ဒီနေ့ ကျွန်တော် ပြောပြချင်တာက google blogspot ရဲ့ အားသာချက်တွေဖြစ်ပါတယ်။
မူရင်းပိုစ့်ပိုင်ရှင်ကိုလည်း Credit ပေးပါတယ်..
Blogger ရဲ့ အားသာချက်တွေက –
– Google hosting မှာ run ခွင့်ရတဲ့အတွက် အမြန်နှုန်း စိတ်မပူရခြင်း
– SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း
– Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website လူဝင်များအောင် ပြုလုပ်နိုင်ခြင်း
– ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။
– Video တင်တဲ့အခါမှာ youtube နဲ့ ချိတ်ဆက်ထားတာကြောင့် youtube မှ ကြည့်မယ့်သူများအတွက်လည်း အဆင်ပြေခြင်း
– Interface ကောင်းမွန်ခြင်း
– adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
– Widgets များကောင်းမွန်ခြင်း။
ဒါတွေအားလုံးကို အသေးစိတ် ပြန်ရှင်းပါမယ်။
Google ရဲ့ hosting မှာ website run ခွင့်ရတဲ့အတွက် website အမြန်နှုန်း စိတ်မပူရခြင်း။
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဟိုးအရင်ကနဲ့ ယှဉ်ရင်တော့ အင်တာနက် အမြန်နှုန်း မြင့်လာပါပြီ။ ဒါတောင်မှ တစ်ခြား နိုင်ငံတော်တော်များများနဲ့ ယှဉ်ရင် အများကြီး နှေးနေပါသေးတယ်။ မြန်မာနိုင်ငံလိုပဲ အင်တာနက် အမြန်နှုန်းနှေးတဲ့ နိုင်ငံတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ website ရဲ့ အမြန်နှုန်း မြန်ဆန်နေဖို့ အလေးထားဆောင်ရွက်ရပါတယ်။ ဟိုတစ်လောက ကျွန်တော့်ကို comment မှာ website အမြန်နှုန်း မြန်အောင် ဘယ်လိုလုပ်ရမလဲလို့ မေးထားတာ ရှိဖူးပါတယ်။ ခင်ဗျားအနေနဲ့ website လောကထဲကို အခုမှ စဝင်မှာဆိုရင်တော့ blogger ကိုသာ သုံးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ website အမြန်နှုန်း မြန်ဖို့အတွက် hosting, coding နဲ့ website မှာ အသုံးပြုတဲ့ ပုံတွေရဲ့ အရွယ်အစား စတာတွေနိုင် သက်ဆိုင်ပါတယ်။ ဒါတွေအားလုံးကို blogger မှာ ကိုယ်တိုင် ဘာမှလုပ်စရာ မလိုပဲနဲ့ အဆင်သင့် ပြုလုပ်ထားပြီးသားပါ။ Hosting အတွက် google ရဲ့ hosting က မြန်ပြီးသားပါ။ coding အရလည်း standard မီပြီးတော့ website မြန်ဆန်အောင် ရေးထားတဲ့ အလွယ်တကူ ယူသုံးလို့ရတဲ့ blogger template တွေ အများကြီးပါ။ အသုံးပြုတဲ့ ပုံတွေရဲ့ အရွယ်အစားအတွက်ကျတော့လည်း user တစ်ယောက်အနေနဲ့ ပုံတင်လိုက်တာနဲ့ အဲဒီပုံရဲ့ အရွယ်အစားနဲ့ နောက်တစ်ခုက အလေးချိန်လို့ပဲ သုံးပါရစေ၊ အဲဒီ အရွယ်အစားနဲ့ အလေးချိန်ကို အလိုလျောက် လျှော့ချပေးတဲ့အတွက်ကြောင့် မိမိ website အမြန်နှုန်း နှေးမှာ စိတ်မပူရပါဘူး။ ဒါတွေ ဒါတွေ အပြင် website တစ်ခုမြန်အောင် ပြုလုပ်ရမယ့် အရာအားလုံးကို ပြုလုပ်ထားပေးပါတယ်။ ဒါကြောင့် blogspot website တွေကို အမြန်နှုန်း စစ်လိုက်ရင် အမြဲတမ်းနီးပါး Grade A သို့မဟုတ် Grade B ရပါတယ်။
SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း
