မိုးရာသီရောက်လာလို့ Canon image runner သုံးနေတဲ့အမျိုးတွေ မိတ္တူ ကူးလိုက်ရင်ပုံထွက်မှိန်တဲ့ပြသနာတွေ့ကြုံတွေ့နေရလို့ ဒီဆောင်းပါးလေးရေးပေးပါတယ်
ဒီစာဖတ်လို့ အမျိုး ၁၀ယောက် ရဲ့စက် ၁လုံးကောင်းသွားရင် ရေးရကျိုးနပ်ပါပြီ ခုတလောစက်တေကရောက်၊ မနားတမ်းစက်တေပြင်နေရလို့အကြံပေးဝေမျှမှုနည်းနေတာ တောင်းပန်ပါတယ်
မိုးတွင်းအခါဖြစ်လို့ စက္ကူ တွေရေငွေ့ရိုက်၊ အစိုပြန် Moisture ဖြစ်ကာစက္ကူတွေညပ်ပါတယ်
မိုးလေးအေးလာရင် အစိုပျံတာသဘာဝပါ စက္ကူ တွေကိုအပြင်မှာမထားပါနဲ့ ပက်ကင်ထဲကလိုသလောက်ထုတ်ရိုက်ပါ
အထပ်လိုက်စက္ကူအိပ်ထဲပုံမပျက် ပြန်ထည့်ထားပါ
လေတိုက်ထဲထားတဲ့စက္ကူ ရေငွေ့ရိုက်ပီးကိုင်ရတာကအစ ပျော့ဖတ်နေပါတယ် ၊ စက်ထဲ ဗန်းထဲထည့်ထားတဲ့စက္ကူ မိုးအေးရင် မနက်မိတ္တူကူးတဲ့အခါ ညပ်ပါတယ်
လေလုံတဲ့ဗီရိုထဲ ဒါမှမဟုတ်စက္ကူအိပ်ထဲ ပြန်ထည့်ထားပါ
လိုသလောက်ထုတ်ကူးပါ စက္ကူ အကြောတောင့်လေ စက်ထဲက ဖြောင့်ဖြောင့်တန်းတန်းသွားလေပါဘဲ
ပုံထွက်မှိန်ရတဲ့အကြောင်းစဉ်းစားကြည့်ကြရအောင်ပါ ကျွန်တော်အမျိုးတွေနွေရာသီတခုလုံးတောက်လျောက်စက်ကိုခိုင်းပါတယ် တစ်နွေလုံးကဝင်ထားသမျှဖုန်တွေ စက်ရဲ့နေရာမျိုးစုံကိုဝင်နေပါတယ် ၊ဆေးမှုန့်တေကျနေပါတယ်
ဆေးမှုန့်၊ဖုန်တွေဟာ ဆားကစ်တွေပေါ်မှာရှိနေပါတယ် ရာသီဥတုပူတဲ့အချိန်မသိသာပေမဲ့ မိုးတွေရွာ လေတွေတိုက် ရေငွေ့တွေစက်ထဲဝင်ချိန် ဖုန်တွေနဲ့လုံးထွေးရေငွေ့ကိုစုပ်ထားသလိုဖြစ်ပြီး ရှော့တေဖြစ် ဆားကစ်တွေဗို့ထွက်မမှန်ပါဘူး
စိုစွတ်တဲ့ရာသီရောက်လာချိန်မှာ အားနည်းလာပြီဖြစ်တဲ့ Drumအသစ်လဲဘို့လိုပါတယ်စက်တွေမှာပုံထွက်ကောင်းဘို့ အဓိက ၃ချက်ရှိပါတယ်
ကျန်တာတေနောက်တဆင့်စဉ်းစားရပါမယ်
1. Drum
2. Developer Unit ဆေးကန်
3. Laser unit လေဆာယူနစ်
Drum တစ်လုံး ပုံပေါ်နိုင်တဲ့ ဆေးသားဟာ ပါးပါးလေးပါ တချိန်လုံး စက္ကူနဲ့ပွတ်နေလို့ရိုက်ချက်များလာလေ ပါးလာလေ ကျလာလေပါဘဲ
Developer unit ( ဆေးကန်)ကြောင့်လည်းဖြစ်ပါတယ် သုံးထားတဲ့ဆေးအမျိုးအစားဈေးသက်သာတာတေထည့်ထားရင် လည်းပုံထွက်ကောင်းမရနိုင်ပါဘူး
ဆေးကန်သံလိုက်အားကောင်းရမယ် အစင်း၊ ပွန်းရာ ၊ အပေါ်ဆေးသားမဲနက်နေရပါမယ်
သံလိုက်ချောင်းထိုင်ထားတဲ့ ball ၊ Spacer ( စပေစာ) ဘော ၂ လုံးကြပ်နေလို့မရပါဘူး သူ့အပေါ်က Doctor blade ( ဆေးထွက်ညီညာစေတဲ့ ဘလိတ်)ကောင်းရပါမယ်
နောက်ဆုံး လေဆာယုနစ်ဖြုတ်စစ်ရပါမယ်
Drum မျက်နှာပြင်ကိုဖြန့်ဝေမဲ့ Mirror ဟာ ရေငွေ့ရိုက်ပီးမှိုင်းသွားရင် ပုံထွက်ဖြူပါတယ် နားမလည်ပဲ လေဘော်လုံးနဲ့ဆေးတေမှုတ်၊ လေမှုတ်စက်နဲ့စက်ထဲမှုတ်ကြလို့ ဆေးတေပြန့်သွားပြီး ပုံထွက်ဖြူပါတယ်
အထဲကလေဆာရောင်ခြည်ဖြန့်ဝေမဲ့ BD mirror ( ၆ထာင့်)လည်းသန့်ရှင်းမှပုံထွက် နက်မှာဖြစ်ပါတယ်
ဟိုအရင် NP အုပ်စု
Analog machine ခေတ်က မှန်တေမှာ ဖုန်၊ဆေးပေရင် ပုံထွက်မဲပါတယ် Laser digital စက်တွေမှာ ဆေး၊ ဖုန်ဝင်ရင်ပုံထွက်ဖြူပါတယ် လို့အသိပေးချင်ပါတယ်
ပုံထွက်ဖြူနေလို့စိတ်ညစ်နေတဲ့ စက်ပိုင်ရှင်အမျိုးများ
Drum အသစ်လဲကြည့်ပါ
ဆေးကန်ဖြုတ်ဆေး ဆေးအသစ်ထည့်ပါ
လေဆာယူနစ်သန့်ရှင်းရေးလုပ်ပါ
မိုးသံလေသံပေးလာပြီဖြစ်လို့
စက်ပြင်ညီကိုများနဲ့တိုင်ပင်ပြီး စက်ကိုတစ်စစီဖြုတ် Overhaul ဆေးပါလို့ အကြံပေးဝေမျှလိုက်ပါတယ်
ရဲမြင့်ဇော် ပြည်..
1. Drum
3. Laser unit လေဆာယူနစ်
ဟိုအရင် NP အုပ်စု
Drum အသစ်လဲကြည့်ပါ
ရဲမြင့်ဇော် ပြည်..
No comments:
Post a Comment
မင်္ဂလာပါ..