menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows တင်လို့ မရခြင်းနှင့် HDD မသိသောပြဿနာ



Windows တင်လို့ မရခြင်းနှင့် HDD မသိသောပြဿနာ 👨💻

Windows တင်လို့ မရဖြစ်နေသူများနဲ့ External HDD ကို
စက်ထဲမှာ တပ်လိုက်သော်လည်း HDD မသိ၊ မပေါ်ဘူး
ဆိုသူများအတွက် Hard Disk Partition နဲ့ BIOS,Firmware
အကြောင်း အနည်းအကျဉ်းကိုဖော်ပြပေးလိုက်ပါတယ်။
Windows တင်တဲ့အချိန် Partition ရွေးပေးတဲ့အခါမှာ
ကိုယ်ရွေးလိုက်တဲ့ Partition က Windows တင်လို့ မရ၊
Next ကလည်း နှိပ်လို့ မရတဲ့ ပြဿနာကြုံဖူးကြမှာပါ။

1. Hard Disk ကို အခြေခံအားဖြင့် လေ့လာကြည့်မယ်ဆိုရင်
MBR နဲ့ GPT ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ်။ MBR (Master
Boot Record) ဆိုတာက အများဆုံး 2 TB ပဲ လက်ခံနိုင်သော
Partition Table Format ဖြစ်ပါတယ်။ MBR မှာ 2TB ထက်
ကျော်သော Hard Disk ကို သုံးနေရင် စက်မှာ အများဆုံး
2TB ပဲ ပေါ်နေမှာ ဖြစ်ပါတယ်။ MBR Disk မှာ Partition ကို
Primary Partition အဖြစ် အပိုင်း 4 ပိုင်း အထိပဲ ခွဲနိုင်ပါတယ်။
လေးပိုင်းထက် ပိုသော Partition များကို လေးပိုင်းမြောက်
Partition ကနေ Extended Partition (ထပ်တိုး) အဖြစ်
ပြောင်းလဲသွားပါတယ်။ Dynamic Disk ဖြစ်သွားရင်
Basic Disk ကို အလွယ်တကူ ပြန်ပြောင်းလို့ မရနိုင်ပါဘူး။
Data တွေ အကုန် Backup လုပ်ပြီး Volume ကို Delete လုပ်၊
Diskpart ထဲ ဝင်ပြီး Dynamic Disk ကို Basic Disk Convert
လုပ်ပေးရပါမယ်။

2. GPT (GUID <Globally Unique Identifier> Partition Table)
ဆိုတာက 9400000000 TB အထိ အသုံးပြုနိုင်သော Disk Format
အမျိုးစားဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ Hard Disk က 2 TB ထက်
နည်းတဲ့ Hard Disk ဆိုရင် MBR ကို ရွေးအသုံးပြုရပါမယ်။
2TB ထက်ကျော်သော Hard Disk နဲ့ Boot တော့ မလုပ်ဘူး၊
Data တွေပဲ ထည့်ယူအသုံးပြုယုံပဲဆိုရင် GPT ကို ရွေးအသုံး
ပြုရပါမယ်။ တကယ်လို့  2 TB ထက်လည်းများပြီး OS တစ်ခု
မကပဲ တစ်ခြား OS တွေနဲ့  Boot တက်ချင်တယ်၊ Windows,
Linux OS တွေ တင်ချင်တယ်ဆိုရင်လည်း GPT ကို ပြောင်း
ပေးရပါမယ်။ GPT ကိုပြောင်းသုံးဖို့ အလွယ်တော့ သုံးလို့ 
ရမှာ မဟုတ်ပါဘူး။ Operation System ကို ထောက်ပံပေး
ထားတဲ့ UEFI (Unified Extensible Firmware Interface) ဖြစ်ဖို့ 
လိုပါတယ်။ BIOS ဖြစ်နေတယ်ဆိုရင် GPT Partition တွေမှာ
Windows တင်လို့ မရပါဘူး။ BIOS နဲ့ GPT ပေါ်မှာ Windows
တင်ဖို့ Partition ရွေးတဲ့အချိန် ဒီ Partition မှာ တင်လို့ မရဘူးလို့ 
Message box ပေါ်လာမှာပါ။ အဲ့ဒီ GPT ကို Delete လုပ်၊
Format ချလိုက်သော်လည်း Windows တင်လို့ မရနိုင်ပါဘူး။
အသုံးပြုလို့ ရနေတဲ့ OS နဲ့ Disk Management ကနေလည်း
အလွယ်တကူ Delete လုပ်၊Format ချလို့ လည်း ရနိုင်မည်မဟုတ်ပါ။

3. Legacy BIOS System မှာ MBR Partition Format နဲ့ ပဲ
Boot တက်လို့ ရနိုင်ပါတယ်။ နောက်ပြီးတော့ MBR မှာ Boot
တက်နိုင်တဲ့ Partition ကို ကန့် သတ်ထားပါတယ်။ MBR ကနေ
GPT ကိုပြောင်းချင်တယ်ဆိုရင် MBR မှာ ရှိနေတဲ့ Data တွေကို
ကူးထားပြီး Delete လုပ်၊ Right Click နှိပ်ပြီး Convert To GPT
ပြောင်းနိုင်ပါတယ်။ Cmd ထဲဝင်ပြီး Diskpart ခေါ်၊ ပြောင်းချင်တဲ့
Disk ကိ ရွေးပြီး Clean လုပ်၊ Convert GPT လုပ်ပြီးလည်း
ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် UEFI Firmware ကို မသုံးချင်တော့လို့ 
GPT ကနေ MBR ပြန်ပြောင်းချင်တယ်ဆိုရင် Hard Disk တစ်ခုလုံးကို
Format ချပြီးမှ ပြန်ပြောင်းနိုင်ပါမယ်။ နောက်ပိုင်းထွက်မော်ဒယ်မြင်
စက်တွေမှာ GPT ကို အလွယ်ပြောင်းလို့ မရပါဘူး။ UEFI နဲ့ သုံးနေတဲ့
စက်မှာတစ်ခြား OS တစ်ခု ထပ်တင်လိုက်လို့  Security Boot Fail
ဖြစ်ရင် UEFI Setting မှာ Secure Boot ကို Disable လုပ်ထားရမယ်။

BIOS = MBR Partition = Windows 7
UEFI = GPT Partition = Windows 8,10
BIOS = MBR Partition = Windows 8,10
(UEFI အတွက်သာ Support ပေးသော Feature များ အသုံးမပြုနိုင်ပါ။)

Myanmar Engineering Community
#MEC

Credit to Netcomplus

No comments:

Post a Comment

မင်္ဂလာပါ..