Google webmaster tool ဆိုတာ SEO သမားတွေ မိမိ website အတွက် အသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ သာမာန် website တစ်ခုကို run တဲ့ သူတစ်ယောက်အဖို့ မိမိ website ကို webmaster tool နဲ့ မိမိဘာသာ ချိတ်ဆက်ရပါတယ်။ Blogger အသုံးပြုတဲ့ သူတစ်ယောက်အတွက်တော့ တကူးတက ချိတ်ဆက်နေဖို့ မလိုပဲ၊ blog ပြုလုပ်လိုက်တာနဲ့ webmaster tool နဲ့ အလိုလျောက် ချိတ်ဆက်ပေးပါတယ်။ အဲဒါအပြင် google search engine ကလည်း google ကပဲ လုပ်တာဆိုတော့ blogspot က SEO တက်တာ အရမ်းမြန်သလို အရမ်းလည်း သိသာပါတယ်။
Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website လူဝင်များအောင် ပြုလုပ်နိုင်ခြင်း
Google Plus ကို လူတိုင်း မသိနိုင်ပေမယ့် Facebook ကိုတော့ လူတိုင်းနီးပါ သိကြမှာပါ။ Google Plus ဆိုတာ Google က ပြုလုပ်ထားတဲ့ Facebook လို social network တစ်ခုဖြစ်ပါတယ်။ Facebook လောက်တော့ လူသုံးမများပါဘူး။ ဒါပေမယ့် လူ သန်းပေါင်း ၂၀၀ လောက် သုံးကြပါတယ်။ Blogspot website တစ်ခုပြုလုပ်လိုက်တာနဲ့ Google Plus က မိမိ profile နဲ့ အလိုလျောက် ချိတ်ဆက်ထားပြီးသားပါ။ Blogspot မှာ post တင်ပြီးတဲ့အခါမှာလဲ G+ မှာ share လုပ်ဖို့အတွက် အဆင်သင့် ပေါ်လာပါတယ်။ ဒါကြောင့် G+ မှာ သူငယ်ချင်းများများ ရှိရင် ကိုယ့် website ကိုလည်း လူများများ ရောက်လာမှာဖြစ်ပါတယ်။ G+ မှာ page လုပ်ပြီးတော့ အဲဒီ page နဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ page ဒါမှမဟုတ် profile တစ်ခုကိုသာ ချိတ်ဆက်နိုင်ပါတယ်။
ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။
Google Picasa ဆိုတာက google ရဲ့ နောက်ထပ် product တစ်ခုပါ။ အတိအကျပြောရရင် ပုံတွေ တင်လို့ရတဲ့နေရာပေါ့။ ကျွန်တော်တို့ blogspot တို့ G+ တို့မှာ တင်လိုက်တဲ့ ပုံတွေအားလုံး picasaweb.google.com ကို ရောက်သွားပါတယ်။ အဲဒီနေရာမှာ တစုတစည်းထဲ အားလုံးဖော်ပြထားပါတယ်။ အချိန်မရွေး ပြန်ကြည့်၊ ပြန် edit လုပ်လို့ရပါတယ်။ အဲဒီက ဖျက်လိုက်ရင်တော့ နဂိုတင်ထားတဲ့ နေရာမှာ အဲဒီပုံက ပေါ်နေတော့မှာ မဟုတ်ပါဘူး။
Video တင်တဲ့အခါမှာ youtube နဲ့ ချိတ်ဆက်ထားတာကြောင့် youtube မှ ကြည့်မယ့်သူများအတွက်လည်း အဆင်ပြေခြင်း
Google က ပုံအတွက် picasa တို့ flickr.com တို့လို ဝန်ဆောင်မှုတွေ ရှိသလိုပဲ၊ video အတွက်ဆိုလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကို နာမည်ကြီးတဲ့ youtube.com ဆိုပြီးရှိပါတယ်။ တစ်နေ့တစ်နေ့ Youtube မှာ အချိန်ကုန်နေတဲ့လူတွေ သန်းနဲ့ချီပါတယ်။ Youtube ကို တိုက်ရိုက် သွားကြည့်တဲ့သူ ရှိသလို၊ Facebook တို့ twitter တို့မှာ video တွေ share လုပ်ကြတဲ့အတွက်ကြောင့် အဲဒီ website တွေကတစ်ဆင့် ကြည့်တဲ့သူတွေလည်း ရှိပါတယ်။ blogger မှာ video တင်လိုက်ပြီဆိုတာနဲ့ အခုန ဓာတ်ပုံလိုပဲ youtube က ကိုယ့်အကောင့်မှာ အလိုလျောက် တင်ပြီးသား ဖြစ်သွားပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ video ကို ကြည့်တဲ့ လူအရေအတွက်လည်း များလာစေပါတယ်။ Youtube video တွေမှာလည်း ကြော်ငြာထည့်လို့ရတာကြောင့် တစ်ကယ်လို့ ခင်ဗျားက video မှာ google ကြော်ငြာ(google adsense) ထည့်ထားမယ်ဆိုရင် ပိုက်ဆံလည်းရနိုင်သေးတယ်ဗျ။
