို့ရတယ်နော်။
ပြီးရင် Heaven ကို နောက် တစ်ခေါက် ထပ်ဖွင့် ။Benchmark Button ကို နှိပ်။ Benchmark လုပ်နေတဲ့ အချိန်မှာ ဘာ Problem မှ ထက် မတတ်လာ ဘူးဆိုရင် သင် Overclock လုပ်တာ Stable ဖြစ်နေပြီ။ Stable ဖြစ်နေတယ် ဆိုတော့ ဘာဆက် လုပ်ရမလဲ? Core Clock ကို နောက်ထက် 10MHz ထက်တိုး ပေါ့။
အဲ့ဒီ လို Core Clock တွေကို ထက်တိုးရင် ထက်တိုးရင် နဲ့ - Heaven က Black Screen ဖြစ်သွားတာ ၊ Stop Working ၊
Graphic Driver Crash Screen မှာ အရောင် လေးတွေနဲ့ အစက်ပြောက် တွေဖြစ်လာတာ အဲ့ဒီ လိုတွေ တစ်ခု မဟုတ်
တစ်ခုဖြစ်လာရင် သင် Overclock လုပ်တာ Unstable ဖြစ်နေပြီ ဖြစ်တယ်။ဒါဆိုရင် သင့်မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။
ပထမ တစ်ချက် နောက်ဆုံး Stable ဖြစ်ခဲ့ တဲ့ Core Clock ကို ပြန်သွားပါ။ဒုတိယ တစ်ချက်က Step Four ကိုမှာ ဖတ်ပါ။(ဒါမှ မဟုတ် Volt ကို မြှင့် ပေးရမယ်။)
Step Three Point Five: Raise Your Voltage
ခေါင်းစဉ်မှာ မြင်တဲ့ အတိုင်းပဲ Voltage တွေမြှင့် ရမယ်။ နည်းနည်း သတိပေးချင်တယ် - Core Clock တွေမြှင့်သွားတိုင်း မြှင့်သွားတိုင်း တစ်ချို့ Point တွေမှာ Volt တွေကို မြှင့် ဖို့ လိုလာလိမ့်မယ်။နောက်တစ်ခုက - ယခု လက်ရှိနေတဲ့ Default Volt ထက် မြှင့် မယ်ဆိုရင် သင့် Graphic Card ရဲ့ သတ်တမ်းကို ကျဆင်း စေလိမ့်မယ်။ပိုပြီး ဆိုးတာက Volt တွေကို တအား ထိုးတင် လိုက်ရင် လည်း Problem တွေဖြစ်နိုင်တယ်။သေချာ စဉ်းစားလိုက်အုံး ဆက်လုပ်မယ်ဆိုရင် အောက်ကို ကြည့်တော့။
သူ့ Default အနေနဲ့ ဆိုရင် MSI Afterbuner က သင့် Card ရဲ့ Volt ကို  မြှင့်လို့မရအောင် Lock လုပ်ထားပါတယ်။Volt တွေကို မြှင့်ဖို့ ဆိုရင် MSI Afterbuner ရဲ့ Setting ကိုသွားပါ ပြီးရင် General Tab အောက်က "Unlock Voltage Control"
ဆိုတဲ့ Box မှာ အမှန်ခြစ် လုပ်ပေးလိုက်ပါ။ကဲ Volt တွေကို မြှင့်လို့ ရသွားပြီ။
Core Voltage မှာ 10 mv လောက်မြှင့်ပါ ပြီးရင် Apply လုပ်ပါ။Afterbuner က သင် မြှင့်လိုက်တဲ့ တန်ဖိုး ကို ဖြေးဖြေးလေး
အနီးစပ် ဆုံး ပြောင်းလိုက်ပါလိမ့်မယ်။လုပ်နေကြ အတိုင်းပဲ Heaven ကို ပြန်ဖွင့် Benchmark ကို Run ဘာပြသာနာ မှ မတွေ့ဘူးဆိုရင် Stable ဖြစ်တယ်။Stable ဖြစ်နေတော့ ထက်တိုးပေါ့။
ထပ်ခါ တလဲလဲ လုပ်နေပါ။Heaven ကို Run လုပ် Core Clock ကို တိုးလိုက်။ပြသာနာ တစ်ခုခု တွေ့ပြီ ဆိုရင် Voltage ကို တိုးလိုက်။အဲ့ဒီလို ထပ်ခါထပ်ခါ လုပ်နေရင်း temperature အပူချိန်ကို လည်းကြည့်ထားအုံး။သင် Voltage မြှင့်လေ temperature ကတိုးလေပဲ။အခု နောက်ပိုင်းထွက်တဲ့ Card တွေက တော့ temperature 90 ထိ Safe ဖြစ်ပါတယ်။