Interface ကောင်းမွန်ခြင်း
Interface ဆိုတာကတော့ အသုံးပြုသူတွေနဲ့ မြင်နေရတဲ့ ဒီဇိုင်း သို့မဟုတ် website ကြား အပြန်အလှန် သက်ရောက်မှုကိုပြောတာဖြစ်ပါတယ်။ စာတစ်တန် ပေတစ်တန်နဲ့ ပြောလို့ နားမရှင်းဖြစ်သွားရင် လွယ်လွယ် ရှင်းရှင်းပဲ ပြန်ပြောပါမယ်။ Interface ဆိုတာ အသုံးပြုရ လွယ်ကူမှုပါပဲ။ Interface ကောင်းတယ်ဆိုတော့ အသုံးပြုရတာ လွယ်တယ်ပေါ့ဗျာ။ Google blogspot တွေက သုံးရတာလွယ်သလို ဘယ် menu က ဘာဖြစ်နိုင်တယ်၊ ဘယ် ခလုတ်က ဘာကိုဆိုလိုတာ ဆိုတာကို သာမာန် user တစ်ယောက်အနေနဲ့တောင် ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် အသုံးပြုတဲ့အခါမှာ အခက်အခဲ သိပ်မရှိပါဘူး။
adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
ကျွန်တော်တို့ သူများ website တွေ သွားကြည့်ရင် အင်္ဂလိပ်လို ကြော်ငြာတွေ ထည့်ထည့်ထားတာ တွေ့ဖူးမယ်ထင်ပါတယ်။ Google ကလည်း google adsense လို့ နာမည်ပေးပြီးတော့ အဲဒီလို ကြော်ငြာထည့်တဲ့ အလုပ်မျိုးကို လုပ်ပါတယ်။ တစ်ခြား company တွေကတော့ သူတို့ hosting free သုံးတဲ့အတွက် ကိုယ်က သဘောမတူပဲ ကြော်ငြာတွေ လာထည့်တာမျိုး ရှိတတ်ပါတယ်။ Google ကတော့ အဲလို မလုပ်ပါဘူး။ blog ရေးတဲ့ blog ပိုင်ရှင်က သဘောတူမှ ကြော်ငြာထည့်တာပါ။ ဒါတောင် အလကား မထည့်ပါဘူး။ Google က အလကားပေးထားတဲ့ blog မှာ google က ကြော်ငြာထည့် ဖော်ပြရင် google က ပိုက်ဆံပေးပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ website တွေဆိုရင်တော့ အလွယ်တကူ ကြော်ငြာထည့်သွင်းနိုင်ပြီးတော့ အခြား ဘာသာတွေနဲ့ ရေးထားတဲ့ blog ဆိုရင်တော့ ကြော်ငြာထည့်ရတာ နည်းနည်းအလုပ်ပိုရှုပ်သလို၊ ပိုက်ဆံရတာလည်း နည်းပါတယ်။ ဘယ်လိုဖြစ်ဖြစ် ပိုက်ဆံတော့ ရနိုင်ပါသေးတယ်။
Widgets များကောင်းမွန်ခြင်း။
Widgets ဆိုတာကတော့ ကိုယ့်ရဲ့ blog မှာ ထပ်ထည့်လို့ရတဲ့ တိုလီမုတ်စတွေပါ။ blogspot မှာပါတဲ့ အဲဒီ တိုလီမုတ်စတွေကလည်း အသုံးဝင်ပါတယ်။ blog မှာ အသစ်တင်တိုင်း subscribe လုပ်ထားတဲ့လူတွေဆီကို မေးလ်ပို့တာတို့ Google 1+ button တို့ blog author ကို G+ က profile နဲ့ ချိတ်ဆက်ထားပြီး ဖော်ပြပေးတာတို့ အဲဒီ widget တွေက အရမ်းအသုံးဝင်ပါတယ်။ တစ်ခြား ကိုယ်ကြိုက်တဲ့ widget တွေလည်း ထပ်ထည့်လို့ရပါသေးတယ်။
ဒီေန႔ ကၽြန္ေတာ္ ေျပာျပခ်င္တာက google blogspot ရဲ႕ အားသာခ်က္ေတြျဖစ္ပါတယ္။
မူရင္းပုိစ့္ပုိင္ရွင္ကုိလည္း Credit ေပးပါတယ္..
Blogger ရဲ႕ အားသာခ်က္ေတြက –
– Google hosting မွာ run ခြင့္ရတဲ့အတြက္ အျမန္ႏႈန္း စိတ္မပူရျခင္း
– SEO ေကာင္းမြန္ေအာင္ အလြယ္တကူ ျပဳလုပ္ႏုိင္ျခင္း
– Google Plus social network နဲ႔ ခ်ိတ္ဆက္ၿပီး မိမိ website လူဝင္မ်ားေအာင္ ျပဳလုပ္ႏုိင္ျခင္း
– ပုံတင္တဲ့အခါမွာ Google Picasa ကုိ ေရာက္သြားတဲ့အတြက္ ပုံေတြ တစ္စုတစ္စည္းထဲ ျပန္ၾကည့္ႏုိင္ျခင္း။
– Video တင္တဲ့အခါမွာ youtube နဲ႔ ခ်ိတ္ဆက္ထားတာေၾကာင့္ youtube မွ ၾကည့္မယ့္သူမ်ားအတြက္လည္း အဆင္ေျပျခင္း
– Interface ေကာင္းမြန္ျခင္း
– adsense နဲ႔ ခ်ိတ္ဆက္ကာ မိမိ blog မွာ ေၾကာျငာထည့္သြင္းၿပီး ေငြရွာႏုိင္ျခင္း။
– Widgets မ်ားေကာင္းမြန္ျခင္း။
ဒါေတြအားလုံးကို အေသးစိတ္ ျပန္ရွင္းပါမယ္။
Google ရဲ႕ hosting မွာ website run ခြင့္ရတဲ့အတြက္ website အျမန္ႏႈန္း စိတ္မပူရျခင္း။
ခုေနာက္ပုိင္း ျမန္မာႏုိင္ငံမွာ ဟုိးအရင္ကနဲ႔ ယွဥ္ရင္ေတာ့ အင္တာနက္ အျမန္ႏႈန္း ျမင့္လာပါၿပီ။ ဒါေတာင္မွ တစ္ျခား ႏုိင္ငံေတာ္ေတာ္မ်ားမ်ားနဲ႔ ယွဥ္ရင္ အမ်ားႀကီး ေႏွးေနပါေသးတယ္။ ျမန္မာႏုိင္ငံလိုပဲ အင္တာနက္ အျမန္ႏႈန္းေႏွးတဲ့ ႏုိင္ငံေတြလည္း အမ်ားႀကီး ရွိပါတယ္။ ဒါေၾကာင့္မုိ႔လုိ႔ website ရဲ႕ အျမန္ႏႈန္း ျမန္ဆန္ေနဖို႔ အေလးထားေဆာင္ရြက္ရပါတယ္။ ဟုိတစ္ေလာက ကၽြန္ေတာ့္ကုိ comment မွာ website အျမန္ႏႈန္း ျမန္ေအာင္ ဘယ္လိုလုပ္ရမလဲလို႔ ေမးထားတာ ရွိဖူးပါတယ္။ ခင္ဗ်ားအေနနဲ႔ website ေလာကထဲကုိ အခုမွ စဝင္မွာဆုိရင္ေတာ့ blogger ကုိသာ သုံးလိုက္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ website အျမန္ႏႈန္း ျမန္ဖုိ႔အတြက္ hosting, coding နဲ႔ website မွာ အသုံးျပဳတဲ့ ပုံေတြရဲ႕ အရြယ္အစား စတာေတြႏုိင္ သက္ဆုိင္ပါတယ္။ ဒါေတြအားလုံးကုိ blogger မွာ ကုိယ္တုိင္ ဘာမွလုပ္စရာ မလုိပဲနဲ႔ အဆင္သင့္ ျပဳလုပ္ထားၿပီးသားပါ။ Hosting အတြက္ google ရဲ႕ hosting က ျမန္ၿပီးသားပါ။ coding အရလည္း standard မီၿပီးေတာ့ website ျမန္ဆန္ေအာင္ ေရးထားတဲ့ အလြယ္တကူ ယူသုံးလုိ႔ရတဲ့ blogger