Afterbuner မှာတော့ Afterburner's fan control ဆိုတဲ့ Option ပါတယ် သူက 90 မကျော်အောင် တော့ထိန်းထားပေးတယ်။ တစ်ကယ်လို့ Fan Speed ကို သင့်စိတ်ကြိုက်ထား ချင်တယ်ဆိုရင် Afterbuner ရဲ့ Setting ရဲ့ Fan Tab အောက်မှာ ပြောင်းလဲ နိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ၈၀ လောက်ထားတယ်။
ထပ်ခါတလဲလဲ လုပ်နေရင် နောက်ဆုံး တော့ Overclock မလုပ်နိုင်တယ့် အဆင့်ထိ ရောက်လာလိမ့်မယ်။Overclock ဘာလို့ မလုပ်နိုင်ရလည်း ဆိုရင် အောက်မှာ ပေးထားတဲ့ အကြောင်းပြချက် သုံးခု ကြောင့်ဖြစ်နိုင်တယ်။
ပထမ တစ်ချက် သင့် Card က အပူချိန်များလာ ပြီ ဒီထက် အေးအောင်မလုပ်ပေးနိုင်တော့်လို့။
ဒုတိယ အချက် သူခံနိုင်စွမ်း ရှိတဲ့ Voltage ရှင်းပြောရမယ် ဆိုရင် maximum safe voltage ကို ရောက်နေတာကြောင့်။
နောက်ဆုံး အချက် က Core Clock ကလည်း များလာပြီ Stable မဖြစ်တော့ဘူး သင့်ပါသင် Voltage ကို ဘယ်လောက် မြှင့်ထားမြှင့်ထား Stable မဖြစ်တော့ဘူး။
ဒါမျိုးတွေဖြစ် လာရင် သင့် Card က ဒီထက် ပိုပြီး Overclock မလုပ်နိုင်တော့ဘူး။ ဒါမှမဟုတ် Overclock ကို လုပ်လို့ကို မရဘူး။Graphic Card တိုင်း Over clock လုပ်လို့ ရတယ် လို့လည်း ကျွန်တော် အာမ မခံရဲဘူး။
ကဲ နောက်ဆုံး Stable Core Clock Speed ကို ရောက်ပြီ ဆိုရင် အပေါ်မှာ လုပ်ခဲ့ အတိုင်း Memory Clock ကို လုပ်ကြည့်ပါ။ကျွန်တော်ကတော့ Memory Clock ကို မလုပ်စေချင် ဘူး ဘာဖြစ်လို့ လဲ ဆိုရင် Memory Clock က Core Clock လို Performance တွေကို သိသိသာသာ မမြှင့် ပေးနိုင်ဘူး။မြှင့်လည်း အပိုပဲ Computer က Process တွေ Hang သွားတာတို့ ဘာတို့ တောင်ဖြစ်နိုင်တယ်။ထားပါတော့ မြှင့်ချင်တယ်ဆိုရင် လဲ နည်းနည်းပေါ့။
Step Four: Stress Test Your Card
နောက်ဆုံး သင်ဟာ အမြှင့် ဆုံး Overclock ကို ရောက်ပြီဆိုရင် Stress testing လုပ်ရတော့မယ်။Heaven ကို ပြန်ဖွင့် ပြီးရင် Run Button ကို နှိပ် နာရီ အနည်းငယ် လောက်ဒီအတိုင်း လွတ်ထားလိုက်ပါ။( 4 နာရီ 5 နာရီ လောက် ထားနိုင်တယ်ဆိုရင် ပိုကောင်းတာပေါ့။ အဲ့ဒီ လိုထားထား လို့ ဘာပြသာနာ မှ မတွေ့ရဘူး ဆိုရင် သင် OverClock လုပ်တာ Stable ဖြစ်သွားပါပြီ။
ပြီးရင် Benchmark လုပ်ကြည့် လုပ်လို့ ရတဲ့ အမှတ်နဲ့ မလုပ်ခင်က ရတဲ့ အမှတ်ကို ယှဉ်ကြည့်လိုက်ပါ။ဘယ်လောက် ကွာသွား ဆိုတာ တွေ့ပါလိမ့်မယ်။
Step Five: Game On
ကယ် သင် Play ချင်တဲ့ Game တွေကို စိတ်ကြိုက် Play လို့ရပါပြီ။ Battlefield 3, Skyrim, or Crysis 3 တို့လို Graphic တောင်းတဲ့ Game တွေကို ကစားကြည့်ပါ။ Overclock လုပ်ခြင်း လုပ်ငန်းစဉ် ဒီမှာတင် အဆုံးသတ် သွားပါပြီ။ လိုအပ်တဲ့ အကူအညီ အခက်အခဲ တွေကို Comment မှာ ရေးပေးနိုင်ပါတယ်။
အားလုံး အဆင်ပြေ ကြပါစေ။
Blogger A.K.M
***************************************************************************
ZAWGYI View..
တော့ လုံးဝတူတယ်နော်။