template ေတြ အမ်ားႀကီးပါ။ အသုံးျပဳတဲ့ ပုံေတြရဲ႕ အရြယ္အစားအတြက္က်ေတာ့လည္း user တစ္ေယာက္အေနနဲ႔ ပုံတင္လိုက္တာနဲ႔ အဲဒီပုံရဲ႕ အရြယ္အစားနဲ႔ ေနာက္တစ္ခုက အေလးခ်ိန္လုိ႔ပဲ သုံးပါရေစ၊ အဲဒီ အရြယ္အစားနဲ႔ အေလးခ်ိန္ကုိ အလုိေလ်ာက္ ေလွ်ာ့ခ်ေပးတဲ့အတြက္ေၾကာင့္ မိမိ website အျမန္ႏႈန္း ေႏွးမွာ စိတ္မပူရပါဘူး။ ဒါေတြ ဒါေတြ အျပင္ website တစ္ခုျမန္ေအာင္ ျပဳလုပ္ရမယ့္ အရာအားလုံးကုိ ျပဳလုပ္ထားေပးပါတယ္။ ဒါေၾကာင့္ blogspot website ေတြကုိ အျမန္ႏႈန္း စစ္လိုက္ရင္ အျမဲတမ္းနီးပါး Grade A သုိ႔မဟုတ္ Grade B ရပါတယ္။
SEO ေကာင္းမြန္ေအာင္ အလြယ္တကူ ျပဳလုပ္ႏုိင္ျခင္း
Google webmaster tool ဆုိတာ SEO သမားေတြ မိမိ website အတြက္ အသုံးျပဳတဲ့ tool တစ္ခုျဖစ္ပါတယ္။ သာမာန္ website တစ္ခုကုိ run တဲ့ သူတစ္ေယာက္အဖုိ႔ မိမိ website ကုိ webmaster tool နဲ႔ မိမိဘာသာ ခ်ိတ္ဆက္ရပါတယ္။ Blogger အသုံးျပဳတဲ့ သူတစ္ေယာက္အတြက္ေတာ့ တကူးတက ခ်ိတ္ဆက္ေနဖုိ႔ မလိုပဲ၊ blog ျပဳလုပ္လုိက္တာနဲ႔ webmaster tool နဲ႔ အလုိေလ်ာက္ ခ်ိတ္ဆက္ေပးပါတယ္။ အဲဒါအျပင္ google search engine ကလည္း google ကပဲ လုပ္တာဆုိေတာ့ blogspot က SEO တက္တာ အရမ္းျမန္သလုိ အရမ္းလည္း သိသာပါတယ္။
Google Plus social network နဲ႔ ခ်ိတ္ဆက္ၿပီး မိမိ website လူဝင္မ်ားေအာင္ ျပဳလုပ္ႏုိင္ျခင္း
Google Plus ကုိ လူတုိင္း မသိႏုိင္ေပမယ့္ Facebook ကုိေတာ့ လူတုိင္းနီးပါ သိၾကမွာပါ။ Google Plus ဆုိတာ Google က ျပဳလုပ္ထားတဲ့ Facebook လို social network တစ္ခုျဖစ္ပါတယ္။ Facebook ေလာက္ေတာ့ လူသုံးမမ်ားပါဘူး။ ဒါေပမယ့္ လူ သန္းေပါင္း ၂၀၀ ေလာက္ သုံးၾကပါတယ္။ Blogspot website တစ္ခုျပဳလုပ္လိုက္တာနဲ႔ Google Plus က မိမိ profile နဲ႔ အလုိေလ်ာက္ ခ်ိတ္ဆက္ထားၿပီးသားပါ။ Blogspot မွာ post တင္ၿပီးတဲ့အခါမွာလဲ G+ မွာ share လုပ္ဖုိ႔အတြက္ အဆင္သင့္ ေပၚလာပါတယ္။ ဒါေၾကာင့္ G+ မွာ သူငယ္ခ်င္းမ်ားမ်ား ရွိရင္ ကုိယ့္ website ကုိလည္း လူမ်ားမ်ား ေရာက္လာမွာျဖစ္ပါတယ္။ G+ မွာ page လုပ္ၿပီးေတာ့ အဲဒီ page နဲ႔လည္း ခ်ိတ္ဆက္ႏုိင္ပါေသးတယ္။ page ဒါမွမဟုတ္ profile တစ္ခုကုိသာ ခ်ိတ္ဆက္ႏုိင္ပါတယ္။
ပုံတင္တဲ့အခါမွာ Google Picasa ကုိ ေရာက္သြားတဲ့အတြက္ ပုံေတြ တစ္စုတစ္စည္းထဲ ျပန္ၾကည့္ႏုိင္ျခင္း။
Google Picasa ဆုိတာက google ရဲ႕ ေနာက္ထပ္ product တစ္ခုပါ။ အတိအက်ေျပာရရင္ ပုံေတြ တင္လို႔ရတဲ့ေနရာေပါ့။ ကၽြန္ေတာ္တုိ႔ blogspot တုိ႔ G+ တုိ႔မွာ တင္လိုက္တဲ့ ပုံေတြအားလုံး picasaweb.google.com ကုိ ေရာက္သြားပါတယ္။ အဲဒီေနရာမွာ တစုတစည္းထဲ အားလုံးေဖာ္ျပထားပါတယ္။ အခ်ိန္မေရြး ျပန္ၾကည့္၊ ျပန္ edit လုပ္လို႔ရပါတယ္။ အဲဒီက ဖ်က္လုိက္ရင္ေတာ့ နဂုိတင္ထားတဲ့ ေနရာမွာ အဲဒီပုံက ေပၚေနေတာ့မွာ မဟုတ္ပါဘူး။
Video တင္တဲ့အခါမွာ youtube နဲ႔ ခ်ိတ္ဆက္ထားတာေၾကာင့္ youtube မွ ၾကည့္မယ့္သူမ်ားအတြက္လည္း အဆင္ေျပျခင္း
Google က ပုံအတြက္ picasa တုိ႔ flickr.com တုိ႔လို ဝန္ေဆာင္မႈေတြ ရွိသလိုပဲ၊ video အတြက္ဆုိလည္း တစ္ကမ႓ာလုံး အတုိင္းအတာနဲ႔ကုိ နာမည္ႀကီးတဲ့ youtube.com ဆုိၿပီးရွိပါတယ္။ တစ္ေန႔တစ္ေန႔ Youtube မွာ အခ်ိန္ကုန္ေနတဲ့လူေတြ သန္းနဲ႔ခ်ီပါတယ္။ Youtube ကုိ တုိက္ရုိက္ သြားၾကည့္တဲ့သူ ရွိသလို၊ Facebook တုိ႔ twitter တုိ႔မွာ video ေတြ share လုပ္ၾကတဲ့အတြက္ေၾကာင့္ အဲဒီ website ေတြကတစ္ဆင့္ ၾကည့္တဲ့သူေတြလည္း ရွိပါတယ္။ blogger မွာ video တင္လိုက္ၿပီဆုိတာနဲ႔ အခုန ဓာတ္ပုံလိုပဲ youtube က ကုိယ့္အေကာင့္မွာ အလုိေလ်ာက္ တင္ၿပီးသား ျဖစ္သြားပါတယ္။ အဲဒါေၾကာင့္ ကုိယ့္ရဲ႕ video ကုိ ၾကည့္တဲ့ လူအေရအတြက္လည္း မ်ားလာေစပါတယ္။ Youtube video ေတြမွာလည္း ေၾကာ္ျငာထည့္လို႔ရတာေၾကာင့္ တစ္ကယ္လို႔ ခင္ဗ်ားက video မွာ google ေၾကာ္ျငာ(google adsense) ထည့္ထားမယ္ဆုိရင္ ပုိက္ဆံလည္းရႏုိင္ေသးတယ္ဗ်။
Interface ေကာင္းမြန္ျခင္း
Interface ဆုိတာကေတာ့ အသုံးျပဳသူေတြနဲ႔ ျမင္ေနရတဲ့ ဒီဇုိင္း သုိ႔မဟုတ္ website ၾကား အျပန္အလွန္ သက္ေရာက္မႈကုိေျပာတာျဖစ္ပါတယ္။ စာတစ္တန္ ေပတစ္တန္နဲ႔ ေျပာလုိ႔ နားမရွင္းျဖစ္သြားရင္ လြယ္လြယ္ ရွင္းရွင္းပဲ ျပန္ေျပာပါမယ္။ Interface ဆုိတာ အသုံးျပဳရ လြယ္ကူမႈပါပဲ။ Interface ေကာင္းတယ္ဆုိေတာ့ အသုံးျပဳရတာ လြယ္တယ္ေပါ့ဗ်ာ။ Google blogspot ေတြက သုံးရတာလြယ္သလို ဘယ္ menu က ဘာျဖစ္ႏုိင္တယ္၊ ဘယ္ ခလုတ္က ဘာကုိဆုိလိုတာ ဆုိတာကုိ သာမာန္ user တစ္ေယာက္အေနနဲ႔ေတာင္ ခန္႔မွန္းႏုိင္ပါတယ္။ ဒါေၾကာင့္ အသုံးျပဳတဲ့အခါမွာ အခက္အခဲ သိပ္မရွိပါဘူး။
adsense နဲ႔ ခ်ိတ္ဆက္ကာ မိမိ blog မွာ ေၾကာျငာထည့္သြင္းၿပီး ေငြရွာႏုိင္ျခင္း။
ကၽြန္ေတာ္တုိ႔ သူမ်ား website ေတြ သြားၾကည့္ရင္ အဂၤလိပ္လို ေၾကာ္ျငာေတြ ထည့္ထည့္ထားတာ ေတြ႕ဖူးမယ္ထင္ပါတယ္။ Google ကလည္း google adsense လို႔ နာမည္ေပးၿပီးေတာ့ အဲဒီလို ေၾကာ္ျငာထည့္တဲ့ အလုပ္မ်ဳိးကုိ လုပ္ပါတယ္။ တစ္ျခား company ေတြကေတာ့ သူတုိ႔ hosting free သုံးတဲ့အတြက္ ကုိယ္က သေဘာမတူပဲ ေၾကာ္ျငာေတြ လာထည့္တာမ်ဳိး ရွိတတ္ပါတယ္။ Google ကေတာ့ အဲလို မလုပ္ပါဘူး။ blog ေရးတဲ့ blog ပုိင္ရွင္က သေဘာတူမွ ေၾကာ္ျငာထည့္တာပါ။ ဒါေတာင္ အလကား မထည့္ပါဘူး။ Google က အလကားေပးထားတဲ့ blog မွာ google က ေၾကာ္ျငာထည့္ ေဖာ္ျပရင္ google က ပုိက္ဆံေပးပါတယ္။ အဂၤလိပ္ဘာသာနဲ႔ ေရးထားတဲ့ website ေတြဆုိရင္ေတာ့ အလြယ္တကူ ေၾကာ္ျငာထည့္သြင္းႏုိင္ၿပီးေတာ့ အျခား ဘာသာေတြနဲ႔ ေရးထားတဲ့ blog ဆုိရင္ေတာ့ ေၾကာ္ျငာထည့္ရတာ နည္းနည္းအလုပ္ပုိရႈပ္သလို၊ ပုိက္ဆံရတာလည္း နည္းပါတယ္။ ဘယ္လိုျဖစ္ျဖစ္ ပုိက္ဆံေတာ့ ရႏုိင္ပါေသးတယ္။
Widgets မ်ားေကာင္းမြန္ျခင္း။
Widgets ဆုိတာကေတာ့ ကုိယ့္ရဲ႕ blog မွာ ထပ္ထည့္လို႔ရတဲ့ တုိလီမုတ္စေတြပါ။ blogspot မွာပါတဲ့ အဲဒီ တုိလီမုတ္စေတြကလည္း အသုံးဝင္ပါတယ္။ blog မွာ အသစ္တင္တုိင္း subscribe လုပ္ထားတဲ့လူေတြဆီကုိ ေမးလ္ပုိ႔တာတုိ႔ Google 1+ button တုိ႔ blog author ကုိ G+ က profile နဲ႔ ခ်ိတ္ဆက္ထားၿပီး ေဖာ္ျပေပးတာတုိ႔ အဲဒီ widget ေတြက အရမ္းအသုံးဝင္ပါတယ္။ တစ္ျခား ကုိယ္ႀကိဳက္တဲ့ widget ေတြလည္း ထပ္ထည့္လို႔ရပါေသးတယ္။
No comments:
Post a Comment
မင်္ဂလာပါ..